iMyanmarHouse.com - Best Property Website for Myanmar
×

မိုးရာသီဟာ ဆံႏြယ္ေတြအတြက္ ထိန္းသိမး္ရခက္ခဲေစတဲ့ ရာသီကာလတစ္ခု ျဖစ္ပါတယ္။ မိုးရာသီမွာ အမ်ားစု ႀကံဳေတြ႔ၾကရတဲ့ ဆံသားျပႆနာကေတာ့ အက္ဆစ္မိုး၊ မသန္႔ရွင္းတဲ့ မိုးေရထဲက အညစ္အေၾကးေတြနဲ႔ ေလထုထဲက အစိုဓာတ္ပမာဏ ျမင့္တက္လာမႈေတြေၾကာင့္ ဆံႏြယ္ေတြကို ပါးကပ္ၿပီး ပိျပားေစပါတယ္။ ဒါ့အျပင္ ပါးကပ္ၿပီး ပိျပားေနတဲ့ ဆံပင္ေတြၾကာင့္ ပုံစံမက်ဘဲ သင့္အတြက္ ဆံပင္မလွတဲ့ေန႔ရက္ေတြကို ျဖစ္ေပၚဖန္တီးေစႏိုင္ပါ တယ္။ သို႔ေပမယ့္လို႔ စိတ္မပူပါနဲ႔။ မိုးရာသီတစ္ခုလုံးမွာ ဆံႏြယ္ေတြကို ေက်ာ့ရွင္းလွပေနေစၿပီး ျပားကပ္ကပ္မဟုတ္ဘဲ အုံထူထူေလး ျဖစ္ေနေစမယ့္ နည္းလမ္းေကာင္းေလးေတြကို ေဖာ္ျပေပးမွာမို႔ပဲ ျဖစ္ပါတယ္။

Hair Styling Product ေတြ ေလွ်ာ့သုံးပါ။

မိမိရဲ႕ နဂိုဆံပင္ပုံစံကို မေက်နပ္၊ အားမရလို႔ styling product ေတြနဲ႔ ပုံသြင္းၾကရတဲ့ ပ်ိဳေမတို႔ရဲ႕ဘ၀ကို စာနာနားလည္
ပါတယ္။ သို႔ေပမယ့္လည္း မိုးရာသီမွာေတာ့ ထိုဆံပင္ပုံသြင္းတဲ့ product ေတြကို ခဏရပ္နားထားပါလို႔ပဲ အႀကံေပးလို
ပါ တယ္။ ေလထုထဲက မ်ားျပားလြန္းလွတဲ့ အစိုဓာတ္ေၾကာင့္ ထို product ေတြ အသုံးျပဳလုိက္တဲ့အခါ ဆံသားကို ပိုၿပီး
ေစးကပ္ထိုင္းမိႈင္းေစႏိုင္တာေၾကာင့္ သင့္ဦးေရျပားနဲ႔ ဆံႏြယ္ေတြကို ပ်က္စီးေစႏိုင္သလို ဆံပင္ပုံစံကိုလည္း  ပိုၿပီးျပားကပ္
သြားေစႏိုင္ပါတယ္။

ဆံပင္ကို ေျခာက္ေသြ႔ေအာင္ထားပါ။

တတ္ႏိုင္သမွ် သင့္ဆံပင္ေတြကို ေျခာက္ေသြ႔ေအာင္ထားပါ။ မိုးရာသီမွာ မၾကာခဏ ဆံပင္ကို မိုးေရစိုျခင္းဟာ သင့္ဆံသား အတြက္ မေကာင္းလွပါဘူး။ မိုးေရမွာ အက္ဆစ္ဓာတ္နဲ႔ အညစ္အေၾကးေတြ ပါ၀င္တဲ့ အျပင္ ေလထုထဲက ျမင့္မားလွတဲ့ စိုထိုင္းစနဲ႔ ပူးေပါင္းသြားတဲ့အခါ သင့္အတြက္ ဆံပင္မေကာင္းတဲ့ ေန႔ရက္ေတြ ကို ျဖစ္ေပၚလာေစႏိုင္ပါတယ္။ အျပင္ထြက္တဲ့ အခါ ဆံပင္ေတြကို မိုးေရမစိုေအာင္ သတိထားၿပီး ပ်က္စီးမႈမွ ကာကြယ္ပါ။ အကယ္၍ မိုးေရစိုခဲ့ရင္လည္း ဆံပင္ရွည္သူ အမ်ားစု အသုံးျပဳတတ္ၾကတဲ့ ေရွးရိုးနည္းလမ္းတစ္ခုျဖစ္တဲ့ ဆံသားရဲ႕ အစိုဓာတ္ေတြကို တဘက္နဲ႔ စုပ္ယူလိုက္ျခင္းအားျဖင့္ တျဖည္းျဖည္းခ်င္း ေျခာက္ေသြ႔သြားေစတဲ့ နည္းလမ္းကို အသုံးျပဳသင့္ပါတယ္။ အထူးသတိျပဳသင့္တာကေတာ့ ေရစိုေနစဥ္ ဆံပင္ေတြကို ဘီးမၿဖီးမိေစဖို႔ပါပဲ။

