iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးတေယာက္ ေရခ်ိဳးေပးဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြကေတာ့ ေရခ်ိဳးဇလံုတခု..ေရခ်ိဳးဆပ္ျပာရည္ လက္ကိုင္တာ၀ါအေသးေလးရယ္ကေလးနားၾကပ္ေတာင္ေလးေတြပါပဲ။ေရအပူခ်ိန္တိုင္းမဲ့ကိရိယာေလးလည္း
 ေဆာင္ခ်င္ရင္ေဆာင္ေပါ့ေနာ္။ ကေလးသုတ္ဖို႔ မ်က္ႏွာသုတ္ပု၀ါအၾကီးတစ္ထည္ေဆာင္ပါ။ ေလးေထာင့္စပ္စပ္ ျဖစ္လ်ွင္ပိုေကာင္းပါသည္။

ကေလးတေယာက္ ေရမခ်ိဳးခင္ ၾကိဳတင္ျပင္ဆင္ရမွာက ေရခ်ိဳးဇလံုထဲကို ေရျဖည့္ပါ။ ေနြမွာဆို ၃၇ ဒီဂရီစင္တီထားပီး ေဆာင္းမွာဆို ၄၀ ဒီဂရီထားေပးပါ။

ေရျဖည့္ထားပီးခ်ိန္မွာ အရင္ဦးဆံုး စားပြဲ သို႔ ကုတင္ေပၚမွာ ကေလးအႏီွးဒိုင္ဗာကို ျဖန္႔ပါ။ အေပၚက ကေလး၀တ္ဖို႔ အက်ီ အတြင္းခံနဲ့ အေပၚအက်ီကို ကေလးခ်ပီး၀တ္လို႔ရေအာင္ တခါတည္းျပင္ေပးပါ။  အဲဒီအေပၚကမွ ကေလး မ်က္ႏွာသုတ္ပု၀ါကို တင္ပါ။

ကေလးကို အရင္ႏို႔တိုက္ပီးမွေရခ်ိဳးတာ ပို၍ေကာင္းပါသည္။ဘာလို႔ဆို ေရခ်ိဳးပီး မၾကာခင္ ကေလး ခ်က္ခ်င္းအိပ္တတ္လို႔ျဖစ္ပါသည္။ ဗိုက္၀ေတာ့ ပို၍ အိပ္သည္ကိုး။ အပူခ်ိန္တိုင္းပါ။ ကဲ ေရခ်ိဳးဖို႔ အဆင္သင့္ျဖစ္ပါပီ။ သင္တန္းတုန္းကေတာ့ ၃ကီလို ဂရမ္ ရိွတဲ့ အရုပ္နဲ့ လက္ေတြ႔ လုပ္ခဲ့ရပါတယ္။ အရုပ္က မလွဳပ္ဘူး ကေလးကေတာ့ လွဳပ္တာေပါ့ေနာ္။ သတိထားပါ။ အထူးသျဖင့္ ကေလးဇက္မလည္ဖို႔ပါ။ ကေလးေရခ်ိဳးေနခ်ိန္မွာ ဧည့္သည္တို႔ ဖုန္းတို႔ ဘာပဲလာလာ ကေလးကို ထားပီး
ဘာမွ မလုပ္ပါႏွင့္။ ကေလးက အေရးအၾကီးဆံုးပါ။

ကေလးကို အထက္ကျပထားတဲ့ အ၀တ္ပံုေပၚမွာ ထားပီး ကေလးအ၀တ္မ်ားကို စတင္ခြ်တ္ပါမည္။ ပီးလ်ွင္ မ်က္ႏွာသစ္သုတ္ပု၀ါ အေသးစားကို ေရေလးဆြတ္ပီး မ်က္ႏွာသစ္ပါမည္။ နဖူး ပါး၂ဖက္ႏွင့္ ႏွာေခါင္း
တစ္၀ိုက္ကို ပြတ္ေပးပါ။ ပီးလ်ွင္ နား၂ဖက္။ ပီးလ်ွင္ လက္ညိွဳးထဲ မ်က္ႏွာသုတ္၀တ္ကို ထည့္ကာ မ်က္စိ ၂ဖက္ကို ခပ္ဖြဖြ ပြတ္ေပးပါ။ အထက္ပါ အဆင့္ပီးလ်ွင္ မ်က္ႏွာသုတ္ပု၀ါကို ေရျပန္ဆြတ္ပီး ညွစ္ပီးလ်ွင္ ကေလးရင္ဖတ္ေပၚ တင္ေပးပါ။ သို႔မွသာ ကေလးကို ေရထဲခ်လ်ွင္ ေရမလန္႔မွာ ျဖစ္ပါသည္။ ဒါဆိုလ်ွင္ ေရထဲ ထည့္ပါေတာ့မည္။

