iMyanmarHouse.com - Best Property Website for Myanmar
×

အားကစားလုပ္ရမွာ ပ်င္းသူေတြ အေနနဲ႔ ေအာက္ပါနည္းလမ္းေလးေတြ လုပ္ေပးဖုိ႔ Auntymay က တုိက္တြန္းလုိပါ
တယ္။
(၁) အစာကိုေၾကညက္စြာ၀ါးစားပါ

အစာကို ေၾကညက္စြာ၀ါးစားျခင္းရဲ႕ အက်ိဳးေက်းဇူးက အစာကုိ ေၾကလြယ္ေစတယ္၊ ကယ္လုိရီေလာင္ကၽြမ္းမႈ ပမာဏ ႏွစ္
ဆအထိ ျမန္ေစတယ္၊ ၀မ္းခ်ဳပ္ျခင္းကို မျဖစ္ေစပါဘူး။

(၂) ထမင္းကုိ ေျဖာင့္ေျဖာင့္စားပါ

အခ်ိဳ႕ေတြက ထမင္းကုိ တီဗြီၾကည့္ရင္း စားတယ္၊ ဖုန္းေျပာရင္း၊ ဂိမ္းကစားရင္း၊ စာဖတ္ရင္း စားပါတယ္။ ထမင္းကိ ေျဖာင့္
ေျဖာင့္မစားတဲ့အတြက္ အစာခ်က္လုပ္မႈ ၾကာပါတယ္။ ၾကာေတာ့ အစာထဲမွာပါတဲ့ ကယ္လုိရီေတြ။ ကုိလက္စေရာေတြ၊ အဆီဓာတ္ေတြကုိ ခႏၶာကုိုယ္က လက္ခံထားရၿပီး ကုိယ္အေလးခ်ိန္ကုိ ပုိတက္ေစပါတယ္။
(၃) ပ႐ုိတိန္းဓာတ္မ်ားမ်ားစားပါ

ပ႐ုိတိန္းပါ၀င္တဲ့ ဥအမ်ိဴးမ်ိဳး၊ ပဲအမ်ိဳးမ်ိဳး၊ အေစ့အဆန္အမ်ိဳးမ်ိဳးကို ပုံမွန္စားေပးပါ။ အစာကို ေၾကညက္လြယ္ေစပါတယ္။

(၄) ေသးငယ္တဲ့ပန္းကန္ျပားမ်ားကို တုိးျမႇင့္သုံးစြဲသြားပါ

အဆီက်လုိသူေတြအတြက္ေတာ့ အစားအစာကို စိတ္ႀကိဳက္စားတာထက္ ပုံစံနဲ႔စားတာက ပုိၿပီး က်န္းမာေရးနဲ႔ ညီညြတ္ေစ
ပါတယ္။ ဒီေတာ့ ထမင္းကုိ ႏွစ္ပန္းကန္စားမယ့္အစား တစ္ပန္းကန္းစားတာက ပုိေကာင္းပါတယ္။ သုိ႕ေသာ္ အစာလုံး၀
ေရွာင္ရန္ မလုိပါဘူး။ ပုံမွန္စားေနက်အခ်ိန္မွာ စားေပးပါ။ သုိ႔ေသာ္ ဗုိက္အရမ္းအတင္းမခံပါနဲ႔။
(၅) Junk Food ေတြကို လုံး၀မစားပါနဲ႔

အလြယ္တကူ ဆုိင္မွာ၀ယ္စားလုိ႔ရႏုိင္တဲ့ အသင့္စားႏုိင္တဲ့ အစားအစာေတြကုိ Junk Food လုိ႔ ေခၚပါတယ္။ ဒါေတြကုိ
လုံး၀ ေရွာင္ရွားရပါမယ္။ ကုိယ္အေလးခ်ိန္ကုိ အလြန္အမင္း ျမင့္တက္ေစလုိ႔ပါ။

(၆) ေရ/ေရေႏြၾကမ္း/သံပုရာရည္တုိ႕ကုိ ေနစဥ္မ်ားမ်ားေသာက္ေပးပါ

သၾကားဓာတ္ပါ၀င္တဲ့ ေဖ်ာ္ရည္ေတြ စက္႐ုံကေန ထုတ္ပုိးေရာင္းခ်တဲ့ ေဖ်ာ္ရည္ေတြ ေသာက္မယ့္အစား ေရ/ေရေႏြး
ၾကမ္း/ သံပုရာရည္တုိ႕ကုိ ေနစဥ္မ်ားမ်ားေသာက္ေပးျခင္းက ကိုယ္အေလးခ်ိန္ခ်ျခင္းကို ပုိထိေရာက္ေစပါတယ္။
(၇) အစာမစားခင္ ေရတစ္ခြက္ေသာက္ပါ

