iMyanmarHouse.com - Best Property Website for Myanmar
×

အခု ေဖာ္ျပထားတဲ့ လမ္းညႊန္အႀကံျပဳခ်က္ (၅) မ်ိဳးဟာ ေအာင္ျမင္တဲ့ အဖြဲ႔အစည္းတစ္ခုျဖစ္တည္လာဖို႔ရာ အတြက္ ပံုေဖာ္ေပးႏိုင္ပါလိမ့္မယ္။ ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္ေတြနဲ႔အတူ ရလဒ္ေကာင္းေတြကို ဖန္တီးရယူဖို႔ရာအတြက္ ေအာင္ျမင္တဲ့ အဖြဲ႔အစည္းတစ္ခုျဖစ္တည္လာဖို႔က အေျခခံအုတ္ျမစ္တစ္ခုပါ။

၁။ အသင္းရဲ႕ရည္မွန္းခ်က္ပန္တိုင္ကို အားလံုးနားလည္ေအာင္ေဖာ္ေဆာင္ပါ

အသင္းရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကို နားလည္လာၿပီး ႀကိဳးစားခ်င္စိတ္ျဖစ္ေပၚလာေအာင္ ဖန္တီးလံႈ႔ေဆာ္ေပးရပါ မယ္။ အဲဒီလို ဦးတည္ခ်က္နဲ႔ ေဖာ္ေဆာင္မႈကို ရွင္းရွင္းလင္းလင္းနားလည္လက္ခံလာေအာင္ လုပ္ေဆာင္ေပး ျခင္းက စြမ္းေဆာင္ရည္ျပည့္ဝတဲ့ အသင္းအဖြဲ႔တစ္ခုျဖစ္ဖို႔ရာအတြက္ လိုအပ္ပါတယ္။ အသင္းသူအသင္းသား အားလံုးက ကိုယ့္အသင္းရဲ႕ ေဖာ္ေဆာင္မႈကို သေဘာတူေထာက္ခံလာၿပီဆိုရင္ ကိုယ့္အသင္းအဖြဲ႔ကို ကာကြယ္ဖို႔အတြက္ ႀကိဳးစားလာပါလိမ့္မယ္။

၂။ ညႇာညႇာတာတာ မွ်မွ်တတရွိပါေစ

အသင္းသူအသင္းသားေတြကို အေရးယူတဲ့အခါမွာပဲျဖစ္ျဖစ္၊ ရာထူး, ေနရာ, တာဝန္စသည္ လႊဲေျပာင္းေပးအပ္ တဲ့အခါမွာပဲျဖစ္ျဖစ္၊ ေပါင္းသင္းဆက္ဆံတဲ့အခါမွာပဲျဖစ္ျဖစ္ အားလံုးရဲ႕အေပၚမွာ မွန္မွန္ကန္ကန္နဲ႔ မွ်မွ်တတ ရွိဖို႔လိုပါတယ္။ အသင္းသူအသင္းသားေတြရဲ႕ သေဘာတူညီမႈမရရွိတဲ့အခါမ်ိဳးေတြမွာလည္း အျပစ္လို႔ မျမင္မိပါေစနဲ႔။ အျပစ္ရွိလာလို႔ မျဖစ္မေနအျပစ္ေပးရမယ္ဆိုရင္လည္း ညႇာညႇာတာတာရွိပါေစ။

၃။ ပြင့္လင္းပါ၊ ႐ိုးသားပါ၊ ေလးစားပါ

အသင္းသူအသင္းသားေတြကို သူတို႔ရဲ႕အေတြးအေခၚေတြ၊ ထင္ျမင္ယူဆခ်က္ေတြနဲ႔ စြမ္းရည္ေတြကို လြတ္လြတ္လပ္လပ္ ထုတ္ေဖာ္ခြင့္ျပဳပါ။ စာနာနားလည္မႈရရွိေအာင္ ႀကိဳးပမ္းေနတဲ့ အသင္းသူအသင္းသား ေတြရဲ႕ စကားသံေတြကို နားေထာင္ပါ။ ေခါင္းထဲ ႏွလံုးသားထဲကိုလည္း ထည့္သြင္းစဥ္းစားေပးပါ။ အသင္းသူအသင္းသားေတြကို အက်ိဳးအေၾကာင္းေမးျမန္းပါ။ အေလးအနက္ထားၿပီး ဆင္ျခင္သံုးသပ္ေပးပါ။ အျပန္အလွန္ ေလးစားမႈရွိပါေစ။

၄။ အားလံုးကို တန္းတူၾကည့္ပါ

အသင္းသူအသင္းသားအားလံုးမွာ မတူညီတဲ့ အေတြ႔အႀကံဳေတြ၊ အေတြးအေခၚေတြ၊ အသိပညာဗဟုသုတေတြ ရွိၾကစၿမဲမို႔ အားလံုးကို တန္းတည္ရည္တူ ႐ႈျမင္သံုးသပ္ပါ။ ၿပီးေတာ့ အသင္းအဖြဲ႔တစ္ခု ဖြဲ႔စည္းတည္ေထာင္ တယ္ဆိုတာကလည္း မတူညီတဲ့ အက်ိဳးရလဒ္ေတြ ရရွိဖို႔ပဲျဖစ္ပါတယ္။

