iMyanmarHouse.com
×


ဘြဲ႕ တစ္ခုခု ရဖို႔၊ ပညာေရး ၿပီးဆုံးဖို႔၊ အလုပ္အကိုင္ေကာင္းဖို႔ ၊ အလုပ္ေကာင္းတစ္ခုရရွိဖို႔ စသည္ျဖင့္ ရည္႐ြယ္ခ်က္အမ်ိဳးမ်ိဳး ရွိတတ္ၾကပါတယ္။ ဘယ္လိုရည္႐ြယ္ခ်က္မ်ိဳးနဲ႔ပဲ တကၠသိုလ္တက္တက္၊ တကၠသိုလ္တက္ေရာက္တဲ့ ( ၄) ႏွစ္တာကာလဟာ လူ႔ဘဝအတြက္ တန္ဖိုးအရွိဆုံးအခ်ိန္၊ အလွပဆုံးအခ်ိန္နဲ႔၊ ပညာအရဆုံး အခ်ိန္အခါ ျဖစ္ပါတယ္။ တန္ဖိုးရွိရွိ အသုံးခ်တတ္မယ္ဆိုရင္ ဘဝတစ္ခုလုံးအတြက္ အေျခခံ အုတ္ျမစ္ေကာင္း တည္ေဆာက္သြားႏိုင္တဲ့ အခ်ိန္အခါေကာင္းျဖစ္ပါတယ္။ ေဆြးေႏြးၾကည့္ၾကရေအာင္
၁။ ေက်ာင္းေနဘက္
ေကာလိပ္တက္တက္၊ တကၠသိုလ္တက္တက္ သင္နဲ႔သိကြၽမ္းမဲ့ အတန္းေဖၚ အတန္းဘက္၊ ေက်ာင္းေနေဖၚ ေက်ာင္းေနဘက္မ်ားဟာ သင့္ဘဝတစ္ခုလုံးအတြက္ အလြန္တန္ဖိုးရွိတဲ့ သူငယ္ခ်င္းမ်ား ျဖစ္ၾကပါတယ္။ ေနရာစုံ၊ ေဒသစုံက ေရာက္လာၾကတဲ့သူမ်ား ျဖစ္ၾကပါတယ္။ ေနာင္တခ်ိန္မွာ နယ္ပယ္အသီးသီးမွာ အထြဒ္အထိပ္ေရာက္ၾကမဲ့သူေတြ၊ ေအာင္ျမင္ၾကမဲ့ သူေတြ ပါဝင္ပါတယ္။ သူတို႔ဟာ သင္ရဲ႕ အနာဂတ္အတြက္ လုပ္ေဖၚ ကိုင္ဘက္၊ စီးပြားေဖၚ စီးပြားဘက္ေတြ ျဖစ္လာႏိုင္ပါတယ္။ ေက်ာင္းသူေက်ာင္းသားေတာ္ေတာ္မ်ားမ်ားအတြက္ အိမ္ေထာင္ဘက္လည္း ေက်ာင္းေနဘက္ကေန ရရွိၾကပါတယ္။ စီးပြားေရးမွာ ေအာင္ျမင္တဲ့ သူေတာ္ေတာ္မ်ားမ်ားဟာ တကၠသိုလ္တက္စဥ္က တည္ေဆာက္ခဲ့တဲ့ သူငယ္ခ်င္းကြန္ယက္ရဲ႕ အကူအညီေၾကာင့္ျဖစ္ပါတယ္။ ေက်ာင္းတက္စဥ္ကာလအတြင္းမွာ သူငယ္ခ်င္း မ်ားမ်ား ေပါင္းသင္းထားႏိုင္ရင္ ေနာင္ဘဝတစ္ခုလုံးအတြက္ အက်ိဳးရွိပါတယ္။
၂။ မိမိကိုယ္မိမိ
တကၠသိုလ္ ( ၄ ) ႏွစ္၊ သင့္လိုထူးခြၽန္တဲ့လူေတြ၊ သင့္ထက္ထူးခြၽန္တဲ့လူေတြ၊ သင့္နီးပါးထူးခြၽန္တဲ့လူေတြနဲ႔ အတူတကြ ပညာသင္ၾကားရေတာ့ သင့္ကိုသင္ သိျမင္ဖို႔ အခြင့္အေရး ပိုမိုရရွိေစႏိုင္ပါတယ္။ အရည္အခ်င္း မတိမ္းမယိမ္း လူေတြ လာေရာက္စုစည္းမိတယ္ဆိုေတာ့ သင္ဟာ သင္ထင္ထားသေလာက္ မထူးခြၽန္ဘူးဆိုတာ သိျမင္လာတတ္သလို သင့္မထင္မွတ္ထားတဲ့ အရည္အခ်င္းေတြလည္း ပိုင္ဆိုင္ေနေသးတယ္ဆိုတာ သိရွိလာတတ္ပါတယ္။
တကၠသိုလ္ ပတ္ဝန္းက်င္ဟာ အထက္တန္းနဲ႔ ႏိူင္းယွဥ္ၾကည့္ရင္ ပိုမိုလြတ္လပ္ၿပီး ပိုမိုလည္း က်ယ္ျပန႔္ပါတယ္။ သင္ႏွစ္သက္တဲ့ အရာတစ္ခုခုကို ေလ့လာလိုက္စားႏိုင္သလို၊ ကိုယ္တကယ္ ဘာဝါသနာပါသလဲဆိုတာ အေသအခ်ာ စမ္းစစ္ရမဲ့ ကာလလည္းျဖစ္ပါတယ္။ စိတ္ဓါတ္ရင့္က်က္ဖို႔ အေကာင္းဆုံးအခ်ိန္အခါျဖစ္ၿပီး ဘဝကို ေျခလွမ္းဖို႔ ျပင္ဆင္မဲ့ အခ်ိန္အခါလည္း ျဖစ္ပါတယ္။
၃။ ကိုယ္ရည္ကိုယ္ေသြး
တကၠသိုလ္မွာ နယ္ပယ္အသီးသီးက ဝါသနာအမ်ိဳးမ်ိဳး ပါတဲ့ လူေတာ္ေတြ အေတာ္မ်ားမ်ားနဲ႔ ထိေတြ႕ ဆက္ဆံတဲ့ အခြင့္အေရး ရွိပါတယ္။ ေတးဂီသပြဲေတြ၊ စာေပစကားဝိုင္းေတြ၊ အႏုပညာ အေၾကာင္းေတြ၊ အသင္းအဖြဲ႕ အမ်ိဳးမ်ိဳး၊ ကလပ္ အမ်ိဳးမ်ိဳး၊ အားကစားပြဲအမ်ိဳးမ်ိဳး အခြင့္အေရး အမ်ိဳးမ်ိဳး ပါဝင္ပတ္သက္ခြင့္ရွိတဲ့ အတြက္ ေက်ာင္းသူေက်ာင္းသားမ်ားအေနနဲ႔ ကိုယ္ရည္ကိုယ္ေသြးတိုးတက္ဖို႔ အေကာင္းဆုံး အခြင့္အေရး ရရွိတတ္ပါတယ္။ ဒါေၾကာင့္မို႔လို႔ ေက်ာင္းသူေက်ာင္းသားမ်ားဟာ တကၠသိုလ္ရဲ႕ လြတ္လပ္တဲ့ သေဘာသဘာဝကို အက်ိဳးရွိရွိ အသုံးခ်တတ္ဖို႔ လိုပါတယ္။
၄။ လြတ္လပ္စြာ စဥ္းစားေတြးေခၚတတ္ျခင္း

