iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္နဲ႔ပတ္သက္လာရင္ မိန္းကေလးေတြက စိတ္ဒုကၡအေရာက္ဆံုးပါ။ ကိုယ့္ခ်စ္သူ ကိုယ့္ကိုမခ်စ္မွာေၾကာက္လြန္းလို႔ အမ်ိဳးမ်ိဳးအလွျပင္၊ အခ်ိဳးေတြျပင္နဲ႔ ျပဳျပင္ေျပာင္းလဲေနရတယ္။ ဒါေတာင္ ၾကားထဲက တစ္ခါတစ္ခါ စႏိုက္အေၾကာ္ခံရေသး။ ဒီလိုနဲ႔ပဲေယာက္်ားေတြက မခ်စ္တတ္ဘူးလို႔မထင္နဲ႔ေနာ္။ သူတို႔က ခ်စ္ျပီဆို ေယာင္းတုိ႔ထက္ (၂)ခါျပန္ပိုခ်စ္တတ္တယ္။ ကဲ..ေယာင္းကိုကိုက ေယာင္းကို သာမန္မဟုတ္ပဲ အရူးအမူးခ်စ္ေနလားဆိုတာ ဒီအခ်က္ေတြနဲ႔သံုးသပ္လုိ႔ရပါတယ္။

၁။ ကုိယ့္အတိတ္ အေၾကာင္းဘယ္ေတာ့မွျပန္မေမးဘူး။

ခ်စ္သူဘ၀မွာ အရာရာတိုင္းမကြယ္၀ွက္သင့္ဘူးဆိုေပမယ့္ တစ္ခ်ိဳ႕ကိစၥေတြက ျပန္အစမေဖာ္တာေကာင္းပါတယ္။ ကိုယ့္ကိုအရူးအမူးခ်စ္ေနၿပီဆိုတဲ့သူတစ္ေယာက္က အတိတ္နဲ႔ပတ္သတ္ၿပီး ကိုယ္ေျပာမွနားေထာင္ေပးတာပါ။ မဟုတ္ရင္ သူေမးဖို႔ေတာင္မရွိပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သူေယာင္းကိုခ်စ္မိေနလို႔ပါ။

၂။ကိုယ့္ကို ကေလးတစ္ေယာက္လို သေဘာထားတယ္။

ကိုယ္ခ်စ္တဲ့သူတစ္ေယာက္ကို ကေလးတစ္ေယာက္လိုဂရုစိုက္ေပးခ်င္တဲ့ ေယာက္်ားေလးေတြရွိပါတယ္။ ေယာင္းဟာဘယ္ေလာက္ပဲထက္ျမက္ေနပါေစ။ သူ႔အေရွ႕ေရာက္ရင္ ကေလးတစ္ေယာက္လို ျပဳမူေအာင္ သူကဖန္တီးယူပါလိမ့္မယ္။ သူေယာင္းကို ကေလးတစ္ေယာက္လို ေခ်ာ႔ျမဴေနရင္ သူ႔ႏွလံုးသားမွာ ေယာင္းအတြက္ေနရာ အၾကီးၾကီးေပးထားလို႔ပါ။

၃။ကိုယ့္ကိုဦးစားေပးတယ္။

ဘယ္ကိစၥမွာမဆို သူေယာင္းကို ဦးစားေပးပါလိမ့္မယ္။ ကိစၥတစ္ခုေပၚေယာင္းတို႔ (၂)ေယာက္အျမင္ခ်င္းမတူရင္ေတာင္ ေယာင္းရဲ႕အျမင္ကိုပိုၿပီးဦးစားေပးပါလိမ့္မယ္။ သူရဲ႕လိုအပ္ခ်က္ထက္ ေယာင္းရဲ႕လိုအပ္ခ်က္ကိုပိုအသားေပးပါလိမ့္မယ္။

