iMyanmarHouse.com - Best Property Website for Myanmar
×

ဘယ္လိုအခ်ိန္ေတြမွာ စိတ္ေကာက္ခ်င္ေယာင္ေဆာင္ရမလဲ…

ခ်စ္သူသမီးရည္းစားဆိုတာ အဆင္ေျပၾကည္ႏူးေနရတဲ့ အခါရွိသလိုရန္ျဖစ္စကားမ်ားတဲ့အခါေတြလည္း ရွိပါတယ္။

ဒါေပမဲ့ တစ္ခါတေလမွာ ရန္ျဖစ္တာမ်ိဳး မဟုတ္ဘဲ စိတ္ေကာက္ခ်င္ေယာင္ေဆာင္ျပီး ခ်စ္သူရဲ႕ အၾကင္နာ အယုအယေတြကို ယူရမယ့္အခါမ်ိဳးလည္း ရွိပါတယ္။

ဒါဆို ဘယ္လိုအခ်ိန္ေတြမွာ စိတ္ေကာက္ခ်င္ ေယာင္ေဆာင္ရမလဲ…

၁။ တျခားတစ္ေယာက္အေၾကာင္းခ်ီးမြမ္းေနတဲ့အခ်ိန္

ကုိယ့္ခ်စ္သူက တျခားေကာင္မေလး/ေကာင္ေလးကို အရမ္းခ်ီးမြမ္းေနျပီး၊ အဲဒီတစ္ေယာက္အေၾကာင္းကို ကိုယ္မခံခ်င္ေအာင္စျပီး ေျပာျပေနျပီဆိုရင္ စိတ္ေကာက္ ျပလိုက္ပါ။ ဘာလို႕လဲဆိုေတာ့ သူသာတကယ္ အဲ့တစ္ေယာက္ ကို ကိုယ့္ထက္စိတ္၀င္စားေနျပီ၊ စိတ္ယိုင္ေနျပီဆိုရင္ ကိုယ့္ေရွ႕မွာေပၚတင္ေျပာမွာ မဟုတ္ပါဘူး။ ခုလိုေပၚတင္ေျပာျပ၊ ခ်ီးမြမ္းျပေနျပီ ဆိုကတည္းက ဒါ ကိုယ္စိတ္ေကာက္ေအာင္စတာ ကိုယ့္ကိုျပန္ေခ်ာ့တာမ်ိဳးေလးေတြ ျဖစ္ခ်င္လို႕ပါ။

၂။ နာရီ၀က္ထက္မပိုဘဲေနာက္က်တဲ့အခါ

ဒီျပႆနာကေတာ့ ခ်စ္သူရည္းစားတိုင္း ၾကံဳဖူးၾကမွာပါ။ ခ်ိန္းထားတာကို ေနာက္က်ေနတာေပါ့။ နာရီ၀က္ဆိုတာ အေၾကာင္းျပခ်က္ရွိရင္ ေနာက္က်ခြင့္ျပဳလို႕ရတဲ့ အခ်ိန္ အခိုက္အတန္႔ပါ။ ဒါေပမဲ့ သူအျမဲအက်င့္ပါသြားမွာလည္း စိုးရိမ္ေတာ့ လႊတ္ထားလို႕ခ်ည္းပဲလည္း မျဖစ္ဘူးေလ။ အဲ့လိုဆိုရင္ အရမ္းတင္းမာတာမ်ိဳး မဟုတ္ဘဲ ခပ္တည္တည္ေလး နဲ႕ စိတ္ေကာက္ျပလိုက္ပါ။ သူေခ်ာ့လာတဲ့ အေပၚမွာ နည္းနည္းခ်င္း ေလွ်ာ့ျပီး ျပန္ခ်စ္ျပလိုက္ပါ။

