iMyanmarHouse.com - Best Property Website for Myanmar
×

သြားကိုက္တဲ့ေဝဒနာဟာ အင္မတန္ ဆိုးရြားတဲ့ ေဝဒနာပါပဲ ။ သြားကိုက္လာလွ်င္ အစားအေသာက္ပ်က္လာတာ ၊ အလုပ္ထဲစိတ္မပါတာ ၊ တစ္ခါတစ္ရံတြင္ မ်က္ရည္က်တဲ့အထိကို ျဖစ္တတ္ပါတယ္ ။ သြားကိုက္တိုင္းလည္း နႈတ္ပစ္ဖို႕က အဆင္မေျပပါဘူး ။ ဒ့ါေၾကာင့္ သြားကိုက္တဲ့အခါ နာက်င္မႈ သက္သာေစမယ့္ နည္းလမ္းေတြကို ရွာေဖြေပးလိုက္ပါတယ္ ။

၁။ ငရုတ္သီးမႈန္႔ ႏွင့္ ဆား
ဒီနည္းလမ္းက ထိေရာက္မႈရွိတဲ့အျပင္ ပိုးမ်ားေသေစျခင္း ၊ ေရာင္ရမ္းျခင္းတို႔ကိုပါ သက္သာေစပါတယ္ ။ ငရုတ္သီးမႈန္႔ ႏွင့္ ဆားကို ဆတူေရာစပ္ျပီး ေရတစ္စက္ခန္႔ခ်ကာ ေမႊလိုက္ပါ ။ ေမႊျပီးလွ်င္ ထိုအေရာအေနွာကို သြားကိုက္ရာ ေနရာမွာ မိနစ္ အနည္းငယ္ခန္႔ အံုထားလိုက္ပါ ။ ေန႔စဥ္ျပဳလုပ္ေပးလွ်င္ သြားကိုက္ျခင္း သက္သာလာပါလိမ့္မယ္ ။

၂။ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴကလည္း သဘာဝ ေဆးစြမ္းတစ္လက္ပါပဲ ။ ေရာဂါေတာ္ေတာ္မ်ားမ်ားအတြက္လည္း ေကာင္းမြန္ေစတာကို သိရွိျပီး ျဖစ္မွာပါ ။ၾကိတ္ေခ်ထားေသာ ၾကက္သြန္ျဖဴကို ဆားအနည္းငယ္ေရာ၍ နာၾကင္ေနေသာ သြားေပၚမွာ ထည့္ေပးပါ ။ (သို႔) လွီးထားေသာ ၾကက္သြန္ျဖဴကို ဆားတို႔ျပီး မိနစ္အနည္းငယ္ ကိုက္ထားပါ ။ ရက္အနည္းငယ္ၾကာ ေန႔စဥ္ျပဳလုပ္ေပးမယ္ဆို နာၾကင္မႈေတြ သက္သာလာမွာပါ ။ေန႔စဥ္ ၾကက္သြန္ျဖဴ နွစ္လံုးခန္႔ ကိုက္စားေပးမယ္ဆိုရင္လည္း သက္သာပါေစပါတယ္တဲ့ ။

၃။ ၾကက္သြန္နီ
အျဖဴျပီေတာ့ အနီေပါ့ ။ သြားကိုက္ျခင္းကို သက္သာေစတဲ့ အက်ိဳးအာနိသင္ခ်င္း အတူတူပါပဲ ။ ၾကက္သြန္နီ အစိမ္းကို ဝါးစားေပးျခင္းျဖင့္လည္း သက္သာေစသလို ၾကိတ္ထားေသာ ၾကက္သြန္နီကို ကိုက္တဲ့သြားေပၚမွာ အံုထားေပးျခင္းျဖင့္လည္း နာၾကင္မႈ ေလ်ာ့နည္းေစလာမွာပါ။

၄။ဆားေရေႏြး
ဒါကေတာ့ အရိုးရွင္းဆံုး နည္းလမ္းေလးပါပဲ ။ အားလံုးလည္းသိၾကမယ္ထင္ပါတယ္ ။ ေရေႏြးထဲကို ဆားထည့္ျပီး ငံုေပးျခင္းက သြားကိုက္ျခင္းကို သက္သာေစျပီး သြားကိုက္မႈကို ျဖစ္ေစတဲ့ ဘတ္တီးရီးယား ပိုးမႊားေတြကိုလည္း တိုက္ခိုက္နိုင္ပါတယ္ ။ေန႔စဥ္ပံုမွန္ျပဳလုပ္ျခင္းျဖင့္ ေရာင္ရမ္းနာၾကင္မႈ ေလ်ာ့နည္းကာ ေပ်ာက္ကင္းသြားေစမွာပါ ။

