iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္မတို႔ရဲ႕ မီးဖိုေခ်ာင္ထဲမွာ အျမဲရွိေနတတ္တဲ႔ မုန္႔ဖုတ္ဆိုဒါကို အလွအပအတြက္ အသံုးျပဳလုိ႔ရလိမ့္မယ္လို႔ ကၽြန္မတို႔တစ္ခါမွ မစဥ္းစားဖူးဘူးမလား။ ခုအဲ႔ဒီမုန္႔ဖုတ္ဆိုဒါကို အသံုးျပဳၿပီး အလွအပအတြက္ အေရးၾကီးတဲ႔ အေရျပားျပႆနာကို ေျဖရွင္းၾကည့္ၾကရေအာင္။

(၁) မ်က္ႏွာမွာရွိတဲ႔ ဝက္ ၿခံအမာရြတ္ေတြကို ဖယ္ရွားမယ္။ အကယ္၍ သင့္မ်က္ႏွာမွာ ဝက္ျခံထြက္ၿပီး ေပ်ာက္သြားေပမယ့္ အမာရြတ္ေတြ က်န္ခဲ့မယ္ဆိုရင္ ဆိုဒါနဲ႔ ေရကိုေရာနယ္ၿပီး အမာရြတ္ရွိတဲ႔ ေနရာမွာလိမ္းထားလိုက္ပါ။ (၄)မိနစ္ခန္႔ထားၿပီး ေရေဆးခ်လိုက္ပါ။ တစ္ရက္ကို (၂)ႀကိမ္မွ (၃)ႀကိမ္အထိ ျပဳလုပ္ေပးပါ။ အမာရြတ္အေရျပားကို ဖယ္ရွားေပးၿပီး အေရျပားအသားလႊာအသစ္ကို ျဖစ္လာေစပါတယ္။
(၂) အေရျပားမွာ အဖုအပိန္႔ေတြထြက္လာၿပီး အေရျပားယားယံျခင္း ျဖစ္လာပါကလည္း မုန္႔ဖုတ္ဆိုဒါကို အသံုးျပဳလို႔ရပါတယ္။ အုန္းဆီနဲ႔ မုန္႔ဖုတ္ဆိုဒါကို ေရာၿပီး အေရျပားမွာ (၄-၅)မိနစ္ခန္႔လိမ္းထားေပးပါ။ တစ္ရက္ကို (၂)ႀကိမ္အထိလိမ္းေပးလို႔ ရပါတယ္။
(၃) အသင့္အေရျပား ေနေလာင္ဒဏ္ရာေတြ ရွိခဲ႔ၿပီဆိုလွ်င္ ေအးျမျခင္းအာနိသင္ရွိတဲ႔ ဆိုဒါမႈန္႔ကို သတိရလိုက္ပါ။ ဆိုဒါမႈန္႔နဲ႔ ေရေအးကိုေရာၿပီး ေနေလာင္ဒဏ္ရာရွိတဲ႔ အေရျပားမွာလိမ္းေပးပါ။ ၿပီးလွ်င္ ေဆးခ်လိုက္ပါ။ သင့္ဒဏ္ရာကို သိသိသာသာ သက္သာပါေစလိမ့္မယ္။

Credit:MoMolay
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ကျွန်မတို့ရဲ့ မီးဖိုချောင်ထဲမှာ အမြဲရှိနေတတ်တဲ့ မုန့်ဖုတ်ဆိုဒါကို အလှအပအတွက် အသုံးပြုလို့ရလိမ့်မယ်လို့ ကျွန်မတို့တစ်ခါမှ မစဉ်းစားဖူးဘူးမလား။ ခုအဲ့ဒီမုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး အလှအပအတွက် အရေးကြီးတဲ့ အရေပြားပြဿနာကို ဖြေရှင်းကြည့်ကြရအောင်။

(၁) မျက်နှာမှာရှိတဲ့ ဝက်ခြံအမာရွတ်တွေကို ဖယ်ရှားမယ်။ အကယ်၍ သင့်မျက်နှာမှာ ဝက်ခြံထွက်ပြီး ပျောက်သွားပေမယ့် အမာရွတ်တွေ ကျန်ခဲ့မယ်ဆိုရင် ဆိုဒါနဲ့ ရေကိုရောနယ်ပြီး အမာရွတ်ရှိတဲ့ နေရာမှာလိမ်းထားလိုက်ပါ။ (၄)မိနစ်ခန့်ထားပြီး ရေဆေးချလိုက်ပါ။ တစ်ရက်ကို (၂)ကြိမ်မှ (၃)ကြိမ်အထိ ပြုလုပ်ပေးပါ။ အမာရွတ်အရေပြားကို ဖယ်ရှားပေးပြီး အရေပြားအသားလွှာအသစ်ကို ဖြစ်လာစေပါတယ်။
(၂) အရေပြားမှာ အဖုအပိန့်တွေထွက်လာပြီး အရေပြားယားယံခြင်း ဖြစ်လာပါကလည်း မုန့်ဖုတ်ဆိုဒါကို အသုံးပြုလို့ရပါတယ်။ အုန်းဆီနဲ့ မုန့်ဖုတ်ဆိုဒါကို ရောပြီး အရေပြားမှာ (၄-၅)မိနစ်ခန့်လိမ်းထားပေးပါ။ တစ်ရက်ကို (၂)ကြိမ်အထိလိမ်းပေးလို့ ရပါတယ်။
(၃) အသင့်အရေပြား နေလောင်ဒဏ်ရာတွေ ရှိခဲ့ပြီဆိုလျှင် အေးမြခြင်းအာနိသင်ရှိတဲ့ ဆိုဒါမှုန့်ကို သတိရလိုက်ပါ။ ဆိုဒါမှုန့်နဲ့ ရေအေးကိုရောပြီး နေလောင်ဒဏ်ရာရှိတဲ့ အရေပြားမှာလိမ်းပေးပါ။ ပြီးလျှင် ဆေးချလိုက်ပါ။ သင့်ဒဏ်ရာကို သိသိသာသာ သက်သာပါစေလိမ့်မယ်။

Credit:MoMolay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top