၃။ သူ႕ညီအစ္ကိုေမာင္ႏွမတစ္ေယာက္ေယာက္က ကိုယ့္ကိုတိုက္ခိုက္တဲ့အခ်ိန္
ဒါလည္းျဖစ္ေလ့ျဖစ္ထရွိပါတယ္။ ဒီလိုတိုက္ခိုက္တာခံရတဲ့အခါမွာ ဘယ္သူမဆို ေဒါသေတာ့ထြက္မွာပါပဲ။ ဒါေပမဲ့ အဲဒါကိုယ့္ခ်စ္သူက ကိုယ့္ကိုက်ဴးလြန္တဲ့အျပစ္မွ မဟုတ္တာပဲ။ ဒါေၾကာင့္ ခ်စ္သူကိုလည္း စိတ္ဆိုးလြန္းလို႕မေကာင္းပါဘူး။ အဲ့ေတာ့ စိတ္မေကာင္းသလိုလို၊ စိတ္ရႈပ္သြားသလိုလို နဲ႕ သူ႕ကိုစကားသိပ္မေျပာဘဲ စိတ္ေကာက္ခ်င္ေယာင္ ေဆာင္ေနလိုက္ပါ။ သူကေမးျမန္းေခ်ာ့လာတဲ့အခါမွာမွ သူနား၀င္ေအာင္ ကိုယ္ဘယ္လိုတိုက္ခိုက္ခံရတယ္ ဆုိတာကို ေျပာျပပါ။

၄။ အဆဲခံရတဲ့အခ်ိန္

တခ်ိဳ႕ခ်စ္သူရည္းစားေတြရွိပါတယ္။ ခ်စ္သူေတြဆိုေပမဲ့ သူငယ္ခ်င္းေတြလိုခင္မင္ရင္းႏွီးေနတာပိုမ်ားေတာ့ စကားေျပာရင္း စရင္းေနာက္ရင္း ဆဲၾကဆိုၾကတာပါ။ ဒါက တကယ္တမ္း ေကာင္းတဲ့အေလ့အထေတာ့ မဟုတ္ပါဘူး။ ဒါေၾကာင့္ ကိုယ့္ကို ထိခိုက္သလိုခံစား ရေအာင္ ဆဲလာေျပာလာတဲ့အခါမ်ိဳးဆိုရင္ေတာ့ စိတ္ေကာက္ျပလိုက္ပါ။ မၾကိဳက္ေၾကာင္းသိေအာင္ေပါ့။

၅။ သူအလုပ္ရႈပ္ေနတဲ့အခ်ိန္

အလုပ္ဆိုတာလည္း ဘ၀ရဲ႕အေရးအၾကီးဆံုး အစိတ္အပိုင္း တစ္ခုပါ။ အလုပ္ၾကိဳးစားလို႕ အလုပ္ရႈပ္ ေနရတဲ့ခ်စ္သူကို ျပႆနာ အၾကီးၾကီးရွာသင့္သလား ဆိုရင္ေတာ့ မရွာသင့္ပါဘူး။ ဒါေပမဲ့ ကိုယ့္ကို ဂရုစိုက္မႈ လည္း မေလ်ာ့ေအာင္ စိတ္ေကာက္ျပသင့္တာေတာ့ ေသခ်ာတယ္ေလ။

Credit:love shop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version


ဘယ်လိုအချိန်တွေမှာ စိတ်ကောက်ချင်ယောင်ဆောင်ရမလဲ…

ချစ်သူသမီးရည်းစားဆိုတာ အဆင်ပြေကြည်နူးနေရတဲ့ အခါရှိသလိုရန်ဖြစ်စကားများတဲ့အခါတွေလည်း ရှိပါတယ်။

ဒါပေမဲ့ တစ်ခါတလေမှာ ရန်ဖြစ်တာမျိုး မဟုတ်ဘဲ စိတ်ကောက်ချင်ယောင်ဆောင်ပြီး ချစ်သူရဲ့ အကြင်နာ အယုအယတွေကို ယူရမယ့်အခါမျိုးလည်း ရှိပါတယ်။

ဒါဆို ဘယ်လိုအချိန်တွေမှာ စိတ်ကောက်ချင် ယောင်ဆောင်ရမလဲ…

၁။ တခြားတစ်ယောက်အကြောင်းချီးမွမ်းနေတဲ့အချိန်

ကိုယ့်ချစ်သူက တခြားကောင်မလေး/ကောင်လေးကို အရမ်းချီးမွမ်းနေပြီး၊ အဲဒီတစ်ယောက်အကြောင်းကို ကိုယ်မခံချင်အောင်စပြီး ပြောပြနေပြီဆိုရင် စိတ်ကောက် ပြလိုက်ပါ။ ဘာလို့လဲဆိုတော့ သူသာတကယ် အဲ့တစ်ယောက် ကို ကိုယ့်ထက်စိတ်ဝင်စားနေပြီ၊ စိတ်ယိုင်နေပြီဆိုရင် ကိုယ့်ရှေ့မှာပေါ်တင်ပြောမှာ မဟုတ်ပါဘူး။ ခုလိုပေါ်တင်ပြောပြ၊ ချီးမွမ်းပြနေပြီ ဆိုကတည်းက ဒါ ကိုယ်စိတ်ကောက်အောင်စတာ ကိုယ့်ကိုပြန်ချော့တာမျိုးလေးတွေ ဖြစ်ချင်လို့ပါ။

