iMyanmarHouse.com - Best Property Website for Myanmar
×

၂၀၁၆ခုႏွစ္တုန္းက မင္းသား Ahn Jae Hyun နဲ႔ ေရႊလက္တြဲခဲ႔တဲ႔ F4 မင္းသမီးေခ်ာေလး Ku Hye Sun ဟာ သူမရဲ႕တစ္ကုိယ္ေတာ္ ပန္းခ်ီျပပြဲ dark YELLOW ပြဲကုိ ခင္းက်င္းျပသရင္းခဲ႔ရင္း သူမရဲ႕အိမ္ေထာင္သည္ဘဝကုိ အင္တာဗ်ဳးအစီအစဥ္တစ္ခုမွာ ေျဖဆုိသြားခဲ႔ပါတယ္။

အိမ္ေထာင္ေရးနဲ႔ပတ္သတ္ၿပီး စိတ္ဝင္စားဆုံးဖုိ႔အေကာင္းဆုံး အခုိက္အတန္႔ေလးတစ္ခုအေၾကာင္းကုိ ေမးလုိက္တဲ႔အခါ Ku Hye Sun က " ေန႔စဥ္တုိင္းလုိလုိ အေတြ႕အႀကံဳ အသစ္အဆန္းေလးေတြ ျဖစ္ေနက်ဆုိေတာ့ အခုိက္အတန္႔တစ္ခုတည္း ေရြးေျပာရဖုိ႔ဆုိတာေတာ့ ကြ်န္မအတြက္ ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ ကြ်န္မရဲ႕အိမ္ေထာင္ေရးအေၾကာင္း အျပည့္အစုံေလးကုိ Newlywed Diary ဆုိတဲ႔ တီဗီအစီအစဥ္ေလးမွာ ျပသသြားျဖစ္ပါမယ္။ ဒီအစီအစဥ္ထဲမွာ ေန႔စဥ္ျဖစ္ပ်က္ေနတဲ႔ အိမ္ေထာင္သည္ဘဝရဲ႕ အေၾကာင္းအရာေသးေသးေလးကအစ ထည့္သြင္းရုိက္ကူးေပးသြားမွာျဖစ္ပါတယ္ " လုိ႔ ေျဖဆုိသြားခဲ႔ပါတယ္။

Ahn Jae Hyun နဲ႔ Ku Hye Sun တုိ႔ႏွစ္ဦးဟာ Blood ဆုိတဲ႔ဇာတ္ကားမွာ အတူတကြပါဝင္ခဲ႔ရင္းနဲ႔ စတင္ဆုံစည္းခဲ႔ကာ ခ်စ္ႀကိဳက္သြားခဲ႔ၾကတာျဖစ္ၿပီး ၂၀၁၆ ေမလမွာ လက္ထပ္ခဲ႔လုိက္တာျဖစ္ပါတယ္။ လက္ထပ္ျခင္းအေပၚ Ku Hye Sun က " လက္ထပ္ၿပီးဘဝမွာ အၿမဲတမ္းေပ်ာ္စရာေတြနဲ႔ ျပည့္နက္ေနတာ မဟုတ္ေပမယ့္ စိတ္ၾကည္ႏူးစရာေကာင္းတဲ႔အခ်ိန္က ပုိမ်ားပါတယ္။ တစ္ေယာက္တည္းေနရတဲ႔ဘဝနဲ႔ အေတာ္ေလးကုိ ျခားနားသြားတာက ဘယ္အရာကုိမဆုိ ခ်ိန္ဆလုပ္ကုိင္ရတာပါပဲ " လုိ႔ မွတ္ခ်က္ျပဳသြားခဲ႔ပါတယ္ခင္ဗ်ာ။

Credit:MoMoLay

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

၂၀၁၆ခုနှစ်တုန်းက မင်းသား Ahn Jae Hyun နဲ့ ရွှေလက်တွဲခဲ့တဲ့ F4 မင်းသမီးချောလေး Ku Hye Sun ဟာ သူမရဲ့တစ်ကိုယ်တော် ပန်းချီပြပွဲ dark YELLOW ပွဲကို ခင်းကျင်းပြသရင်းခဲ့ရင်း သူမရဲ့အိမ်ထောင်သည်ဘဝကို အင်တာဗျုးအစီအစဉ်တစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး စိတ်ဝင်စားဆုံးဖို့အကောင်းဆုံး အခိုက်အတန့်လေးတစ်ခုအကြောင်းကို မေးလိုက်တဲ့အခါ Ku Hye Sun က " နေ့စဉ်တိုင်းလိုလို အတွေ့အကြုံ အသစ်အဆန်းလေးတွေ ဖြစ်နေကျဆိုတော့ အခိုက်အတန့်တစ်ခုတည်း ရွေးပြောရဖို့ဆိုတာတော့ ကျွန်မအတွက် ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မရဲ့အိမ်ထောင်ရေးအကြောင်း အပြည့်အစုံလေးကို Newlywed Diary ဆိုတဲ့ တီဗီအစီအစဉ်လေးမှာ ပြသသွားဖြစ်ပါမယ်။ ဒီအစီအစဉ်ထဲမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့ အိမ်ထောင်သည်ဘဝရဲ့ အကြောင်းအရာသေးသေးလေးကအစ ထည့်သွင်းရိုက်ကူးပေးသွားမှာဖြစ်ပါတယ် " လို့ ဖြေဆိုသွားခဲ့ပါတယ်။

Ahn Jae Hyun နဲ့ Ku Hye Sun တို့နှစ်ဦးဟာ Blood ဆိုတဲ့ဇာတ်ကားမှာ အတူတကွပါဝင်ခဲ့ရင်းနဲ့ စတင်ဆုံစည်းခဲ့ကာ ချစ်ကြိုက်သွားခဲ့ကြတာဖြစ်ပြီး ၂၀၁၆ မေလမှာ လက်ထပ်ခဲ့လိုက်တာဖြစ်ပါတယ်။ လက်ထပ်ခြင်းအပေါ် Ku Hye Sun က " လက်ထပ်ပြီးဘဝမှာ အမြဲတမ်းပျော်စရာတွေနဲ့ ပြည့်နက်နေတာ မဟုတ်ပေမယ့် စိတ်ကြည်နူးစရာကောင်းတဲ့အချိန်က ပိုများပါတယ်။ တစ်ယောက်တည်းနေရတဲ့ဘဝနဲ့ အတော်လေးကို ခြားနားသွားတာက ဘယ်အရာကိုမဆို ချိန်ဆလုပ်ကိုင်ရတာပါပဲ " လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်ခင်ဗျာ။

Credit:MoMoLay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top