iMyanmarHouse.com - Best Property Website for Myanmar
×







ပို့သပေးပါတယ်။

#Unicode Version
(၁)လူတစ်ယောက်ရဲ့ချစ်ခြင်းကိုခံရတာဟာ ခွန်အားတွေကိုရရှိလိုက်သလိုပါပဲ။ သင့်ဘက်မှာအမြဲ မားမားမတ်မတ်ရပ်တည်ပြီး ချစ်ပေးမယ့်သူရှိနေတာကြောင့်ပါ။ ဒါပေမယ့် သင် လူတစ်ယောက်ကို အချစ်စစ်နဲ့ချစ်ဖို့ဆိုရင်တော့ ရဲရင့်တဲ့သတ္တိရှိဖို့လိုအပ်လာပါပြီ။ အချစ်ဆိုတာ လွယ်ကူရိုးစင်းလှတဲ့ ပေါ့ပျက်ပျက်အရာမဟုတ်ပါ။

(၂)အကယ်၍ အခြားသောသူတစ်ယောက်ရဲ့ပျော်ရွှင်မှုဟာ သင့်ရဲ့ပျော်ရွှင်မှုပဲလို့ တွေးထင်လာမိရင် ဒါဟာအချစ်စိတ်လို့ခေါ်ပါတယ်။

(၃)သင့်ခံစားချက်ကိုထုတ်ဖော်ပြသဖို့ ဝန်မလေးပါနှင့်။ စိတ်ခံစားချက်ကို သတ္တိရှိရှိဖော်ထုတ်ပြရဲတာဟာ သင်က မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်ဖြစ်တယ်ဆိုတာကို ဖော်ညွှန်းပေးနိုင်တဲ့ လက္ခဏာကောင်းတစ်ရပ်ပဲဖြစ်ပါတယ်

(၄)ပျော်ရွှင်စရာကောင်းတဲ့ စိတ်ကူးယဉ်ဆန်ဆန်အချစ်ဇာတ်လမ်းတစ်ပုဒ်ကိုဖန်တီးပြီး ကိုယ်တိုင် လက်တွေ့အကောင်အထည်ဖော် စီးမျောခံစားကြည့်ပါ။ သင့်ရည်ရွယ်သူကလည်း စိတ်ပါဝင်စားစွာ ဇာတ်လိုက်အဖြစ်ပါဝင်နေသလားဆိုတာကိုစောင့်ကြည့်ပြီး စစ်မှန်တဲ့အချစ်စစ်ကိုရှာဖွေပါ။

(၅)ရက်စက်လွန်းလှတဲ့ လူ့လောကကြီးထဲမှာ စစ်မှန်တဲ့ချစ်ခြင်းတွေပြည့်နှက်နေတဲ့သူဟာအချစ်ကိုတန်ဖိုးထားတတ်တဲ့လူသားတွေပါ။ လူတစ်ယောက်ကိုစွဲစွဲလန်းလန်းချစ်မိတာဟာ ကြီးမားတဲ့ပြစ်ဒဏ်မဟုတ်သလို အားနည်းချက်တစ်ခုလည်းမဟုတ်ပါဘူး။

Credit:စံပယ်(ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top