တကၠသိုလ္မွာ လြတ္လပ္တယ္။ ကိုယ္ပိုင္အခ်ိန္မ်ားတယ္။ ကိုယ္ဘာအတန္းတက္မလဲ ဆိုတာက အစ ကိုယ့္ကိုယ္ကို ဆုံးျဖတ္ရတတ္ပါတယ္။ လြတ္လပ္တဲ့အခ်ိန္မ်ားေတာ့ အခ်ိန္ကို ဘယ္လိုစီမံခန႔္ခြဲ ရသလဲဆိုတာကအစ ေလ့က်င့္ဖို႔ အခြင့္အေရး ရရွိပါတယ္။ အခ်ိန္ကို စတင္စီမံခန႔္ခြဲျခင္းဟာ သင္လြတ္လပ္စြာ စဥ္းစားေတြးေခၚ ျခင္းအစ ျဖစ္တတ္ပါတယ္။
တကၠသိုလ္တက္စမွာ ပတ္ဝန္းက်င္ျဖစ္ျဖစ္၊ အစားအေသာက္ျဖစ္ျဖစ္၊ ယဥ္ေက်းမူ ေၾကာင့္ျဖစ္ျဖစ္၊ သင္မဝင္ဆန႔္ႏိုင္ပဲ အဆင္မေျပမူေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။ အခ်ိန္ၾကာလာတာနဲ႔ အမွ် သင္ဟာ တျဖည္းျဖည္း ဝင္ဆန႔္လာၿပီး ဘာမဆို ကိုယ္တိုင္စဥ္းစား ဆုံးျဖတ္တတ္သြားတာကို သင္သတိျပဳမိလာပါလိမ့္မယ္။ ကိုယ္ပိုင္စဥ္းစားတတ္လာၿပီဆိုရင္ ျပသနာအမ်ိဳးမ်ိဳုးနဲ႔ ေျဖရွင္းဖို႔ နည္းလမ္းအမ်ိဳးမ်ိဳးကို သင္စဥ္းစားရွာေဖြ တတ္လာပါလိမ့္မယ္။ လုံးဝ အႀကံမရရင္ သင္အင္တာနက္ကို အကူအညီ ေတာင္းေကာင္းေတာင္းပါလိမ့္မယ္။ ဆရာေတြ၊ သူငယ္ခ်င္းေတြကို ေမးေကာင္းေမးပါလိမ့္မယ္။ သင္စာၾကည့္တိုက္မွာ သြားအေျဖရွာတာလည္းျဖစ္ႏိုင္ပါတယ္။
သူမူေရးရဲ႕ ႐ူတ္ေထြးေပြလီမူေတြကို သင္တျဖည္းျဖည္း နားလည္သိရွိလာပါလိမ့္မယ္။ ေလာကႀကီးတစ္ခုလုံး အျဖဴအမဲ သဲသဲကြဲကြဲ အမွားအမွန္ဆိုတာ နည္းပါးၿပီး အမွားနဲ႔ အမွန္ေရာယွက္တဲ့ ၾကားခံအညိဳေရာင္ ရွိတတ္တဲ့ သေဘာတရားကို သင္လက္ခံလာပါလိမ့္မယ္။ ဒါေတြအားလုံးဟာ သင့္ကို အေတြးအေခၚ ရင့္က်က္ေစတာပါပဲ။

