iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႔ၿပီး တစ္ေန႔ ကူးေျပာင္းလာခ်ိန္မွာ အုိမင္းလာေနတယ္ ဆုိေပမယ့္ ႐ုိးစင္းတဲ့ ဘဝေနထုိင္မႈ ပုံစံကုိ ေျပာင္းလဲ ေပးလုိက္႐ုံနဲ႔ ရွိရင္းစြဲ အသက္ထက္ ၁၀ ႏွစ္ေလာက္ ပုိငယ္တယ္ ထင္ရေအာင္၊ ဘဝမွာ ေနထုိင္ရတာ ပုိမုိ သက္ေသာင့္သက္သာ ရွိေအာင္နဲ႔ စြမ္းအင္ေတြ ျပန္ရေအာင္ လုပ္ေဆာင္ႏုိင္ပါတယ္။

၁။ တက္တက္ႂကြႂကြ ေနထုိင္ျခင္း

သင္ရဲ႕ ေန႔စဥ္ ဘဝထဲမွာ အားကစားတစ္မ်ဳိးကုိ လုပ္ေဆာင္တာ ဒါမွမဟုတ္ ကုိယ္လက္လႈပ္ရွားမႈ လုပ္တာ ပါဝင္ပါေစ။ လႈပ္ရွားမႈေၾကာင့္ ခႏၶာကုိယ္ဟန္ခ်က္ ထိန္းႏုိင္တာ၊ ဦးေႏွာက္ ႏ်ဴထရြန္ေတြၾကား ဆက္သြယ္ေရးကုိ လႈံ႕ေဆာ္ႏုိင္တာ၊ ကုိယ္အေလးခ်ိန္ ထိန္းႏုိင္တာ စတဲ့ အက်ဳိးေက်းဇူးေတြကုိ ရရွိေစပါတယ္။

၂။ ပုံမွန္ ခ်စ္တင္းႏွီးေႏွာျခင္း

အိမ္ေထာင္ရွိသူေတြ အတြက္ ပုံမွန္ Sex ကိစၥ ရွိတာဟာ အုိမင္းတဲ့ ျဖစ္စဥ္ကုိ ေႏွးေစတဲ့ လွ်ဳိ႕ဝွက္ခ်က္ တစ္ရပ္လုိ႔ ကၽြမ္းက်င္သူေတြက ထင္ျမင္ ယူဆထားၾကပါတယ္။ Sex ကိစၥေၾကာင့္ ဘဝလက္တြဲေဖာ္နဲ႔ ပုိရင္းႏွီးလာတာ၊ ႂကြက္သားေတြ ပုိသန္စြမ္းလာတာနဲ႔ ကုိယ္အေလးခ်ိန္ ထိန္းႏုိင္တာ စတဲ့ အက်ဳိးေက်းဇူးေတြ ရွိလုိ႔ပါ။ အမ်ဳိးသမီးေတြမွာ Sex ကိစၥေၾကာင့္ ေအာက္ဆီတုိစင္ေဟာ္မုန္း ထြက္ရွိကာ စိတ္ခံစားမႈကုိ ေကာင္းေစၿပီး အမ်ဳိးသားေတြမွာေတာ့ တက္စတုိစတီ ႐ုန္းထြက္ေအာင္ လႈံ႕ေဆာ္မႈ ရွိတာေၾကာင့္ အုိမင္းတာနဲ႔ ဆက္စပ္ေနတဲ့ အရာေတြကုိ ေႏွးေကြးေစပါတယ္။

