iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Momolay

#Unicode Version
မိုးရွာတဲ့နေ့တွေဆိုရင် ခြေထောက်မှာ မိုးရေတွေ စိုစိစိုစ စတင်ဖြစ်ပါပြီ။ မိုးရေနဲ့အတူ ပါလာတဲ့ အမှိုက်တွေကနေ တဆင့် ဘက်တီးရီးယားတွေ၊ သဲတွေ ခြေထောက်မှာ ကပ်ငြိနေပြီဆိုရင် ခြေထောက်မှာ သဲဝဲစားတာတွေ ဖြစ်လာနိုင်ပါတယ်။ မိုးရေထဲ ဘယ်လောက်သွားသွား ခြေထောက်သဲဝဲစားတာတွေ မဖြစ်စေဖို့ ဒါလေးတွေ လိုက်နာဖို့ လိုပါတယ်။

မိုးရေထဲက ပြန်လာတိုင်း ခြေထောက်ဆေးကြောပေးပါ။ မိုးရေခြေထောက်ကို နည်းနည်းပဲ စိုတယ်ဆိုရင်တောင် ခြေထောက်ရေဆေးဖို့ လိုပါတယ်။ ဘက်တီးရီးယားဆိုတာ မျက်စိနဲ့ မမြင်နိုင်တဲ့အရာ ဖြစ်တာကြောင့် ခြေထောက်မှာ မိုးရေအနည်းအများကို ကြည့်ပြီး ဆုံးဖြတ်မရနိုင်ပါဘူး။ ခြေသည်းဟာ သဲဝဲစားစေတဲ့ အဓိက အကြောင်းအရာပါပဲ။ သဲတွေဟာ ခြေသည်းတွေကြားထဲမှာ အချိန်ကြာကြာ ရှိနေပြီဆိုရင် သဲဝဲစားပါပြီ။ ခြေထောက်ဆေးတဲ့အခါ ခြေသည်းကြားထဲတွေပါ ဆေးပေးဖို့ လိုပြီး ခြေသည်းတိုတို တိတိ ပုံမှန်ညှပ်ပေးဖို့ လိုပါတယ်။

ရှူးဖိနပ်တွေ မတော်တဆ ရေစိုတဲ့အခါ ခြေအိတ်တွေမှာလည်း အစိုဓါတ်ရှိနိုင်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင်တော့ ခြောက်သွေ့တဲ့ ခြေအိတ် အပြန်ပြောင်းဖို့ လိုအပ်ပါတယ်။ ခြေထောက်မှာ အစိုဓါတ်မရှိပဲ ခြောက်သွေ့မှ သဲဝဲစားတဲ့ ပြသာနာ ကင်းဝေးမှာပါ။

ခြေထောက်အတွက် အလှကုန်ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာလည်း ကိုယ်သုံးနေကျ တံဆိပ်ကိုသာ ရွေးချယ်သင့်ပါတယ်။ အထူးသဖြင့် မိုးတွင်းမှာ အပြောင်းအလဲလုပ်တာက အရေပြား ပြသာနာ ဖြစ်စေနိုင်တာကြောင့်ပါ။ ညဘက်မှာ ခြေထောက်ကို ပိုးသတ်ဆေး တစ်ခုခု လိမ်းပြီး အိပ်တာကလည်း သဲဝဲမစားစေနိုင်ပါဘူး။

Credit:Momolay
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top