iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္း သာယာေပ်ာ္ရႊင္တဲ့ အခ်စ္ေရး အိမ္ေထာင္ေရးကိုပဲ အလိုရွိၾကပါတယ္။ အထူးသျဖင့္ မိန္းကေလးေတြဆိုရင္လည္း တစ္အိုးတစ္အိမ္ေထာင္ပဲ ထူေထာင္ခ်င္ၾကတာပါ။ ခ်စ္သူႏွစ္ဦး ဆက္ဆံေရးမွာ ကိုယ့္ခ်စ္သူ အမ်ိဳးသားအေပၚ မိန္းကေလးအေနနဲ႔ မလုပ္သင့္တဲ့ အျပဳအမူ ၅ မ်ိဳးကို မွ်ေ၀ေပးခ်င္ပါတယ္။

၁။ သူ႔ရဲ့ ျပႆနာေတြအားလံုးကို ေျဖရွင္းဖို႔ႀကိဳးစားတယ္။

သူ႔ရဲ့ အလုပ္မွာကိစၥပဲျဖစ္ျဖစ္ ေငြေၾကးကိစၥပဲျဖစ္ျဖစ္ သင့္အေနနဲ႔ အၿမဲတမ္း ကူညီဖို႔ ေျဖရွင္းေပးဖို႔ မႀကိဳးစားသင့္ပါဘူး။ သူတို႔ကိုယ္တိုင္ပဲ ေျဖရွင္းခိုင္းတာေကာင္းပါတယ္။ မဟုတ္ရင္ သူ႔ကိုယ့္သူ အသံုးမက်သူတစ္ေယာက္အျဖစ္ ျမင္ေနၿပီး သူေပ်ာ္ေတာ့မွာမဟုတ္သလို သူ႔ရဲ့အနာဂတ္အတြက္ တာ၀န္ယူမႈ တာ၀န္ခံမႈလုပ္ဖုိ႔လည္း သူယံုၾကည္မႈရွိေတာ့မွာမဟုတ္ပါဘူး။ သင္ဟာ မိန္းကေလးတစ္ေယာက္ျဖစ္တယ္ဆိုတာ သတိရပါ။ ျပႆနာအားလံုးကို ေျဖရွင္းေပးႏိုင္တဲ့ သူတစ္ေယာက္မဟုတ္ဘူးေလ။

၂။ သူ႔ကိုအၿမဲတမ္း တန္ဖိုးႀကီးတဲ့ လက္ေဆာင္ေတြပဲေပးေနတယ္။

သင့္ခ်စ္သူတို႔မိသားစုက သာမန္မိသားစုပဲျဖစ္ၿပီး သင္ကခ်မ္းသာတဲ့သူဆို ပိုဆိုးပါတယ္။ ဒီလိုမ်ိဳး မလုပ္သင့္ပါဘူး။ လက္ေဆာင္ဆိုတာ တန္ဖိုးႀကီးမွ တန္ဖိုးရွိတာမဟုတ္ပါဘူး။ တန္ဖိုးထားတတ္တဲ့သူနဲ႔ပဲ သက္ဆိုင္ပါတယ္။ သူေပးတဲ့လက္ေဆာင္နဲ႔ တန္ဖိုးညီမွ်တာ သို႔ သိပ္မကြာတာကိုပဲ ေပးသင့္ပါတယ္။ မဟုတ္ရင္ သူ႔ကိုယ္သူ သိမ္ငယ္စိတ္ျဖစ္ေစါတယ္။

၃။ သူငိုတဲ့အခါ အၿမဲတမ္းလိုလို ႏွစ္သိမ့္ေပးျခင္း။

အၿမဲတမ္းလိုလို သူ၀မ္းနည္းတဲ့အခ်ိန္ပဲ သင့္ကို သတိရတတ္တာဟာ သင့္ကို သူခ်စ္မိသြားတာနဲ႔မဆိုင္ပါဘူး။ သင္ဟာ သူ၀မ္းနည္းခ်ိန္မွာ ေတြ႔ဖို႔ မိတ္ေဆြေကာင္းတစ္ေယာက္ ေလာက္သာ ျဖစ္သြားႏိုင္ပါတယ္။ သူစိတ္ဆင္းရဲေနတဲ့အခါ စိတ္ညစ္ေနတဲ့အခါ ျပႆနာကို ဘယ္လိုေျဖရွင္းမလဲဆိုတာကို ၀င္ေရာက္စြက္ဖက္တာမ်ိဳးမဟုတ္ဘဲ အႀကံေပးသင့္ပါတယ္။

၄။ ငါနင့္ကို ေျပာသားပဲ

ငါနင့္ကို ေျပာသားပဲမဟုတ္လားဆိုၿပီး ေျပာတာက သင္ဟာ သူ႔ထက္ပိုၿပီးေတာ္တယ္ဆိုတဲ့ ပံုမ်ိဳး အဓိပၸာယ္ေဆာင္ပါတယ္။ တစ္ခ်ိဳ႕ေယာက်ၤားေလးေတြက အဲဒီလိုမ်ိဳး ခံစားရတာကိုမႀကိဳက္ပါဘူး။