၄။ကိစၥတိုင္းကို သံေတာ္ဦးတင္တတ္တယ္။

သူဘာလုပ္လုပ္၊ ဘာျဖစ္ျဖစ္အဲ့ဒီ့ကိစၥေတြအားလံုးေယာင္းမသိေသးပဲ တျခားသူမသိေစရပါဘူး။ တစ္ခါတစ္ေလ သူ႔ရဲ႕အတိတ္ကအေၾကာင္းေတြေတာင္ေျပာျပတတ္ျပီး ေယာင္းကေတာင္ ဘာလား လုိ႔ထင္ရတဲ့အထိပါပဲ။ တစ္ခါတစ္ေလ ေဆးလိပ္ေလးတစ္ဖြာဖြာဖို႔ေတာင္ေယာင္းဆီေျပာျပီးမွေသာက္တာမ်ိဳးေပါ့။

၅။ကိုယ့္အေၾကာင္းအကုန္သတိထားတယ္။

ကိုယ္ဘယ္ခ်ိန္အိပ္လဲ၊ ဘယ္ခ်ိန္စားလဲ၊ ဘာစားလဲ၊ ဘာအေရာင္ၾကိဳက္လဲ၊ ဘယ္ေန႔ေမြးလဲ စသျဖင့္ အေသးစိတ္အခ်က္အလက္ေတြကအစ သူသတိထားမိပါတယ္။ တခါတေလ ကိုယ္မ်က္ႏွာပ်က္ေနရင္ေတာင္ ကိုယ္အဆင္မေျပမွန္းသူတန္းသိေနပါၿပီ။ အဲ့ဒီ့အခါ ကိုယ္ေပ်ာ္ေလာက္တဲ့အေျခအေနမ်ိဳးဖန္တီးေပးပါလိမ့္မယ္။

၆။အခြင့္ေကာင္းမယူဘူး။

ခ်စ္သူေပမယ့္လည္း သူကိုယ့္ကိုအခြင့္ေကာင္းမယူတတ္ပါဘူး။ ေျပာရရင္ အဲ့ဒီ့လိုလူေတြဟာ ရုိမန္တစ္ဆန္သူေတြလိုေျပာလို႔ရပါတယ္။ ေယာင္းကိုပန္းတစ္ပြင့္လိုတန္ဖိုးထားဆက္ဆံရတာကို ၾကိဳက္ႏွစ္သက္သူပါ။ လက္ကေလးကိုခပ္ဖြဖြေလးနမ္းတာမ်ိဳး၊ ႏွဖူးျပင္ကို ခပ္ညင္ညင္ေလးနမ္းတာမ်ိဳးမၾကာမၾကာလုပ္တတ္ပါတယ္။ ဒီ့အျပင္အခြင့္ေကာင္းေတာ့မယူတတ္ပါဘူး။

၇။ကိုယ့္စိတ္ကိုအျမဲေပ်ာ္ရႊင္၊ ေႏြးေထြးေစတယ္။

ကိုယ္က သူစိတ္ေကာက္ေအာင္လုပ္ရင္ေတာင္ မဆူတဲ့အျပင္ ေအးေအးေဆးေဆးခြင့္လႊတ္ေပးတယ္။ သူဟာကိုယ့္အတြက္ ရည္းစားတစ္ခုတည္းမဟုတ္။ တစ္ခါတစ္ေလ အေဖတစ္ေယာက္လိုဂရုစိုက္ေပးတတ္တယ္။ အစ္ကိုတစ္ေယာက္လိုကာကြယ္ေပးတတ္တယ္။ အေမတစ္ေယာက္လိုခြင့္လြႊတ္ေပးတတ္တယ္။ သူငယ္ခ်င္းတစ္ေယာက္လို ရယ္ေမာေစတယ္။ အရွင္းဆံုးေျပာရရင္ သူနဲ႔ျဖတ္သန္းရတဲ့အခ်ိန္ဟာ ေယာင္းအဖို႔ နတ္ဗိမၼာန္ေရာက္ေနသလို ခံစားရပါလိမ့္မယ္။

ေယာင္းေရ…အေပၚကအခ်က္ေတြနဲ႔ကိုက္ညီတဲ့ခ်စ္သူမ်ိဳးေယာင္းမွာရွိေနရင္ ဘယ္ေတာ့မွလက္မလႊတ္မိပါေစနဲ႔။ အျမဲနားလည္ေပးထားပါ။ အေပၚကအခ်က္ေတြနဲ႔မတူလို႔ သူေယာင္းကိုမခ်စ္ဘူးလို႔လည္းအျပစ္ျမင္လို႔မရဘူးေနာ္။ အခ်စ္ဆိုတာ စည္းမ်ဥ္းစည္းကမ္းမရွိဘူး။ ခ်စ္ခ်င္သလိုခ်စ္လုိ႔ရပါတယ္။ အဓိကကေတာ့ ကိုယ္လည္းသူ႔ကိုခ်စ္ဖို႔ပါပဲ။

