iMyanmarHouse.com - Best Property Website for Myanmar
×

မႈိအမ်ိဳးမ်ိဳးရွိတယ္။ စားလို႔ရတဲ့ မႈိေတြေရာ၊ ေဆးဘက္ဝင္တဲ့မႈိေတြေရာ၊ အဆိပ္ျဖစ္ေစတာေတြေရာ။ စားလို႔ရတဲ့ မႈိေတြမွာ အမွ်င္ဓာတ္နဲ႔ ပ႐ိုတိန္းဓာတ္ပါဝင္ေနသလို အမိုင္ႏိုအက္ဆစ္၊ ဗီတာမင္ B1, B2, B12, C, D, E တုိ႔ ပါဝင္ေနပါတယ္။ သတၱဳဓာတ္အနည္းလည္း ပါဝင္ၿပီး အဆီဓာတ္ပါဝင္မႈနည္းပါးကာ ကယ္လိုရီလည္းနည္းပါးတဲ့အရာ ျဖစ္ပါတယ္။ အရသာရွိရံုတင္မက က်န္းမာေရးအတြက္လည္း ေကာင္းက်ိဳးေပးပါတယ္။

ဒါေပမဲ့ မႈိကို ခ်က္ျပဳတ္ပံု မွားယြင္းတဲ့အခါ အာဟာရတန္ဖိုးေတြ ေလ်ာ့က်သြားၿပီး ေကာင္းက်ိဳးကေန ဆိုးက်ိဳးအထိပါ ျဖစ္သြားတတ္တယ္လို႔ စပိန္ႏိုင္ငံက မႈိနည္းပညာသုေတသနစင္တာရဲ႕ သုေတသီေတြက ဆုိလိုက္ပါတယ္။ မႈိကို နည္းလမ္းေလးမ်ိဳးနဲ႔ ခ်က္ျပဳတ္ျပင္ဆင္ၾကည့္ၿပီးေနာက္ မူလအာဟာရတန္ဖိုးနဲ႔ ခ်က္ျပဳတ္ျပင္ဆင္ၿပီး က်န္ရွိတဲ့ အာဟာရတန္ဖိုးေတြကို ႏႈိင္းယွဥ္ၾကည့္ခဲ့ၾကပါတယ္။ အစားမ်ားတဲ့မိႈေလးမ်ိဳးကို  ျပဳတ္ျခင္း၊ မိုက္ခရိုေဝ့ဗ္ျဖင့္ခ်က္ျခင္း၊ ကင္ျခင္းနဲ႔ ေၾကာ္ျခင္းတို႔ျပဳလုပ္ခဲ့ၾကတာပါ။

အ့ဒီေနာက္မွာေတာ့ မိုက္ခရိုေဝ့ဗ္နဲ႔ခ်က္ျခင္းနဲ႔ ကင္ျခင္းဟာ မူလအာဟာရဓာတ္ေတြ အမ်ားဆံုးက်န္ရွိတာကို ေတြ႔ခဲ့ရပါတယ္။ ျပဳတ္ျခင္းနဲ႔ ေၾကာ္ျခင္းဟာ ဓာတ္တိုးဆန္႔က်င္ဂုဏ္သတၱိေတြ သိသိသာသာ ေလ်ာ့သြားေစပါတယ္။ အထူးသျဖင့္ ပရိုတိန္းနဲ႔ ကာဘိုဟိုက္ၿဒိတ္ပမာဏေတြ မ်ားစြာဆံုးရႈံးသြားကာ အဆီဓာတ္တိုးလာတယ္လို႔ သုေတသီေတြက ဆိုပါတယ္။ ဒါေၾကာင့္မို႔လို႔ မႈိကို မူလအာဟာရတန္ဖိုး မေလ်ာ့ေစဘဲ က်န္းမာေရးနဲ႔ညီညြတ္ေအာင္ စားခ်င္ရင္ မုိက္ခရိုေ၀့ဗ္ကို အသံုးျပဳကာ ခ်က္ျပဳတ္သင့္သလို ကင္စားတာမ်ိဳးလည္း လုပ္သင့္ပါတယ္။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မှိုအမျိုးမျိုးရှိတယ်။ စားလို့ရတဲ့ မှိုတွေရော၊ ဆေးဘက်ဝင်တဲ့မှိုတွေရော၊ အဆိပ်ဖြစ်စေတာတွေရော။ စားလို့ရတဲ့ မှိုတွေမှာ အမျှင်ဓာတ်နဲ့ ပရိုတိန်းဓာတ်ပါဝင်နေသလို အမိုင်နိုအက်ဆစ်၊ ဗီတာမင် B1, B2, B12, C, D, E တို့ ပါဝင်နေပါတယ်။ သတ္တုဓာတ်အနည်းလည်း ပါဝင်ပြီး အဆီဓာတ်ပါဝင်မှုနည်းပါးကာ ကယ်လိုရီလည်းနည်းပါးတဲ့အရာ ဖြစ်ပါတယ်။ အရသာရှိရုံတင်မက ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေးပါတယ်။

ဒါပေမဲ့ မှိုကို ချက်ပြုတ်ပုံ မှားယွင်းတဲ့အခါ အာဟာရတန်ဖိုးတွေ လျော့ကျသွားပြီး ကောင်းကျိုးကနေ ဆိုးကျိုးအထိပါ ဖြစ်သွားတတ်တယ်လို့ စပိန်နိုင်ငံက မှိုနည်းပညာသုတေသနစင်တာရဲ့ သုတေသီတွေက ဆိုလိုက်ပါတယ်။ မှိုကို နည်းလမ်းလေးမျိုးနဲ့ ချက်ပြုတ်ပြင်ဆင်ကြည့်ပြီးနောက် မူလအာဟာရတန်ဖိုးနဲ့ ချက်ပြုတ်ပြင်ဆင်ပြီး ကျန်ရှိတဲ့ အာဟာရတန်ဖိုးတွေကို နှိုင်းယှဉ်ကြည့်ခဲ့ကြပါတယ်။ အစားများတဲ့မှိုလေးမျိုးကို  ပြုတ်ခြင်း၊ မိုက်ခရိုဝေ့ဗ်ဖြင့်ချက်ခြင်း၊ ကင်ခြင်းနဲ့ ကြော်ခြင်းတို့ပြုလုပ်ခဲ့ကြတာပါ။

အ့ဒီနောက်မှာတော့ မိုက်ခရိုဝေ့ဗ်နဲ့ချက်ခြင်းနဲ့ ကင်ခြင်းဟာ မူလအာဟာရဓာတ်တွေ အများဆုံးကျန်ရှိတာကို တွေ့ခဲ့ရပါတယ်။ ပြုတ်ခြင်းနဲ့ ကြော်ခြင်းဟာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ သိသိသာသာ လျော့သွားစေပါတယ်။ အထူးသဖြင့် ပရိုတိန်းနဲ့ ကာဘိုဟိုက်ဒြိတ်ပမာဏတွေ များစွာဆုံးရှုံးသွားကာ အဆီဓာတ်တိုးလာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါကြောင့်မို့လို့ မှိုကို မူလအာဟာရတန်ဖိုး မလျော့စေဘဲ ကျန်းမာရေးနဲ့ညီညွတ်အောင် စားချင်ရင် မိုက်ခရိုဝေ့ဗ်ကို အသုံးပြုကာ ချက်ပြုတ်သင့်သလို ကင်စားတာမျိုးလည်း လုပ်သင့်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top