ေရထဲ ထည့္လ်ွင္ ေျခေထာက္ေလးကေနမွာ ေရထဲကို တျဖည္းျဖည္း ညင္ညင္သာသာ ခ်ေပးပါ။
ခ်သည့္အခါ ဇက္ေအာက္ကေန မိမိလက္တဖက္ကို ပင့္ထိန္းပီးကိုင္ေပးပါ။ က်န္ေသာ လက္တဖက္က ကေလးရဲ့ တံေတာင္ဆစ္ၾကား ဂ်ိဳင္းၾကား ဖင္ၾကား ဒူးေခါင္းၾကားမ်ားကို ရွင္းလင္းေပးပါ။ လည္ပင္းေအာက္ကို လက္ညိွဳးေလးျဖင့္ ဂ်ီးရွင္းေပးပါ။ ဆပ္ျပာကိုင္လ်ွင္ ကိုင္ပီး အထက္ပါေနရာမ်ားကို လုပ္ေပးပါ။
(ကိုယ္ကေတာ့ ေခါင္းပါေလ််ာ္လို႔ရသည့္ ကေလးဆပ္ျပာရည္ကို သံုးပါသည္။ ကိုယ္သံုးသည့္ ဆပ္ျပာရည္က တခါတည္းေရခ်ိဳးဇလံုထဲထည့္ရပါသည္။)
ပီးလ်ွင္ ေခါင္းေလ်ွာ္ပါသည္။ ေယာက်ၤားေလးမ်ား ေရခ်ိဳးေပးလ်ွင္ ေရႊပန္းကိုေသခ်ာ ေဆးေပးရသလို မိန္းကေလးမ်ားကို ဖင္ေသခ်ာေဆးေပးပါ။ ဒီမွာကေတာ့ ၀မ္းသြားထားလ်ွင္ ကေလးအဆီေလးျဖင့္ ေရခ်ိဳးခ်ိန္မွာ ေဆးေပးလ်ွင္ ပိုေကာင္းပါသည္တဲ့။
(ေနာက္တခ်က္ မိန္းကေလးမ်ား ၀မ္းသြားပီး သုတ္သင္သည့္အခါ စအိုေအာက္မွ အထက္မသုတ္မိရန္သတိထားပါ။ အေပၚမွေအာက္သာ သုတ္ေပးပါ။ မိန္းမကိုယ္ထဲ ပိုးမ၀င္ေစရန္ျဖစ္ပါသည္။)
 ေရခ်ိဳးသည့္ အေပၚပိုင္းကိစၥ ပီးလ်ွင္ ေက်ာဖက္ကို လွန္ပါမည္။ လွန္သည့္အခါ ကေလးဇက္ကို သတိထားပါ။ သို႔အတြက္ေၾကာင့္ ကေလးကို လွန္ရာမွ လက္၂ဖက္ျဖင့္ ထိန္းပီး  ေမွာက္ပါမည္။ အမွန္က လက္တဖက္က ေခါင္းကို ထိန္းပီး က်န္တဖက္ရဲ့ လက္မကို ေပါင္ၾကား အေရွ႔ ဖက္မွာထားပီး က်န္၄ေခ်ာင္းကို ေက်ာဖက္မွာ ဆုပ္ကိုင္ပီးေမွာက္ပါေလ။ ကေလးလည္မထြက္ပါ။ ေက်ာကို ေရပြတ္ လည္ပင္း ေပါင္ၾကားေရပြတ္ပီးလ်ွင္ ေရခ်ဳိးျခင္း ပီးပါပီ။

