iMyanmarHouse.com - Best Property Website for Myanmar
×

ဆိုးလ္ၿမိဳ႕ေတာ္ရဲတပ္ဖြဲ႕မွာ ရဲအရာရွိအျဖစ္ စစ္မႈထမ္းေနတဲ့ T.O.P ဟာ ေဆးေျခာက္သံုးမႈနဲ႔ တရားစြဲခံလုိက္ရတယ္လို႔ ယေန႔ (ဇြန္လ ၁ ရက္ေန႔) မွာ ေတာင္ကိုရီးယားသတင္းဌာနမ်ားတြင္ ပါရွိလာပါတယ္။

"BIGBANG ရဲ႕ T.O.P ကို တရားမဝင္ေဆးသံုးစြဲမႈနဲ႔ တရားစြဲဆိုထားၿပီး ၿပီးခဲ့တဲ့ ဧၿပီလကတည္းက အစိုးရေရွ႕ေနေတြလက္ကို အပ္ခဲ့ပါတယ္" လို႔ ဆုိးလ္ၿမိဳ႕ရဲဌာနက ေျပာခဲ့ပါတယ္။

ရဲဌာနရဲ႕အဆုိအရ T.O.P ဟာ ၂၀၁၆ ေအာက္တုိဘာလက သူ႔ရဲ႕အိမ္မွာ အမ်ဳိးသမီးတစ္ဦးနဲ႔အတူ ေဆးေျခာက္သံုးစြဲခဲ့တယ္လို႔ သိရပါတယ္။ စစ္မႈထမ္းေနတဲ့ T.O.P ဟာ ရဲအရာရွိသင္တန္းေပး အေဆာက္အအံုထဲမွာ ေလ့က်င့္သင္တန္းဆင္းေနစဥ္ အတြင္းမွာ ရဲတပ္ဖြဲ႕က သတင္းရခဲ့တဲ့အတြက္ သူ႔ရဲ႕ဆံပင္ကို စစ္ေဆးလုိက္ခ်ိန္မွာ ေဆးေျခာက္သံုးထားတယ္လို႔ စစ္ေဆးေတြ႕ရွိရပါတယ္။

ရဲတပ္ဖြဲ႕က စစ္ေဆးခ်ိန္မွာေတာ့ T.O.P က စြပ္စြဲခ်က္ေတြကို ျငင္းဆန္ခဲ့ပါတယ္။

"ကၽြန္ေတာ္ အီလက္ထရြန္းနစ္စီးကရက္ပဲ ေသာက္တာပါ။ ေဆးေျခာက္မွန္း မသိခဲ့ပါဘူး" လို႔ T.O.P က ဆိုခဲ့ပါတယ္။

သူနဲ႔အတူ ေဆးေျခာက္သံုးတဲ့အမ်ဳိးသမီးမွာလည္း ရဲအရာရွိသင္တန္းသူတစ္ဦးျဖစ္တယ္လို႔လည္း သိရပါတယ္။ သူတုိ႔ႏွစ္ဦးဟာ T.O.P ရဲ႕အိမ္မွာ ၃ ႀကိမ္ ေဆးေျခာက္သံုးခဲ့တယ္လို႔လည္း သိရပါတယ္။ ယင္းအမ်ဳိးသမီးကိုလည္း စစ္ခဲ့ရာ သူမဟာ ေဆးေျခာင္သံုးစြဲထားေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ရပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့မှာ ရဲအရာရှိအဖြစ် စစ်မှုထမ်းနေတဲ့ T.O.P ဟာ ဆေးခြောက်သုံးမှုနဲ့ တရားစွဲခံလိုက်ရတယ်လို့ ယနေ့ (ဇွန်လ ၁ ရက်နေ့) မှာ တောင်ကိုရီးယားသတင်းဌာနများတွင် ပါရှိလာပါတယ်။

"BIGBANG ရဲ့ T.O.P ကို တရားမဝင်ဆေးသုံးစွဲမှုနဲ့ တရားစွဲဆိုထားပြီး ပြီးခဲ့တဲ့ ဧပြီလကတည်းက အစိုးရရှေ့နေတွေလက်ကို အပ်ခဲ့ပါတယ်" လို့ ဆိုးလ်မြို့ရဲဌာနက ပြောခဲ့ပါတယ်။

ရဲဌာနရဲ့အဆိုအရ T.O.P ဟာ ၂၀၁၆ အောက်တိုဘာလက သူ့ရဲ့အိမ်မှာ အမျိုးသမီးတစ်ဦးနဲ့အတူ ဆေးခြောက်သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းနေတဲ့ T.O.P ဟာ ရဲအရာရှိသင်တန်းပေး အဆောက်အအုံထဲမှာ လေ့ကျင့်သင်တန်းဆင်းနေစဉ် အတွင်းမှာ ရဲတပ်ဖွဲ့က သတင်းရခဲ့တဲ့အတွက် သူ့ရဲ့ဆံပင်ကို စစ်ဆေးလိုက်ချိန်မှာ ဆေးခြောက်သုံးထားတယ်လို့ စစ်ဆေးတွေ့ရှိရပါတယ်။

ရဲတပ်ဖွဲ့က စစ်ဆေးချိန်မှာတော့ T.O.P က စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

"ကျွန်တော် အီလက်ထရွန်းနစ်စီးကရက်ပဲ သောက်တာပါ။ ဆေးခြောက်မှန်း မသိခဲ့ပါဘူး" လို့ T.O.P က ဆိုခဲ့ပါတယ်။

သူနဲ့အတူ ဆေးခြောက်သုံးတဲ့အမျိုးသမီးမှာလည်း ရဲအရာရှိသင်တန်းသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့နှစ်ဦးဟာ T.O.P ရဲ့အိမ်မှာ ၃ ကြိမ် ဆေးခြောက်သုံးခဲ့တယ်လို့လည်း သိရပါတယ်။ ယင်းအမျိုးသမီးကိုလည်း စစ်ခဲ့ရာ သူမဟာ ဆေးခြောင်သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top