iMyanmarHouse.com - Best Property Website for Myanmar
×
Li4kcwhy9m3iup14vevg
Tlc9hzwspupwdnjjqmo6
Credit:Momolay
#Unicode Version
 မျက်နှာရဲ့ အလှအပဟာ သုံးတဲ့ အလှအပြင်ပစ္စည်းတွေပေါ်မှာ အများကြီး မူတည်ပါတယ်။ အလှကုန်ပစ္စည်းတွေကို အချိန်အကြာကြီး အသုံးပြုတာဟာ မျက်နှာအသားအရေကို ထိခိုက်စေပါတယ်။ အလှကုန်ပစ္စည်းတစ်ခုချင်းစီကို ကိုယ်ဘယ်အချိန်လောက်က ဝယ်ဖြစ်ခဲ့တယ်ဆိုတာတော့ မှတ်ထားသင့်ပါတယ်။ ရက်အတိအကျ မဟုတ်ဘူးဆိုရင်တောင် ဘယ်နှလပိုင်းလောက်က ဆိုတာတော့ မှတ်မိနေပေးပါ။ ဒါမှ ဘယ်အလှကုန်ပစ္စည်းကို ဘယ်အချိန်မှာ စွန့်ပစ်သင့်တယ်ဆိုတာ သိနိုင်မှာပါ။
Serum၊ လက်သည်းနီ နဲ့ နေရောင်ကာခရင်မ်
Serum မှာ ဓါတ်တိုးဆန့်ကျင်မှုနဲ့ Alpha hydroxy acids တို့ပါဝင်ပြီး သုံးတဲ့အခါ အဆင်ပြေလွယ်ကူစေဖို့အတွက်နဲ့ ဘက်တီးရီးယားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးတဲ့ tubeလေး ပါဝင်ပြီး လေဝင်လေထွက် ကောင်းမွန်စေပါတယ်။ သို့သော် Serum မှာ ရေရှည်အကြာကြီး သုံးလို့ အဆင်မပြေနိုင်တဲ့ Vitamine E ပါဝင်တာမို့ ကုန်ဆုံးရက်ကို သတိထားသင့်ပါတယ်။ Serum တစ်ဗူးကို (၁၆) လ သာ သုံးသင့်ပြီး ဒီထက်ကြာကြာ ပိုမသုံးမိဖို့ သတိပြုသင့်ပါတယ်။ လက်သည်းနီတစ်ဗူးကို အလွန်ဆုံး တစ်နှစ်၊ နှစ်နှစ်ပဲ သုံးပေးပါ။ နေရောင်ခြည်ကို ကာကွယ်တဲ့ ခရင်တွေဆိုရင်တော့ တစ်ဗူးကို သုံးနှစ်ပဲ အသုံးပြုပေးပါ။
အောက်ခံမိတ်ကပ်၊ မျက်နှာ Lotionနဲ့ Eyeliner
မိတ်ကပ်လိမ်းပြီဆိုတာနဲ့ မဖြစ်မနေ လိမ်းရတဲ့ အောက်ခံမိတ်ကပ်တွေမှာလည်း သက်တမ်းကုန်ဆုံးရက် ရှိပါတယ်။ (၁၂) လကနေ (၁၈) လအတွင်းပဲ တစ်ဗူး သုံးဖို့ သတိပြုရပါမယ်။ မျက်နှာအသားအရေ စိုစွတ်အောင် လိမ်းတဲ့ Lotion တွေကိုတော့ (၁) နှစ်ခွဲကျော်တာနဲ့ အဲဒီဗူးကို ဆက်မသုံးပါနဲ့တော့။ Eyeliner ကတော့ (၆) လဆိုရင် ဗူးအသစ်ပြောင်းသုံးဖို့ သင့်ပါပြီ။
Mascara၊ Treatment နဲ့ နှုတ်ခမ်းနီ
 မျက်တောင်မွှေးလေးတွေ ရှည်ပြီးကော့နေအောင် သုံးတဲ့ Mascaraမှာ ပိုးမွှားတွေ ဝင်ရောက်တာမျိုးရှိနေရင် မျက်စိကို ထိခိုက်စေနိုင်တာကြောင့် (၆) လတစ်ကြိမ် ဗူးအသစ် သုံးပေးပါ။ နို့ရည်လိုမျိုး အသားအရေကို ထိန်းသိမ်းပေးတဲ့ ပစ္စည်းတွေကို တစ်ဗူးကို တစ်နှစ်ပဲ အသုံးပြုပါ။
Credit:Momolay
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top