iMyanmarHouse.com - Best Property Website for Myanmar
×

လူႀကီးတစ္ေယာက္အျဖစ္ ေရာက္လာၿပီဆုိတာနဲ႔ တာဝန္ဝတၱရားေတြ မ်ားလာၿပီ။ ပူပင္ေသာကေတြေၾကာင့္လည္း ညညဆို ေတာ္ေတာ္နဲ႔ အိပ္မရဘူး။ တစ္ခါတစ္ေလက်ေတာ့လည္း ကေလးေတြဆီကေတာင္ ျပန္ၿပီး အတုယူရမယ့္ အက်င့္ေလးေတြ ရွိေနျပန္ေရာ။ ကိုယ့္ရဲ႕ေအာင္ျမင္မႈအတြက္ ကေလးဘဝတုန္းကလို အေတြးေတြ၊ ယံုၾကည္ခ်က္ေတြ ျပန္ၿပီးေမြးျမဴၾကည့္ပါ။

၁။ ကိုယ့္ကိုယ္ကိုယ္ယံု

အရြယ္ေရာက္လာတဲ့အခါ ဆံုးျဖတ္ခ်က္ေတြခ်ဖုိ႔ လိုလာၿပီဆုိ အၾကာႀကီးစဥ္းစားရတယ္။ ကေလးဘဝတုန္းကဆုိရင္ အဲ့လိုေတြမရွိဘူး။ ေဆာ့စရာတစ္ခုခုရလာတဲ့အခါ ေဆာ့ခ်င္ေဆာ့တယ္၊ မေဆာ့ခ်င္ရင္ ပစ္ထားလုိက္တယ္။ ဘာမွ ပူပန္မေနဘူး။ အၾကာႀကီးလည္း ေသာကမေရာက္ဘူး။ ကိုယ္ေတြလည္းပဲ ဆံုးျဖတ္ခ်က္ကို ျမန္ျမန္္ခ်ၿပီးရင္ ေက်ာခိုင္းသင့္တာကို လံုးဝ ေက်ာခိုင္းဖုိ႔လိုတယ္။ ဆံုးျဖတ္ခ်က္ခ်ရေတာ့မယ္ဆုိရင္ - တကယ္လုပ္ခ်င္တာလား? လုပ္သင့္တယ္၊ မွန္တယ္လို႔ေရာထင္လား? ျဖစ္သမွ်အက်ိဳးဆက္ကို လက္ခံႏိုင္မလား? ဒီသံုးခ်က္ကိုပဲ အဓိကစဥ္းစားပါ။

၂။ တီထြင္ဖန္တီးပါ

ကေလးေတြကိုၾကည့္လိုက္ရင္ ကစားစရာေတြကို အစီအစဥ္တက် ေဆာ့တာမ်ိဳး မရွိဘူးေလ။ အရုပ္ဆက္တာဆုိလည္း ဘယ္လိုနည္းလမ္းနဲ႔ဆက္ရမယ္ဆုိတဲ့ လမ္းညႊန္ကို သူတုိ႔က သိတာေတာင္မဟုတ္ဘူး။ သူတုိ႔လုပ္ခ်င္သလိုလုပ္ရင္းနဲ႔ ျဖစ္သြားတာပဲ။ လက္ေတြ႔ဘဝမွာလည္း အစီအစဥ္တက် ျဖစ္မလာတာေတြ ရွိလာတယ္။ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ဖန္တီးလုပ္ေဆာင္မယ္ဆုိ ၿပီးေျမာက္ေအာင္ျမင္ႏိုင္ပါတယ္။

