iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ လက္ဖက္စိမ္းေရေႏြးၾကမ္း (Green Tea) ကိုပံုမွန္ေသာက္သံုးသူတစ္ေယာက္ျဖစ္ပါသလား။ ေခါင္းေပၚမွာ ဒါမွမဟုတ္ အေရျပားေပၚမွာျဖစ္တတ္တဲ႔ အလွအပေရးရာျပႆနာေလးေတြကို လက္ဖက္စိမ္းေရေႏြးၾကမ္းသံုးျပီး ေျဖရွင္းႏိုင္တယ္ဆိုတာကိုေကာ သင္သိပါသလား။ လက္ဖက္စိမ္းေရေႏြးၾကမ္းဟာ ဆံသားသန္စြမ္းမႈနဲ႕အေရျပားသန္႕ရွင္းက်န္းမာမႈတို႔အတြက္ မရွိမျဖစ္လိုအပ္တဲ႔ antioxidant ေတြၾကြယ္ဝစြာပါဝင္မႈေၾကာင္႔ လူသိမ်ားထင္ရွားပါတယ္။ လက္ဖက္စိမ္းေရေႏြးၾကမ္းထဲမွာ amino acid, enzymes, vitamin (B,C & E), magnesium, potassium, folate, polyphenols နဲ႕ manganese တို႔လည္းပါဝင္ပါေသးတယ္။

လက္ဖက္စိမ္းေရေႏြးၾကမ္းကိုေန႕စဥ္ေသာက္သံုးေပးျခင္းျဖင္႔ က်န္းမာေရးအရအက်ိဳးေက်းဇူးေတြအမ်ားၾကီးကို ရရွိႏိုင္သလို အေရျပားေပၚမွာ ဒါမွမဟုတ္ ဦးေရျပားေပၚမွာ သုတ္လိမ္းေပးျခင္းျဖင္႔လည္း အလွအပဆိုင္ရာ အက်ိဳးေက်းဇူးေတြအမ်ားၾကီးကို ရရွိႏိုင္ပါတယ္။ အခု က်န္းမာသန္စြမ္းတဲ႔ဆံေကသာကို ပိုင္ဆိုင္ႏိုင္ဖို႔ လက္ဖက္စိမ္းေရေႏြးၾကမ္းနဲ႔ျပဳလုပ္ထားတဲ႔ သဘာဝေဆးျမီးတိုေတြကို ကိုယ္တိုင္ဘယ္လိုျပဳလုပ္ရမလဲဆိုတာ ေလ႔လာၾကည္႔လိုက္ၾကရေအာင္။

