iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ႏွာသစ္တယ္ဆုိတာ အလွအပနဲ႔ပတ္သက္တဲ့ လုပ္ငန္းေဆာင္တာေတြထဲ ရႈပ္ေထြးမႈအနည္းဆံုး အပိုင္းလုိ႕ထင္ၾကမွာပါ။ ဒါေပမယ့္ တခ်ိဳ႕ေသာ ေယဘုယ်အခ်က္ေတြထဲမွာ လုပ္ေနက်ျဖစ္တဲ့ အက်င့္ေတြက သင့္အသားအေရကို ပိုဆုိး၀ါးလာေစပါတယ္။

ေျခာက္ေသြ႕ျခင္း ၊ က်ိန္းစပ္ျခင္း ၊ အဆီေျခာက္ခန္းျခင္း နဲ႕ အက္ကြဲျခင္းေတြ ျဖစ္လာေစတတ္တဲ့ မ်က္ႏွာသစ္နည္း အမွားေတြကို သင္မသိေသးဘူးလို႕ ထင္တာေၾကာင့္ ေရးသားေဖာ္ျပလုိက္ပါတယ္။

ပထမဆံုးအခ်က္ကေတာ့ ထုတ္ကုန္ပစၥည္း အမ်ိဳးအစား ေရြးခ်ယ္မႈမွားေနတာပဲ။ သင့္အသားအေရနဲ႕ တကယ္ကိုက္ညီမယ့္ သဘာ၀ပစၥည္းအေျခခံ ထုတ္ကုန္မ်ိဳးကို ေရြးခ်ယ္ရပါမယ္။ ဒါေၾကာင့္ ကိုယ့္နဲ႕ သင့္ေတာ္မယ့္ organic ထုတ္ကုန္ေတြကို ေရြးခ်ယ္ႏုိင္စြမ္းရွိဖို႕လိုၿပီး ထုတ္ကုန္အမွားေတြ မသံုးမိပါေစနဲ႕။

တစ္ေန႕ကို တစ္ႀကိမ္ (သုိ႕) ႏွစ္ႀကိမ္ေလာက္ မ်က္ႏွာသစ္ျခင္းက သင့္အတြက္ ေကာင္းမြန္ေပမယ့္ ဒီ့ထက္ပိုလာရင္ေတာ့ မ်က္ႏွာ က်ိန္းစပ္ျခင္း ၊ အဆီပိုထုတ္လႊတ္ျခင္းေတြ ျဖစ္လာႏုိင္ပါတယ္။ ဒါေၾကာင့္ တစ္ေန႕ကို ႏွစ္ႀကိမ္ထက္ပိုၿပီး မ်က္ႏွာမသစ္ပါနဲ႕။

ေနာက္တစ္ခ်က္က ေရရဲ႕အပူခ်ိန္ပါ။ လူအမ်ား ယံုၾကည္ေနၾကသလုိ ပူတဲ့ေရက ေခၽြးေပါက္ေတြကို ဖြင့္ေပးၿပီး ေအးတဲ့ေရက ေခၽြးေပါက္ ပိတ္ေစတယ္ဆုိတာ မဟုတ္ပါဘူး။ တကယ္တမ္းေတာ့ ေခၽြးေပါက္ေတြမွာ ဒီလုိ ပိတ္ဖို႕ ပြင့္ဖုိ႕ ၾကြက္သားမရွိတဲ့အတြက္ မလုပ္ႏုိင္ပါဘူး။ ပူတဲ့ေရေတြက သင့္အသားအေရကို ေျခာက္ေသြ႕ျခင္း ၊ သဘာ၀ အသားအေရကို ပ်က္စီးေစျခင္းေတြျဖစ္ႏုိင္ပါတယ္။ ဒီေတာ့ မ်က္ႏွာသစ္ဖုိ႕ အေကာင္းဆံုး ေရအပူခ်ိန္ကေတာ့ ၾကက္သီးေႏြးရံု ေရအပူခ်ိန္ ခပ္ေႏြးေႏြးေလာက္ပါပဲ။

မ်က္ႏွာဂ်ီးခၽြတ္တယ္ဆုိတာ က်န္းမာေရးနဲ႕ညီညြတ္တဲ့အျပဳအမူ တစ္ခုျဖစ္ၿပီး ဆဲလ္အေသေတြ ဖယ္ရွားဖို႕နဲ႕ ေလ်ာ့နည္းေစဖို႕က ေသာ့ခ်က္ပါပဲ။ ဒီအတြက္ scrub ေတြ သံုးရတာျဖစ္လုိ႕ တစ္ပါတ္ကို အမ်ားဆံုး ႏွစ္ႀကိမ္၊ သံုးႀကိမ္ေလာက္ပဲ သံုးသင့္ပါတယ္။ မ်က္ႏွာဂ်ီးခၽြတ္ရာမွာ ေရစိုအ၀တ္ေတြအစား လက္ေခ်ာင္းေတြနဲ႕သာ မ်က္ႏွာကို ပြတ္တုိက္သင့္ပါတယ္။

ေရလံုလံုေလာက္ေလာက္ သံုးၿပီး မ်က္ႏွာမသစ္တာက ေခၽြးေပါက္ေတြကို ပိတ္ဆုိ႕ေစႏုိင္ၿပီး အသားအေရကို ညစ္ႏြမ္းေစပါတယ္။ ဒါေၾကာင့္ မ်က္ႏွာသစ္ရာမွာ ေျပာင္စင္ေနေအာင္ ေရကို ခပ္ၾကာၾကာနဲ႕ မ်ားမ်ားသစ္ပါ။ ေမးရိုး ၊ နဖူးစပ္နဲ႕ ႏွာေခါင္းေတြက ပိုၿပီးဂရုစိုက္ရမယ့္အပိုင္းျဖစ္ၿပီး တခါတရံ အဲ့ဒီေနရာေတြမွာ ဆပ္ျပာေတြ ကပ္က်န္ေနခဲ့တတ္ပါတယ္။ ဒါေၾကာင့္ ဒီေနရာေတြကို ပိုၿပီးဂရုတစိုက္နဲ႕ ေဆးေၾကာရပါမယ္။