၃။ အႀကီးႀကီးေတြး

ကေလးဘဝတုန္းက စဥ္းစားေတြးေခၚတာေတြဟာ သိပ္ကိုရဲရင့္ခဲ့ပါတယ္။ ေရာက္ႏိုင္မယ္၊ မေရာက္ႏိုင္ဘူးဆိုတာ မေသခ်ာတဲ့ အျမင့္ေတြကိုလည္း မေရာက္ေရာက္ေအာင္ တက္ႏိုင္ခဲ့ၾကတယ္ေလ။ ရည္မွန္းခ်က္ပန္းတုိင္ေတြလည္း အမ်ားႀကီးပဲ ရွိခဲ့တယ္။ အရြယ္ေရာက္လာတာနဲ႔အမွ် ရည္မွန္းခ်က္ေတြ ေလ်ာ့နည္းသြားတာမ်ိဳး မျဖစ္သင့္ပါဘူး။ ကေလးတုန္းကလုိမ်ိဳး ရည္မွန္းခ်က္ေတြထားပါ။ လက္ေတြ႔ ႀကိဳးစားၾကည့္ပါ။

၄။ ေခါင္းမာလိုက္စမ္းပါ

တခ်ိဳ႕ကေလးေတြကိုၾကည့္လိုက္။ လြယ္လြယ္နဲ႔ေျပာမရ ဆုိမရ ေခါင္းမာတယ္။ လုပ္ခ်င္တာကို မရရေအာင္ လုပ္ၾကတယ္။ ကိုယ္ေတြမွာလည္း ရည္မွန္းခ်က္ေတြ အေကာင္အထည္ေဖာ္ခ်ိန္မွာ အေႏွာင့္အယွက္ေတြ ၾကံဳရတာပဲ။ ဒါေပမဲ့ အေလွ်ာ့မေပးလိုက္နဲ႔။ မျဖစ္ ျဖစ္ေအာင္သာဆက္လုပ္။

၅။ ရိုးသားပါ

ဒါလည္းပဲ အေရးႀကီးပါတယ္။ ကိုယ္လိုခ်င္တာနဲ႔ ကိုယ္ရထားတာ ကြဲျပားေနတဲ့အေပၚ အတင္းကာေရာ ေပ်ာ္ရႊင္သလို မခံစားေနပါနဲ႔။ ကေလးေတြဆုိရင္ သူတုိ႔မႀကိဳက္တာကို မႀကိဳက္ဘူးလို႔ ပြင့္ပြင့္လင္းလင္း ေျပာၾကတယ္ေလ။ ကိုယ္မႏွစ္သက္တာကို အတင္းအက်ပ္ လက္ခံထားတာက ပိုဆိုးသြားႏိုင္ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
လူကြီးတစ်ယောက်အဖြစ် ရောက်လာပြီဆိုတာနဲ့ တာဝန်ဝတ္တရားတွေ များလာပြီ။ ပူပင်သောကတွေကြောင့်လည်း ညညဆို တော်တော်နဲ့ အိပ်မရဘူး။ တစ်ခါတစ်လေကျတော့လည်း ကလေးတွေဆီကတောင် ပြန်ပြီး အတုယူရမယ့် အကျင့်လေးတွေ ရှိနေပြန်ရော။ ကိုယ့်ရဲ့အောင်မြင်မှုအတွက် ကလေးဘဝတုန်းကလို အတွေးတွေ၊ ယုံကြည်ချက်တွေ ပြန်ပြီးမွေးမြူကြည့်ပါ။

၁။ ကိုယ့်ကိုယ်ကိုယ်ယုံ

အရွယ်ရောက်လာတဲ့အခါ ဆုံးဖြတ်ချက်တွေချဖို့ လိုလာပြီဆို အကြာကြီးစဉ်းစားရတယ်။ ကလေးဘဝတုန်းကဆိုရင် အဲ့လိုတွေမရှိဘူး။ ဆော့စရာတစ်ခုခုရလာတဲ့အခါ ဆော့ချင်ဆော့တယ်၊ မဆော့ချင်ရင် ပစ်ထားလိုက်တယ်။ ဘာမှ ပူပန်မနေဘူး။ အကြာကြီးလည်း သောကမရောက်ဘူး။ ကိုယ်တွေလည်းပဲ ဆုံးဖြတ်ချက်ကို မြန်မြန်ချပြီးရင် ကျောခိုင်းသင့်တာကို လုံးဝ ကျောခိုင်းဖို့လိုတယ်။ ဆုံးဖြတ်ချက်ချရတော့မယ်ဆိုရင် - တကယ်လုပ်ချင်တာလား? လုပ်သင့်တယ်၊ မှန်တယ်လို့ရောထင်လား? ဖြစ်သမျှအကျိုးဆက်ကို လက်ခံနိုင်မလား? ဒီသုံးချက်ကိုပဲ အဓိကစဉ်းစားပါ။