၁။ လက္ဖက္စိမ္းေရေႏြးၾကမ္းနဲ႕ ေခါင္းေလွ်ာ္နည္း

ေဗာက္ထျခင္းကိုကာကြယ္ဖို႔၊ ဆံပင္ကြ်တ္ႏႈန္းကိုေလွ်ာ႔ခ်ဖို႔နဲ႕ အျခားဦးေရျပားဆိုင္ရာျပႆနာေတြအတြက္ ဆံသားကာကြယ္ထိန္းသိမ္းေပးတဲ႔နည္းလမ္းေလးပဲျဖစ္ပါတယ္။ ဒီနည္းလမ္းေလးကိုအသံုးျပဳျခင္းျဖင္႔ ေရမသန္႕ျခင္းနဲ႕ဓာတုပစၥည္းေတြေၾကာင္႔ ဆံသားပ်က္ဆီးျခင္းမွကာကြယ္ေပးျပီး သင္႔ရဲ႕ဆံေကသာကို က်န္းမာသန္စြမ္းေစပါတယ္။ ျပဳလုပ္နည္းေလးကေတာ႔ ေရေႏြး (၂) ခြက္ သို႔မဟုတ္ (၃) ခြက္စာေလာက္မွာ လက္ဖက္စိမ္း လက္ဖက္ေျခာက္ထုပ္ (၂)ထုပ္ကိုထည္႔ပါ။ မိနစ္အနည္းငယ္ၾကာေအာင္ထားျပီးရင္ လက္ဖက္ေျခာက္ထုပ္ေတြကို ထုတ္ယူလိုက္ပါ။ ျပီးရင္ ေရေႏြးကို အေအးခံလိုက္ပါ။ သင္႔ရဲ႕ဆံပင္ကို သင္သံုးေနက်ေခါင္းေလွ်ာ္ရည္၊ ေပ်ာ႔ေဆးတို႔ကို သံုးျပီးေခါင္းေလွ်ာ္ျပီးရင္ အေအးခံထားတဲ႔လက္ဖက္စိမ္းရည္နဲ႔ ေဆးခ်လိုက္ပါ။ ျပီးရင္ဦးေရျပားကို မိနစ္အနည္းငယ္ၾကာ ႏွိပ္နယ္ေပးပါ။ ျပီးမွ ေရနဲ႔ျပန္ေဆးခ်ေပးပါ။ ဆံေကသာက်န္းမာသန္စြမ္းေနေစဖို႔ အထက္ပါလုပ္ေဆာင္ခ်က္ေတြအတိုင္း တစ္ပတ္ (၄) ၾကိမ္ေလာက္လုပ္ေပးပါ။
၂။ လက္ဖက္စိမ္းေရေႏြးၾကမ္းကို Hair Spray အျဖစ္သံုးစြဲနည္း

လက္ဖက္စိမ္းေရေႏြးၾကမ္းကို hair spray အျဖစ္သံုးစြဲျခင္းက ဆံပင္ကြ်တ္ျခင္း၊ ဆံပင္ (၂) ခြျဖစ္ျခင္း၊ ဆံသားေျခာက္ကပ္ျခင္း နဲ႕ဦးေရျပားယားယံျခင္းတို႔လို ဆံေကသာဆိုင္ရာျပႆနာေတြအတြက္ ေျဖရွင္းနည္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ လက္ဖက္စိမ္းေရေႏြးၾကမ္းထဲမွာ panthenol လို ေကာင္းမြန္တဲ႔ အက္ဆစ္ဓာတ္ေတြအျပင္ ဆံသားေကာင္းမြန္ျခင္းကိုအေထာက္အကူျပဳတဲ႔ အာဟာရဓာတ္ေတြလည္း ပါဝင္ေတာ႔ ဆံသားေတြကိုပိုမိုခိုင္မာေစျပီး ဆံပင္ (၂)ခြျဖစ္ျခင္းကိုလည္း တားဆီးႏိုင္ျပီေပါ႔။ ျပဳလုပ္နည္းေလးကေတာ႔ လက္ဖက္စိမ္းေရေႏြးၾကမ္း (၂) ခြက္စာေလာက္ၾကိဳခ်က္ပါ။ ျပီးရင္ Spray ဘူးအလြတ္တစ္လံုးထဲကို ေလာင္းထည္႔ပါ။ ျပီးတာနဲ႕ လက္ဖက္စိမ္းေရေႏြးၾကမ္းကို သင္႔ဆံသားေပၚမွာအျမစ္ကေန ဆံပင္ထိပ္ဖ်ားထိ စိမ္႔ဝင္ေအာင္ပက္ျဖန္းေပးပါ။ ျပီးရင္ ဆံပင္ကို ညင္ညင္သာသာ ႏွိပ္နယ္ေပးပါ။ မိနစ္ (၂၀) (၃၀) ေလာက္ ၾကာေအာင္ ခဏထားျပီးမွ ပံုမွန္ေခါင္းေလွ်ာ္ရည္ကိုသံုးျပီး ေလွ်ာ္ခ်လိုက္ပါ။ လက္ဖက္စိမ္းရနံ႕ေလးကိုမွ ၾကိဳက္တယ္ဆိုရင္ေတာ႔ လက္ဖက္စိမ္းရနံ႕ပါတဲ႔ေခါင္းေလွ်ာ္ရည္ကိုသံုးစြဲႏိုင္ပါေသးတယ္။

