iMyanmarHouse.com - Best Property Website for Myanmar
×

ပဲရစ်အခြေစိုက် လည်သာအိတ်များထုတ်လုပ်ရောင်းချတဲ့ Hermesကုမ္ပဏီဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဟောင်
ကောင်မှာ လက်စွဲအိတ်လေလံပွဲကို ကျင်းပခဲ့ပြီး  Hermes Birkin လက်စွဲအိတ်ကို အမေရိကန်ဒေါ်လာ (၃၈၀,၀၀၀)နဲ့ ကမ္ဘာ့စံချိန်တင်ရောင်းချနိုင်ခဲ့ပါတယ်။

Hermes Birkin လက်စွဲအိတ်ရဲ့ကိုယ်ထည်ကို မိချောင်းအရေခွံအဖြူနဲ့ပြုလုပ်ထားပြီး ရွှေနဲ့ စိန်က (၁၈)ကာရက်
ပါဝင်ကြောင်းလည်းသိရပါတယ်။ ယခင် ကန်ဒေါ်လာ(၃၀၀,၀၀၀)နဲ့ ကမ္ဘာ့စံချိန်တင်ထားတဲ့ လက်စွဲအိတ်မှာလည်း  Birkin လက်စွဲအိတ်အမျိုးအစားပဲဖြစ်ပြီး Hermes ကုမ္ပဏီက သူတို့ရဲ့စံချိန်ဟောင်းကို ချိုးဖြတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ကမ္ဘာ့ဈေးအကြီးဆုံး Hermes Birkin လက်စွဲအိတ် ၀ယ်သူရဲ့သတင်းအချက်အလက်ကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။
Hermes Birkin လက်စွဲအိတ်ကို ၁၉၈၄ခုနှစ်က တီထွက်ခဲ့ပြီး ဗြိတိန်အဆိုတော်မင်းသမီး Jane Birkinကိုဂုဏ်ပြုသော
အားဖြင့် သူမရဲ့အမည်ကို မှည့်ခေါ်ခဲ့ခြင်းပါတယ်။

Credit:Shwemom
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
#Unicode Version

အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top