iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္က အလုပ္ႀကိဳးစားေပမဲ့ ကိုယ့္ေလာက္အလုပ္မႀကိဳးစားတဲ့သူ၊ မေတာ္တဲ့သူက ရာထူးတက္သြားတာေတြ၊ အခြင့္အေရးရသြားတာေတြကို အမ်ားစုေတာ့ ႀကံဳဖူး ေတြ႔ဖူးၾကမယ္ထင္ပါတယ္။ အဲဒီလိုႀကံဳရတဲ့အခါ ကိုနဲ႔အတူလုပ္ကိုင္ေနၿပီး ကိုယ္ေလာက္မွ ႀကိဳးစားမႈမရွိတဲ့သူက ရာထူးတက္ႀကီး ကိုယ္က ဘာျဖစ္လို႔ မတိုးတက္ရတာလဲ၊ သူ႔မွာ အတြင္းလူေတြ၊ အဆက္အသြယ္ေတြ၊ ကူညီသူေတြရွိလို႔လား စသျဖင့္ ေတြးမိေကာင္း ေတြးမိၾကပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္၊ သူ႔မွာ အတြင္းလူရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ အဓိကက ကိုယ္ဟာ သူမ်ားကို ထိုင္ေစာင့္ေနတာမ်ိဳးမျဖစ္ဖို႔ပါပဲ။ ကိုယ္တတ္ႏိုင္တဲ့ဘက္ကေန ကိုယ္တတ္ႏိုင္သမွ် တိုးတက္ေအာင္ ႀကံေဆာင္တတ္၊ လုပ္တတ္ရပါမယ္။ ဒါေၾကာင့္ အလုပ္မွာ ကိုယ္စိတ္ဝင္စားတဲ့ ေနရာကို ေလွ်ာက္လွမ္းၾကတဲ့အခါ အသံုးတဲ့မယ့္ ပညာရွင္ေတြရဲ႕ အႀကံျပဳထားတဲ့ နည္းလမ္း (၄)ခုကို ေဖာ္ျပလိုက္ပါတယ္။

၁။ အခြင့္အေရးေပၚလာတဲ့အခါ လိုအပ္ရင္ စိတ္ဝင္စားေၾကာင္းဖြင့္ေျပာပါ

ကိုစိတ္ဝင္စားတဲ့ အခြင့္အေရးမ်ိဳးေပၚလာတဲ့အခါ ကိုယ္စိတ္ဝင္စားတဲ့ လုပ္ငန္းတာဝန္နဲ႔ပတ္သက္ၿပီး တာဝန္ယူလိုေၾကာင္း ကိုယ့္ရဲ႕မန္ေနဂ်ာကို ေျပာျပပါ။ ဒါမွမဟုတ္ ကိုယ္စိတ္ဝင္စားေနတဲ့အေၾကာင္း သူတို႔သိေအာင္ တစ္နည္းနည္းနဲ႔ျပပါ။

ရာထူးတိုးတာေတြ၊ တာဝန္လႊဲေျပာင္းေပးတာေတြနဲ႔ပတ္သက္လာရင္ ကၽြမ္းက်င္မႈတို႔၊ ႀကိဳးစားမႈတို႔အေပၚမွာ မူတည္ဆံုးျဖတ္ၾကတယ္လို႔ ဝန္ထမ္းအမ်ားစုက ထင္ၾကပါတယ္။ ဒါေပမဲ့ မန္ေနဂ်ာ (သို႔) ကိုယ့္အထက္ လူႀကီးေတြအေနနဲ႔က အဲဒီလိုေတြးခ်င္မွေတြးပါလိမ့္မယ္။ တစ္ခါတေလမွာ လႊဲေျပာင္းေပးမယ့္တာဝန္အေပၚမွာ စိတ္ဝင္စားမႈရွိမရွိနဲ႔ ျဖစ္ႏိုင္မျဖစ္ႏိုင္အေပၚမွာမူတည္ ဆံုးျဖတ္ေလ့ရွိတတ္ပါတယ္။

