iMyanmarHouse.com - Best Property Website for Myanmar
×

သဘာ၀အတိုင္း ဆံပင္ေျဖာင့္စင္းစင္းေလးကို မႀကိဳက္တဲ့ မိန္းကေလး ဘယ္မွာရွိမွာလဲ။ ဒါ့ေၾကာင့္လဲ အလွျပင္ဆိုင္ေတြမွာ ဆံပင္ေျဖာင့္တာ ေခတ္စားတာေပါ့ေနာ္။ ဆံပင္ေျဖာင့္ဖို႔အတြက္ ဓါတုပစၥည္ေတြသံုးတာဟာ ဆံသားပ်က္ဆီးေစပါတယ္။ ဒါ့ေၾကာင့္ သဘာ၀နည္းလမ္းတစ္ခုကို မွ်ေ၀ေပးခ်င္ပါတယ္။

ပါ၀င္ပစၥည္း

ငွက္ေပ်ာသီးမွည့္ ၂ လံုး

ပ်ားရည္ စားပြဲတင္ဇြန္း ၂ ဇြန္း

ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၂ ဇြန္း

သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း

ၾကက္ဥအကာ ၁ လံုး

ျပင္ဆင္ျခင္း

ငွက္ေပ်ာသီးကိုအခြံႏႊာၿပီး ျပဲသြားေအာင္ ဖိလုိက္ပါ။ ႀကိတ္လိုက္လည္းရပါတယ္။ ၿပီးရင္ ပ်ားရည္ ဒိန္ခ်ဥ္နဲ႔ သံလြင္ဆီထည့္ပါ။ ၿပီးရင္ ၾကက္ဥအကာထည့္ပါ။ ေသခ်ာေမႊေပးပါ။ ႏွံ႔သြားၿပီဆိုရင္ သံုးလို႔ရပါၿပီ။

ျပဳလုပ္နည္း

ဆံပင္အဖ်ားကေန အရင္းထိ ေသခ်ာလိမ္းေပးၿပီး Shower Cap (သို႔) သဘက္ ေဆာင္းေပးထားပါ။ ၿပီးရင္ ၁ နာရီေလာက္ထားပါ။ အဲဒီေနာက္ ေရေႏြးရယ္ ေခါင္းေလွ်ာ္ရည္နဲ႔ ေပါင္းေဆးရယ္သံုးၿပီး ေခါင္းေလွ်ာ္ပါ။

တစ္ခါတည္းလုပ္တာနဲ႔ေတာ့ သိပ္သိသာမွာမဟုတ္ပါဘူး။ တစ္ပတ္ကို ၂ ႀကိမ္ ၁ လျပည့္ေအာင္လုပ္ေပးပါ။ ဆံပင္ေတြ ေပ်ာ့ေျပာင္းၿပီး ေျဖာင့္စင္းလာမွၾျဖစ္ပါတယ္။

နည္း ၂

သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း

Corn Flour ေျပာင္းဖူူးေကာ္မႈန္႔ စားပြဲတင္ဇြန္း ၃ ဇြန္း

အုန္းႏို႔ ၁ ခြက္

သံပုယိုသီး ၁ လံုး (သို႔) သံပုရာသီး ၁ လံုး

ျပဳလုပ္နည္း

သံပုယိုရည္နဲ႔ ေျပာင္းဖူးေကာ္မႈန္႔ကို ေရာလိုက္ပါ။

ၿပီးရင္ အုန္းႏို႔နဲ႔ သံလြင္ဆီကို ေရာပါ။ ၿပီးရင္ ေစာေစာက သံပုယိုရည္နဲ႔ ေျပာင္းဖူးေကာ္မႈန္႔ ထဲကိုထည့္လိုက္ပါ။

ၿပီးရင္ အိုးတစ္လံုးထဲကိုထည့္ၿပီး အပူခ်ိန္အေနေတာ္နဲ႔ ပ်စ္ပ်စ္ေလးျဖစ္တဲ့ထိ သည္ပါ။ ပ်စ္သြားၿပီဆိုရင္ မီးဖိုေပၚကခ်ၿပီးအေအးခံပါ။