ပုံမွန္ဆံပင္ေပ်ာ႔ေဆးသုံးပါ။

မိုးရာသီရဲ႕ ေလထုထဲက ျမင့္တက္လာတဲ့ အစိုဓာတ္ေတြဟာ ဆံသားေျခာက္ေသြ႕ၾကမ္းတမ္းမႈကို ျဖစ္ေစႏိုင္ၿပီး ဆံေကသာကို ရႈပ္ေထြးပြေယာင္းေစပါတယ္။ ဒီျဖစ္စဥ္ကို ကာကြယ္ဖို႔အတြက္ အေပ်ာ႔စား ဆံပင္ေပ်ာ႔ေဆးနဲ႔ ဆံပင္ေပ်ာ႔ေဆး ပါ၀င္တဲ့ ေခါင္းေလွ်ာ္ရည္ကို ေရြးခ်ယ္အသုံးျပဳႏိုင္ပါတယ္။ ဆံပင္ေပ်ာ႔ေဆး အသုံးျပဳျခင္းအားျဖင့္ ဆံသား ပိုမိုေခ်ာေမြ႔ေစျခင္း၊ ဆံႏြယ္မ်ား ရႈပ္ေထြးလိန္ပြျခင္းမွ သက္သာေစျခင္း၊ ဆံသားရဲ႕ အေရာင္ေတာက္ပမႈကို အားေပးျခင္း၊ ဆံသားအစိုဓာတ္ကို ပိုမိုထိန္းသိမ္းထားႏိုင္ျခင္း၊ ပတ္၀န္းက်င္ညစ္ညမ္းမႈဒဏ္မွ ကာကြယ္ေပးျခင္းနဲ႔ ဆံသားအဖ်ားႏွစ္ခြ ျဖစ္ျခင္းမွ ကာကြယ္ေပးျခင္း စတဲ့ အက်ိဳးေက်းဇူးေတြကို ရရိွႏိုင္ပါတယ္။

မွန္ကန္တဲ့ေခါင္းေလွ်ာ္ရည္ကို ေရြးခ်ယ္သုံးစြဲပါ။

မိုးတြင္းအတြက္ ေခါင္းေလွ်ာ္ရည္ ေရြးခ်ယ္ရာမွာ မိမိလိုအပ္ခ်က္နဲ႔ ကိုက္ညီမယ့္ အမ်ိဳးအစားကို ေရြးခ်ယ္တတ္ဖို႔
အေရးႀကီးပါတယ္။ စိုစြတ္ထိုင္းမိႈင္းတဲ့ ပ်င္းရိဖြယ္ မိုးရာသီမွာ ဆံပင္ပုံစံကပါ ပုံမက်ပန္းမက် ျပားကပ္ကပ္ ျဖစ္ေန
တာမ်ိဳး၊ ထိန္းရသိမ္းရ ခက္ေနတာမ်ိဳးကို မိန္းကေလးအမ်ားစု စိတ္ပ်က္မိၾကပါလိမ့္မယ္။ မိုးရာသီတစ္ခုလုံးမွာ
ဆံပင္အုံ ထူထူေလးနဲ႔ မိမိလိုခ်င္တဲ့ ဆံေကသာပုံစံမ်ိဳးေလး ရရိွေအာင္ စြမ္းေဆာင္ေပးႏိုင္တဲ့ ေခါင္းေလွ်ာ္ရည္တစ္မ်ိဳး
ကို ညႊန္းေပး လိုက္ပါတယ္။ ဒါကေတာ့ Dove ရဲ႕ မိုးျပာေရာင္ ေခါင္းေလွ်ာ္ရည္ေလးပဲ ျဖစ္ပါတယ္။ ဒီေခါင္းေလွ်ာ္ရည္
ေလးဟာ Oxyfusion နည္းပညာအသစ္နဲ႔ ထုတ္လုပ္ထားတဲ့အတြက္ ပါးကပ္တဲ့ ဆံေကသာကို အားျဖည့္ေပးၿပီး
ပုံမွန္ထက္ (၉၅)ရာခိုင္ႏႈန္း အုံပိုထူတဲ့ ဆံေကသာကို ရရိွေစႏိုင္ပါတယ္။ ဆံသားအခ်င္းခ်င္း အစုိဓာတ္ေၾကာင့္ ေစးကပ္မႈ မျဖစ္ေစဘဲ သီးျခားစီ ျဖစ္ေစတဲ့အတြက္ ဆံႏြယ္ေတြကို ပိျပားေစးကပ္ေစတဲ့ မိုးရာသီနဲ႔ အံကိုက္ပဲ ျဖစ္ပါတယ္။

