iMyanmarHouse.com - Best Property Website for Myanmar
×

ဒိန္ခ်ဥ္၊ ေကာ္ဖီ၊ လိေမၼာ္ရည္ စတဲ့အရာေတြအနက္ တစ္မ်ိဳးမ်ိဳးနဲ႔အတူ "မနက္စာ"လို႔ ေခါင္းစဥ္ေပးထားတဲ့ ဓာတ္ပံုေတြကို မၾကာခဏ ျမင္ဖူးၾကမွာပါ။ ဒါမွမဟုတ္လည္း ကိုယ္တုိင္ကအစ မနက္ခင္းမွာ မနက္စာမစားမီ ဒီအရာတစ္မ်ိဳးေလာက္ကို အရင္ဆံုးစားျဖစ္တဲ့ေန႔ရက္ေတြ ရွိပါလိမ့္မယ္။ တကယ္ေတာ့ အစာအိမ္ထဲမွာ ဘာမွမရွိခ်ိန္ တစ္ခုခုကိုစားမယ္ဆို စားခ်င္တုိင္းစားလိုက္လို႔မရပါဘူး။

၁။ အခ်ိဳ

သၾကားမ်ားမ်ားပါတဲ့ အခ်ိဳကဲတဲ့စားစရာေတြက ခႏၶာကိုယ္တြင္းရွိ အင္ဆူလင္ပမာဏကို ျမင့္တက္လာေစပါတယ္။ အဲ့ဒီအခါမွာ ဆီးခ်ိဳျဖစ္ႏိုင္တဲ့ အႏၱရာယ္ပိုမ်ားလာပါတယ္။

၂။ အခ်ဥ္ေဖာက္ထားတဲ့ႏို႔

ဒိန္ခ်ဥ္၊ ဒိန္ခဲ စသျဖင့္ ႏို႔ကိုအခ်ဥ္ေဖာက္ထားတာေတြလည္း မစားရပါဘူး။ တစ္ညလံုးအိပ္ထားခဲ့လို႔ အစာအိမ္ထဲမွာ ဘာမွမရွိခ်ိန္မွာ ဒိန္ခ်ဥ္ကိုစားရင္ အစာအိမ္ထဲမွာရွိတဲ့ ဟိုက္ဒ႐ိုကလိုရစ္အက္ဆစ္ဓာတ္က လက္တစ္အက္ဆစ္ဘက္တီးရီးယားေတြကို သတ္ပစ္လိုက္ပါတယ္။

၃။ ပန္းသစ္ေတာ္

ပန္းသစ္ေတာ္မွာပါဝင္တဲ့ အမွ်င္ဓာတ္တစ္မ်ိဳးက အစာအိမ္မွာဘာမွမရွိခ်ိန္ ဖံုးအုပ္ေပးထားတဲ့ ခၽြဲေျမႇးပါးေလးကို ထိခိုက္ေစပါတယ္။

၄။ ခရမ္းခ်ဥ္သီး

ခရမ္းခ်ဥ္သီးမွာ tannic acid ပမာဏ ျမင့္မားစြာ ပါဝင္ေနပါတယ္။ ဒီအက္ဆစ္က အစာအိမ္ထဲမွာရွိတဲ့ အက္ဆစ္ျဖစ္တည္မႈကို ပိုမိုတုိးပြားလာေစတာေၾကာင့္ အစာအိမ္ေရာင္ရမ္းနာ ျဖစ္ေစႏိုင္ပါတယ္။

၅။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးဟာ က်န္းမာေရးအတြက္ အရမ္းကိုအေထာက္အကူျပဳတဲ့ အစားအစာပါ။ ဒါေပမဲ့ အစာအိမ္ထဲမွာ ဘာမွမရွိဘဲ ငွက္ေပ်ာသီးကိုစားလိုက္မယ္ဆုိရင္ေတာ့ ေသြးထဲမွာ မဂၢစီယမ္ဓာတ္ (magnesium) ျမင့္တက္လာပါတယ္။ ေသြးထဲမွာ မဂၢစီယမ္ဓာတ္ မ်ားလာတဲ့အခါ ႏွလံုးကို ထိခိုက္ေစပါတယ္။

၆။ ပူစပ္တဲ့အစားအစာ

မနက္ေစာေစာစီးစီး ပူပူစပ္စပ္ေတြစားၿပီးရင္ ဗိုက္ေအာင့္လာတယ္မဟုတ္လား။ အစာမရွိဘဲ ပူစပ္တဲ့အစားအစာေတြကို စားလိုက္ေတာ့ အစာေျခစနစ္ကို ဒုကၡေပးေတာ့တာပဲေလ။

၇။ ခ်ဥ္တဲ့သစ္သီး

လိေမၼာ္သီး၊ သံပရာသီးတုိ႔လို အခ်ဥ္ဓာတ္မ်ားတဲ့ အသီးေတြမွာ citric acid ဓာတ္ ပါဝင္ပါတယ္။ အိပ္ရာႏိုးႏိုးခ်င္း သံပရာရည္တစ္ခြက္ေလာက္ ေသာက္လိုက္လို႔ လူက လန္းဆန္းသြားရမယ့္အစား ရင္ပူရင္ဆာျဖစ္လာၿပီး အစာအိမ္ေရာင္ရမ္းၿပီး ဗိုက္ေအာင့္လာရပါတယ္။