၅။ ဗဟုသုတ

သင္အတန္းပ်က္ေကာင္းပ်က္ပါလိမ့္မယ္။ အခ်ိဳ႕ ဘာသာရပ္ေတြ သင္ေကာင္းေကာင္းနာမလည္တာမ်ိဳး ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ သင္စာသင္ခန္းထဲမွာ အိပ္ေပ်ာ္ေကာင္းအိပ္ေပ်ာ္မိပါလိမ့္မယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ သင္ဟာ ဗဟုသုတ ေတာ္ေတာ္ရွိလာတာကို သင္အံ့ၾသစြာ ေတြ႕ရွိလာပါလိမ့္မယ္။
သင့္ရဲ႕ ဝါသနာနဲ႔ ကြၽမ္းက်င္မူ သင္ေစာေစာရွာေဖြေတြ႕ရွိေလ၊ သင္ဗဟုသုတ ပိုမ်ားလာေလ ျဖစ္တယ္။ ဗဟုသုတ ဆိုတာ အသိပညာ ျဖစ္ပါတယ္။ အရင္ေခတ္တုန္းက ေအာင္ျမင္ဖို႔ အတြက္ အဆက္အသြယ္ေကာင္းဖို႔နဲ႔ အာဏာပိုင္လူႀကီးေတြနဲ႔ ခင္မင္ရင္းနီးဖို႔ လိုအပ္ခဲ့ေပမဲ့ ယေန႔ေခတ္အခါမွာ အသိပညာဟာ ပိုမို အေရးပါလာတာကို ေတြ႕ရွိပါလိမ့္မယ္။