ဒါေၾကာင့္ ကိုယ္နဲ႔ကိုက္ညီမယ့္ အခြင့္အေရးမ်ိဳးေပၚလာၿပီဆိုရင္ အဲဒီတာဝန္နဲ႔ပတ္သက္ၿပီး ကိုယ့္မွာ ကၽြမ္းက်င္မႈနဲ႔ စိတ္ဝင္စားမႈ အမွန္တကယ္ရွိေၾကာင္းကို ကိုယ့္အထက္လူႀကီးေတြ သိေအာင္လုပ္ေပးဖို႔ မေမ့ပါနဲ႔။

၂။ ကိုယ့္ရည္မွန္းခ်က္ပန္းတိုင္နဲ႔ပတ္သက္ၿပီး ႀကံဳရင္ႀကံဳသလိုေျပာျပပါ

ဆိုလိုတာက ကိုယ္ ဘယ္အရာကိုအားသန္ေၾကာင္း၊ ကၽြမ္းက်င္မႈရွိေၾကာင္း၊ စိတ္ဝင္စားေၾကာင္းနဲ႔ ကိုယ့္ရည္းမွန္းခ်က္ပန္းတိုင္ကို ဘယ္လိုေလွ်ာက္လွမ္းလိုေၾကာင္း စတဲ့လိုအပ္ခ်က္ေလးေတြကို ကိုယ့္အထက္လူႀကီးေတြသိေအာင္ လုပ္ေဆာင္ျခင္းကိုေျပာတာပါ။ ကိုယ့္အလုပ္ (သို႔) ရာထူးတိုးတက္မႈအတြက္ ကိုယ့္ဆီမွာရွိေနတဲ့ အခ်က္အလက္ေတြ၊ ကၽြမ္းက်င္မႈေတြ၊ ယူဆခ်က္ေတြနဲ႔ အထက္လူႀကီးေတြကို အခြင့္အေရးရတိုင္း ဗံုးႀကဲသလို တိုက္စစ္ဆင္ေနရမယ္လို႔ ဆိုလိုတာမဟုတ္ပါဘူး။ ေျပာဖို႔အခြင့္သာလာမွသာ ဆက္စပ္တဲ့အေၾကာင္းအရာ၊ အခ်က္အလက္နဲ႔ နည္းနည္းခ်င္း အသိေပးဖို႔ပါပဲ။

ေနာင္ႏွစ္ေတြမွာ ကိုယ္ေရွ႕ဆက္သြားမယ့္ ကိုယ့္ရဲ႕ရည္မွန္းခ်က္နဲ႔ပတ္သက္ၿပီး ကိုယ္ဘာလုပ္ခ်င္တယ္၊ ဘာျဖစ္ခ်င္တယ္ဆိုတဲ့အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာျပတိုင္ပင္ပါ။ အေထာက္အကူျဖစ္ေစမယ့္ တာဝန္မ်ိဳးရွိမရွိ ေမးျမန္းစံုးစမ္းၾကည့္ပါ။

၃။ ဘယ္လိုသင္တန္းမ်ိဳးေတြတက္ဖို႔လုိအပ္မလဲ ေလ့လာပါ

ကိုယ္မွန္းထားတဲ့၊ တစ္နည္းအားျဖင့္ ကိုယ္ပစ္မွတ္ထားတဲ့ ေနရာမွာလက္ရွိလုပ္ကိုင္ေနတဲ့ လုပ္ေဖာ္ကိုင္ဖက္ တစ္ေယာက္ေယာက္ဆီမွာ ဒီေနရာအတြက္ ဘာေတြလိုအပ္လဲ၊ ဘာေတြေလ့လာထားသင့္လဲဆိုတာ ေမးျမန္း စံုစမ္းပါ။ သူေျပာျပတာကို နားေထာင္ၿပီး ကိုယ့္မွာဘယ္အရာေတြလိုေနတယ္၊ ဘာေတြလုပ္သင့္တယ္၊ ဘယ္အရာကေတာ့ မလုပ္သင့္ဘူးစသည္ျဖင့္ ဆံုးျဖတ္ေရြးခ်ယ္ပါ။ ၿပီးရင္ စတင္ေဆာင္ရြက္ပါ။ တစ္ခ်ိဳ႕ လိုအပ္ခ်က္ေတြက လုပ္ငန္းအေတြ႔အႀကံဳကေနရႏိုင္ၿပီး၊ တခ်ိဳ႕ကိုေတာ့ သင္တန္းတို႔၊ ေက်ာင္းတို႔ကေန ရယူရပါတယ္။

