iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္က ဝန္ထမ္းတစ္ေယာက္ပါ။ လက္႐ွိရေနတဲ့ အေနအထားေလးကိုလည္း အထိုက္အေလ်ာက္ေတာ့ ေက်နပ္မယ္လို႔ ထင္ပါတယ္။ အဆင္မေျပတဲ့ လုပ္ငန္းခြင္မွာ ဘယ္သူကမွလည္း အၾကာႀကီးမလုပ္ႏိုင္ဘူးေလ။ ကိုယ့္ရဲ႕လုပ္ငန္းခြင္နဲ႔ ပတ္သက္ၿပီး ကိုယ္ရသင့္ရထိုက္တဲ့ အခြင့္အေရးေတြ အျပည့္အဝရရဲ႕လားလို႔ ေတြးမိဖူးလား?

၁။ ခြဲျခားမႈေတြကို ကန္႔ကြက္ႏိုင္တယ္

လုပ္ငန္းခြင္ထဲမွာ ခြဲျခားဆက္ဆံခံရမႈေတြက ပံုစံမ်ိဳးစံုနဲ႔ ရွိေနတတ္ပါတယ္။ အလုပ္နဲ႔မသက္ဆုိင္တဲ့ လူမ်ိဳးေရး၊ ဘာသာေရး၊ က်ား/မ ခြဲျခားဆက္ဆံခံရမႈေတြ ႐ွိတတ္ပါတယ္။ ဝန္ထမ္းတုိင္းဟာ သာတူညီမွ်အခြင့္အေရး ရသင့္ပါတယ္။ ခြဲျခားဆက္ဆံျခင္းကို ဥပေဒအရ ခြင့္မျပဳပါဘူး။

၂။ လစာမေပးလို႔မရဘူး

ကိုယ့္ရဲ႕လုပ္ငန္းစြမ္းေဆာင္ရည္က ဘယ္ေလာက္ပဲ ညံ့ဖ်င္းႏံုခ်ာပါေစ လစာမရဘဲ လုပ္ရတာမ်ိဳး မရွိပါဘူး။ ရသင့္တဲ့ ေငြေၾကးပမာဏက နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ ရကိုရရပါမယ္။

၃။ ပိုေကာင္းတဲဲ့အလုပ္ကိုေျပာင္းခြင့္ရွိတယ္

ဘယ္သူကမွ ကိုယ့္ကိုအ႐ူးလုပ္တာမခံနဲ႔။  လက္႐ွိအလုပ္မွာလုပ္ရတာ အဆင္မေျပဘူး၊ အလုပ္ႀကိဳးစားသေလာက္ ျပန္္ခ်ီးေျမႇာက္မခံရဘူးဆုိရင္ ပိုေကာင္းတဲ့အလုပ္ကို ေျပာင္းပါ။ ဒါေပမဲ့ ပထမဆံုးအေနနဲ႔ ကိုယ့္ရဲ႕အထက္အရာ႐ွိကို ကိုယ္ဘာေတြ ၾကံဳေတြ႔ေနရသလဲဆုိတာ ေျပာျပပါ။ သူက ညႇိႏႈိင္းေပးပါလိမ့္မယ္။ ၿပီးေတာ့ အလုပ္ရဲ႕စည္းမ်ဥ္းအတုိင္း ထြက္စာတင္ၿပီး အခ်ိန္ဘယ္ေလာက္ၾကာထိ လုပ္ရမယ္ဆုိတာကိုလည္း လိုက္နာဖုိ႔အေရးႀကီးပါတယ္။

၄။ တိုးျမႇင့္ခံစားခြင့္

အလုပ္တိုင္းမွာ ဝန္ထမ္းေတြဟာ လစာတိုးျမႇင့္ခံစားခြင့္႐ွိပါတယ္။ ႏွစ္စဥ္၊ သို႔မဟုတ္ ၆ လ တစ္ႀကိမ္ စသျဖင့္ ပံုမွန္လစာတုိးျမႇင့္ ခံစားခြင့္ ရွိပါတယ္။

