iMyanmarHouse.com - Best Property Website for Myanmar
×




Credit:မိုမိုလေး
ပို့သပေးပါတယ်။

#Unicode Version

လူတစ်ယောက်ကို ချစ်တဲ့အခါ ဘယ်တော့မှ သူ့အချစ်ကို ပြန်ရပါစေဆိုပြီး မချစ်လိုက်ပါနဲ့။ သူပြန်မချစ်တဲ့အခါ သင်အရမ်းခံစားရပါလိမ့်မယ်။ သူ့ကို သင်ပုံမှန်အတိုင်း ရိုးရိုးလေးပဲ ချစ်ပါ။ သင့်ရဲ့အချစ်တွေကို သူခံစားမိတဲ့တစ်နေ့ သင့်ကို သူပြန်ချစ်လာပါလိမ့်မယ်။

သင်က အကောင်းဆုံးပေးဆပ်ပြီး ချစ်ခဲ့ရဲ့သားနဲ့ သင့်ကို ပြန်ပြီး မချစ်လာရင်လည်း အရမ်းနောင်တမရပါနဲ့။ တကယ်တော့ သူ့ကိုအရမ်းချစ်တဲ့ သင့်ကို ဆုံးရှုံးလိုက်ရတဲ့ သူကသာ သနားစရာပါ။ နောင်တတွေကို သူ့အတွက် ထားလိုက်ပါ။ အချစ်နဲ့ အိမ်ထောင်ရေးက ဘာလဲဆိုတာ ကောင်းကောင်း ခွဲခြားတတ်ပါစေ။

အချစ်ဆိုတာ တစ်ခါတလေမှာ ရူးသွပ်လို့ကောင်းပေမယ့်၊ တစ်ယောက်နဲ့တစ်ယောက် အလိုလို နားလည်နေတဲ့ မျက်လုံးလေးတွေက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုတာ တစ်နေ့ကျရင် သင်သိလာပါလိမ့်မယ်။ အချစ်ဆိုတာ ကြီးမြတ်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ နားလည်မှုဆိုတာက ပို့လိုတောင် ကြီးမြတ်နေပါသေးတယ်။ ချစ်တဲ့သူတိုင်း တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ဘဝကို အမြဲအေးအတူပူအမျှ ရေရှည်လက်မတွဲနိုင်ပါဘူး။
နားလည်မှုရှိတဲ့ သူနှစ်ယောက်ကသာ တဖြည်းဖြည်းနဲ့ ချစ်တယ်ဆိုတာထက်ပိုလာပြီး ဘဝကို ကောင်းကောင်းရင်ဆိုင်ရဲလာကြတာပါ။

သင့်ကို နားလည်ပေးစေချင်ရင် သင်ကလည်း သူများတွေကို နားလည်ပေးပါ။ သင်နားလည်ပေးလို့ သင့်ကို ပြန်ပြီး နားမလည်ပေးတဲ့ သူအတွက် မျက်ရည်မကျလိုက်ပါနဲ့။ တစ်နေ့ကျရင် သင့်ကို ကောင်းကောင်းနားလည်တဲ့ သူတစ်ယောက် သင့်အနားကို ရောက်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ရောက်လာတဲ့ အချစ်ဆုံးကို ပိုင်ပိုင်နိုင်နိုင်သာ ဖမ်းဆွဲထားလိုက်ပါ။
Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top