၃။ လက္ဖက္စိမ္းေရေႏြးၾကမ္းကို ေဗာက္ေပ်ာက္ေဆးအျဖစ္သံုးစြဲနည္း

ဒီအိမ္သံုးပစၥည္းေလးေတြနဲ႕အလြယ္တကူလုပ္လို႔ရတဲ႔ေဆးျမီးတိုေလးကေတာ႔ ေခါင္းေပၚကေဗာက္ေတြကို ဖယ္ရွားေပးႏိုင္ျပီး ေျခာက္ေသြ႕ယားယံတဲ႔ဦးေရျပားကို သက္သာေပ်ာက္ကင္းေစပါတယ္။ ေနာက္ျပီး သင္႔ရဲ႕ဆံပင္ကိုနက္ေမွာင္သန္စြမ္းေစပါေသးတယ္။ ျပဳလုပ္နည္းကေတာ႔ ဒယ္အိုးတစ္အိုးထဲကို ေရ (၁)ခြက္စာေလာက္ထည္႔ျပီးအပူေပးလိုက္ပါ။ ျပီးရင္လက္ဖက္စိမ္းအရြက္ စားပြဲတင္ဇြန္း (၂)ဇြန္းစာေလာက္ကို သဘာဝအုန္းဆီ စားပြဲတင္ဇြန္း (၃) (၄) ဇြန္းရယ္၊ သံပုရာသီးတစ္ျခမ္းရယ္နဲ႔ ေရာေမႊျပီး ပြက္ပြက္ဆူေနတဲ႔ေရေႏြးထဲကို ေလာင္းခ်ေပးလိုက္ပါ။ (၄) မိနစ္ခန္႕အပူေပးျပီး မီးဖိုကိုပိတ္လိုက္ပါ။ ျပီးရင္ ေရာေမႊထားတဲ႔အရည္ကို အေအးခံလိုက္ပါ။ ျပီးရင္ ဂြမ္းလံုးေလးနဲ႔ ေပါင္းခံရည္ကိုတို႔ျပီး ဦးေရျပားတစ္ခုလံုးႏွံ႕စပ္ေအာင္သုတ္လိမ္းေပးလိုက္ပါ။ ဦးေရျပားကို မိနစ္အနည္းငယ္ၾကာႏွိပ္နယ္ေပးျပီး တစ္နာရီခန္႕ၾကာေအာင္ ထားေပးပါ။ ျပီးရင္သင္သံုးေနက် ပံုမွန္ေခါင္းေလွ်ာ္ရည္၊ ေပ်ာ႔ေဆးေတြနဲ႕ေခါင္းေလွ်ာ္ႏိုင္ပါျပီ။ အထက္ပါအတိုင္း တစ္လ (၃) (၄) ၾကိမ္ျပဳလုပ္ေပးမယ္ဆိုရင္ သင္႔ေခါင္းေပၚမွာ ေသာင္းက်န္းေနတဲ႔ေဗာက္ေတြ ကင္းစင္သြားမွာပါ။

