iMyanmarHouse.com - Best Property Website for Myanmar
×

နာမည္ေက်ာ္အဆုိေတာ္ Taylor Swift က သူမရဲ႕ယခုလက္ရွိ အခ်စ္ေရးနဲ႔ပတ္သက္ၿပီး ရည္စားသစ္ေလးနဲ႔ ယခင္လုိ လူသိရွင္ၾကား တြဲသြားတြဲလာတာမ်ိဳးေတြ ျပဳလုပ္ေတာ့မွာမဟုတ္ပဲ လူမသိသူမသိ သုိသုိသိပ္သိပ္ေလးနဲ႔သာ ေနထုိင္သြားေတာ့မယ္လုိ႔ ထုတ္ျပန္ေျပာဆုိျဖစ္ခဲ့တယ္လုိ႔ သိရွိထားရပါတယ္။

အသက္ ၁၆ႏွစ္အရႊယ္ကတည္းက ဂီတေလာကမွာ ထြန္းေတာက္လာခဲ႔သူ Taylor Swift ဟာ သူမရဲ႕အခ်စ္ေရးမွာ အခ်စ္ဇာတ္လမ္းမ်ားစြာကုိ ဖန္တီးခဲ႔သူလည္းျဖစ္ပါတယ္။ Taylor Swift ဟာ One Direction အဖြဲ႕သားေဟာင္း Harry Styles ၊ ဝါရင့္မင္းသားႀကီး Jake Gyllenhaal ၊ နာမည္ေက်ာ္ဒီေဂ်သမား Calvin Harris နဲ႔ Loki မင္းသားႀကီး Tom Hiddleston တုိ႔နဲ႔ တြဲခုတ္ဖူးခဲ႔တဲ႔ အတိတ္ေဟာင္းေတြ ရွိခဲ႔ဖူးသူတစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Taylor Swift ဟာ အဂၤလန္မင္းသားေခ်ာေလး Joe Alwyn နဲ႔ ခ်စ္ႀကိဳးသြယ္ေနခဲ႔ၿပီျဖစ္ပါတယ္။ Taylor Swift နဲ႔ Joe Alwyn တုိ႔ စတင္ဆုံစည္းခဲ႔တာဟာ Taylor Swift ရဲ႕ သူငယ္ခ်င္း စူပါေမာ္ဒယ္ Gigi Hadid ေၾကာင့္ျဖစ္ၿပီး ဓါတ္ပုံရုိက္ကူးမႈတစ္ခု ျပဳလုပ္ေနစဥ္အတြင္းမွာ Gigi က သူတုိ႔ႏွစ္ဦးကုိ မိတ္ဆက္ေပးခဲ႔တာျဖစ္ပါတယ္။ အခုေတာ့ သူတုိ႔ႏွစ္ဦးဟာ ခ်စ္သူေတြျဖစ္သြားခဲ႔ၾကၿပီး Taylor ကေတာ့ အရင္ခ်စ္သူေတြတုန္းကလုိ ေပၚေပၚထင္ထင္ တြဲသြားတြဲလာမ်ိဳး မျပဳလုပ္ေတာ့ပဲ လူေတြမျမင္ေအာင္ပဲ ခ်စ္ႀကိဳက္ေနေတာ့တယ္လုိ႔ သိရွိရပါတယ္။

Taylor Swift ရဲ႕ ခ်စ္သူအသစ္ေလး Joe Alwyn ဟာ အသက္ ၂၆ႏွစ္ခန္႔ရွိၿပီျဖစ္ၿပီး Billy Lynn's Long Halftime Walk ဆုိတဲ႔ စစ္ဒရာမာဇာတ္ကားမွာ ေခါင္းေဆာင္မင္းသားအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ႔ရင္းနဲ႔ လူသိမ်ားေက်ာ္ၾကားလာခဲ႔တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Joe ဟာ နာမည္ေက်ာ္ ေဟာလီးဝုဒ္သရုပ္ေဆာင္မ်ားျဖစ္တဲ႔ Emma Stone, Rachel Weisz , Nicholas Hoult တုိ႔နဲ႔အတူ The Favourite ဆုိတဲ႔ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သရုပ္ေဆာင္လ်က္ ရွိေနပါတယ္ခင္ဗ်ာ။
Credit: MOMOLAY

