iMyanmarHouse.com - Best Property Website for Myanmar
×

ေဖ့စ္ဘုတ္ေပၚမွာျဖစ္ျဖစ္ အျပင္မွာျဖစ္ျဖစ္ ျမင္ေနရတဲ့ Relationship Goal ေတြဟာ ကိုယ္နဲ႔ေတာ့ ကိုက္ညီခ်င္မွ ကိုက္ညီပါလိမ့္မယ္။ သူတုိ႔ကိုၾကည့္ရတာ ၾကည္ႏူးစရာေကာင္းတယ္ဆုိၿပီး အားက်တာကမဆန္းဘူး။ ကိုယ္သာ လိုက္မလုပ္မိေစနဲ႔။ တကယ္တမ္းက် ေနာက္ပိုင္းမွာ ေနာင္တရမိႏိုင္တဲ့ RS Goal ေတြလည္း ႐ွိတယ္။ ဘာေတြလဲဆုိေတာ့.....

၁။ တက္တူးဆင္တူ

တစ္ေယာက္ကိုတစ္ေယာက္ ေသမေလာက္ခ်စ္တယ္ဆိုဦးေတာ့ တက္တူးဆင္တူထိုးဖုိ႔ဆုိတာ ေတာ္ေတာ္ႀကီးကို စဥ္းစားရမယ့္ကိစၥပါ။ အထူးသျဖင့္ေတာ့ မိန္းကေလးေတြဘက္က အရင္ဆံုး စိတ္ကူးမိၾကတယ္။ တကယ္ေတာ့ တက္တူးဆင္တူထိုးလည္း ျပတ္ခ်င္ျပတ္မွာပဲ။ ေဖာက္ျပန္ခ်င္ ေဖာက္ျပန္မွာပဲ။ သူနဲ႔ေဝးသြားေတာ့မွ ဒီတက္တူးျမင္ၿပီး စိတ္ညစ္ရမွာ ကိုယ္ပဲ မဟုတ္လား။
၂။ ႏွစ္ပတ္လည္

ခ်စ္သူသက္တမ္း ၃ နွစ္ျပည့္၊ ၄ ႏွစ္ျပည့္၊ ၅ ႏွစ္ျပည့္ စသျဖင့္ တစ္ႏွစ္ၿပီးတစ္ႏွစ္ ျဖတ္သန္းလာခဲ့ၿပီးၿပီ။ ႏွစ္တိုင္းလည္း ႏွစ္ပတ္လည္ အမွတ္တရပြဲေလးေတြ လုပ္ျဖစ္တယ္။ တခ်ိဳ႕ဆုိရင္ ၁ လျပည့္၊ ၂ လျပည့္ ဆုိၿပီးေတာ့ေတာင္ လုပ္ေသးတယ္။ ဒါက ၾကည္ႏူးစရာေလးေနာ္။ ဒါေပမဲ့ ခ်စ္သူဘဝနဲ႔ ရပ္တန္႔သြားမွာမဟုတ္ဘဲ လက္ထပ္ဖုိ႔ထိ ရည္ရြယ္ထားၾကတာဆုိရင္ေတာ့ ႏွစ္ပတ္လည္ေန႔ရက္ေတြဟာ အၿမဲတမ္းဆင္ႏႊဲေနဖုိ႔ အခ်ိန္ေပးႏိုင္မွာမဟုတ္ပါဘူး။ ၿပီးေတာ့ ႏွစ္ပတ္လည္ပြဲေတြ လုပ္သည္ျဖစ္ေစ မလုပ္သည္ျဖစ္ေစ ခ်စ္ေနမယ့္လူကို ေရြးသင့္ပါတယ္။ နားလည္မႈက အဓိကပဲ။ အမွတ္တရဆုိတာ ဘယ္ေန႔မွာမဆို ဖန္တီးလို႔ရေနတဲ့ အခ်စ္ေရးပဲ ျဖစ္သင့္တယ္။

၃။ တန္ဖိုးႀကီးအရာေတြ

ေနာက္ဆံုးထြက္ iPhone ဆင္တူကိုင္တာမ်ိဳး၊ ကားဆင္တူဝယ္တာမ်ိဳးေတြေပါ့။ ေဘာစိေတြမွ တတ္ႏိုင္တဲ့ ကိစၥေတြပါ။ ဒါေပမဲ့ ကိုယ္က ပိုက္ဆံေတြ အရမ္းေပါေနတဲ့လူမဟုတ္ဘဲ သူနဲ႔ဆင္တူျဖစ္ခ်င္တယ္၊ တန္ဖိုးႀကီးတဲ့အရာလည္း ျဖစ္ခ်င္တယ္ဆုိၿပီး ဝယ္လိုက္တာမ်ိဳးက ေနာက္ပိုင္းမွာ အေၾကြးပတ္လည္ဝိုင္းၿပီး စားစရာမရွိခ်ိန္မွာ ေနာင္တရလာပါလိမ့္မယ္။

၄။ အရမ္းလွတဲ့ စံုတြဲပံုေတြ

သူမ်ားေတြက စမတ္က်က် လွေနလို႔၊ ဓာတ္ပံုေကာင္းေကာင္း႐ိုက္တတ္လုိ႔ စံုတြဲပံုေတြ ရိုက္ၾကတာ။ ကိုယ္ေတြက ေမာ္ဒယ္လည္းမဟုတ္ ၊ ေဘာ္ဒီကလည္း မလွဘူးဆုိရင္ ဒီစိတ္ကူးကို ေမ့လိုက္ပါ။ ဘာႀကီးျဖစ္ျဖစ္ ရိုက္ကိုရိုက္ရမွာဆုိလည္း ရိုက္ေပါ့။ ဒါေပမဲ့ ေဖ့စ္ဘုတ္ေပၚ တင္လိုက္လို႔မွ သူမ်ားေတြက အားက်ၿပီးေကာင္းခ်ီးေပးတာမ်ိဳး မရရင္လည္း စိတ္မပ်က္ပါနဲ႔။