၂။ တီထွင်ဖန်တီးပါ

ကလေးတွေကိုကြည့်လိုက်ရင် ကစားစရာတွေကို အစီအစဉ်တကျ ဆော့တာမျိုး မရှိဘူးလေ။ အရုပ်ဆက်တာဆိုလည်း ဘယ်လိုနည်းလမ်းနဲ့ဆက်ရမယ်ဆိုတဲ့ လမ်းညွှန်ကို သူတို့က သိတာတောင်မဟုတ်ဘူး။ သူတို့လုပ်ချင်သလိုလုပ်ရင်းနဲ့ ဖြစ်သွားတာပဲ။ လက်တွေ့ဘဝမှာလည်း အစီအစဉ်တကျ ဖြစ်မလာတာတွေ ရှိလာတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖန်တီးလုပ်ဆောင်မယ်ဆို ပြီးမြောက်အောင်မြင်နိုင်ပါတယ်။

၃။ အကြီးကြီးတွေး

ကလေးဘဝတုန်းက စဉ်းစားတွေးခေါ်တာတွေဟာ သိပ်ကိုရဲရင့်ခဲ့ပါတယ်။ ရောက်နိုင်မယ်၊ မရောက်နိုင်ဘူးဆိုတာ မသေချာတဲ့ အမြင့်တွေကိုလည်း မရောက်ရောက်အောင် တက်နိုင်ခဲ့ကြတယ်လေ။ ရည်မှန်းချက်ပန်းတိုင်တွေလည်း အများကြီးပဲ ရှိခဲ့တယ်။ အရွယ်ရောက်လာတာနဲ့အမျှ ရည်မှန်းချက်တွေ လျော့နည်းသွားတာမျိုး မဖြစ်သင့်ပါဘူး။ ကလေးတုန်းကလိုမျိုး ရည်မှန်းချက်တွေထားပါ။ လက်တွေ့ ကြိုးစားကြည့်ပါ။

၄။ ခေါင်းမာလိုက်စမ်းပါ

တချို့ကလေးတွေကိုကြည့်လိုက်။ လွယ်လွယ်နဲ့ပြောမရ ဆိုမရ ခေါင်းမာတယ်။ လုပ်ချင်တာကို မရရအောင် လုပ်ကြတယ်။ ကိုယ်တွေမှာလည်း ရည်မှန်းချက်တွေ အကောင်အထည်ဖော်ချိန်မှာ အနှောင့်အယှက်တွေ ကြုံရတာပဲ။ ဒါပေမဲ့ အလျှော့မပေးလိုက်နဲ့။ မဖြစ် ဖြစ်အောင်သာဆက်လုပ်။

၅။ ရိုးသားပါ

ဒါလည်းပဲ အရေးကြီးပါတယ်။ ကိုယ်လိုချင်တာနဲ့ ကိုယ်ရထားတာ ကွဲပြားနေတဲ့အပေါ် အတင်းကာရော ပျော်ရွှင်သလို မခံစားနေပါနဲ့။ ကလေးတွေဆိုရင် သူတို့မကြိုက်တာကို မကြိုက်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောကြတယ်လေ။ ကိုယ်မနှစ်သက်တာကို အတင်းအကျပ် လက်ခံထားတာက ပိုဆိုးသွားနိုင်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top