ၿပီးရင္ေတာ့ ဆံဖ်ားကေန အရင္းထိ ေသခ်ာလိမ္းေပးပါ။ ၿပီးရင္ သဘက္ပူပူ (သို႔) Shower Cap ေဆာင္းၿပီး ၂ နာရီေလာက္ထားပါ။ ၿပီးရင္ ေခါင္းေလွ်ာ္ရည္ ေပါင္းေဆးသံုးၿပီး ေခါင္းေလွ်ာခ်ပါ။

တစ္ပတ္ ၂ ႀကိမ္လုပ္ပါ။ ၁ လတိတိလုပ္ေပးပါ။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
သဘာဝအတိုင်း ဆံပင်ဖြောင့်စင်းစင်းလေးကို မကြိုက်တဲ့ မိန်းကလေး ဘယ်မှာရှိမှာလဲ။ ဒါ့ကြောင့်လဲ အလှပြင်ဆိုင်တွေမှာ ဆံပင်ဖြောင့်တာ ခေတ်စားတာပေါ့နော်။ ဆံပင်ဖြောင့်ဖို့အတွက် ဓါတုပစ္စည်တွေသုံးတာဟာ ဆံသားပျက်ဆီးစေပါတယ်။ ဒါ့ကြောင့် သဘာဝနည်းလမ်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

ငှက်ပျောသီးမှည့် ၂ လုံး

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်း

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်ဥအကာ ၁ လုံး

ပြင်ဆင်ခြင်း

ငှက်ပျောသီးကိုအခွံနွှာပြီး ပြဲသွားအောင် ဖိလိုက်ပါ။ ကြိတ်လိုက်လည်းရပါတယ်။ ပြီးရင် ပျားရည် ဒိန်ချဉ်နဲ့ သံလွင်ဆီထည့်ပါ။ ပြီးရင် ကြက်ဥအကာထည့်ပါ။ သေချာမွှေပေးပါ။ နှံ့သွားပြီဆိုရင် သုံးလို့ရပါပြီ။

ပြုလုပ်နည်း

ဆံပင်အဖျားကနေ အရင်းထိ သေချာလိမ်းပေးပြီး Shower Cap (သို့) သဘက် ဆောင်းပေးထားပါ။ ပြီးရင် ၁ နာရီလောက်ထားပါ။ အဲဒီနောက် ရေနွေးရယ် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးရယ်သုံးပြီး ခေါင်းလျှော်ပါ။

တစ်ခါတည်းလုပ်တာနဲ့တော့ သိပ်သိသာမှာမဟုတ်ပါဘူး။ တစ်ပတ်ကို ၂ ကြိမ် ၁ လပြည့်အောင်လုပ်ပေးပါ။ ဆံပင်တွေ ပျော့ပြောင်းပြီး ဖြောင့်စင်းလာမြှဖြစ်ပါတယ်။

နည်း ၂

သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

Corn Flour ပြောင်းဖူူးကော်မှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

အုန်းနို့ ၁ ခွက်

သံပုယိုသီး ၁ လုံး (သို့) သံပုရာသီး ၁ လုံး

ပြုလုပ်နည်း

သံပုယိုရည်နဲ့ ပြောင်းဖူးကော်မှုန့်ကို ရောလိုက်ပါ။

ပြီးရင် အုန်းနို့နဲ့ သံလွင်ဆီကို ရောပါ။ ပြီးရင် စောစောက သံပုယိုရည်နဲ့ ပြောင်းဖူးကော်မှုန့် ထဲကိုထည့်လိုက်ပါ။

ပြီးရင် အိုးတစ်လုံးထဲကိုထည့်ပြီး အပူချိန်အနေတော်နဲ့ ပျစ်ပျစ်လေးဖြစ်တဲ့ထိ သည်ပါ။ ပျစ်သွားပြီဆိုရင် မီးဖိုပေါ်ကချပြီးအအေးခံပါ။

ပြီးရင်တော့ ဆံဖျားကနေ အရင်းထိ သေချာလိမ်းပေးပါ။ ပြီးရင် သဘက်ပူပူ (သို့) Shower Cap ဆောင်းပြီး ၂ နာရီလောက်ထားပါ။ ပြီးရင် ခေါင်းလျှော်ရည် ပေါင်းဆေးသုံးပြီး ခေါင်းလျှောချပါ။

တစ်ပတ် ၂ ကြိမ်လုပ်ပါ။ ၁ လတိတိလုပ်ပေးပါ။


Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top