Credit:Shwemom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
မိုးရာသီဟာ ဆံနွယ်တွေအတွက် ထိန်းသိမ်းရခက်ခဲစေတဲ့ ရာသီကာလတစ်ခု ဖြစ်ပါတယ်။ မိုးရာသီမှာ အများစု ကြုံတွေ့ကြရတဲ့ ဆံသားပြဿနာကတော့ အက်ဆစ်မိုး၊ မသန့်ရှင်းတဲ့ မိုးရေထဲက အညစ်အကြေးတွေနဲ့ လေထုထဲက အစိုဓာတ်ပမာဏ မြင့်တက်လာမှုတွေကြောင့် ဆံနွယ်တွေကို ပါးကပ်ပြီး ပိပြားစေပါတယ်။ ဒါ့အပြင် ပါးကပ်ပြီး ပိပြားနေတဲ့ ဆံပင်တွေကြာင့် ပုံစံမကျဘဲ သင့်အတွက် ဆံပင်မလှတဲ့နေ့ရက်တွေကို ဖြစ်ပေါ်ဖန်တီးစေနိုင်ပါ တယ်။ သို့ပေမယ့်လို့ စိတ်မပူပါနဲ့။ မိုးရာသီတစ်ခုလုံးမှာ ဆံနွယ်တွေကို ကျော့ရှင်းလှပနေစေပြီး ပြားကပ်ကပ်မဟုတ်ဘဲ အုံထူထူလေး ဖြစ်နေစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးမှာမို့ပဲ ဖြစ်ပါတယ်။

Hair Styling Product တွေ လျှော့သုံးပါ။

မိမိရဲ့ နဂိုဆံပင်ပုံစံကို မကျေနပ်၊ အားမရလို့ styling product တွေနဲ့ ပုံသွင်းကြရတဲ့ ပျိုမေတို့ရဲ့ဘဝကို စာနာနားလည်
ပါတယ်။ သို့ပေမယ့်လည်း မိုးရာသီမှာတော့ ထိုဆံပင်ပုံသွင်းတဲ့ product တွေကို ခဏရပ်နားထားပါလို့ပဲ အကြံပေးလို
ပါ တယ်။ လေထုထဲက များပြားလွန်းလှတဲ့ အစိုဓာတ်ကြောင့် ထို product တွေ အသုံးပြုလိုက်တဲ့အခါ ဆံသားကို ပိုပြီး
စေးကပ်ထိုင်းမှိုင်းစေနိုင်တာကြောင့် သင့်ဦးရေပြားနဲ့ ဆံနွယ်တွေကို ပျက်စီးစေနိုင်သလို ဆံပင်ပုံစံကိုလည်း  ပိုပြီးပြားကပ်
သွားစေနိုင်ပါတယ်။

ဆံပင်ကို ခြောက်သွေ့အောင်ထားပါ။

တတ်နိုင်သမျှ သင့်ဆံပင်တွေကို ခြောက်သွေ့အောင်ထားပါ။ မိုးရာသီမှာ မကြာခဏ ဆံပင်ကို မိုးရေစိုခြင်းဟာ သင့်ဆံသား အတွက် မကောင်းလှပါဘူး။ မိုးရေမှာ အက်ဆစ်ဓာတ်နဲ့ အညစ်အကြေးတွေ ပါဝင်တဲ့ အပြင် လေထုထဲက မြင့်မားလှတဲ့ စိုထိုင်းစနဲ့ ပူးပေါင်းသွားတဲ့အခါ သင့်အတွက် ဆံပင်မကောင်းတဲ့ နေ့ရက်တွေ ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အပြင်ထွက်တဲ့ အခါ ဆံပင်တွေကို မိုးရေမစိုအောင် သတိထားပြီး ပျက်စီးမှုမှ ကာကွယ်ပါ။ အကယ်၍ မိုးရေစိုခဲ့ရင်လည်း ဆံပင်ရှည်သူ အများစု အသုံးပြုတတ်ကြတဲ့ ရှေးရိုးနည်းလမ်းတစ်ခုဖြစ်တဲ့ ဆံသားရဲ့ အစိုဓာတ်တွေကို တဘက်နဲ့ စုပ်ယူလိုက်ခြင်းအားဖြင့် တဖြည်းဖြည်းချင်း ခြောက်သွေ့သွားစေတဲ့ နည်းလမ်းကို အသုံးပြုသင့်ပါတယ်။ အထူးသတိပြုသင့်တာကတော့ ရေစိုနေစဉ် ဆံပင်တွေကို ဘီးမဖြီးမိစေဖို့ပါပဲ။