၃။ မွတ္ဉာဏ္အတြက္ ေလ့က်င့္ခန္း လုပ္ျခင္း

တစ္ေန႔ကုိ မိနစ္ ၃ဝ ေလာက္ လမ္းေလွ်ာက္တာ၊ ရြရြေျပးတာ၊ ေျပးတာ၊ စက္ဘီးစီးတာ စတဲ့ ေအ႐ုိးဗစ္ ေလ့က်င့္ခန္းေတြ လုပ္ေပးပါ။ လတ္တေလာ ေလ့လာမႈအရ ေအ႐ုိးဗစ္ ေလ့က်င့္ခန္းနဲ႔ မွတ္ဉာဏ္အၾကား ခုိင္မာတဲ့ ဆက္ႏႊယ္မႈကုိ ေတြ႕ရွိခဲ့ရာ အာ႐ုံေၾကာ ပညာရွင္ေတြက မ်ားစြာ အံ့အားသင့္ခဲ့ရပါတယ္။ ဒါဟာ ဦးေႏွာက္ဆဲလ္ေတြဆီ ေအာက္ဆီဂ်င္ ေရာက္ရွိကာ ေသြးလွည့္ပတ္မႈ ေကာင္းတာေၾကာင့္ပါ။ ေလ့က်င့္ခန္းလုပ္တာဟာ မွတ္ဉာဏ္ကုိ ထိန္းခ်ဳပ္တဲ့ ဦးေႏွာက္ အစိတ္အပုိင္းရွိ ဦးေႏွာက္ဆဲလ္ေတြကုိ အသစ္ ျဖစ္ေပၚေစတာေၾကာင့္လုိ႔ ေလ့လာမႈ အသစ္တစ္ရပ္က ေဖာ္ျပထားပါတယ္။

၄။ ေဆးလိပ္မေသာက္ဘဲ ေနျခင္း

ေဆးလိပ္၊ ေဆးရြက္ႀကီး စတာေတြမွာ ပါတဲ့ ဓာတုပစၥည္းေတြဟာ ဦးေႏွာက္ဆဲလ္ေတြကုိ ေလးလံ ထုိင္းမႈိင္းသြားေစပါတယ္။ ေဆးလိပ္ေသာက္တာဟာ ဦးေႏွာက္ရဲ႕ သတင္း အခ်က္အလက္ေတြကုိ မွတ္သားႏုိင္စြမ္းနဲ႔ သုိေလွာင္ႏုိင္စြမ္းကုိ ဟန္႔တားပစ္တတ္တာေၾကာင့္ မွတ္ဉာဏ္ မေကာင္းတာနဲ႔ စူးစုိက္အား နည္းတာေတြကုိ ျဖစ္ေစႏုိင္ပါတယ္။ ဒါ့အျပင္ ေဆးလိပ္ေသာက္တာေၾကာင့္ အေရျပားရဲ႕ အျပင္လႊာကုိ အာဟာရ ေထာက္ပံ့ေနတဲ့ ေသြးေၾကာေတြ က်ဥ္းသြားကာ အေရျပား ေျခာက္ေသြ႕ႏြမ္းနယ္လာၿပီး အေရးေၾကာင္းေတြ ျဖစ္ေပၚလာေစပါတယ္။ ေယဘုယ်အားျဖင့္ ေဆးလိပ္ေသာက္သူရဲ႕ အေရျပားဟာ ေဆးလိပ္မေသာက္သူနဲ႔ ယွဥ္ရင္ ၁၀ ႏွစ္ေလာက္ ပုိ ရင့္ေရာ္ေနတတ္ပါတယ္။

၅။ အိပ္ခ်ိန္ အျပည့္အဝ ေပးျခင္း

တစ္ညမွာ အခ်ိန္ရွစ္နာရီေအာက္ ေလ်ာ့နည္းၿပီး အိပ္တာဟာ ပင္ပန္း ႏြမ္းနယ္ေစၿပီး ကုိယ္အေလးခ်ိန္ ျမင့္တက္ကာ ဆီးခ်ဳိေသြးခ်ဳိေရာဂါ၊ ႏွလုံးေရာဂါ စတာနဲ႔ ေလျဖတ္ေရာဂါေတြရဲ႕ ျဖစ္ႏႈန္းကုိ တုိးေစပါတယ္။ အိပ္ေရးပ်က္တာေၾကာင့္ Ghrelin ေဟာ္မုန္းပမာဏ ျမင့္တက္ကာ အစာစားခ်င္တဲ့ဆႏၵ ျမင့္တက္လာပါတယ္။ ဒါ့အျပင္ အိပ္ေရးပ်က္ပါက ဗုိက္ျပည့္ေစတဲ့ Leptin ေဟာ္မုန္းကုိ ဖိႏွိပ္ထားတာေၾကာင့္ ကုိယ္အေလးခ်ိန္ကုိ ျမင့္တက္ေစတာ ျဖစ္ပါတယ္။