၄။ လက္ဖက္စိမ္းေရေႏြးၾကမ္းကို ဆံပင္ေပ်ာ႔ေဆးအျဖစ္သံုးနည္း

လက္ဖက္စိမ္းနဲ႔ျပဳလုပ္တဲ႔ေပ်ာ႔ေဆးဟာ သင္႔ရဲ႕ဦးေရျပားကိုစိုေျပေစျပီး သင္႔ရဲ႕ဆံေကသာကို ေတာက္ေျပာင္သန္စြမ္းေစပါတယ္။ ပံုမွန္သာ သံုးစြဲေပးမယ္ဆိုရင္ ဆံပင္ကြ်တ္ျခင္းကိုေလ်ာ႔နည္းေစျပီး ဆံေကသာက်န္းမာသန္စြမ္းမႈကိုလည္းထိန္းညွိေပးပါတယ္။ ျပဳလုပ္နည္းကေတာ႔ ေရေႏြးပူပူတစ္ခြက္ထဲမွာ လက္ဖက္စိမ္း လက္ဖက္ေျခာက္ထုပ္ (၂)ထုပ္ကို ထည္႔စိမ္ထားေပးပါ။ (ဒါမွမဟုတ္ လက္ဖက္စိမ္း အရြက္ စားပြဲတင္ဇြန္း (၃)၊ (၄) ဇြန္းစာေလာက္ကို ေရ (၁) ခြက္နဲ႔ေရာျပီးၾကိဳခ်က္ပါ။) ျပီးရင္ ပ်ားရည္တစ္ဇြန္းနဲ႕ အုန္းဆီတစ္ဇြန္းစီကို ေရေႏြးခြက္ထဲကိုေရာေမႊလိုက္ပါ။ ပါဝင္ပစၥည္းေတြကို သမသြားေအာင္ေရာေမႊျပီး ဦးေရျပားေပၚနဲ႕ဆံပင္ေပၚမွာႏွံ႕စပ္ေအာင္လိမ္းေပးပါ။ ျပီးရင္လည္း ဦးေရျပားနဲ႕ဆံသားကိုမိနစ္အနည္းငယ္ၾကာေအာင္ ႏွိပ္နယ္ေပးလိုက္ပါဦး။ ႏွိပ္နယ္ျပီးရင္ (၄၅) မိနစ္ေလာက္ ဒီတိုင္းထားေပးလိုက္ပါ။ ေနာက္ဆံုးမွာေတာ႔ သင္႔ရဲ႕ဆံပင္ကိုေရေႏြးေႏြးေလးနဲ႕ သင္သံုးေနက် ေခါင္းေလွ်ာ္ရည္ကိုသံုးျပီး ေဆးခ်လို႔ ရပါျပီေနာ္။ ဒီအိမ္လုပ္ေပ်ာ႔ေဆးေလးကိုပံုမွန္သာသံုးေပးမယ္ဆိုရင္ ဦးေရျပားေျခာက္ေသြ႕ျခင္း၊ ဦးေရျပားယားယံျခင္းနဲ႕ ဆံပင္ကြ်တ္ျခင္းေတြကို ေပ်ာက္ကင္းေစႏိုင္မွာပါေနာ္။

လက္ဖက္စိမ္းရဲ႕ေကာင္းက်ိဳးေတြကေတာ႔ အမ်ားၾကီးပါပဲ။ ပ်ိဳေမတို႔ရဲ႕ဆံေကသာေလးေတြနက္ေမွာင္သန္စြမ္းေနေစဖို႔ လက္ဖက္စိမ္းနဲ႔ ျပဳလုပ္တဲ႔ အိမ္သံုးေဆးနည္းေလးေတြကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ အဆင္ေျပၾကမယ္လို႔လည္း ေမွ်ာ္လင္႔ပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သင်ဟာ လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) ကိုပုံမှန်သောက်သုံးသူတစ်ယောက်ဖြစ်ပါသလား။ ခေါင်းပေါ်မှာ ဒါမှမဟုတ် အရေပြားပေါ်မှာဖြစ်တတ်တဲ့ အလှအပရေးရာပြဿနာလေးတွေကို လက်ဖက်စိမ်းရေနွေးကြမ်းသုံးပြီး ဖြေရှင်းနိုင်တယ်ဆိုတာကိုကော သင်သိပါသလား။ လက်ဖက်စိမ်းရေနွေးကြမ်းဟာ ဆံသားသန်စွမ်းမှုနဲ့အရေပြားသန့်ရှင်းကျန်းမာမှုတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ antioxidant တွေကြွယ်ဝစွာပါဝင်မှုကြောင့် လူသိများထင်ရှားပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းထဲမှာ amino acid, enzymes, vitamin (B,C & E), magnesium, potassium, folate, polyphenols နဲ့ manganese တို့လည်းပါဝင်ပါသေးတယ်။