Credit:Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ေဖ့စ်ဘုတ်ပေါ်မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် မြင်နေရတဲ့ Relationship Goal တွေဟာ ကိုယ်နဲ့တော့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ်။ သူတို့ကိုကြည့်ရတာ ကြည်နူးစရာကောင်းတယ်ဆိုပြီး အားကျတာကမဆန်းဘူး။ ကိုယ်သာ လိုက်မလုပ်မိစေနဲ့။ တကယ်တမ်းကျ နောက်ပိုင်းမှာ နောင်တရမိနိုင်တဲ့ RS Goal တွေလည်း ရှိတယ်။ ဘာတွေလဲဆိုတော့.....

၁။ တက်တူးဆင်တူ

တစ်ယောက်ကိုတစ်ယောက် သေမလောက်ချစ်တယ်ဆိုဦးတော့ တက်တူးဆင်တူထိုးဖို့ဆိုတာ တော်တော်ကြီးကို စဉ်းစားရမယ့်ကိစ္စပါ။ အထူးသဖြင့်တော့ မိန်းကလေးတွေဘက်က အရင်ဆုံး စိတ်ကူးမိကြတယ်။ တကယ်တော့ တက်တူးဆင်တူထိုးလည်း ပြတ်ချင်ပြတ်မှာပဲ။ ဖောက်ပြန်ချင် ဖောက်ပြန်မှာပဲ။ သူနဲ့ဝေးသွားတော့မှ ဒီတက်တူးမြင်ပြီး စိတ်ညစ်ရမှာ ကိုယ်ပဲ မဟုတ်လား။
၂။ နှစ်ပတ်လည်

ချစ်သူသက်တမ်း ၃ နှစ်ပြည့်၊ ၄ နှစ်ပြည့်၊ ၅ နှစ်ပြည့် စသဖြင့် တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာခဲ့ပြီးပြီ။ နှစ်တိုင်းလည်း နှစ်ပတ်လည် အမှတ်တရပွဲလေးတွေ လုပ်ဖြစ်တယ်။ တချို့ဆိုရင် ၁ လပြည့်၊ ၂ လပြည့် ဆိုပြီးတော့တောင် လုပ်သေးတယ်။ ဒါက ကြည်နူးစရာလေးနော်။ ဒါပေမဲ့ ချစ်သူဘဝနဲ့ ရပ်တန့်သွားမှာမဟုတ်ဘဲ လက်ထပ်ဖို့ထိ ရည်ရွယ်ထားကြတာဆိုရင်တော့ နှစ်ပတ်လည်နေ့ရက်တွေဟာ အမြဲတမ်းဆင်နွှဲနေဖို့ အချိန်ပေးနိုင်မှာမဟုတ်ပါဘူး။ ပြီးတော့ နှစ်ပတ်လည်ပွဲတွေ လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ချစ်နေမယ့်လူကို ရွေးသင့်ပါတယ်။ နားလည်မှုက အဓိကပဲ။ အမှတ်တရဆိုတာ ဘယ်နေ့မှာမဆို ဖန်တီးလို့ရနေတဲ့ အချစ်ရေးပဲ ဖြစ်သင့်တယ်။

၃။ တန်ဖိုးကြီးအရာတွေ

နောက်ဆုံးထွက် iPhone ဆင်တူကိုင်တာမျိုး၊ ကားဆင်တူဝယ်တာမျိုးတွေပေါ့။ ဘောစိတွေမှ တတ်နိုင်တဲ့ ကိစ္စတွေပါ။ ဒါပေမဲ့ ကိုယ်က ပိုက်ဆံတွေ အရမ်းပေါနေတဲ့လူမဟုတ်ဘဲ သူနဲ့ဆင်တူဖြစ်ချင်တယ်၊ တန်ဖိုးကြီးတဲ့အရာလည်း ဖြစ်ချင်တယ်ဆိုပြီး ဝယ်လိုက်တာမျိုးက နောက်ပိုင်းမှာ အကြွေးပတ်လည်ဝိုင်းပြီး စားစရာမရှိချိန်မှာ နောင်တရလာပါလိမ့်မယ်။

၄။ အရမ်းလှတဲ့ စုံတွဲပုံတွေ

သူများတွေက စမတ်ကျကျ လှနေလို့၊ ဓာတ်ပုံကောင်းကောင်းရိုက်တတ်လို့ စုံတွဲပုံတွေ ရိုက်ကြတာ။ ကိုယ်တွေက မော်ဒယ်လည်းမဟုတ် ၊ ဘော်ဒီကလည်း မလှဘူးဆိုရင် ဒီစိတ်ကူးကို မေ့လိုက်ပါ။ ဘာကြီးဖြစ်ဖြစ် ရိုက်ကိုရိုက်ရမှာဆိုလည်း ရိုက်ပေါ့။ ဒါပေမဲ့ ဖေ့စ်ဘုတ်ပေါ် တင်လိုက်လို့မှ သူများတွေက အားကျပြီးကောင်းချီးပေးတာမျိုး မရရင်လည်း စိတ်မပျက်ပါနဲ့။

Credit:Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top