တခ်ိဳ႕အသက္ေမြးဝမ္းေက်ာင္းအလုပ္ေတြဟာ သာမန္အားျဖင့္ေတာ့ ေအာင္လက္မွတ္ေတြ၊ ဘြဲ႔ေတြ မလိုအပ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ရည္ရြယ္ခ်က္ပန္းတိုင္ဆီ ေလွ်ာက္ရာလမ္းမွာ အေထာက္အကူမျဖစ္ေစတဲ့၊ မလိုအပ္တဲ့ သင္တန္းလို၊ ေက်ာင္းလိုအရာေတြအတြက္ အခ်ိန္မျဖဳန္းပါနဲ႔။ ကိုယ္ရည္မွန္းထားတဲ့ ေနရာအတြက္ ဘာေတြက အမွန္တကယ္လိုအပ္သလဲဆိုတာကို အဲဒီေနရာမွာ လက္ရွိလုပ္ကိုင္ေနသူေတြကို ေသခ်ာေမးသင့္ပါတယ္။

၄။ လူတိုင္းက ကိုယ့္အသက္ေမြးဝမ္းေက်ာင္းမႈအတြက္ပဲ အာ႐ံုစိုက္ေနရတယ္ဆိုတာ သတိရပါ

ကိုယ့္အလုပ္ရွင္ သူေဌးပဲျဖစ္ျဖစ္၊ ကိုယ့္အထက္က မန္ဂ်ာ၊ HR ပဲျဖစ္ျဖစ္၊ ကိုယ္အထက္က ဘယ္သူပဲျဖစ္ျဖစ္ အားလံုးက ကိုယ့္အသက္ေမြးမႈ၊ ကိုယ့္တာဝန္အေပၚမွာပဲ အာ႐ံုစိုက္ေနၾကရတာခ်ည္းပါ။ ကိုယ္ကိုယ္တိုင္လည္း ထိုနည္းလည္းေကာင္းပါပဲ။ အဲဒီေတာ့ ကိုယ့္အသက္ေမြးဝမ္းေက်ာင္းမႈ အဆင္ေျပတိုးတက္ဖို႔ရာအတြက္ ကိုယ္စိတ္ဝင္စားေနတဲ့အရာက သင့္ေလ်ာ္ေကာင္းမြန္မႈရွိၿပီး မွန္ကန္ေနတယ္ဆိုရင္ အဲဒီအေပၚမွာပဲ အဓိကထား အာ႐ံုစိုက္ပါ။

ေျပာဖို႔လိုလာရင္ ပြင့္ပြင့္လင္းလင္း ရဲရဲတင္းတင္းေျပာပါ။ ေျပာတဲ့အတိုင္းလည္း ျဖစ္ေအာင္လုပ္ပါ။ တျခားလူ လာအေျပာကို ထိုင္ေစာင့္မေနပါနဲ႔။ စိန္ေခၚမႈေတြအတြက္ ကိုယ္လုပ္ႏိုင္တဲ့ဘက္ကေန တာဝန္ယူလုပ္ေဆာင္ ပါ။ ဘာပဲလုပ္လုပ္ အထူးလႊဲအပ္ခံထားရတဲ့တာဝန္တစ္ရပ္လို သေဘာမွာထားၿပီး ကိုယ့္ရဲ႕ အသစ္အသစ္ေသာ လုပ္ႏိုင္စြမ္းေတြကို အားလံုးသိေအာင္ ခ်ျပပါ။