လက်ဖက်စိမ်းရေနွေးကြမ်းကိုနေ့စဉ်သောက်သုံးပေးခြင်းဖြင့် ကျန်းမာရေးအရအကျိုးကျေးဇူးတွေအများကြီးကို ရရှိနိုင်သလို အရေပြားပေါ်မှာ ဒါမှမဟုတ် ဦးရေပြားပေါ်မှာ သုတ်လိမ်းပေးခြင်းဖြင့်လည်း အလှအပဆိုင်ရာ အကျိုးကျေးဇူးတွေအများကြီးကို ရရှိနိုင်ပါတယ်။ အခု ကျန်းမာသန်စွမ်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်ဖို့ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ပြုလုပ်ထားတဲ့ သဘာဝဆေးမြီးတိုတွေကို ကိုယ်တိုင်ဘယ်လိုပြုလုပ်ရမလဲဆိုတာ လေ့လာကြည့်လိုက်ကြရအောင်။

၁။ လက်ဖက်စိမ်းရေနွေးကြမ်းနဲ့ ခေါင်းလျှော်နည်း

ဗောက်ထခြင်းကိုကာကွယ်ဖို့၊ ဆံပင်ကျွတ်နှုန်းကိုလျှော့ချဖို့နဲ့ အခြားဦးရေပြားဆိုင်ရာပြဿနာတွေအတွက် ဆံသားကာကွယ်ထိန်းသိမ်းပေးတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကိုအသုံးပြုခြင်းဖြင့် ရေမသန့်ခြင်းနဲ့ဓာတုပစ္စည်းတွေကြောင့် ဆံသားပျက်ဆီးခြင်းမှကာကွယ်ပေးပြီး သင့်ရဲ့ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။ ပြုလုပ်နည်းလေးကတော့ ရေနွေး (၂) ခွက် သို့မဟုတ် (၃) ခွက်စာလောက်မှာ လက်ဖက်စိမ်း လက်ဖက်ခြောက်ထုပ် (၂)ထုပ်ကိုထည့်ပါ။ မိနစ်အနည်းငယ်ကြာအောင်ထားပြီးရင် လက်ဖက်ခြောက်ထုပ်တွေကို ထုတ်ယူလိုက်ပါ။ ပြီးရင် ရေနွေးကို အအေးခံလိုက်ပါ။ သင့်ရဲ့ဆံပင်ကို သင်သုံးနေကျခေါင်းလျှော်ရည်၊ ပျော့ဆေးတို့ကို သုံးပြီးခေါင်းလျှော်ပြီးရင် အအေးခံထားတဲ့လက်ဖက်စိမ်းရည်နဲ့ ဆေးချလိုက်ပါ။ ပြီးရင်ဦးရေပြားကို မိနစ်အနည်းငယ်ကြာ နှိပ်နယ်ပေးပါ။ ပြီးမှ ရေနဲ့ပြန်ဆေးချပေးပါ။ ဆံကေသာကျန်းမာသန်စွမ်းနေစေဖို့ အထက်ပါလုပ်ဆောင်ချက်တွေအတိုင်း တစ်ပတ် (၄) ကြိမ်လောက်လုပ်ပေးပါ။
၂။ လက်ဖက်စိမ်းရေနွေးကြမ်းကို Hair Spray အဖြစ်သုံးစွဲနည်း