ေရခ်ိဳးေနခ်ိန္မွာ ကေလးကို စကားေျပာေပးပါ။ ဥပမာ သမီးေလးေရ.. ေရခ်ိဳးေတာ့မယ္.. ေရခ်ိဳးရတာ ေကာင္းတယ္ေနာ္..ေပ်ာ္လားသမီးေရ..နဲနဲေလး ၾကီးလာရင္ ေရေဆာ့တတ္လာပီ ဆိုရင္..ဟယ္..သိပ္ေတာ္တဲ့ သမီးေလး... ေရေဆာ့တတ္ေနပီ..အစရိွသျဖင့္ ကေလးေတြကို စကားေျပာပီး ေရခ်ိဳးေပးပါ။ ဥာဏ္ရည္ဖြံ့ျဖိဳးေစပါသည္။

ကေလးကို ေရထဲက စစ္ပီးထုတ္လာလ်ွင္ အထက္ကၾကိဳတင္ျပင္ဆင္ထားသည့္ မ်က္ႏွာသုတ္ပု၀ါ ေပၚမွာတင္ပီး တခါတည္းမ်က္ႏွာပဲေဖာ္ကာ ပတ္ပီး ေခါင္းကို အရင္သုတ္ပါ။ ပီးတာနဲ့ကိုယ္ကိုသုတ္ပါ။ ကေလးေရေျခာက္ပီဆိုတာနဲ့ ကေလးအႏီွး၀တ္ပတ္ပါ။
 (ကိုယ္ကေတာ့ ေပါင္ၾကားကို ေပါင္ဒါအနဲငယ္သံုးပါသည္။ ဆရာ၀န္ေတြ မသံုးခိုင္းပါ။)
 ပီးလ်ွင္ ရာသီဥတုေၾကာင့္ ကိုယ္ေတြကေတာ့ ကေလး အသားမပတ္ေစရန္ လိုရွင္းလူးေပးပါသည္။ အားလံုးကို လုပ္ေပးေနရင္း စကားေတြလည္းေျပာေပးပါသည္။ ပီးလ်ွင္ အသင့္ျပင္ထားေသာ ကေလးအက်ီကို ၀တ္ပါသည္။ ကေလးနားမ်ားလည္း သန္႔ရွင္းေရးလုပ္ႏိုင္ပါသည္။ ေမြးကင္းစျဖစ္သည့္အတြက္ ခ်က္ကိုလည္း အရက္ျပန္ေလးျဖင့္ ပြတ္ေပးပါ။ ကေလးသည္ မၾကာမီ မ်က္စိစင္းပီး အိပ္ခ်င္လာပါမည္။ အခ်ိန္မွန္ေရခ်ိဳးေပးျခင္းသည္ေကာင္းပါသည္။

ဤတြင္ ကေလးေရခ်ိဳးျခင္းပီးပါပီ။

မွတ္ခ်က္။  ကေလးေရမခ်ိဳးခင္ ကိုယ္အပူခ်ိန္တိုင္းသင့္ပါသည္။

Credit: ေနာင္ဂ်ိန္တုိ့ မိသားစု

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကလေးတယောက် ရေချိုးပေးဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ ရေချိုးဇလုံတခု..ရေချိုးဆပ်ပြာရည် လက်ကိုင်တာဝါအသေးလေးရယ်ကလေးနားကြပ်တောင်လေးတွေပါပဲ။ရေအပူချိန်တိုင်းမဲ့ကိရိယာလေးလည်း

 ဆောင်ချင်ရင်ဆောင်ပေါ့နော်။ ကလေးသုတ်ဖို့ မျက်နှာသုတ်ပုဝါအကြီးတစ်ထည်ဆောင်ပါ။ လေးထောင့်စပ်စပ် ဖြစ်လျှင်ပိုကောင်းပါသည်။

ကလေးတယောက် ရေမချိုးခင် ကြိုတင်ပြင်ဆင်ရမှာက ရေချိုးဇလုံထဲကို ရေဖြည့်ပါ။ နွေမှာဆို ၃၇ ဒီဂရီစင်တီထားပီး ဆောင်းမှာဆို ၄၀ ဒီဂရီထားပေးပါ။

ရေဖြည့်ထားပီးချိန်မှာ အရင်ဦးဆုံး စားပွဲ သို့ ကုတင်ပေါ်မှာ ကလေးအနှီးဒိုင်ဗာကို ဖြန့်ပါ။ အပေါ်က ကလေးဝတ်ဖို့ အကျီ အတွင်းခံနဲ့ အပေါ်အကျီကို ကလေးချပီးဝတ်လို့ရအောင် တခါတည်းပြင်ပေးပါ။  အဲဒီအပေါ်ကမှ ကလေး မျက်နှာသုတ်ပုဝါကို တင်ပါ။