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
နာမည်ကျော်အဆိုတော် Taylor Swift က သူမရဲ့ယခုလက်ရှိ အချစ်ရေးနဲ့ပတ်သက်ပြီး ရည်စားသစ်လေးနဲ့ ယခင်လို လူသိရှင်ကြား တွဲသွားတွဲလာတာမျိုးတွေ ပြုလုပ်တော့မှာမဟုတ်ပဲ လူမသိသူမသိ သိုသိုသိပ်သိပ်လေးနဲ့သာ နေထိုင်သွားတော့မယ်လို့ ထုတ်ပြန်ပြောဆိုဖြစ်ခဲ့တယ်လို့ သိရှိထားရပါတယ်။

အသက် ၁၆နှစ်အရွှယ်ကတည်းက ဂီတလောကမှာ ထွန်းတောက်လာခဲ့သူ Taylor Swift ဟာ သူမရဲ့အချစ်ရေးမှာ အချစ်ဇာတ်လမ်းများစွာကို ဖန်တီးခဲ့သူလည်းဖြစ်ပါတယ်။ Taylor Swift ဟာ One Direction အဖွဲ့သားဟောင်း Harry Styles ၊ ဝါရင့်မင်းသားကြီး Jake Gyllenhaal ၊ နာမည်ကျော်ဒီဂျေသမား Calvin Harris နဲ့ Loki မင်းသားကြီး Tom Hiddleston တို့နဲ့ တွဲခုတ်ဖူးခဲ့တဲ့ အတိတ်ဟောင်းတွေ ရှိခဲ့ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ Taylor Swift ဟာ အင်္ဂလန်မင်းသားချောလေး Joe Alwyn နဲ့ ချစ်ကြိုးသွယ်နေခဲ့ပြီဖြစ်ပါတယ်။ Taylor Swift နဲ့ Joe Alwyn တို့ စတင်ဆုံစည်းခဲ့တာဟာ Taylor Swift ရဲ့ သူငယ်ချင်း စူပါမော်ဒယ် Gigi Hadid ကြောင့်ဖြစ်ပြီး ဓါတ်ပုံရိုက်ကူးမှုတစ်ခု ပြုလုပ်နေစဉ်အတွင်းမှာ Gigi က သူတို့နှစ်ဦးကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ အခုတော့ သူတို့နှစ်ဦးဟာ ချစ်သူတွေဖြစ်သွားခဲ့ကြပြီး Taylor ကတော့ အရင်ချစ်သူတွေတုန်းကလို ပေါ်ပေါ်ထင်ထင် တွဲသွားတွဲလာမျိုး မပြုလုပ်တော့ပဲ လူတွေမမြင်အောင်ပဲ ချစ်ကြိုက်နေတော့တယ်လို့ သိရှိရပါတယ်။

Taylor Swift ရဲ့ ချစ်သူအသစ်လေး Joe Alwyn ဟာ အသက် ၂၆နှစ်ခန့်ရှိပြီဖြစ်ပြီး Billy Lynn's Long Halftime Walk ဆိုတဲ့ စစ်ဒရာမာဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရင်းနဲ့ လူသိများကျော်ကြားလာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Joe ဟာ နာမည်ကျော် ဟောလီးဝုဒ်သရုပ်ဆောင်များဖြစ်တဲ့ Emma Stone, Rachel Weisz , Nicholas Hoult တို့နဲ့အတူ The Favourite ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်လျက် ရှိနေပါတယ်ခင်ဗျာ။
Credit: MOMOLAY


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top