၆။ ဘြဲ႕၊ ဒီဂရီ

ဘြဲ႕ ျမင့္တိုင္း ေအာင္ျမင္မူ ျမင့္မားတယ္လို႔ မဆိုသာေပမဲ့ ပထမဆုံး အလုပ္ရွာေဖြသူ အေနနဲ႔ ဘြဲ႕လက္မွတ္ဟာ ေတာ္ေတာ္ အေရးပါ အရာေရာက္ပါတယ္။ ဒါေၾကာင့္ ဘြဲ႕ ဒီဂရီ တစ္ခုခု ဟာ အလုပ္ခြင္ထဲ ဝင္ေရာက္ဖို႔ ပထမဆုံးေသာ အာမခံခ်က္ျဖစ္ပါတယ္။

၇။ ဆက္ဆံေရး

တကၠသိုလ္မွာ ရွိတဲ့ အဆက္အသြယ္အားလုံး၊ ဆက္ဆံေရး အားလုံးတို႔ကို ကိုယ္ကိုယ္တိုင္ပဲ ကိုင္တြယ္ေျဖရွင္းရပါတယ္။ တကၠသိုလ္ အသိုင္းအဝိုင္း ဟာ ျပင္ပေလာကေလာက္ အလိမ္အေကာက္ မမ်ားေသးေပမဲ့ အထက္တန္းေက်ာင္းသားဘဝနဲ႔ ႏိူင္းယွင္ရင္ ေတာ္ေတာ္႐ူတ္ေထြးေနပါၿပီ။ တကၠသိုလ္ဘဝမွာ ဆက္ဆံေရး အဆင္ေျပဖို႔ဆိုတာ ဦးေနာက္ေတာ္ေတာ္သုံးရပါတယ္။ အရည္အခ်င္းရွိရပါတယ္။ ဒါေၾကာင့္ ဆက္ဆံေရးမွာ မ်ားမ်ား ဦးေနာက္သုံးဖို႔ တိုက္တြန္းပါတယ္။

၈။ အေတြးအျမင္

တကၠသိုလ္တက္ေတာ့ အသိပညာေတြ အမ်ားႀကီးတိုးပြားတယ္။ အနယ္နယ္ အရပ္ရပ္က လူေတြနဲ႔ ခင္မင္သိကြၽမ္းရတယ္။ နယ္မွာေနတဲ့ ေက်ာင္းသားေတြ ၿမိဳ႕ မွာလာၿပီး ေက်ာင္းတက္ရတယ္။ အနယ္နယ္ အရပ္ရပ္က လူေတြနဲ႔ ထိေတြ႕ရေတာ့ ဗဟုသုတ မ်ားလာတယ္။ ထူခြၽန္တဲ့လူေတြနဲ႔ သူငယ္ခ်င္းျဖစ္ရတယ္။ တအားထူးခြၽန္တဲ့ ဆရာဆရာမေတြနဲ႔ ပညာဆည္းပူးရတယ္။ အလြန္ျပည့္စုံတဲ့ စာၾကည့္တိုက္နဲ႔ နီးစပ္ရတယ္။ အေတြးအျမင္ေတြ အမ်ားႀကီး ေျပာင္းလဲေစပါတယ္။ ႏိုင္ငံျခားကို သြားေရာက္ပညာဆည္းပူးခြင့္ရွိတဲ့ေက်ာင္းသားမ်ားၾကေတာ့ တကမာၻလုံးရဲ႕ ေက်ာင္းသားေတြနဲ႔ ထိေတြ႕ခြင့္ရွိတယ္။ ျမန္မာ့႐ူ႕ေတာင့္ကေန ကမာၻကိုၾကည့္႐ူ႕သြားတတ္သလို၊ ကမာၻ႔႐ူ႕ေတာင့္ကေနလည္း ျမန္မာကို ျပန္လည္ၾကည္႐ူ႕တတ္သြားတယ္။ ဒီအေတြးအျမင္ေတြဟာ အခြင့္ႀကဳံလို႔ တိုင္းျပည္တည္ေဆာက္ေရး လုပ္ငန္းခြင္ေတြမွာ ပါဝင္ခြင့္ရွိခဲ့မယ္ဆိုရင္ အလြန္တန္ဖိုး ရွိလာပါလိမ့္မယ္။