ကိုယ္ေလွ်ာက္မယ့္လမ္းအတြက္ ျပင္ပမိတ္ေဆြေကာင္းေတြနဲ႔ ျပင္ပအဆက္အသြယ္ေကာင္းေတြကိုလည္း ရႏိုင္သမွ် တည္ေဆာက္ထားဖို႔ မေမ့ပါနဲ႔။ အလုပ္ကိုလည္း ႀကိဳးစားပါ။ ကိုယ့္လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔လည္း အတတ္ႏိုင္ဆံုး အဆင္ေျပေအာင္ေနပါ။ အခြင့္အလမ္းေပၚလာရင္ ေပါင္းသင္းဆက္ဆံေရးကလည္း တစ္ဖက္တစ္လွမ္းကေန ေကာင္းေကာင္းႀကီး အေထာက္အကူျပဳပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ်က အလုပ်ကြိုးစားပေမဲ့ ကိုယ့်လောက်အလုပ်မကြိုးစားတဲ့သူ၊ မတော်တဲ့သူက ရာထူးတက်သွားတာတွေ၊ အခွင့်အရေးရသွားတာတွေကို အများစုတော့ ကြုံဖူး တွေ့ဖူးကြမယ်ထင်ပါတယ်။ အဲဒီလိုကြုံရတဲ့အခါ ကိုနဲ့အတူလုပ်ကိုင်နေပြီး ကိုယ်လောက်မှ ကြိုးစားမှုမရှိတဲ့သူက ရာထူးတက်ကြီး ကိုယ်က ဘာဖြစ်လို့ မတိုးတက်ရတာလဲ၊ သူ့မှာ အတွင်းလူတွေ၊ အဆက်အသွယ်တွေ၊ ကူညီသူတွေရှိလို့လား စသဖြင့် တွေးမိကောင်း တွေးမိကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်၊ သူ့မှာ အတွင်းလူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဓိကက ကိုယ်ဟာ သူများကို ထိုင်စောင့်နေတာမျိုးမဖြစ်ဖို့ပါပဲ။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကိုယ်တတ်နိုင်သမျှ တိုးတက်အောင် ကြံဆောင်တတ်၊ လုပ်တတ်ရပါမယ်။ ဒါကြောင့် အလုပ်မှာ ကိုယ်စိတ်ဝင်စားတဲ့ နေရာကို လျှောက်လှမ်းကြတဲ့အခါ အသုံးတဲ့မယ့် ပညာရှင်တွေရဲ့ အကြံပြုထားတဲ့ နည်းလမ်း (၄)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ အခွင့်အရေးပေါ်လာတဲ့အခါ လိုအပ်ရင် စိတ်ဝင်စားကြောင်းဖွင့်ပြောပါ

ကိုစိတ်ဝင်စားတဲ့ အခွင့်အရေးမျိုးပေါ်လာတဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းတာဝန်နဲ့ပတ်သက်ပြီး တာဝန်ယူလိုကြောင်း ကိုယ့်ရဲ့မန်နေဂျာကို ပြောပြပါ။ ဒါမှမဟုတ် ကိုယ်စိတ်ဝင်စားနေတဲ့အကြောင်း သူတို့သိအောင် တစ်နည်းနည်းနဲ့ပြပါ။

ရာထူးတိုးတာတွေ၊ တာဝန်လွှဲပြောင်းပေးတာတွေနဲ့ပတ်သက်လာရင် ကျွမ်းကျင်မှုတို့၊ ကြိုးစားမှုတို့အပေါ်မှာ မူတည်ဆုံးဖြတ်ကြတယ်လို့ ဝန်ထမ်းအများစုက ထင်ကြပါတယ်။ ဒါပေမဲ့ မန်နေဂျာ (သို့) ကိုယ့်အထက် လူကြီးတွေအနေနဲ့က အဲဒီလိုတွေးချင်မှတွေးပါလိမ့်မယ်။ တစ်ခါတလေမှာ လွှဲပြောင်းပေးမယ့်တာဝန်အပေါ်မှာ စိတ်ဝင်စားမှုရှိမရှိနဲ့ ဖြစ်နိုင်မဖြစ်နိုင်အပေါ်မှာမူတည် ဆုံးဖြတ်လေ့ရှိတတ်ပါတယ်။