Credit:Christina (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အချစ်နဲ့ပတ်သက်လာရင် မိန်းကလေးတွေက စိတ်ဒုက္ခအရောက်ဆုံးပါ။ ကိုယ့်ချစ်သူ ကိုယ့်ကိုမချစ်မှာကြောက်လွန်းလို့ အမျိုးမျိုးအလှပြင်၊ အချိုးတွေပြင်နဲ့ ပြုပြင်ပြောင်းလဲနေရတယ်။ ဒါတောင် ကြားထဲက တစ်ခါတစ်ခါ စနိုက်အကြော်ခံရသေး။ ဒီလိုနဲ့ပဲယောက်ျားတွေက မချစ်တတ်ဘူးလို့မထင်နဲ့နော်။ သူတို့က ချစ်ပြီဆို ယောင်းတို့ထက် (၂)ခါပြန်ပိုချစ်တတ်တယ်။ ကဲ..ယောင်းကိုကိုက ယောင်းကို သာမန်မဟုတ်ပဲ အရူးအမူးချစ်နေလားဆိုတာ ဒီအချက်တွေနဲ့သုံးသပ်လို့ရပါတယ်။

၁။ ကိုယ့်အတိတ် အကြောင်းဘယ်တော့မှပြန်မမေးဘူး။

ချစ်သူဘဝမှာ အရာရာတိုင်းမကွယ်ဝှက်သင့်ဘူးဆိုပေမယ့် တစ်ချို့ကိစ္စတွေက ပြန်အစမဖော်တာကောင်းပါတယ်။ ကိုယ့်ကိုအရူးအမူးချစ်နေပြီဆိုတဲ့သူတစ်ယောက်က အတိတ်နဲ့ပတ်သတ်ပြီး ကိုယ်ပြောမှနားထောင်ပေးတာပါ။ မဟုတ်ရင် သူမေးဖို့တောင်မရှိပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူယောင်းကိုချစ်မိနေလို့ပါ။

၂။ကိုယ့်ကို ကလေးတစ်ယောက်လို သဘောထားတယ်။

ကိုယ်ချစ်တဲ့သူတစ်ယောက်ကို ကလေးတစ်ယောက်လိုဂရုစိုက်ပေးချင်တဲ့ ယောက်ျားလေးတွေရှိပါတယ်။ ယောင်းဟာဘယ်လောက်ပဲထက်မြက်နေပါစေ။ သူ့အရှေ့ရောက်ရင် ကလေးတစ်ယောက်လို ပြုမူအောင် သူကဖန်တီးယူပါလိမ့်မယ်။ သူယောင်းကို ကလေးတစ်ယောက်လို ချော့မြူနေရင် သူ့နှလုံးသားမှာ ယောင်းအတွက်နေရာ အကြီးကြီးပေးထားလို့ပါ။

၃။ကိုယ့်ကိုဦးစားပေးတယ်။

ဘယ်ကိစ္စမှာမဆို သူယောင်းကို ဦးစားပေးပါလိမ့်မယ်။ ကိစ္စတစ်ခုပေါ်ယောင်းတို့ (၂)ယောက်အမြင်ချင်းမတူရင်တောင် ယောင်းရဲ့အမြင်ကိုပိုပြီးဦးစားပေးပါလိမ့်မယ်။ သူရဲ့လိုအပ်ချက်ထက် ယောင်းရဲ့လိုအပ်ချက်ကိုပိုအသားပေးပါလိမ့်မယ်။