၉ ။ သတိရစရာ လွပတဲ့ အတိတ္

ေက်ာင္းၿပီးသြားလို႔ မၾကာပါဘူး၊ တကၠသိုလ္ကို ေတာ္ေတာ္ျပန္သတိရတတ္ၾကပါတယ္။ ေပ်ာ္ခဲ့ပါးခဲ့တာေတြ၊ ကဲခဲ့သဲခဲ့တာေတြ၊ စခဲ့ေနာက္ခဲ့ တာေတြကအစ ၊ ဆရာဆရာမေတြ၊ အတန္းေဖၚ အတန္းဘက္ေတြ၊ အသင္းအဖြဲ႕ သားေတြ၊ အားလုံးအားလုံး လြမ္းစရာႀကီးႀကီး ေတြ ျဖစ္လာတတ္ပါတယ္။ အသက္ေတြရလာလို႔ အတန္းသားေဟာင္းေတြ ျပန္လည္ေတြ႕ဆုံပြဲေတြ၊ အာစရိယ ပူေဇာ္ပြဲေတြ က်င္းပတာကလည္း ေတာ္ေတာ္ေပ်ာ္စရာေကာင္းပါတယ္။

Credit: Sayar Aung Ko Latt

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version
 ဘွဲ့ တစ်ခုခု ရဖို့၊ ပညာရေး ပြီးဆုံးဖို့၊ အလုပ်အကိုင်ကောင်းဖို့ ၊ အလုပ်ကောင်းတစ်ခုရရှိဖို့ စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုး ရှိတတ်ကြပါတယ်။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲ တက္ကသိုလ်တက်တက်၊ တက္ကသိုလ်တက်ရောက်တဲ့ ( ၄) နှစ်တာကာလဟာ လူ့ဘဝအတွက် တန်ဖိုးအရှိဆုံးအချိန်၊ အလှပဆုံးအချိန်နဲ့၊ ပညာအရဆုံး အချိန်အခါ ဖြစ်ပါတယ်။ တန်ဖိုးရှိရှိ အသုံးချတတ်မယ်ဆိုရင် ဘဝတစ်ခုလုံးအတွက် အခြေခံ အုတ်မြစ်ကောင်း တည်ဆောက်သွားနိုင်တဲ့ အချိန်အခါကောင်းဖြစ်ပါတယ်။ ဆွေးနွေးကြည့်ကြရအောင်

၁။ ကျောင်းနေဘက်

ကောလိပ်တက်တက်၊ တက္ကသိုလ်တက်တက် သင်နဲ့သိကျွမ်းမဲ့ အတန်းဖေါ် အတန်းဘက်၊ ကျောင်းနေဖေါ် ကျောင်းနေဘက်များဟာ သင့်ဘဝတစ်ခုလုံးအတွက် အလွန်တန်ဖိုးရှိတဲ့ သူငယ်ချင်းများ ဖြစ်ကြပါတယ်။ နေရာစုံ၊ ဒေသစုံက ရောက်လာကြတဲ့သူများ ဖြစ်ကြပါတယ်။ နောင်တချိန်မှာ နယ်ပယ်အသီးသီးမှာ အထွဒ်အထိပ်ရောက်ကြမဲ့သူတွေ၊ အောင်မြင်ကြမဲ့ သူတွေ ပါဝင်ပါတယ်။ သူတို့ဟာ သင်ရဲ့ အနာဂတ်အတွက် လုပ်ဖေါ် ကိုင်ဘက်၊ စီးပွားဖေါ် စီးပွားဘက်တွေ ဖြစ်လာနိုင်ပါတယ်။ ကျောင်းသူကျောင်းသားတော်တော်များများအတွက် အိမ်ထောင်ဘက်လည်း ကျောင်းနေဘက်ကနေ ရရှိကြပါတယ်။ စီးပွားရေးမှာ အောင်မြင်တဲ့ သူတော်တော်များများဟာ တက္ကသိုလ်တက်စဉ်က တည်ဆောက်ခဲ့တဲ့ သူငယ်ချင်းကွန်ယက်ရဲ့ အကူအညီကြောင့်ဖြစ်ပါတယ်။ ကျောင်းတက်စဉ်ကာလအတွင်းမှာ သူငယ်ချင်း များများ ပေါင်းသင်းထားနိုင်ရင် နောင်ဘဝတစ်ခုလုံးအတွက် အကျိုးရှိပါတယ်။