လက်ဖက်စိမ်းရေနွေးကြမ်းကို hair spray အဖြစ်သုံးစွဲခြင်းက ဆံပင်ကျွတ်ခြင်း၊ ဆံပင် (၂) ခွဖြစ်ခြင်း၊ ဆံသားခြောက်ကပ်ခြင်း နဲ့ဦးရေပြားယားယံခြင်းတို့လို ဆံကေသာဆိုင်ရာပြဿနာတွေအတွက် ဖြေရှင်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းထဲမှာ panthenol လို ကောင်းမွန်တဲ့ အက်ဆစ်ဓာတ်တွေအပြင် ဆံသားကောင်းမွန်ခြင်းကိုအထောက်အကူပြုတဲ့ အာဟာရဓာတ်တွေလည်း ပါဝင်တော့ ဆံသားတွေကိုပိုမိုခိုင်မာစေပြီး ဆံပင် (၂)ခွဖြစ်ခြင်းကိုလည်း တားဆီးနိုင်ပြီပေါ့။ ပြုလုပ်နည်းလေးကတော့ လက်ဖက်စိမ်းရေနွေးကြမ်း (၂) ခွက်စာလောက်ကြိုချက်ပါ။ ပြီးရင် Spray ဘူးအလွတ်တစ်လုံးထဲကို လောင်းထည့်ပါ။ ပြီးတာနဲ့ လက်ဖက်စိမ်းရေနွေးကြမ်းကို သင့်ဆံသားပေါ်မှာအမြစ်ကနေ ဆံပင်ထိပ်ဖျားထိ စိမ့်ဝင်အောင်ပက်ဖြန်းပေးပါ။ ပြီးရင် ဆံပင်ကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ မိနစ် (၂၀) (၃၀) လောက် ကြာအောင် ခဏထားပြီးမှ ပုံမှန်ခေါင်းလျှော်ရည်ကိုသုံးပြီး လျှော်ချလိုက်ပါ။ လက်ဖက်စိမ်းရနံ့လေးကိုမှ ကြိုက်တယ်ဆိုရင်တော့ လက်ဖက်စိမ်းရနံ့ပါတဲ့ခေါင်းလျှော်ရည်ကိုသုံးစွဲနိုင်ပါသေးတယ်။

၃။ လက်ဖက်စိမ်းရေနွေးကြမ်းကို ဗောက်ပျောက်ဆေးအဖြစ်သုံးစွဲနည်း

ဒီအိမ်သုံးပစ္စည်းလေးတွေနဲ့အလွယ်တကူလုပ်လို့ရတဲ့ဆေးမြီးတိုလေးကတော့ ခေါင်းပေါ်ကဗောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ခြောက်သွေ့ယားယံတဲ့ဦးရေပြားကို သက်သာပျောက်ကင်းစေပါတယ်။ နောက်ပြီး သင့်ရဲ့ဆံပင်ကိုနက်မှောင်သန်စွမ်းစေပါသေးတယ်။ ပြုလုပ်နည်းကတော့ ဒယ်အိုးတစ်အိုးထဲကို ရေ (၁)ခွက်စာလောက်ထည့်ပြီးအပူပေးလိုက်ပါ။ ပြီးရင်လက်ဖက်စိမ်းအရွက် စားပွဲတင်ဇွန်း (၂)ဇွန်းစာလောက်ကို သဘာဝအုန်းဆီ စားပွဲတင်ဇွန်း (၃) (၄) ဇွန်းရယ်၊ သံပုရာသီးတစ်ခြမ်းရယ်နဲ့ ရောမွှေပြီး ပွက်ပွက်ဆူနေတဲ့ရေနွေးထဲကို လောင်းချပေးလိုက်ပါ။ (၄) မိနစ်ခန့်အပူပေးပြီး မီးဖိုကိုပိတ်လိုက်ပါ။ ပြီးရင် ရောမွှေထားတဲ့အရည်ကို အအေးခံလိုက်ပါ။ ပြီးရင် ဂွမ်းလုံးလေးနဲ့ ပေါင်းခံရည်ကိုတို့ပြီး ဦးရေပြားတစ်ခုလုံးနှံ့စပ်အောင်သုတ်လိမ်းပေးလိုက်ပါ။ ဦးရေပြားကို မိနစ်အနည်းငယ်ကြာနှိပ်နယ်ပေးပြီး တစ်နာရီခန့်ကြာအောင် ထားပေးပါ။ ပြီးရင်သင်သုံးနေကျ ပုံမှန်ခေါင်းလျှော်ရည်၊ ပျော့ဆေးတွေနဲ့ခေါင်းလျှော်နိုင်ပါပြီ။ အထက်ပါအတိုင်း တစ်လ (၃) (၄) ကြိမ်ပြုလုပ်ပေးမယ်ဆိုရင် သင့်ခေါင်းပေါ်မှာ သောင်းကျန်းနေတဲ့ဗောက်တွေ ကင်းစင်သွားမှာပါ။

