iMyanmarHouse.com - Best Property Website for Myanmar
×

ေစ်းကြက္ထဲမွာေတာ့ အလွအပအတြက္ အေထာက္အကူျဖစ္ေစတယ္ဆုိတဲ့ အလွကုန္ပစၥည္းမ်ိဳးစံုဟာ တစ္ေန႔တစ္မ်ိဳး မ႐ိုးႏိုင္ေအာင္ပဲ ျမင္ေနရပါတယ္။ ဝက္ျခံေပ်ာက္ေစတဲ့လိုး႐ွင္း၊ အမဲစက္ေပ်ာက္ခရင္မ္ စသျဖင့္ အမ်ိဳးမ်ိဳးပါပဲ။ အသစ္ထြက္ေပၚလာတဲဲ့ အလွကုန္ေတြထက္ တိုနာ (toner) အေၾကာင္းကိုပဲ ေျပာၾကရေအာင္။

၁။ တိုနာဆုိတာ?

Toner (တိုနာ) ဆိုတာက ေရကိုအေျခခံထားတဲ့ အရည္တစ္မ်ိဳးျဖစ္ၿပီး မ်က္ႏွာအသားအေရေကာင္းေစဖုိ႔ အားျဖည့္ေပးတဲ့အရည္တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ မိတ္ကပ္အၾကြင္းအက်န္၊ ဆီနဲ႔ အညစ္အေၾကးေတြကို ဖယ္ရွားေပးၿပီး အသားအေရကို ေခ်ာေမြ႕ၾကည္လင္ေစပါတယ္။ မ်က္ႏွာေပၚက နီရဲေရာင္ရမ္းမႈလို အနီျပင္ေတြကိုလည္း ေလ်ာ့ပါးေစပါတယ္။

၂။ အသားအေရအားလံုးနဲ႔အဆင္ေျပပါ့မလား?

တိုနာရဲ႕ သေဘာသဘာဝကိုက ေခၽြးေပါက္ေလးေတြထဲက အညစ္အေၾကးနဲ႔ အဆီေတြကို ဖယ္ရွားေပးတာမို႔ အဆီျပန္တတ္သူေတြနဲ႔သာ သင့္ေလ်ာ္တယ္လို႔ထင္ရင္ မွားပါတယ္။ မိတ္ကပ္လိမ္းတာ၊ ေခၽြးေပါက္ထဲကို ဖုန္နဲ႔အညစ္အေၾကးေတြ ကပ္ၿငိတာက ဘယ္အသားအေရပိုင္ရွင္မ်ိဳးမွာမဆုိ ၾကံဳရတာပဲေလ။

၃။ ဘယ္လိုသံုးမလဲ?

မ်က္ႏွာသန္႔စင္ေဆးေၾကာၿပီးသြားရင္ ဂြမ္းစေလးေပၚကို တုိနာအရည္ ၃ စက္ေလာက္ဆြတ္ေပးလိုက္ပါ။ ဂြမ္းစဟာ တုိနာေတြရႊဲေနတာမ်ိဳးလည္း မျဖစ္သင့္သလို ေျခာက္ကပ္ေနတာမ်ိဳးလည္း မျဖစ္ရပါဘူး။ မ်က္ႏွာေပၚကို ခပ္ပါးပါးေလး သုတ္လိမ္းေပးလိုက္ရံုပါပဲ။ တခ်ိဳ႕တိုနာေတြက စပေရးပံုစံေတြဆုိေတာ့ အဆင္သင့္ျဖန္းရံုပါပဲ။

၄။ ဘယ္လိုအခ်ိန္ေတြမွာသံုးရမလဲ?