ကလေးကို အရင်နို့တိုက်ပီးမှရေချိုးတာ ပို၍ကောင်းပါသည်။ဘာလို့ဆို ရေချိုးပီး မကြာခင် ကလေး ချက်ချင်းအိပ်တတ်လို့ဖြစ်ပါသည်။ ဗိုက်ဝတော့ ပို၍ အိပ်သည်ကိုး။ အပူချိန်တိုင်းပါ။ ကဲ ရေချိုးဖို့ အဆင်သင့်ဖြစ်ပါပီ။ သင်တန်းတုန်းကတော့ ၃ကီလို ဂရမ် ရှိတဲ့ အရုပ်နဲ့ လက်တွေ့ လုပ်ခဲ့ရပါတယ်။ အရုပ်က မလှုပ်ဘူး ကလေးကတော့ လှုပ်တာပေါ့နော်။ သတိထားပါ။ အထူးသဖြင့် ကလေးဇက်မလည်ဖို့ပါ။ ကလေးရေချိုးနေချိန်မှာ ဧည့်သည်တို့ ဖုန်းတို့ ဘာပဲလာလာ ကလေးကို ထားပီး
ဘာမှ မလုပ်ပါနှင့်။ ကလေးက အရေးအကြီးဆုံးပါ။

ကလေးကို အထက်ကပြထားတဲ့ အဝတ်ပုံပေါ်မှာ ထားပီး ကလေးအဝတ်များကို စတင်ချွတ်ပါမည်။ ပီးလျှင် မျက်နှာသစ်သုတ်ပုဝါ အသေးစားကို ရေလေးဆွတ်ပီး မျက်နှာသစ်ပါမည်။ နဖူး ပါး၂ဖက်နှင့် နှာခေါင်း

တစ်ဝိုက်ကို ပွတ်ပေးပါ။ ပီးလျှင် နား၂ဖက်။ ပီးလျှင် လက်ညှိုးထဲ မျက်နှာသုတ်ဝတ်ကို ထည့်ကာ မျက်စိ ၂ဖက်ကို ခပ်ဖွဖွ ပွတ်ပေးပါ။ အထက်ပါ အဆင့်ပီးလျှင် မျက်နှာသုတ်ပုဝါကို ရေပြန်ဆွတ်ပီး ညှစ်ပီးလျှင် ကလေးရင်ဖတ်ပေါ် တင်ပေးပါ။ သို့မှသာ ကလေးကို ရေထဲချလျှင် ရေမလန့်မှာ ဖြစ်ပါသည်။ ဒါဆိုလျှင် ရေထဲ ထည့်ပါတော့မည်။

ရေထဲ ထည့်လျှင် ခြေထောက်လေးကနေမှာ ရေထဲကို တဖြည်းဖြည်း ညင်ညင်သာသာ ချပေးပါ။
ချသည့်အခါ ဇက်အောက်ကနေ မိမိလက်တဖက်ကို ပင့်ထိန်းပီးကိုင်ပေးပါ။ ကျန်သော လက်တဖက်က ကလေးရဲ့ တံတောင်ဆစ်ကြား ဂျိုင်းကြား ဖင်ကြား ဒူးခေါင်းကြားများကို ရှင်းလင်းပေးပါ။ လည်ပင်းအောက်ကို လက်ညှိုးလေးဖြင့် ဂျီးရှင်းပေးပါ။ ဆပ်ပြာကိုင်လျှင် ကိုင်ပီး အထက်ပါနေရာများကို လုပ်ပေးပါ။

(ကိုယ်ကတော့ ခေါင်းပါလျေျာ်လို့ရသည့် ကလေးဆပ်ပြာရည်ကို သုံးပါသည်။ ကိုယ်သုံးသည့် ဆပ်ပြာရည်က တခါတည်းရေချိုးဇလုံထဲထည့်ရပါသည်။)
ပီးလျှင် ခေါင်းလျှော်ပါသည်။ ယောကျၤားလေးများ ရေချိုးပေးလျှင် ရွှေပန်းကိုသေချာ ဆေးပေးရသလို မိန်းကလေးများကို ဖင်သေချာဆေးပေးပါ။ ဒီမှာကတော့ ဝမ်းသွားထားလျှင် ကလေးအဆီလေးဖြင့် ရေချိုးချိန်မှာ ဆေးပေးလျှင် ပိုကောင်းပါသည်တဲ့။