၅။ အားေပးကူညီပါ

အသင္းသူအသင္းသားေတြဆီက ဆန္းသစ္တီထြင္မႈေတြနဲ႔ မတူညီတဲ့႐ႈေထာင့္အမ်ိဳးမ်ိဳးကို ေဖာ္ထုတ္ၿပီး အားေပးကူညီပါ။ အားတက္ေစမယ့္ မွတ္ခ်က္စကားေတြနဲ႔အတူ အႀကံဉာဏ္ေတြေပးပါ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အခု ဖော်ပြထားတဲ့ လမ်းညွှန်အကြံပြုချက် (၅) မျိုးဟာ အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တည်လာဖို့ရာ အတွက် ပုံဖော်ပေးနိုင်ပါလိမ့်မယ်။ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ ရလဒ်ကောင်းတွေကို ဖန်တီးရယူဖို့ရာအတွက် အောင်မြင်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တည်လာဖို့က အခြေခံအုတ်မြစ်တစ်ခုပါ။

၁။ အသင်းရဲ့ရည်မှန်းချက်ပန်တိုင်ကို အားလုံးနားလည်အောင်ဖော်ဆောင်ပါ

အသင်းရဲ့ရည်မှန်းချက်ပန်းတိုင်ကို နားလည်လာပြီး ကြိုးစားချင်စိတ်ဖြစ်ပေါ်လာအောင် ဖန်တီးလှုံ့ဆော်ပေးရပါ မယ်။ အဲဒီလို ဦးတည်ချက်နဲ့ ဖော်ဆောင်မှုကို ရှင်းရှင်းလင်းလင်းနားလည်လက်ခံလာအောင် လုပ်ဆောင်ပေး ခြင်းက စွမ်းဆောင်ရည်ပြည့်ဝတဲ့ အသင်းအဖွဲ့တစ်ခုဖြစ်ဖို့ရာအတွက် လိုအပ်ပါတယ်။ အသင်းသူအသင်းသား အားလုံးက ကိုယ့်အသင်းရဲ့ ဖော်ဆောင်မှုကို သဘောတူထောက်ခံလာပြီဆိုရင် ကိုယ့်အသင်းအဖွဲ့ကို ကာကွယ်ဖို့အတွက် ကြိုးစားလာပါလိမ့်မယ်။

၂။ ညှာညှာတာတာ မျှမျှတတရှိပါစေ

အသင်းသူအသင်းသားတွေကို အရေးယူတဲ့အခါမှာပဲဖြစ်ဖြစ်၊ ရာထူး, နေရာ, တာဝန်စသည် လွှဲပြောင်းပေးအပ် တဲ့အခါမှာပဲဖြစ်ဖြစ်၊ ပေါင်းသင်းဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ် အားလုံးရဲ့အပေါ်မှာ မှန်မှန်ကန်ကန်နဲ့ မျှမျှတတ ရှိဖို့လိုပါတယ်။ အသင်းသူအသင်းသားတွေရဲ့ သဘောတူညီမှုမရရှိတဲ့အခါမျိုးတွေမှာလည်း အပြစ်လို့ မမြင်မိပါစေနဲ့။ အပြစ်ရှိလာလို့ မဖြစ်မနေအပြစ်ပေးရမယ်ဆိုရင်လည်း ညှာညှာတာတာရှိပါစေ။

၃။ ပွင့်လင်းပါ၊ ရိုးသားပါ၊ လေးစားပါ

အသင်းသူအသင်းသားတွေကို သူတို့ရဲ့အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေနဲ့ စွမ်းရည်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ပြုပါ။ စာနာနားလည်မှုရရှိအောင် ကြိုးပမ်းနေတဲ့ အသင်းသူအသင်းသား တွေရဲ့ စကားသံတွေကို နားထောင်ပါ။ ခေါင်းထဲ နှလုံးသားထဲကိုလည်း ထည့်သွင်းစဉ်းစားပေးပါ။ အသင်းသူအသင်းသားတွေကို အကျိုးအကြောင်းမေးမြန်းပါ။ အလေးအနက်ထားပြီး ဆင်ခြင်သုံးသပ်ပေးပါ။ အပြန်အလှန် လေးစားမှုရှိပါစေ။

၄။ အားလုံးကို တန်းတူကြည့်ပါ

အသင်းသူအသင်းသားအားလုံးမှာ မတူညီတဲ့ အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ၊ အသိပညာဗဟုသုတတွေ ရှိကြစမြဲမို့ အားလုံးကို တန်းတည်ရည်တူ ရှုမြင်သုံးသပ်ပါ။ ပြီးတော့ အသင်းအဖွဲ့တစ်ခု ဖွဲ့စည်းတည်ထောင် တယ်ဆိုတာကလည်း မတူညီတဲ့ အကျိုးရလဒ်တွေ ရရှိဖို့ပဲဖြစ်ပါတယ်။

၅။ အားပေးကူညီပါ

အသင်းသူအသင်းသားတွေဆီက ဆန်းသစ်တီထွင်မှုတွေနဲ့ မတူညီတဲ့ရှုထောင့်အမျိုးမျိုးကို ဖော်ထုတ်ပြီး အားပေးကူညီပါ။ အားတက်စေမယ့် မှတ်ချက်စကားတွေနဲ့အတူ အကြံဉာဏ်တွေပေးပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top