၄။ကိစ္စတိုင်းကို သံတော်ဦးတင်တတ်တယ်။

သူဘာလုပ်လုပ်၊ ဘာဖြစ်ဖြစ်အဲ့ဒီ့ကိစ္စတွေအားလုံးယောင်းမသိသေးပဲ တခြားသူမသိစေရပါဘူး။ တစ်ခါတစ်လေ သူ့ရဲ့အတိတ်ကအကြောင်းတွေတောင်ပြောပြတတ်ပြီး ယောင်းကတောင် ဘာလား လို့ထင်ရတဲ့အထိပါပဲ။ တစ်ခါတစ်လေ ဆေးလိပ်လေးတစ်ဖွာဖွာဖို့တောင်ယောင်းဆီပြောပြီးမှသောက်တာမျိုးပေါ့။

၅။ကိုယ့်အကြောင်းအကုန်သတိထားတယ်။

ကိုယ်ဘယ်ချိန်အိပ်လဲ၊ ဘယ်ချိန်စားလဲ၊ ဘာစားလဲ၊ ဘာအရောင်ကြိုက်လဲ၊ ဘယ်နေ့မွေးလဲ စသဖြင့် အသေးစိတ်အချက်အလက်တွေကအစ သူသတိထားမိပါတယ်။ တခါတလေ ကိုယ်မျက်နှာပျက်နေရင်တောင် ကိုယ်အဆင်မပြေမှန်းသူတန်းသိနေပါပြီ။ အဲ့ဒီ့အခါ ကိုယ်ပျော်လောက်တဲ့အခြေအနေမျိုးဖန်တီးပေးပါလိမ့်မယ်။

၆။အခွင့်ကောင်းမယူဘူး။

ချစ်သူပေမယ့်လည်း သူကိုယ့်ကိုအခွင့်ကောင်းမယူတတ်ပါဘူး။ ပြောရရင် အဲ့ဒီ့လိုလူတွေဟာ ရိုမန်တစ်ဆန်သူတွေလိုပြောလို့ရပါတယ်။ ယောင်းကိုပန်းတစ်ပွင့်လိုတန်ဖိုးထားဆက်ဆံရတာကို ကြိုက်နှစ်သက်သူပါ။ လက်ကလေးကိုခပ်ဖွဖွလေးနမ်းတာမျိုး၊ နှဖူးပြင်ကို ခပ်ညင်ညင်လေးနမ်းတာမျိုးမကြာမကြာလုပ်တတ်ပါတယ်။ ဒီ့အပြင်အခွင့်ကောင်းတော့မယူတတ်ပါဘူး။

၇။ကိုယ့်စိတ်ကိုအမြဲပျော်ရွှင်၊ နွေးထွေးစေတယ်။

ကိုယ်က သူစိတ်ကောက်အောင်လုပ်ရင်တောင် မဆူတဲ့အပြင် အေးအေးဆေးဆေးခွင့်လွှတ်ပေးတယ်။ သူဟာကိုယ့်အတွက် ရည်းစားတစ်ခုတည်းမဟုတ်။ တစ်ခါတစ်လေ အဖေတစ်ယောက်လိုဂရုစိုက်ပေးတတ်တယ်။ အစ်ကိုတစ်ယောက်လိုကာကွယ်ပေးတတ်တယ်။ အမေတစ်ယောက်လိုခွင့်လွှတ်ပေးတတ်တယ်။ သူငယ်ချင်းတစ်ယောက်လို ရယ်မောစေတယ်။ အရှင်းဆုံးပြောရရင် သူနဲ့ဖြတ်သန်းရတဲ့အချိန်ဟာ ယောင်းအဖို့ နတ်ဗိမ္မာန်ရောက်နေသလို ခံစားရပါလိမ့်မယ်။

ယောင်းရေ…အပေါ်ကအချက်တွေနဲ့ကိုက်ညီတဲ့ချစ်သူမျိုးယောင်းမှာရှိနေရင် ဘယ်တော့မှလက်မလွှတ်မိပါစေနဲ့။ အမြဲနားလည်ပေးထားပါ။ အပေါ်ကအချက်တွေနဲ့မတူလို့ သူယောင်းကိုမချစ်ဘူးလို့လည်းအပြစ်မြင်လို့မရဘူးနော်။ အချစ်ဆိုတာ စည်းမျဉ်းစည်းကမ်းမရှိဘူး။ ချစ်ချင်သလိုချစ်လို့ရပါတယ်။ အဓိကကတော့ ကိုယ်လည်းသူ့ကိုချစ်ဖို့ပါပဲ။

Credit:Christina (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top