၂။ မိမိကိုယ်မိမိ

တက္ကသိုလ် ( ၄ ) နှစ်၊ သင့်လိုထူးချွန်တဲ့လူတွေ၊ သင့်ထက်ထူးချွန်တဲ့လူတွေ၊ သင့်နီးပါးထူးချွန်တဲ့လူတွေနဲ့ အတူတကွ ပညာသင်ကြားရတော့ သင့်ကိုသင် သိမြင်ဖို့ အခွင့်အရေး ပိုမိုရရှိစေနိုင်ပါတယ်။ အရည်အချင်း မတိမ်းမယိမ်း လူတွေ လာရောက်စုစည်းမိတယ်ဆိုတော့ သင်ဟာ သင်ထင်ထားသလောက် မထူးချွန်ဘူးဆိုတာ သိမြင်လာတတ်သလို သင့်မထင်မှတ်ထားတဲ့ အရည်အချင်းတွေလည်း ပိုင်ဆိုင်နေသေးတယ်ဆိုတာ သိရှိလာတတ်ပါတယ်။
တက္ကသိုလ် ပတ်ဝန်းကျင်ဟာ အထက်တန်းနဲ့ နိူင်းယှဉ်ကြည့်ရင် ပိုမိုလွတ်လပ်ပြီး ပိုမိုလည်း ကျယ်ပြန့်ပါတယ်။ သင်နှစ်သက်တဲ့ အရာတစ်ခုခုကို လေ့လာလိုက်စားနိုင်သလို၊ ကိုယ်တကယ် ဘာဝါသနာပါသလဲဆိုတာ အသေအချာ စမ်းစစ်ရမဲ့ ကာလလည်းဖြစ်ပါတယ်။ စိတ်ဓါတ်ရင့်ကျက်ဖို့ အကောင်းဆုံးအချိန်အခါဖြစ်ပြီး ဘဝကို ခြေလှမ်းဖို့ ပြင်ဆင်မဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။

၃။ ကိုယ်ရည်ကိုယ်သွေး

တက္ကသိုလ်မှာ နယ်ပယ်အသီးသီးက ဝါသနာအမျိုးမျိုး ပါတဲ့ လူတော်တွေ အတော်များများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခွင့်အရေး ရှိပါတယ်။ တေးဂီသပွဲတွေ၊ စာပေစကားဝိုင်းတွေ၊ အနုပညာ အကြောင်းတွေ၊ အသင်းအဖွဲ့ အမျိုးမျိုး၊ ကလပ် အမျိုးမျိုး၊ အားကစားပွဲအမျိုးမျိုး အခွင့်အရေး အမျိုးမျိုး ပါဝင်ပတ်သက်ခွင့်ရှိတဲ့ အတွက် ကျောင်းသူကျောင်းသားများအနေနဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်ဖို့ အကောင်းဆုံး အခွင့်အရေး ရရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့ ကျောင်းသူကျောင်းသားများဟာ တက္ကသိုလ်ရဲ့ လွတ်လပ်တဲ့ သဘောသဘာဝကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုပါတယ်။