၄။ လက်ဖက်စိမ်းရေနွေးကြမ်းကို ဆံပင်ပျော့ဆေးအဖြစ်သုံးနည်း

လက်ဖက်စိမ်းနဲ့ပြုလုပ်တဲ့ပျော့ဆေးဟာ သင့်ရဲ့ဦးရေပြားကိုစိုပြေစေပြီး သင့်ရဲ့ဆံကေသာကို တောက်ပြောင်သန်စွမ်းစေပါတယ်။ ပုံမှန်သာ သုံးစွဲပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကိုလျော့နည်းစေပြီး ဆံကေသာကျန်းမာသန်စွမ်းမှုကိုလည်းထိန်းညှိပေးပါတယ်။ ပြုလုပ်နည်းကတော့ ရေနွေးပူပူတစ်ခွက်ထဲမှာ လက်ဖက်စိမ်း လက်ဖက်ခြောက်ထုပ် (၂)ထုပ်ကို ထည့်စိမ်ထားပေးပါ။ (ဒါမှမဟုတ် လက်ဖက်စိမ်း အရွက် စားပွဲတင်ဇွန်း (၃)၊ (၄) ဇွန်းစာလောက်ကို ရေ (၁) ခွက်နဲ့ရောပြီးကြိုချက်ပါ။) ပြီးရင် ပျားရည်တစ်ဇွန်းနဲ့ အုန်းဆီတစ်ဇွန်းစီကို ရေနွေးခွက်ထဲကိုရောမွှေလိုက်ပါ။ ပါဝင်ပစ္စည်းတွေကို သမသွားအောင်ရောမွှေပြီး ဦးရေပြားပေါ်နဲ့ဆံပင်ပေါ်မှာနှံ့စပ်အောင်လိမ်းပေးပါ။ ပြီးရင်လည်း ဦးရေပြားနဲ့ဆံသားကိုမိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးလိုက်ပါဦး။ နှိပ်နယ်ပြီးရင် (၄၅) မိနစ်လောက် ဒီတိုင်းထားပေးလိုက်ပါ။ နောက်ဆုံးမှာတော့ သင့်ရဲ့ဆံပင်ကိုရေနွေးနွေးလေးနဲ့ သင်သုံးနေကျ ခေါင်းလျှော်ရည်ကိုသုံးပြီး ဆေးချလို့ ရပါပြီနော်။ ဒီအိမ်လုပ်ပျော့ဆေးလေးကိုပုံမှန်သာသုံးပေးမယ်ဆိုရင် ဦးရေပြားခြောက်သွေ့ခြင်း၊ ဦးရေပြားယားယံခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတွေကို ပျောက်ကင်းစေနိုင်မှာပါနော်။

လက်ဖက်စိမ်းရဲ့ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ပျိုမေတို့ရဲ့ဆံကေသာလေးတွေနက်မှောင်သန်စွမ်းနေစေဖို့ လက်ဖက်စိမ်းနဲ့ ပြုလုပ်တဲ့ အိမ်သုံးဆေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ အဆင်ပြေကြမယ်လို့လည်း မျှော်လင့်ပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top