မနက္စာစားဖုိ႔ အခ်ိန္သိပ္္မရဘူး ဒါမွမဟုတ္ အမ်ားႀကီးမစားခ်င္ဘူးဆုိရင္ ၾကက္ဥကို စားေပးသင့္ပါတယ္။ ၾကက္ဥျပဳတ္တစ္လံုးေလာက္ စားေပးလိုက္ရင္ ဗိုက္လည္းျပည့္သြားၿပီး အားလည္းရွိပါတယ္။

Credit:trend myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဒိန်ချဉ်၊ ကော်ဖီ၊ လိမ္မော်ရည် စတဲ့အရာတွေအနက် တစ်မျိုးမျိုးနဲ့အတူ "မနက်စာ"လို့ ခေါင်းစဉ်ပေးထားတဲ့ ဓာတ်ပုံတွေကို မကြာခဏ မြင်ဖူးကြမှာပါ။ ဒါမှမဟုတ်လည်း ကိုယ်တိုင်ကအစ မနက်ခင်းမှာ မနက်စာမစားမီ ဒီအရာတစ်မျိုးလောက်ကို အရင်ဆုံးစားဖြစ်တဲ့နေ့ရက်တွေ ရှိပါလိမ့်မယ်။ တကယ်တော့ အစာအိမ်ထဲမှာ ဘာမှမရှိချိန် တစ်ခုခုကိုစားမယ်ဆို စားချင်တိုင်းစားလိုက်လို့မရပါဘူး။

၁။ အချို

သကြားများများပါတဲ့ အချိုကဲတဲ့စားစရာတွေက ခန္ဓာကိုယ်တွင်းရှိ အင်ဆူလင်ပမာဏကို မြင့်တက်လာစေပါတယ်။ အဲ့ဒီအခါမှာ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်ပိုများလာပါတယ်။

၂။ အချဉ်ဖောက်ထားတဲ့နို့

ဒိန်ချဉ်၊ ဒိန်ခဲ စသဖြင့် နို့ကိုအချဉ်ဖောက်ထားတာတွေလည်း မစားရပါဘူး။ တစ်ညလုံးအိပ်ထားခဲ့လို့ အစာအိမ်ထဲမှာ ဘာမှမရှိချိန်မှာ ဒိန်ချဉ်ကိုစားရင် အစာအိမ်ထဲမှာရှိတဲ့ ဟိုက်ဒရိုကလိုရစ်အက်ဆစ်ဓာတ်က လက်တစ်အက်ဆစ်ဘက်တီးရီးယားတွေကို သတ်ပစ်လိုက်ပါတယ်။

၃။ ပန်းသစ်တော်

ပန်းသစ်တော်မှာပါဝင်တဲ့ အမျှင်ဓာတ်တစ်မျိုးက အစာအိမ်မှာဘာမှမရှိချိန် ဖုံးအုပ်ပေးထားတဲ့ ချွဲမြှေးပါးလေးကို ထိခိုက်စေပါတယ်။

၄။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ tannic acid ပမာဏ မြင့်မားစွာ ပါဝင်နေပါတယ်။ ဒီအက်ဆစ်က အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဖြစ်တည်မှုကို ပိုမိုတိုးပွားလာစေတာကြောင့် အစာအိမ်ရောင်ရမ်းနာ ဖြစ်စေနိုင်ပါတယ်။

၅။ ငှက်ပျောသီး

ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အရမ်းကိုအထောက်အကူပြုတဲ့ အစားအစာပါ။ ဒါပေမဲ့ အစာအိမ်ထဲမှာ ဘာမှမရှိဘဲ ငှက်ပျောသီးကိုစားလိုက်မယ်ဆိုရင်တော့ သွေးထဲမှာ မဂ္ဂစီယမ်ဓာတ် (magnesium) မြင့်တက်လာပါတယ်။ သွေးထဲမှာ မဂ္ဂစီယမ်ဓာတ် များလာတဲ့အခါ နှလုံးကို ထိခိုက်စေပါတယ်။

၆။ ပူစပ်တဲ့အစားအစာ

မနက်စောစောစီးစီး ပူပူစပ်စပ်တွေစားပြီးရင် ဗိုက်အောင့်လာတယ်မဟုတ်လား။ အစာမရှိဘဲ ပူစပ်တဲ့အစားအစာတွေကို စားလိုက်တော့ အစာခြေစနစ်ကို ဒုက္ခပေးတော့တာပဲလေ။

၇။ ချဉ်တဲ့သစ်သီး

လိမ္မော်သီး၊ သံပရာသီးတို့လို အချဉ်ဓာတ်များတဲ့ အသီးတွေမှာ citric acid ဓာတ် ပါဝင်ပါတယ်။ အိပ်ရာနိုးနိုးချင်း သံပရာရည်တစ်ခွက်လောက် သောက်လိုက်လို့ လူက လန်းဆန်းသွားရမယ့်အစား ရင်ပူရင်ဆာဖြစ်လာပြီး အစာအိမ်ရောင်ရမ်းပြီး ဗိုက်အောင့်လာရပါတယ်။

မနက်စာစားဖို့ အချိန်သိပ်မရဘူး ဒါမှမဟုတ် အများကြီးမစားချင်ဘူးဆိုရင် ကြက်ဥကို စားပေးသင့်ပါတယ်။ ကြက်ဥပြုတ်တစ်လုံးလောက် စားပေးလိုက်ရင် ဗိုက်လည်းပြည့်သွားပြီး အားလည်းရှိပါတယ်။

Credit:trend myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top