ပုံမှန်ဆံပင်ပျော့ဆေးသုံးပါ။

မိုးရာသီရဲ့ လေထုထဲက မြင့်တက်လာတဲ့ အစိုဓာတ်တွေဟာ ဆံသားခြောက်သွေ့ကြမ်းတမ်းမှုကို ဖြစ်စေနိုင်ပြီး ဆံကေသာကို ရှုပ်ထွေးပွယောင်းစေပါတယ်။ ဒီဖြစ်စဉ်ကို ကာကွယ်ဖို့အတွက် အပျော့စား ဆံပင်ပျော့ဆေးနဲ့ ဆံပင်ပျော့ဆေး ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဆံပင်ပျော့ဆေး အသုံးပြုခြင်းအားဖြင့် ဆံသား ပိုမိုချောမွေ့စေခြင်း၊ ဆံနွယ်များ ရှုပ်ထွေးလိန်ပွခြင်းမှ သက်သာစေခြင်း၊ ဆံသားရဲ့ အရောင်တောက်ပမှုကို အားပေးခြင်း၊ ဆံသားအစိုဓာတ်ကို ပိုမိုထိန်းသိမ်းထားနိုင်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုဒဏ်မှ ကာကွယ်ပေးခြင်းနဲ့ ဆံသားအဖျားနှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။



မှန်ကန်တဲ့ခေါင်းလျှော်ရည်ကို ရွေးချယ်သုံးစွဲပါ။

မိုးတွင်းအတွက် ခေါင်းလျှော်ရည် ရွေးချယ်ရာမှာ မိမိလိုအပ်ချက်နဲ့ ကိုက်ညီမယ့် အမျိုးအစားကို ရွေးချယ်တတ်ဖို့
အရေးကြီးပါတယ်။ စိုစွတ်ထိုင်းမှိုင်းတဲ့ ပျင်းရိဖွယ် မိုးရာသီမှာ ဆံပင်ပုံစံကပါ ပုံမကျပန်းမကျ ပြားကပ်ကပ် ဖြစ်နေ
တာမျိုး၊ ထိန်းရသိမ်းရ ခက်နေတာမျိုးကို မိန်းကလေးအများစု စိတ်ပျက်မိကြပါလိမ့်မယ်။ မိုးရာသီတစ်ခုလုံးမှာ
ဆံပင်အုံ ထူထူလေးနဲ့ မိမိလိုချင်တဲ့ ဆံကေသာပုံစံမျိုးလေး ရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်တစ်မျိုး
ကို ညွှန်းပေး လိုက်ပါတယ်။ ဒါကတော့ Dove ရဲ့ မိုးပြာရောင် ခေါင်းလျှော်ရည်လေးပဲ ဖြစ်ပါတယ်။ ဒီခေါင်းလျှော်ရည်
လေးဟာ Oxyfusion နည်းပညာအသစ်နဲ့ ထုတ်လုပ်ထားတဲ့အတွက် ပါးကပ်တဲ့ ဆံကေသာကို အားဖြည့်ပေးပြီး
ပုံမှန်ထက် (၉၅)ရာခိုင်နှုန်း အုံပိုထူတဲ့ ဆံကေသာကို ရရှိစေနိုင်ပါတယ်။ ဆံသားအချင်းချင်း အစိုဓာတ်ကြောင့် စေးကပ်မှု မဖြစ်စေဘဲ သီးခြားစီ ဖြစ်စေတဲ့အတွက် ဆံနွယ်တွေကို ပိပြားစေးကပ်စေတဲ့ မိုးရာသီနဲ့ အံကိုက်ပဲ ဖြစ်ပါတယ်။
Credit:Shwemom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top