iMyanmarHouse.com - Best Property Website for Myanmar
×



Credit:မိုမိုလေး



#Unicode Version

နှုတ်သားမည်းတာတွေဟာ လူတိုင်းလိုလို ဖြစ်တတ်ပါတယ်။နှုတ်ခမ်းသားမည်းတာကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါ အရောင်လှလှလေးတွေ မပေါ်လွင်ဘူး ဖြစ်နေရင် ဒီလိုနည်းလမ်းကောင်းလေးတွေ လုပ်ဆောင်ကြည့်ပါ။

လိုအပ်တဲ့ ပစ္စည်းတွေကလည်း လွယ်လင့်တကူ မီးဖိုချောင်မှာ ရရှိနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်တာမို့ နှုတ်ခမ်းသား အရောင်လှလှလေး ရဖို့ မခက်ပါဘူး။ ပထမဆုံး နွားနို့စစ်စစ်ကို ခပ်ပျစ်ပျစ်လေး ကျိုချက်လိုက်ပါ။ နွားနို့စစ်စစ် တစ်ပန်းကန်လုံးထဲကို နနွင်းမှုန့် လက်ဖက်စားဇွန်း(၂) ဇွန်းထည့်ပေးပြီး ရောသမအောင် မွှေလိုက်ပါ။ အရောလေးရလာပြီဆိုရင် နှုတ်ခမ်းသာပေါ်မှာ (၁၀) မိနစ်လောက် လိမ်းထားလိုက်ပါ။ (၁၀) မိနစ်ပြည့်တဲ့အခါ ရေလေးနဲ့ ဖြည်းဖြည်းချင်း ဆေးကြောပေးပါ။ လက်နဲ့ အတင်းပွတ်တိုက်တာမျိုးတွေ မပြုလုပ်ရပါဘူး။ ရေအေးအေးလေးနဲ့ ဆေးကြောပြီးပြီဆိုရင်တော့ နှုတ်ခမ်းသားမည်းတာတွေ မရှိတော့ဘဲ ပန်းနုရောင် နှုတ်ခမ်းလေးကို ပိုင်ဆိုင်ရရှိမှာပါ။ တစ်ပတ်ကို (၂) ကြိမ်သာ ပြုလုပ်ပေးပါ။

Credit:မိုမိုလေး

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top