ဒါကြောင့် ကိုယ်နဲ့ကိုက်ညီမယ့် အခွင့်အရေးမျိုးပေါ်လာပြီဆိုရင် အဲဒီတာဝန်နဲ့ပတ်သက်ပြီး ကိုယ့်မှာ ကျွမ်းကျင်မှုနဲ့ စိတ်ဝင်စားမှု အမှန်တကယ်ရှိကြောင်းကို ကိုယ့်အထက်လူကြီးတွေ သိအောင်လုပ်ပေးဖို့ မမေ့ပါနဲ့။

၂။ ကိုယ့်ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်ပြီး ကြုံရင်ကြုံသလိုပြောပြပါ

ဆိုလိုတာက ကိုယ် ဘယ်အရာကိုအားသန်ကြောင်း၊ ကျွမ်းကျင်မှုရှိကြောင်း၊ စိတ်ဝင်စားကြောင်းနဲ့ ကိုယ့်ရည်းမှန်းချက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းလိုကြောင်း စတဲ့လိုအပ်ချက်လေးတွေကို ကိုယ့်အထက်လူကြီးတွေသိအောင် လုပ်ဆောင်ခြင်းကိုပြောတာပါ။ ကိုယ့်အလုပ် (သို့) ရာထူးတိုးတက်မှုအတွက် ကိုယ့်ဆီမှာရှိနေတဲ့ အချက်အလက်တွေ၊ ကျွမ်းကျင်မှုတွေ၊ ယူဆချက်တွေနဲ့ အထက်လူကြီးတွေကို အခွင့်အရေးရတိုင်း ဗုံးကြဲသလို တိုက်စစ်ဆင်နေရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ပြောဖို့အခွင့်သာလာမှသာ ဆက်စပ်တဲ့အကြောင်းအရာ၊ အချက်အလက်နဲ့ နည်းနည်းချင်း အသိပေးဖို့ပါပဲ။

နောင်နှစ်တွေမှာ ကိုယ်ရှေ့ဆက်သွားမယ့် ကိုယ့်ရဲ့ရည်မှန်းချက်နဲ့ပတ်သက်ပြီး ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်ပါ။ အထောက်အကူဖြစ်စေမယ့် တာဝန်မျိုးရှိမရှိ မေးမြန်းစုံးစမ်းကြည့်ပါ။

၃။ ဘယ်လိုသင်တန်းမျိုးတွေတက်ဖို့လိုအပ်မလဲ လေ့လာပါ

ကိုယ်မှန်းထားတဲ့၊ တစ်နည်းအားဖြင့် ကိုယ်ပစ်မှတ်ထားတဲ့ နေရာမှာလက်ရှိလုပ်ကိုင်နေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ယောက်ဆီမှာ ဒီနေရာအတွက် ဘာတွေလိုအပ်လဲ၊ ဘာတွေလေ့လာထားသင့်လဲဆိုတာ မေးမြန်း စုံစမ်းပါ။ သူပြောပြတာကို နားထောင်ပြီး ကိုယ့်မှာဘယ်အရာတွေလိုနေတယ်၊ ဘာတွေလုပ်သင့်တယ်၊ ဘယ်အရာကတော့ မလုပ်သင့်ဘူးစသည်ဖြင့် ဆုံးဖြတ်ရွေးချယ်ပါ။ ပြီးရင် စတင်ဆောင်ရွက်ပါ။ တစ်ချို့ လိုအပ်ချက်တွေက လုပ်ငန်းအတွေ့အကြုံကနေရနိုင်ပြီး၊ တချို့ကိုတော့ သင်တန်းတို့၊ ကျောင်းတို့ကနေ ရယူရပါတယ်။