၄။ လွတ်လပ်စွာ စဉ်းစားတွေးခေါ်တတ်ခြင်း

တက္ကသိုလ်မှာ လွတ်လပ်တယ်။ ကိုယ်ပိုင်အချိန်များတယ်။ ကိုယ်ဘာအတန်းတက်မလဲ ဆိုတာက အစ ကိုယ့်ကိုယ်ကို ဆုံးဖြတ်ရတတ်ပါတယ်။ လွတ်လပ်တဲ့အချိန်များတော့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲ ရသလဲဆိုတာကအစ လေ့ကျင့်ဖို့ အခွင့်အရေး ရရှိပါတယ်။ အချိန်ကို စတင်စီမံခန့်ခွဲခြင်းဟာ သင်လွတ်လပ်စွာ စဉ်းစားတွေးခေါ် ခြင်းအစ ဖြစ်တတ်ပါတယ်။
တက္ကသိုလ်တက်စမှာ ပတ်ဝန်းကျင်ဖြစ်ဖြစ်၊ အစားအသောက်ဖြစ်ဖြစ်၊ ယဉ်ကျေးမူ ကြောင့်ဖြစ်ဖြစ်၊ သင်မဝင်ဆန့်နိုင်ပဲ အဆင်မပြေမူတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ သင်ဟာ တဖြည်းဖြည်း ဝင်ဆန့်လာပြီး ဘာမဆို ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်သွားတာကို သင်သတိပြုမိလာပါလိမ့်မယ်။ ကိုယ်ပိုင်စဉ်းစားတတ်လာပြီဆိုရင် ပြသနာအမျိုးမျိုုးနဲ့ ဖြေရှင်းဖို့ နည်းလမ်းအမျိုးမျိုးကို သင်စဉ်းစားရှာဖွေ တတ်လာပါလိမ့်မယ်။ လုံးဝ အကြံမရရင် သင်အင်တာနက်ကို အကူအညီ တောင်းကောင်းတောင်းပါလိမ့်မယ်။ ဆရာတွေ၊ သူငယ်ချင်းတွေကို မေးကောင်းမေးပါလိမ့်မယ်။ သင်စာကြည့်တိုက်မှာ သွားအဖြေရှာတာလည်းဖြစ်နိုင်ပါတယ်။
သူမူရေးရဲ့ ရူတ်ထွေးပွေလီမူတွေကို သင်တဖြည်းဖြည်း နားလည်သိရှိလာပါလိမ့်မယ်။ လောကကြီးတစ်ခုလုံး အဖြူအမဲ သဲသဲကွဲကွဲ အမှားအမှန်ဆိုတာ နည်းပါးပြီး အမှားနဲ့ အမှန်ရောယှက်တဲ့ ကြားခံအညိုရောင် ရှိတတ်တဲ့ သဘောတရားကို သင်လက်ခံလာပါလိမ့်မယ်။ ဒါတွေအားလုံးဟာ သင့်ကို အတွေးအခေါ် ရင့်ကျက်စေတာပါပဲ။

၅။ ဗဟုသုတ

သင်အတန်းပျက်ကောင်းပျက်ပါလိမ့်မယ်။ အချို့ ဘာသာရပ်တွေ သင်ကောင်းကောင်းနာမလည်တာမျိုး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သင်စာသင်ခန်းထဲမှာ အိပ်ပျော်ကောင်းအိပ်ပျော်မိပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သင်ဟာ ဗဟုသုတ တော်တော်ရှိလာတာကို သင်အံ့သြစွာ တွေ့ရှိလာပါလိမ့်မယ်။
သင့်ရဲ့ ဝါသနာနဲ့ ကျွမ်းကျင်မူ သင်စောစောရှာဖွေတွေ့ရှိလေ၊ သင်ဗဟုသုတ ပိုများလာလေ ဖြစ်တယ်။ ဗဟုသုတ ဆိုတာ အသိပညာ ဖြစ်ပါတယ်။ အရင်ခေတ်တုန်းက အောင်မြင်ဖို့ အတွက် အဆက်အသွယ်ကောင်းဖို့နဲ့ အာဏာပိုင်လူကြီးတွေနဲ့ ခင်မင်ရင်းနီးဖို့ လိုအပ်ခဲ့ပေမဲ့ ယနေ့ခေတ်အခါမှာ အသိပညာဟာ ပိုမို အရေးပါလာတာကို တွေ့ရှိပါလိမ့်မယ်။



၆။ ဘွဲ့၊ ဒီဂရီ

ဘွဲ့ မြင့်တိုင်း အောင်မြင်မူ မြင့်မားတယ်လို့ မဆိုသာပေမဲ့ ပထမဆုံး အလုပ်ရှာဖွေသူ အနေနဲ့ ဘွဲ့လက်မှတ်ဟာ တော်တော် အရေးပါ အရာရောက်ပါတယ်။ ဒါကြောင့် ဘွဲ့ ဒီဂရီ တစ်ခုခု ဟာ အလုပ်ခွင်ထဲ ဝင်ရောက်ဖို့ ပထမဆုံးသော အာမခံချက်ဖြစ်ပါတယ်။