၆။ အသားအေရ ထိန္းသိမ္းျခင္း

အသက္ႀကီးလာတဲ့ အခါမွာ အေရျပားက သူ႔အလုိလုိ ျပန္ၿပီး ငယ္ႏုေအာင္ မလုပ္ႏုိင္ေတာ့ပါဘူး။ အေရးေၾကာင္းေတြနဲ႔ သက္ႀကီး အစက္အေျပာက္ေတြလည္း ထင္ရွား လာတတ္ပါတယ္။ ဒါေၾကာင့္ အေရျပားဆဲလ္ေတြ အသစ္ျဖစ္ေအာင္ လႈံ႔ေဆာ္ႏုိင္ဖုိ႔ ရက္တီေနာ (Retinol) ခရင္မ္ကုိ လိမ္းေပးသင့္ပါတယ္။ အျပင္ထြက္တဲ့ အခါမွာ ေနေရာင္ကာႏုိင္စြမ္း SPE ၃၀ ဆနဲ႔အထက္ ပါတဲ့ အစုိဓာတ္ထိန္း ခရင္မ္ကို လိမ္းေပးပါ။

၇။ ငါးႀကီးဆီ မွီဝဲျခင္း

အုိမီဂါသရီး ဖက္တီးအက္စစ္ ပါတဲ့ ငါးႀကီးဆီကုိ မွီဝဲတာက အသက္ႀကီးတဲ့အခါ ႐ုပ္ပုိင္းနဲ႔ စိတ္ပုိင္းဆုိင္ရာ စြမ္းေဆာင္ရည္ က်ဆင္းမႈကုိ ဟန္႔တားေပးႏုိင္ပါတယ္။ အုိမီဂါသရီး ဖက္တီးအက္စစ္ဟာ ဆဲလ္အဆင့္မွာ အုိမင္းမႈ မျဖစ္ေအာင္ ကာကြယ္ႏုိင္လုိ႔ပါပဲ။

၈။ သုိင္း႐ိြဳက္ကုိ စစ္ေဆးျခင္း

သုိင္း႐ိြဳက္ဟာ ခႏၶာကိုယ္ရဲ႕ ဇီဝ႐ုပ္ စနစ္တစ္ခုလုံးကုိ ထိန္းညႇိေပးတာေၾကာင့္ သုိင္း႐ိြဳက္မေကာင္းတာနဲ႔ ကုိယ္အေလးခ်ိန္ တက္တာ၊ စြမ္းအင္နည္းတာ၊ လိင္စိတ္ ကုန္ခန္းတာနဲ႔ စိတ္ဓာတ္က်တာေတြကုိ ျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ သင့္ခႏၶာကိုယ္နဲ႔ ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာ က်ဆင္းေနတယ္လုိ႔ ထင္ရင္ သုိင္း႐ိြဳက္ စစ္ေဆးမႈအတြက္ ဆရာဝန္နဲ႔ တုိင္ပင္သင့္ပါတယ္။