အစာမစားခင္ ေရတစ္ခြက္ေလာက္ ႀကိဳေသာက္ထားျခင္းဟာ အစာအလြန္အမင္း စားသုံးမိျခင္းကို ကာကြယ္ေပးသလုိ၊ သာမာန္ထက္ အစာခ်က္မႈကို ႏွစ္ဆေလာက္ ျမန္ဆန္ေစပါတယ္။ အစာခ်က္ ျမန္ဆန္ေလ ခႏၶာကုိယ္အတြင္း ကိန္း
ေအာင္းမယ့္ အဆီပုိေတြ၊ ကယ္လုိရီေတြ၊ ကိုလက္စထေရာေတြကို ေလွ်ာ့နည္းေစေလ ျဖစ္ပါတယ္။

Credit:Si Si (auntymay)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အားကစားလုပ်ရမှာ ပျင်းသူတွေ အနေနဲ့ အောက်ပါနည်းလမ်းလေးတွေ လုပ်ပေးဖို့ Auntymay က တိုက်တွန်းလိုပါ
တယ်။
(၁) အစာကိုကြေညက်စွာဝါးစားပါ

အစာကို ကြေညက်စွာဝါးစားခြင်းရဲ့ အကျိုးကျေးဇူးက အစာကို ကြေလွယ်စေတယ်၊ ကယ်လိုရီလောင်ကျွမ်းမှု ပမာဏ နှစ်
ဆအထိ မြန်စေတယ်၊ ဝမ်းချုပ်ခြင်းကို မဖြစ်စေပါဘူး။

(၂) ထမင်းကို ဖြောင့်ဖြောင့်စားပါ

အချို့တွေက ထမင်းကို တီဗွီကြည့်ရင်း စားတယ်၊ ဖုန်းပြောရင်း၊ ဂိမ်းကစားရင်း၊ စာဖတ်ရင်း စားပါတယ်။ ထမင်းကိ ဖြောင့်
ဖြောင့်မစားတဲ့အတွက် အစာချက်လုပ်မှု ကြာပါတယ်။ ကြာတော့ အစာထဲမှာပါတဲ့ ကယ်လိုရီတွေ။ ကိုလက်စရောတွေ၊ အဆီဓာတ်တွေကို ခန္ဓာကိုယ်က လက်ခံထားရပြီး ကိုယ်အလေးချိန်ကို ပိုတက်စေပါတယ်။
(၃) ပရိုတိန်းဓာတ်များများစားပါ

ပရိုတိန်းပါဝင်တဲ့ ဥအမျိူးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုးကို ပုံမှန်စားပေးပါ။ အစာကို ကြေညက်လွယ်စေပါတယ်။

(၄) သေးငယ်တဲ့ပန်းကန်ပြားများကို တိုးမြှင့်သုံးစွဲသွားပါ

အဆီကျလိုသူတွေအတွက်တော့ အစားအစာကို စိတ်ကြိုက်စားတာထက် ပုံစံနဲ့စားတာက ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်စေ
ပါတယ်။ ဒီတော့ ထမင်းကို နှစ်ပန်းကန်စားမယ့်အစား တစ်ပန်းကန်းစားတာက ပိုကောင်းပါတယ်။ သို့သော် အစာလုံးဝ
ရှောင်ရန် မလိုပါဘူး။ ပုံမှန်စားနေကျအချိန်မှာ စားပေးပါ။ သို့သော် ဗိုက်အရမ်းအတင်းမခံပါနဲ့။
(၅) Junk Food တွေကို လုံးဝမစားပါနဲ့

အလွယ်တကူ ဆိုင်မှာဝယ်စားလို့ရနိုင်တဲ့ အသင့်စားနိုင်တဲ့ အစားအစာတွေကို Junk Food လို့ ခေါ်ပါတယ်။ ဒါတွေကို
လုံး၀ ရှောင်ရှားရပါမယ်။ ကိုယ်အလေးချိန်ကို အလွန်အမင်း မြင့်တက်စေလို့ပါ။

(၆) ရေ/ရေနွေကြမ်း/သံပုရာရည်တို့ကို နေစဉ်များများသောက်ပေးပါ

သကြားဓာတ်ပါဝင်တဲ့ ဖျော်ရည်တွေ စက်ရုံကနေ ထုတ်ပိုးရောင်းချတဲ့ ဖျော်ရည်တွေ သောက်မယ့်အစား ရေ/ရေနွေး
ကြမ်း/ သံပုရာရည်တို့ကို နေစဉ်များများသောက်ပေးခြင်းက ကိုယ်အလေးချိန်ချခြင်းကို ပိုထိရောက်စေပါတယ်။
(၇) အစာမစားခင် ရေတစ်ခွက်သောက်ပါ

အစာမစားခင် ရေတစ်ခွက်လောက် ကြိုသောက်ထားခြင်းဟာ အစာအလွန်အမင်း စားသုံးမိခြင်းကို ကာကွယ်ပေးသလို၊ သာမာန်ထက် အစာချက်မှုကို နှစ်ဆလောက် မြန်ဆန်စေပါတယ်။ အစာချက် မြန်ဆန်လေ ခန္ဓာကိုယ်အတွင်း ကိန်း
အောင်းမယ့် အဆီပိုတွေ၊ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေကို လျှော့နည်းစေလေ ဖြစ်ပါတယ်။

Credit:Si Si (auntymay)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top