၅။ ဝန္ထမ္းအခ်င္းခ်င္း လစာအေၾကာင္းေဆြးေႏြးခြင့္ရွိတယ္

ကိုယ္နဲ႔ ရာထူးတူ၊ လုပ္ငန္းခြင္တူ၊ လုပ္ရတဲ့အလုပ္ခ်င္း တူေနတဲ့ လုပ္ေဖာ္ကိုင္ဖက္နဲ႔ လစာအေၾကာင္းကို အခ်င္းခ်င္း ေဆြးေႏြးလို႔ရပါတယ္။ လုပ္ရတာခ်င္းအတူတူ ကိုယ့္လစာက ပိုမ်ားေနသလား၊ နည္းေနသလား၊ ခြဲျခားဆက္ဆံခံထားရသလားဆုိတာကို သိခ်င္လို႔ သူနဲ႔ကိုယ့္ၾကား ေဆြးေႏြးတာကို အေရးယူလို႔မရပါဘူး။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်က ဝန်ထမ်းတစ်ယောက်ပါ။ လက်ရှိရနေတဲ့ အနေအထားလေးကိုလည်း အထိုက်အလျောက်တော့ ကျေနပ်မယ်လို့ ထင်ပါတယ်။ အဆင်မပြေတဲ့ လုပ်ငန်းခွင်မှာ ဘယ်သူကမှလည်း အကြာကြီးမလုပ်နိုင်ဘူးလေ။ ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အပြည့်အဝရရဲ့လားလို့ တွေးမိဖူးလား?

၁။ ခွဲခြားမှုတွေကို ကန့်ကွက်နိုင်တယ်

လုပ်ငန်းခွင်ထဲမှာ ခွဲခြားဆက်ဆံခံရမှုတွေက ပုံစံမျိုးစုံနဲ့ ရှိနေတတ်ပါတယ်။ အလုပ်နဲ့မသက်ဆိုင်တဲ့ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ ခွဲခြားဆက်ဆံခံရမှုတွေ ရှိတတ်ပါတယ်။ ဝန်ထမ်းတိုင်းဟာ သာတူညီမျှအခွင့်အရေး ရသင့်ပါတယ်။ ခွဲခြားဆက်ဆံခြင်းကို ဥပဒေအရ ခွင့်မပြုပါဘူး။

၂။ လစာမပေးလို့မရဘူး

ကိုယ့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်က ဘယ်လောက်ပဲ ညံ့ဖျင်းနုံချာပါစေ လစာမရဘဲ လုပ်ရတာမျိုး မရှိပါဘူး။ ရသင့်တဲ့ ငွေကြေးပမာဏက နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ရကိုရရပါမယ်။

၃။ ပိုကောင်းတဲ့အလုပ်ကိုပြောင်းခွင့်ရှိတယ်

ဘယ်သူကမှ ကိုယ့်ကိုအရူးလုပ်တာမခံနဲ့။  လက်ရှိအလုပ်မှာလုပ်ရတာ အဆင်မပြေဘူး၊ အလုပ်ကြိုးစားသလောက် ပြန်ချီးမြှောက်မခံရဘူးဆိုရင် ပိုကောင်းတဲ့အလုပ်ကို ပြောင်းပါ။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့အထက်အရာရှိကို ကိုယ်ဘာတွေ ကြုံတွေ့နေရသလဲဆိုတာ ပြောပြပါ။ သူက ညှိနှိုင်းပေးပါလိမ့်မယ်။ ပြီးတော့ အလုပ်ရဲ့စည်းမျဉ်းအတိုင်း ထွက်စာတင်ပြီး အချိန်ဘယ်လောက်ကြာထိ လုပ်ရမယ်ဆိုတာကိုလည်း လိုက်နာဖို့အရေးကြီးပါတယ်။

၄။ တိုးမြှင့်ခံစားခွင့်

အလုပ်တိုင်းမှာ ဝန်ထမ်းတွေဟာ လစာတိုးမြှင့်ခံစားခွင့်ရှိပါတယ်။ နှစ်စဉ်၊ သို့မဟုတ် ၆ လ တစ်ကြိမ် စသဖြင့် ပုံမှန်လစာတိုးမြှင့် ခံစားခွင့် ရှိပါတယ်။

၅။ ဝန်ထမ်းအချင်းချင်း လစာအကြောင်းဆွေးနွေးခွင့်ရှိတယ်

ကိုယ်နဲ့ ရာထူးတူ၊ လုပ်ငန်းခွင်တူ၊ လုပ်ရတဲ့အလုပ်ချင်း တူနေတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ လစာအကြောင်းကို အချင်းချင်း ဆွေးနွေးလို့ရပါတယ်။ လုပ်ရတာချင်းအတူတူ ကိုယ့်လစာက ပိုများနေသလား၊ နည်းနေသလား၊ ခွဲခြားဆက်ဆံခံထားရသလားဆိုတာကို သိချင်လို့ သူနဲ့ကိုယ့်ကြား ဆွေးနွေးတာကို အရေးယူလို့မရပါဘူး။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top