မၾကာခဏ သံုးစရာမလိုပါဘူး။ တုိနာကို လိုတာထက္ပိုသံုးရင္ ေခၽြးေပါက္က်ယ္လာပါလိမ့္မယ္။ မနက္ပိုင္းနဲ႔ညပိုင္းေတြမွာ တစ္ႀကိမ္စီသံုးေပးရံုနဲ႔ လံုေလာက္ပါၿပီ။ မ်က္ႏွာသစ္ၿပီးၿပီးခ်င္း တိုနာကို အရင္ဆံုးလိမ္းရမွာ ျဖစ္ပါတယ္။ ၿပီးေတာ့မွသာ အျခား skincare နဲ႔ မိတ္ကပ္ေတြကို ဆက္လက္လိမ္းရပါတယ္။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
ဈေးကွက်ထဲမှာတော့ အလှအပအတွက် အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အလှကုန်ပစ္စည်းမျိုးစုံဟာ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပဲ မြင်နေရပါတယ်။ ဝက်ခြံပျောက်စေတဲ့လိုးရှင်း၊ အမဲစက်ပျောက်ခရင်မ် စသဖြင့် အမျိုးမျိုးပါပဲ။ အသစ်ထွက်ပေါ်လာတဲ့ အလှကုန်တွေထက် တိုနာ (toner) အကြောင်းကိုပဲ ပြောကြရအောင်။

၁။ တိုနာဆိုတာ?

Toner (တိုနာ) ဆိုတာက ရေကိုအခြေခံထားတဲ့ အရည်တစ်မျိုးဖြစ်ပြီး မျက်နှာအသားအရေကောင်းစေဖို့ အားဖြည့်ပေးတဲ့အရည်တစ်မျိုးလည်း ဖြစ်ပါတယ်။ မိတ်ကပ်အကြွင်းအကျန်၊ ဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့ကြည်လင်စေပါတယ်။ မျက်နှာပေါ်က နီရဲရောင်ရမ်းမှုလို အနီပြင်တွေကိုလည်း လျော့ပါးစေပါတယ်။

၂။ အသားအရေအားလုံးနဲ့အဆင်ပြေပါ့မလား?

တိုနာရဲ့ သဘောသဘာဝကိုက ချွေးပေါက်လေးတွေထဲက အညစ်အကြေးနဲ့ အဆီတွေကို ဖယ်ရှားပေးတာမို့ အဆီပြန်တတ်သူတွေနဲ့သာ သင့်လျော်တယ်လို့ထင်ရင် မှားပါတယ်။ မိတ်ကပ်လိမ်းတာ၊ ချွေးပေါက်ထဲကို ဖုန်နဲ့အညစ်အကြေးတွေ ကပ်ငြိတာက ဘယ်အသားအရေပိုင်ရှင်မျိုးမှာမဆို ကြုံရတာပဲလေ။

၃။ ဘယ်လိုသုံးမလဲ?

မျက်နှာသန့်စင်ဆေးကြောပြီးသွားရင် ဂွမ်းစလေးပေါ်ကို တိုနာအရည် ၃ စက်လောက်ဆွတ်ပေးလိုက်ပါ။ ဂွမ်းစဟာ တိုနာတွေရွှဲနေတာမျိုးလည်း မဖြစ်သင့်သလို ခြောက်ကပ်နေတာမျိုးလည်း မဖြစ်ရပါဘူး။ မျက်နှာပေါ်ကို ခပ်ပါးပါးလေး သုတ်လိမ်းပေးလိုက်ရုံပါပဲ။ တချို့တိုနာတွေက စပရေးပုံစံတွေဆိုတော့ အဆင်သင့်ဖြန်းရုံပါပဲ။

၄။ ဘယ်လိုအချိန်တွေမှာသုံးရမလဲ?

မကြာခဏ သုံးစရာမလိုပါဘူး။ တိုနာကို လိုတာထက်ပိုသုံးရင် ချွေးပေါက်ကျယ်လာပါလိမ့်မယ်။ မနက်ပိုင်းနဲ့ညပိုင်းတွေမှာ တစ်ကြိမ်စီသုံးပေးရုံနဲ့ လုံလောက်ပါပြီ။ မျက်နှာသစ်ပြီးပြီးချင်း တိုနာကို အရင်ဆုံးလိမ်းရမှာ ဖြစ်ပါတယ်။ ပြီးတော့မှသာ အခြား skincare နဲ့ မိတ်ကပ်တွေကို ဆက်လက်လိမ်းရပါတယ်။

Credit:duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top