(နောက်တချက် မိန်းကလေးများ ဝမ်းသွားပီး သုတ်သင်သည့်အခါ စအိုအောက်မှ အထက်မသုတ်မိရန်သတိထားပါ။ အပေါ်မှအောက်သာ သုတ်ပေးပါ။ မိန်းမကိုယ်ထဲ ပိုးမဝင်စေရန်ဖြစ်ပါသည်။)

 ရေချိုးသည့် အပေါ်ပိုင်းကိစ္စ ပီးလျှင် ကျောဖက်ကို လှန်ပါမည်။ လှန်သည့်အခါ ကလေးဇက်ကို သတိထားပါ။ သို့အတွက်ကြောင့် ကလေးကို လှန်ရာမှ လက်၂ဖက်ဖြင့် ထိန်းပီး  မှောက်ပါမည်။ အမှန်က လက်တဖက်က ခေါင်းကို ထိန်းပီး ကျန်တဖက်ရဲ့ လက်မကို ပေါင်ကြား အရှေ့ ဖက်မှာထားပီး ကျန်၄ချောင်းကို ကျောဖက်မှာ ဆုပ်ကိုင်ပီးမှောက်ပါလေ။ ကလေးလည်မထွက်ပါ။ ကျောကို ရေပွတ် လည်ပင်း ပေါင်ကြားရေပွတ်ပီးလျှင် ရေချိုးခြင်း ပီးပါပီ။

ရေချိုးနေချိန်မှာ ကလေးကို စကားပြောပေးပါ။ ဥပမာ သမီးလေးရေ.. ရေချိုးတော့မယ်.. ရေချိုးရတာ ကောင်းတယ်နော်..ပျော်လားသမီးရေ..နဲနဲလေး ကြီးလာရင် ရေဆော့တတ်လာပီ ဆိုရင်..ဟယ်..သိပ်တော်တဲ့ သမီးလေး... ရေဆော့တတ်နေပီ..အစရှိသဖြင့် ကလေးတွေကို စကားပြောပီး ရေချိုးပေးပါ။ ဉာဏ်ရည်ဖွံ့ဖြိုးစေပါသည်။

ကလေးကို ရေထဲက စစ်ပီးထုတ်လာလျှင် အထက်ကကြိုတင်ပြင်ဆင်ထားသည့် မျက်နှာသုတ်ပုဝါ ပေါ်မှာတင်ပီး တခါတည်းမျက်နှာပဲဖော်ကာ ပတ်ပီး ခေါင်းကို အရင်သုတ်ပါ။ ပီးတာနဲ့ကိုယ်ကိုသုတ်ပါ။ ကလေးရေခြောက်ပီဆိုတာနဲ့ ကလေးအနှီးဝတ်ပတ်ပါ။

 (ကိုယ်ကတော့ ပေါင်ကြားကို ပေါင်ဒါအနဲငယ်သုံးပါသည်။ ဆရာဝန်တွေ မသုံးခိုင်းပါ။)

 ပီးလျှင် ရာသီဥတုကြောင့် ကိုယ်တွေကတော့ ကလေး အသားမပတ်စေရန် လိုရှင်းလူးပေးပါသည်။ အားလုံးကို လုပ်ပေးနေရင်း စကားတွေလည်းပြောပေးပါသည်။ ပီးလျှင် အသင့်ပြင်ထားသော ကလေးအကျီကို ဝတ်ပါသည်။ ကလေးနားများလည်း သန့်ရှင်းရေးလုပ်နိုင်ပါသည်။ မွေးကင်းစဖြစ်သည့်အတွက် ချက်ကိုလည်း အရက်ပြန်လေးဖြင့် ပွတ်ပေးပါ။ ကလေးသည် မကြာမီ မျက်စိစင်းပီး အိပ်ချင်လာပါမည်။ အချိန်မှန်ရေချိုးပေးခြင်းသည်ကောင်းပါသည်။

ဤတွင် ကလေးရေချိုးခြင်းပီးပါပီ။

မှတ်ချက်။  ကလေးရေမချိုးခင် ကိုယ်အပူချိန်တိုင်းသင့်ပါသည်။ 

Credit: နောင်ဂျိန်တို့ မိသားစု

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top