၉။ အရက္ မေသာက္ျခင္း

အရက္ အလြန္အမင္း ေသာက္သူေတြကုိ ၾကည့္လုိက္ရင္ သူတုိ႔ဟာ ရွိရင္းစြဲ အသက္ထက္ ပုိရင့္ေရာ္ေနတာကုိ ေတြ႕ရမွာပါ။ အရက္ဟာ ဆဲလ္ေတြကုိ ထိခုိက္ေစၿပီး အရက္ေသာက္တာ ၾကာလာတဲ့အခါ ကုိယ္အေလးခ်ိန္ ျမင့္တက္တာ၊ မွတ္ဉာဏ္ ဆုံး႐ႈံးတာ၊ ဆီးခ်ဳိေသြးခ်ဳိ ေရာဂါျဖစ္ႏႈန္း ျမင့္တက္တာ၊ အေရျပားေပၚက ဆံျခည္မွ်င္ ေသြးေၾကာေတြ ေပါက္ၿပီး မ်က္ႏွာနီျမန္းတာ စတာေတြကုိ ျဖစ္ေစႏုိင္ကာ ၾကည့္ရတာ ေဖာသြပ္သြပ္ ျဖစ္ေနတတ္ပါတယ္။ တကယ္လုိ႔ အရက္ကုိ မေသာက္ရ မေနႏုိင္ရင္ အမ်ဳိးသားေတြမွာ အရက္ႏွစ္ပက္ေအာက္၊ အမ်ဳိးသမီးေတြမွာ အရက္တစ္ပက္ ေအာက္ကုိသာ ေသာက္သင့္ပါတယ္။

၁ဝ။ အိပ္စက္မႈ စြမ္းရည္ ေကာင္းမြန္ျခင္း

စိတ္ပုိင္းနဲ႔ ႐ုပ္ပုိင္းဆုိင္ရာ စြမ္းေဆာင္မႈ ေလ်ာ့နည္းေနတယ္လုိ႔ ထင္ရင္ ဒါဟာ အိပ္ေရးမဝတာေၾကာင့္ ျဖစ္ႏုိင္ပါတယ္။ အိပ္ခ်ိန္ အျပည့္အဝ ေပးေပမယ့္ အိပ္ေနစဥ္ ေဟာက္တာ၊ ေျခေထာက္ေတြ လႈပ္ေနတာ၊ သြားႀကိတ္တာ၊ တျခား အသက္႐ွဴလမ္းေၾကာင္းနဲ႔ မ်ဳိခ်မႈဆုိင္ရာ ျပႆနာေတြ ျဖစ္တာေၾကာင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်တဲ့ အဆင့္ကုိ ဟန္႔တားႏုိင္ပါတယ္။ ဒါေၾကာင့္ အိပ္ေရးမဝရတဲ့ အေျခခံ အေၾကာင္းရင္းကုိ ရွာၿပီး ကုသမႈ ခံယူကာ အိပ္ေရးဝေအာင္ ႀကိဳးစားသင့္ပါတယ္။

Credit:Good Health
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ တက်တက်ကြွကြွ နေထိုင်ခြင်း

သင်ရဲ့ နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် နျူထရွန်တွေကြား ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း

အိမ်ထောင်ရှိသူတွေ အတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက် တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊ ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှု ရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့ အရာတွေကို နှေးကွေးစေပါတယ်။

၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း

တစ်နေ့ကို မိနစ် ၃ဝ လောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော လေ့လာမှုအရ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာကြောင့်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

၄။ ဆေးလိပ်မသောက်ဘဲ နေခြင်း

ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်း အချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ် မကောင်းတာနဲ့ စူးစိုက်အား နည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရ ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင် ၁၀ နှစ်လောက် ပို ရင့်ရော်နေတတ်ပါတယ်။

၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း

တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကို ဖိနှိပ်ထားတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

၆။ အသားအရေ ထိန်းသိမ်းခြင်း

အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလို ပြန်ပြီး ငယ်နုအောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီး အစက်အပြောက်တွေလည်း ထင်ရှား လာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင် လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE ၃၀ ဆနဲ့အထက် ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။

၇။ ငါးကြီးဆီ မှီဝဲခြင်း

အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။

၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း

သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန် တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ အရက် မသောက်ခြင်း

အရက် အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင် သွေးကြောတွေ ပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာ အရက်တစ်ပက် အောက်ကိုသာ သောက်သင့်ပါတယ်။

၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း

စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ်လို့ ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ ပေးပေမယ့် အိပ်နေစဉ် ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံ အကြောင်းရင်းကို ရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။

Credit:Good Health

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top