Credit:သစ္ထူးလြင္
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

 မျက်နှာသစ်တယ်ဆိုတာ အလှအပနဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်တာတွေထဲ ရှုပ်ထွေးမှုအနည်းဆုံး အပိုင်းလို့ထင်ကြမှာပါ။ ဒါပေမယ့် တချို့သော ယေဘုယျအချက်တွေထဲမှာ လုပ်နေကျဖြစ်တဲ့ အကျင့်တွေက သင့်အသားအရေကို ပိုဆိုးဝါးလာစေပါတယ်။

ခြောက်သွေ့ခြင်း ၊ ကျိန်းစပ်ခြင်း ၊ အဆီခြောက်ခန်းခြင်း နဲ့ အက်ကွဲခြင်းတွေ ဖြစ်လာစေတတ်တဲ့ မျက်နှာသစ်နည်း အမှားတွေကို သင်မသိသေးဘူးလို့ ထင်တာကြောင့် ရေးသားဖော်ပြလိုက်ပါတယ်။

ပထမဆုံးအချက်ကတော့ ထုတ်ကုန်ပစ္စည်း အမျိုးအစား ရွေးချယ်မှုမှားနေတာပဲ။ သင့်အသားအရေနဲ့ တကယ်ကိုက်ညီမယ့် သဘာဝပစ္စည်းအခြေခံ ထုတ်ကုန်မျိုးကို ရွေးချယ်ရပါမယ်။ ဒါကြောင့် ကိုယ့်နဲ့ သင့်တော်မယ့် organic ထုတ်ကုန်တွေကို ရွေးချယ်နိုင်စွမ်းရှိဖို့လိုပြီး ထုတ်ကုန်အမှားတွေ မသုံးမိပါစေနဲ့။

တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် မျက်နှာသစ်ခြင်းက သင့်အတွက် ကောင်းမွန်ပေမယ့် ဒီ့ထက်ပိုလာရင်တော့ မျက်နှာ ကျိန်းစပ်ခြင်း ၊ အဆီပိုထုတ်လွှတ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ထက်ပိုပြီး မျက်နှာမသစ်ပါနဲ့။

နောက်တစ်ချက်က ရေရဲ့အပူချိန်ပါ။ လူအများ ယုံကြည်နေကြသလို ပူတဲ့ရေက ချွေးပေါက်တွေကို ဖွင့်ပေးပြီး အေးတဲ့ရေက ချွေးပေါက် ပိတ်စေတယ်ဆိုတာ မဟုတ်ပါဘူး။ တကယ်တမ်းတော့ ချွေးပေါက်တွေမှာ ဒီလို ပိတ်ဖို့ ပွင့်ဖို့ ကြွက်သားမရှိတဲ့အတွက် မလုပ်နိုင်ပါဘူး။ ပူတဲ့ရေတွေက သင့်အသားအရေကို ခြောက်သွေ့ခြင်း ၊ သဘာ၀ အသားအရေကို ပျက်စီးစေခြင်းတွေဖြစ်နိုင်ပါတယ်။ ဒီတော့ မျက်နှာသစ်ဖို့ အကောင်းဆုံး ရေအပူချိန်ကတော့ ကြက်သီးနွေးရုံ ရေအပူချိန် ခပ်နွေးနွေးလောက်ပါပဲ။

မျက်နှာဂျီးချွတ်တယ်ဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြုအမူ တစ်ခုဖြစ်ပြီး ဆဲလ်အသေတွေ ဖယ်ရှားဖို့နဲ့ လျော့နည်းစေဖို့က သော့ချက်ပါပဲ။ ဒီအတွက် scrub တွေ သုံးရတာဖြစ်လို့ တစ်ပါတ်ကို အများဆုံး နှစ်ကြိမ်၊ သုံးကြိမ်လောက်ပဲ သုံးသင့်ပါတယ်။ မျက်နှာဂျီးချွတ်ရာမှာ ရေစိုအဝတ်တွေအစား လက်ချောင်းတွေနဲ့သာ မျက်နှာကို ပွတ်တိုက်သင့်ပါတယ်။

ရေလုံလုံလောက်လောက် သုံးပြီး မျက်နှာမသစ်တာက ချွေးပေါက်တွေကို ပိတ်ဆို့စေနိုင်ပြီး အသားအရေကို ညစ်နွမ်းစေပါတယ်။ ဒါကြောင့် မျက်နှာသစ်ရာမှာ ပြောင်စင်နေအောင် ရေကို ခပ်ကြာကြာနဲ့ များများသစ်ပါ။ မေးရိုး ၊ နဖူးစပ်နဲ့ နှာခေါင်းတွေက ပိုပြီးဂရုစိုက်ရမယ့်အပိုင်းဖြစ်ပြီး တခါတရံ အဲ့ဒီနေရာတွေမှာ ဆပ်ပြာတွေ ကပ်ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် ဒီနေရာတွေကို ပိုပြီးဂရုတစိုက်နဲ့ ဆေးကြောရပါမယ်။


Credit:သစ်ထူးလွင်

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top