၇။ ဆက်ဆံရေး

တက္ကသိုလ်မှာ ရှိတဲ့ အဆက်အသွယ်အားလုံး၊ ဆက်ဆံရေး အားလုံးတို့ကို ကိုယ်ကိုယ်တိုင်ပဲ ကိုင်တွယ်ဖြေရှင်းရပါတယ်။ တက္ကသိုလ် အသိုင်းအဝိုင်း ဟာ ပြင်ပလောကလောက် အလိမ်အကောက် မများသေးပေမဲ့ အထက်တန်းကျောင်းသားဘဝနဲ့ နိူင်းယှင်ရင် တော်တော်ရူတ်ထွေးနေပါပြီ။ တက္ကသိုလ်ဘဝမှာ ဆက်ဆံရေး အဆင်ပြေဖို့ဆိုတာ ဦးနောက်တော်တော်သုံးရပါတယ်။ အရည်အချင်းရှိရပါတယ်။ ဒါကြောင့် ဆက်ဆံရေးမှာ များများ ဦးနောက်သုံးဖို့ တိုက်တွန်းပါတယ်။

၈။ အတွေးအမြင်

တက္ကသိုလ်တက်တော့ အသိပညာတွေ အများကြီးတိုးပွားတယ်။ အနယ်နယ် အရပ်ရပ်က လူတွေနဲ့ ခင်မင်သိကျွမ်းရတယ်။ နယ်မှာနေတဲ့ ကျောင်းသားတွေ မြို့ မှာလာပြီး ကျောင်းတက်ရတယ်။ အနယ်နယ် အရပ်ရပ်က လူတွေနဲ့ ထိတွေ့ရတော့ ဗဟုသုတ များလာတယ်။ ထူချွန်တဲ့လူတွေနဲ့ သူငယ်ချင်းဖြစ်ရတယ်။ တအားထူးချွန်တဲ့ ဆရာဆရာမတွေနဲ့ ပညာဆည်းပူးရတယ်။ အလွန်ပြည့်စုံတဲ့ စာကြည့်တိုက်နဲ့ နီးစပ်ရတယ်။ အတွေးအမြင်တွေ အများကြီး ပြောင်းလဲစေပါတယ်။ နိုင်ငံခြားကို သွားရောက်ပညာဆည်းပူးခွင့်ရှိတဲ့ကျောင်းသားများကြတော့ တကမ္ဘာလုံးရဲ့ ကျောင်းသားတွေနဲ့ ထိတွေ့ခွင့်ရှိတယ်။ မြန်မာ့ရူ့တောင့်ကနေ ကမ္ဘာကိုကြည့်ရူ့သွားတတ်သလို၊ ကမ္ဘာ့ရူ့တောင့်ကနေလည်း မြန်မာကို ပြန်လည်ကြည်ရူ့တတ်သွားတယ်။ ဒီအတွေးအမြင်တွေဟာ အခွင့်ကြုံလို့ တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းခွင်တွေမှာ ပါဝင်ခွင့်ရှိခဲ့မယ်ဆိုရင် အလွန်တန်ဖိုး ရှိလာပါလိမ့်မယ်။

၉ ။ သတိရစရာ လှပတဲ့ အတိတ်

ကျောင်းပြီးသွားလို့ မကြာပါဘူး၊ တက္ကသိုလ်ကို တော်တော်ပြန်သတိရတတ်ကြပါတယ်။ ပျော်ခဲ့ပါးခဲ့တာတွေ၊ ကဲခဲ့သဲခဲ့တာတွေ၊ စခဲ့နောက်ခဲ့ တာတွေကအစ ၊ ဆရာဆရာမတွေ၊ အတန်းဖေါ် အတန်းဘက်တွေ၊ အသင်းအဖွဲ့ သားတွေ၊ အားလုံးအားလုံး လွမ်းစရာကြီးကြီး တွေ ဖြစ်လာတတ်ပါတယ်။ အသက်တွေရလာလို့ အတန်းသားဟောင်းတွေ ပြန်လည်တွေ့ဆုံပွဲတွေ၊ အာစရိယ ပူဇော်ပွဲတွေ ကျင်းပတာကလည်း တော်တော်ပျော်စရာကောင်းပါတယ်။

Credit: Sayar Aung Ko Latt

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top