၂။ နာရီဝက်ထက်မပိုဘဲနောက်ကျတဲ့အခါ

ဒီပြဿနာကတော့ ချစ်သူရည်းစားတိုင်း ကြုံဖူးကြမှာပါ။ ချိန်းထားတာကို နောက်ကျနေတာပေါ့။ နာရီဝက်ဆိုတာ အကြောင်းပြချက်ရှိရင် နောက်ကျခွင့်ပြုလို့ရတဲ့ အချိန် အခိုက်အတန့်ပါ။ ဒါပေမဲ့ သူအမြဲအကျင့်ပါသွားမှာလည်း စိုးရိမ်တော့ လွှတ်ထားလို့ချည်းပဲလည်း မဖြစ်ဘူးလေ။ အဲ့လိုဆိုရင် အရမ်းတင်းမာတာမျိုး မဟုတ်ဘဲ ခပ်တည်တည်လေး နဲ့ စိတ်ကောက်ပြလိုက်ပါ။ သူချော့လာတဲ့ အပေါ်မှာ နည်းနည်းချင်း လျှော့ပြီး ပြန်ချစ်ပြလိုက်ပါ။

၃။ သူ့ညီအစ်ကိုမောင်နှမတစ်ယောက်ယောက်က ကိုယ့်ကိုတိုက်ခိုက်တဲ့အချိန်
ဒါလည်းဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုတိုက်ခိုက်တာခံရတဲ့အခါမှာ ဘယ်သူမဆို ဒေါသတော့ထွက်မှာပါပဲ။ ဒါပေမဲ့ အဲဒါကိုယ့်ချစ်သူက ကိုယ့်ကိုကျူးလွန်တဲ့အပြစ်မှ မဟုတ်တာပဲ။ ဒါကြောင့် ချစ်သူကိုလည်း စိတ်ဆိုးလွန်းလို့မကောင်းပါဘူး။ အဲ့တော့ စိတ်မကောင်းသလိုလို၊ စိတ်ရှုပ်သွားသလိုလို နဲ့ သူ့ကိုစကားသိပ်မပြောဘဲ စိတ်ကောက်ချင်ယောင် ဆောင်နေလိုက်ပါ။ သူကမေးမြန်းချော့လာတဲ့အခါမှာမှ သူနားဝင်အောင် ကိုယ်ဘယ်လိုတိုက်ခိုက်ခံရတယ် ဆိုတာကို ပြောပြပါ။

၄။ အဆဲခံရတဲ့အချိန်

တချို့ချစ်သူရည်းစားတွေရှိပါတယ်။ ချစ်သူတွေဆိုပေမဲ့ သူငယ်ချင်းတွေလိုခင်မင်ရင်းနှီးနေတာပိုများတော့ စကားပြောရင်း စရင်းနောက်ရင်း ဆဲကြဆိုကြတာပါ။ ဒါက တကယ်တမ်း ကောင်းတဲ့အလေ့အထတော့ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ကို ထိခိုက်သလိုခံစား ရအောင် ဆဲလာပြောလာတဲ့အခါမျိုးဆိုရင်တော့ စိတ်ကောက်ပြလိုက်ပါ။ မကြိုက်ကြောင်းသိအောင်ပေါ့။

၅။ သူအလုပ်ရှုပ်နေတဲ့အချိန်

အလုပ်ဆိုတာလည်း ဘဝရဲ့အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ အလုပ်ကြိုးစားလို့ အလုပ်ရှုပ် နေရတဲ့ချစ်သူကို ပြဿနာ အကြီးကြီးရှာသင့်သလား ဆိုရင်တော့ မရှာသင့်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကို ဂရုစိုက်မှု လည်း မလျော့အောင် စိတ်ကောက်ပြသင့်တာတော့ သေချာတယ်လေ။

Credit:love shop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top