တချို့အသက်မွေးဝမ်းကျောင်းအလုပ်တွေဟာ သာမန်အားဖြင့်တော့ အောင်လက်မှတ်တွေ၊ ဘွဲ့တွေ မလိုအပ်ပါဘူး။ ဒါကြောင့် ကိုယ့်ရည်ရွယ်ချက်ပန်းတိုင်ဆီ လျှောက်ရာလမ်းမှာ အထောက်အကူမဖြစ်စေတဲ့၊ မလိုအပ်တဲ့ သင်တန်းလို၊ ကျောင်းလိုအရာတွေအတွက် အချိန်မဖြုန်းပါနဲ့။ ကိုယ်ရည်မှန်းထားတဲ့ နေရာအတွက် ဘာတွေက အမှန်တကယ်လိုအပ်သလဲဆိုတာကို အဲဒီနေရာမှာ လက်ရှိလုပ်ကိုင်နေသူတွေကို သေချာမေးသင့်ပါတယ်။

၄။ လူတိုင်းက ကိုယ့်အသက်မွေးဝမ်းကျောင်းမှုအတွက်ပဲ အာရုံစိုက်နေရတယ်ဆိုတာ သတိရပါ

ကိုယ့်အလုပ်ရှင် သူဌေးပဲဖြစ်ဖြစ်၊ ကိုယ့်အထက်က မန်ဂျာ၊ HR ပဲဖြစ်ဖြစ်၊ ကိုယ်အထက်က ဘယ်သူပဲဖြစ်ဖြစ် အားလုံးက ကိုယ့်အသက်မွေးမှု၊ ကိုယ့်တာဝန်အပေါ်မှာပဲ အာရုံစိုက်နေကြရတာချည်းပါ။ ကိုယ်ကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းပါပဲ။ အဲဒီတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းမှု အဆင်ပြေတိုးတက်ဖို့ရာအတွက် ကိုယ်စိတ်ဝင်စားနေတဲ့အရာက သင့်လျော်ကောင်းမွန်မှုရှိပြီး မှန်ကန်နေတယ်ဆိုရင် အဲဒီအပေါ်မှာပဲ အဓိကထား အာရုံစိုက်ပါ။

ပြောဖို့လိုလာရင် ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်းပြောပါ။ ပြောတဲ့အတိုင်းလည်း ဖြစ်အောင်လုပ်ပါ။ တခြားလူ လာအပြောကို ထိုင်စောင့်မနေပါနဲ့။ စိန်ခေါ်မှုတွေအတွက် ကိုယ်လုပ်နိုင်တဲ့ဘက်ကနေ တာဝန်ယူလုပ်ဆောင် ပါ။ ဘာပဲလုပ်လုပ် အထူးလွှဲအပ်ခံထားရတဲ့တာဝန်တစ်ရပ်လို သဘောမှာထားပြီး ကိုယ့်ရဲ့ အသစ်အသစ်သော လုပ်နိုင်စွမ်းတွေကို အားလုံးသိအောင် ချပြပါ။

ကိုယ်လျှောက်မယ့်လမ်းအတွက် ပြင်ပမိတ်ဆွေကောင်းတွေနဲ့ ပြင်ပအဆက်အသွယ်ကောင်းတွေကိုလည်း ရနိုင်သမျှ တည်ဆောက်ထားဖို့ မမေ့ပါနဲ့။ အလုပ်ကိုလည်း ကြိုးစားပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အတတ်နိုင်ဆုံး အဆင်ပြေအောင်နေပါ။ အခွင့်အလမ်းပေါ်လာရင် ပေါင်းသင်းဆက်ဆံရေးကလည်း တစ်ဖက်တစ်လှမ်းကနေ ကောင်းကောင်းကြီး အထောက်အကူပြုပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top