၅။ သင့္ရဲ့ ကိုယ္ပိုင္ဘ၀နဲ႔ အလုပ္ကို စြန္႔လြတ္လိုက္ျခင္း

ဒါကေတာ့ အိမ္ေထာင္က်ၿပီးတဲ့ေနာက္ပိုင္း အလုပ္ကေန ထြက္တာ မိတ္ေဆြသူငယ္ခ်င္းေတြကို မဆက္သြယ္ေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ အိမ္ေထာင္က်တယ္ဆိုတာ ဒီလိုလုပ္ဖုိ႔အတြက္မဟုတ္ပါဘူး။ မိသားစုဘ၀ကို ဂရုစိုက္တာေကာင္းပါတယ္။ ဒါေပမယ့္ဒီေလာက္ထိ လုပ္စရာမလိုပါဘူး။ သင္တို႔ႏွစ္ေယာက္ ေသခ်ာတိုင္ပင္သင့္ပါတယ္။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
လူတိုင်း သာယာပျော်ရွှင်တဲ့ အချစ်ရေး အိမ်ထောင်ရေးကိုပဲ အလိုရှိကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေဆိုရင်လည်း တစ်အိုးတစ်အိမ်ထောင်ပဲ ထူထောင်ချင်ကြတာပါ။ ချစ်သူနှစ်ဦး ဆက်ဆံရေးမှာ ကိုယ့်ချစ်သူ အမျိုးသားအပေါ် မိန်းကလေးအနေနဲ့ မလုပ်သင့်တဲ့ အပြုအမူ ၅ မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ သူ့ရဲ့ ပြဿနာတွေအားလုံးကို ဖြေရှင်းဖို့ကြိုးစားတယ်။

သူ့ရဲ့ အလုပ်မှာကိစ္စပဲဖြစ်ဖြစ် ငွေကြေးကိစ္စပဲဖြစ်ဖြစ် သင့်အနေနဲ့ အမြဲတမ်း ကူညီဖို့ ဖြေရှင်းပေးဖို့ မကြိုးစားသင့်ပါဘူး။ သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းခိုင်းတာကောင်းပါတယ်။ မဟုတ်ရင် သူ့ကိုယ့်သူ အသုံးမကျသူတစ်ယောက်အဖြစ် မြင်နေပြီး သူပျော်တော့မှာမဟုတ်သလို သူ့ရဲ့အနာဂတ်အတွက် တာဝန်ယူမှု တာဝန်ခံမှုလုပ်ဖို့လည်း သူယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ သင်ဟာ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ သတိရပါ။ ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်တဲ့ သူတစ်ယောက်မဟုတ်ဘူးလေ။

၂။ သူ့ကိုအမြဲတမ်း တန်ဖိုးကြီးတဲ့ လက်ဆောင်တွေပဲပေးနေတယ်။

သင့်ချစ်သူတို့မိသားစုက သာမန်မိသားစုပဲဖြစ်ပြီး သင်ကချမ်းသာတဲ့သူဆို ပိုဆိုးပါတယ်။ ဒီလိုမျိုး မလုပ်သင့်ပါဘူး။ လက်ဆောင်ဆိုတာ တန်ဖိုးကြီးမှ တန်ဖိုးရှိတာမဟုတ်ပါဘူး။ တန်ဖိုးထားတတ်တဲ့သူနဲ့ပဲ သက်ဆိုင်ပါတယ်။ သူပေးတဲ့လက်ဆောင်နဲ့ တန်ဖိုးညီမျှတာ သို့ သိပ်မကွာတာကိုပဲ ပေးသင့်ပါတယ်။ မဟုတ်ရင် သူ့ကိုယ်သူ သိမ်ငယ်စိတ်ဖြစ်စေါတယ်။

၃။ သူငိုတဲ့အခါ အမြဲတမ်းလိုလို နှစ်သိမ့်ပေးခြင်း။

အမြဲတမ်းလိုလို သူဝမ်းနည်းတဲ့အချိန်ပဲ သင့်ကို သတိရတတ်တာဟာ သင့်ကို သူချစ်မိသွားတာနဲ့မဆိုင်ပါဘူး။ သင်ဟာ သူဝမ်းနည်းချိန်မှာ တွေ့ဖို့ မိတ်ဆွေကောင်းတစ်ယောက် လောက်သာ ဖြစ်သွားနိုင်ပါတယ်။ သူစိတ်ဆင်းရဲနေတဲ့အခါ စိတ်ညစ်နေတဲ့အခါ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဝင်ရောက်စွက်ဖက်တာမျိုးမဟုတ်ဘဲ အကြံပေးသင့်ပါတယ်။

၄။ ငါနင့်ကို ပြောသားပဲ

ငါနင့်ကို ပြောသားပဲမဟုတ်လားဆိုပြီး ပြောတာက သင်ဟာ သူ့ထက်ပိုပြီးတော်တယ်ဆိုတဲ့ ပုံမျိုး အဓိပ္ပာယ်ဆောင်ပါတယ်။ တစ်ချို့ယောင်္ကျားလေးတွေက အဲဒီလိုမျိုး ခံစားရတာကိုမကြိုက်ပါဘူး။

၅။ သင့်ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကို စွန့်လွတ်လိုက်ခြင်း

ဒါကတော့ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း အလုပ်ကနေ ထွက်တာ မိတ်ဆွေသူငယ်ချင်းတွေကို မဆက်သွယ်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အိမ်ထောင်ကျတယ်ဆိုတာ ဒီလိုလုပ်ဖို့အတွက်မဟုတ်ပါဘူး။ မိသားစုဘဝကို ဂရုစိုက်တာကောင်းပါတယ်။ ဒါပေမယ့်ဒီလောက်ထိ လုပ်စရာမလိုပါဘူး။ သင်တို့နှစ်ယောက် သေချာတိုင်ပင်သင့်ပါတယ်။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top