iMyanmarHouse.com - Best Property Website for Myanmar
×

အိပ္ရာက အၿမဲတမ္း သပ္သပ္ရပ္ရပ္မ႐ွိလို႔၊ အခန္းက ႐ႈပ္ပြေနလို႔၊ ညဘက္ေစာေစာမအိပ္လို႔ လူႀကီးေတြဆူတာကို မၾကာခဏခံေနရသူလား? လူႀကီးမိဘေတြ သေဘာမက်တဲ့ ကိုယ့္အက်င့္၊ ျပဳမူေနထုိင္ပံုေတြဟာ သာမာန္ထက္ပိုထူးျခားသူတစ္ေယာက္မို႔ ဒီလိုျဖစ္ေနတာလည္း ျဖစ္ႏိုင္ပါေသးတယ္။ ေလ့လာမႈေတြအရ ဆုိရင္ေတာ့ ဒီအက်င့္ေတြဟာ IQ (ဉာဏ္ရည္ဉာဏ္ေသြးညႊန္းကိန္း) ျမင့္မားမႈရဲ႕ လကၡဏာေတြလို႔ ဆုိပါတယ္။

၁။ ၾကမ္းတမ္းတဲ့စကား

သူတုိ႔ပါးစပ္က ဆဲဆိုတဲ့စကားေတြကို မၾကာခဏ ၾကားရေလ့ရွိပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ တျခားလူေတြေလာက္လည္း စကားမေျပာၾကဘူး။ လိုတိုရွင္းပဲ ေျပာေတာ့ သြယ္ဝိုက္တာေတြလုပ္မေနဘူး။

၂။ ဇီးကြက္ေတြ

ဉာဏ္ေကာင္းတဲ့လူေတြကို ၾကည့္လိုက္ရင္ ညဘက္ ေတာ္ေတာ္နဲ႔မအိပ္ၾကဘူး။ အိပ္ရာဝင္ခ်ိန္က အၿမဲတမ္းေနာက္က်ၾကပါတယ္။

၃။ ႐ႈပ္ပြေနတဲ့စားပြဲ

မင္နီဆိုးတားတကၠသိုလ္က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈအရ ပါရမီ႐ွင္ ဉာဏ္ႀကီးရွင္ေတြရဲ႕စားပြဲေတြ ရႈပ္ပြေနျခင္းဟာ သူတုိ႔ရဲ႕ဉာဏ္ရည္ဉာဏ္ေသြးျမင့္မားမႈနဲ႔ ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။ ပိုၿပီးအေရးႀကီးတာေတြကို လုပ္ေနရတဲ့အခါ ေဘးနားက အရာ၀တၳဳ ပစၥည္းပစၥယေတြကို သိမ္းဆည္းရွင္းလင္းဖုိ႔အတြက္ သိပ္အခ်ိန္ေပးႏိုင္ေတာ့ပါဘူး။ ဒီေလ့လာမႈကို ဦးေဆာင္ခဲ့တဲ့ စိတ္ပညာဆိုင္ရာ သိပၸံပညာရွင္ Kathleen Vohs ကေတာ့ " ဖ႐ိုဖရဲျဖစ္ေနတဲ့ ပတ္ဝန္းက်င္အေနအထားဟာ ေရွးရိုးနည္းေတြကေန ေဖာက္ထြက္ေတြးေခၚႏိုင္သူေတြရဲ႕အက်င့္ျဖစ္တယ္"လို႔ ဆုိပါတယ္။
Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အိပ်ရာက အမြဲတမ်း သပ်သပ်ရပ်ရပ်မရှိလို့၊ အခန်းက ရှုပ်ပွနေလို့၊ ညဘက်စောစောမအိပ်လို့ လူကြီးတွေဆူတာကို မကြာခဏခံနေရသူလား? လူကြီးမိဘတွေ သဘောမကျတဲ့ ကိုယ့်အကျင့်၊ ပြုမူနေထိုင်ပုံတွေဟာ သာမာန်ထက်ပိုထူးခြားသူတစ်ယောက်မို့ ဒီလိုဖြစ်နေတာလည်း ဖြစ်နိုင်ပါသေးတယ်။ လေ့လာမှုတွေအရ ဆိုရင်တော့ ဒီအကျင့်တွေဟာ IQ (ဉာဏ်ရည်ဉာဏ်သွေးညွှန်းကိန်း) မြင့်မားမှုရဲ့ လက္ခဏာတွေလို့ ဆိုပါတယ်။

၁။ ကြမ်းတမ်းတဲ့စကား

သူတို့ပါးစပ်က ဆဲဆိုတဲ့စကားတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ တခြားလူတွေလောက်လည်း စကားမပြောကြဘူး။ လိုတိုရှင်းပဲ ပြောတော့ သွယ်ဝိုက်တာတွေလုပ်မနေဘူး။

၂။ ဇီးကွက်တွေ

ဉာဏ်ကောင်းတဲ့လူတွေကို ကြည့်လိုက်ရင် ညဘက် တော်တော်နဲ့မအိပ်ကြဘူး။ အိပ်ရာဝင်ချိန်က အမြဲတမ်းနောက်ကျကြပါတယ်။

၃။ ရှုပ်ပွနေတဲ့စားပွဲ

မင်နီဆိုးတားတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ပါရမီရှင် ဉာဏ်ကြီးရှင်တွေရဲ့စားပွဲတွေ ရှုပ်ပွနေခြင်းဟာ သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးမြင့်မားမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ပိုပြီးအရေးကြီးတာတွေကို လုပ်နေရတဲ့အခါ ဘေးနားက အရာဝတ္ထု ပစ္စည်းပစ္စယတွေကို သိမ်းဆည်းရှင်းလင်းဖို့အတွက် သိပ်အချိန်ပေးနိုင်တော့ပါဘူး။ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ စိတ်ပညာဆိုင်ရာ သိပ္ပံပညာရှင် Kathleen Vohs ကတော့ " ဖရိုဖရဲဖြစ်နေတဲ့ ပတ်ဝန်းကျင်အနေအထားဟာ ရှေးရိုးနည်းတွေကနေ ဖောက်ထွက်တွေးခေါ်နိုင်သူတွေရဲ့အကျင့်ဖြစ်တယ်"လို့ ဆိုပါတယ်။

Credit:Duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top