iMyanmarHouse.com - Best Property Website for Myanmar
×















Credit:Myanmarload


#Unicode  Version
မုန်လာဥနီဖျော်ရည်သောက်သုံးခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ပရိသတ်ကြီးရေ သဘာဝသစ်သီးဖျော်ရည်သောက်သုံးခြင်းဟာ ကျန်းမာရေးနဲ့အလှအပအတွက်ကောင်းကျိုးများစွာရှိပါတယ်။

ဗီတာမင်တွေ၊ သတ္တုဓါတ်တွေနဲ့ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ကြွယ်ဝလှတဲ့ မုန်လာဥနီကို ဖျော်ရည်လုပ်ပြီး သောက်သုံးပေးခြင်းဖြင့်

အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

(၁) ကိုယ်ခံစွမ်းအားကောင်းစေပြီး အအေးမိ၊ တုပ်ကွေး၊ ချောင်းဆိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၃) သွေးတွင်း ကိုလက်စထရောအဆင့်ကို ထိန်းညှိပေးပါတယ်။

(၄) အသားအရေလှပပြီး အရွယ်တင်နုပျိုလာစေပါတယ်။

(၅) အဆစ်ရောင်နာနဲ့အရိုးဆိုင်ရာရောဂါတွေကို သက်သာစေပါတယ်။

(၆) ကင်ဆာဆဲလ်တွေ မဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။

(၇) အသည်းမှာရှိတဲ့ အဆိပ်တွေကို သန့်စင်စေပါတယ်။

(၈) ဗီတာမင်အေကြွယ်ဝမှုကြောင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကျန်းမာရေးအတွက် မသင့်တော်တဲ့ Gas ပါတဲ့ အချိုရည်တွေကို သောက်သုံးမယ့်အစား အခုလိုမျိုး ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အလှအပအတွက်ပါ

အကျိုးပြုတဲ့ မုန်လာဥနီဖျော်ရည်ကို ရွေးချယ်သောက်သုံးသင့်လှပါတယ်နော်။

Credit:Myanmarload


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top