iMyanmarHouse.com - Best Property Website for Myanmar
×



သူဟာ….



သူကတော့…


Credit:Momolay
ပို့သပေးပါတယ်။

#Unicode Version
အချစ်ဦးနဲ့ အချစ်ဆုံး ဘယ်သူကပိုလေးနက်မယ်လို့ထင်ပါသလဲ???

အချစ်ဦး (ပထမဆုံးအချစ်) ဆိုတာ စိတ်လှုပ်ရှားတတ်တဲ့အရွယ် အချစ်ကို စတင်စူးစမ်းလေ့လာချင်တဲ့အချိန်မှာတွေ့ရှိခဲ့ရသူပါ…။

သူဟာ….
- သင့်ရင်ခုန်သံတွေကို မြန်လာစေခဲ့သူ
- သင်အသက်ရှုဖို့တောင်မေ့မတက်ဖြစ်ခဲ့ရသူ
- သင့်နှလုံးသားထဲမှ အချစ်ကို စတင် ဖော်ထုတ်ပေးခဲ့သူ
- ဘယ်လိုချစ်ရမလဲဆိုတာ ဦးဆုံးသင်ကြားပေးခဲ့သူ
- သင့်ကို ရူးသွပ်မတက်ဖြစ်စေခဲ့သူ
- သင့်မျက်နှာပေါ်ကို အချစ်အမှတ်အသားတွေ ဦးဆုံးရိုက်နှိပ်ပေးခဲ့သူ
- သင့်မျက်ရည်တွေကို မြေပြင်ပေါ်သို့ စတင်ကျစေသူ
- နောက်ထပ်အချစ်သစ်ရှာဖို့ သင့်ကို ထွက်သွားခွင့်ပြုခဲ့သူ ပဲဖြစ်ပါတယ်။

အချစ်ဦးနဲ့ လက်တွဲသွားနိုင်သူကတော့ လက်ချိုးရေလို့ရအောင် နည်းပါးလွန်းတဲ့ ပမာဏမှာရှိတာမို့ ဘဝတစ်လျှောက်လုံး အချစ်ဦးနဲ့ ရွှေလက်တွဲသွားရသူကတော့ ကံကောင်းလွန်းတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

အချစ်ဆုံး (နောက်ဆုံးအချစ်) ဆိုကတော့… နှလုံးသားက ရင့်ကျက်တည်ငြိမ်လာတဲ့အချိန်မှာ ဘဝတစ်လျှောက်လုံးလက်တွဲသွားဖို့ ဆုံးဖြတ်လိုက်တဲ့သူပဲဖြစ်ပါတယ်။

သူကတော့…
- သင့်အတွက် အရာရာပြည့်စုံနေတဲ့သူ
- သင့်ကို ရယ်မောပျော်ရွှင်အောင် အမြဲလုပ်နိုင်သူ
- ဝမ်းနည်းမှု၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားပေးမယ့်သူ
- အခက်အခဲတွေကို အတူကျော်လွှားပေးမယ့်သူ
- သင့်ကိုအကောင်းဆုံး မြှင့်တင့်ပေးမယ့်သူ
- သင့်ဝမ်းနည်မှုတွေကို အဝေးသို့မောင်းထုတ်ပေးမယ့်သူ
- ရိုးသားစွာနဲ့ သင့်တစ်ယောက်တည်းချစ်မယ့်သူ
- သင့်နဲ့အတူ ထာဝရနေမယ့်သူ ပဲဖြစ်ပါတယ်။

အချစ်ဦးနဲ့ အချစ်ဆုံး ဘယ်အရာက ပိုတန်ဖိုးကြီးလဲဆိုတာ ပရိသတ်ကြီးလည်း သိရှိနားလည်မယ်လို့ထင်ပါတယ်နော်…။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top