၅။ေရခဲတံုး
နာၾကင္မႈ အလြန္ဆိုးရြားလာကာ ပါးေတြပါ ေရာင္ရမ္းျပီး အေၾကာေတြအထိမခံနိုင္ေလာက္ေအာင္ နာၾကင္ေနျပီဆိုရင္ေတာ့ ဒီနည္းလမ္းေလးက သက္သာေစမွာပါ ။ ေရခဲတံုးေလးမ်ားကို အဝတ္တစ္ခုျဖင့္ပတ္ျပီး ကိုက္ေနေသာသြားနွင့္ အနီးဆံုးပါးေပၚသို႔ မိနစ္အနည္းငယ္ၾကာ ကပ္ထားေပးပါ ။ အေအးဓါတ္ေၾကာင့္ ေရာင္ရမ္းမႈေတြေလ်ာ့က်ျပီး နာက်င္မႈေတြ တေျဖးေျဖးေလ်ာ့သြားမွာပါ ။

Credit:CHAN (ေရႊအင္းေလး)
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
သွားကိုက်တဲ့ဝေဒနာဟာ အင်မတန် ဆိုးရွားတဲ့ ဝေဒနာပါပဲ ။ သွားကိုက်လာလျှင် အစားအသောက်ပျက်လာတာ ၊ အလုပ်ထဲစိတ်မပါတာ ၊ တစ်ခါတစ်ရံတွင် မျက်ရည်ကျတဲ့အထိကို ဖြစ်တတ်ပါတယ် ။ သွားကိုက်တိုင်းလည်း နှုတ်ပစ်ဖို့က အဆင်မပြေပါဘူး ။ ဒ့ါကြောင့် သွားကိုက်တဲ့အခါ နာကျင်မှု သက်သာစေမယ့် နည်းလမ်းတွေကို ရှာဖွေပေးလိုက်ပါတယ် ။

၁။ ငရုတ်သီးမှုန့် နှင့် ဆား
ဒီနည်းလမ်းက ထိရောက်မှုရှိတဲ့အပြင် ပိုးများသေစေခြင်း ၊ ရောင်ရမ်းခြင်းတို့ကိုပါ သက်သာစေပါတယ် ။ ငရုတ်သီးမှုန့် နှင့် ဆားကို ဆတူရောစပ်ပြီး ရေတစ်စက်ခန့်ချကာ မွှေလိုက်ပါ ။ မွှေပြီးလျှင် ထိုအရောအနှောကို သွားကိုက်ရာ နေရာမှာ မိနစ် အနည်းငယ်ခန့် အုံထားလိုက်ပါ ။ နေ့စဉ်ပြုလုပ်ပေးလျှင် သွားကိုက်ခြင်း သက်သာလာပါလိမ့်မယ် ။

၂။ကြက်သွန်ဖြူ
ကြက်သွန်ဖြူကလည်း သဘာဝ ဆေးစွမ်းတစ်လက်ပါပဲ ။ ရောဂါတော်တော်များများအတွက်လည်း ကောင်းမွန်စေတာကို သိရှိပြီး ဖြစ်မှာပါ ။ကြိတ်ချေထားသော ကြက်သွန်ဖြူကို ဆားအနည်းငယ်ရော၍ နာကြင်နေသော သွားပေါ်မှာ ထည့်ပေးပါ ။ (သို့) လှီးထားသော ကြက်သွန်ဖြူကို ဆားတို့ပြီး မိနစ်အနည်းငယ် ကိုက်ထားပါ ။ ရက်အနည်းငယ်ကြာ နေ့စဉ်ပြုလုပ်ပေးမယ်ဆို နာကြင်မှုတွေ သက်သာလာမှာပါ ။နေ့စဉ် ကြက်သွန်ဖြူ နှစ်လုံးခန့် ကိုက်စားပေးမယ်ဆိုရင်လည်း သက်သာပါစေပါတယ်တဲ့ ။

၃။ ကြက်သွန်နီ
အဖြူပြီတော့ အနီပေါ့ ။ သွားကိုက်ခြင်းကို သက်သာစေတဲ့ အကျိုးအာနိသင်ချင်း အတူတူပါပဲ ။ ကြက်သွန်နီ အစိမ်းကို ဝါးစားပေးခြင်းဖြင့်လည်း သက်သာစေသလို ကြိတ်ထားသော ကြက်သွန်နီကို ကိုက်တဲ့သွားပေါ်မှာ အုံထားပေးခြင်းဖြင့်လည်း နာကြင်မှု လျော့နည်းစေလာမှာပါ။

၄။ဆားရေနွေး
ဒါကတော့ အရိုးရှင်းဆုံး နည်းလမ်းလေးပါပဲ ။ အားလုံးလည်းသိကြမယ်ထင်ပါတယ် ။ ရေနွေးထဲကို ဆားထည့်ပြီး ငုံပေးခြင်းက သွားကိုက်ခြင်းကို သက်သာစေပြီး သွားကိုက်မှုကို ဖြစ်စေတဲ့ ဘတ်တီးရီးယား ပိုးမွှားတွေကိုလည်း တိုက်ခိုက်နိုင်ပါတယ် ။နေ့စဉ်ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောင်ရမ်းနာကြင်မှု လျော့နည်းကာ ပျောက်ကင်းသွားစေမှာပါ ။

၅။ရေခဲတုံး
နာကြင်မှု အလွန်ဆိုးရွားလာကာ ပါးတွေပါ ရောင်ရမ်းပြီး အကြောတွေအထိမခံနိုင်လောက်အောင် နာကြင်နေပြီဆိုရင်တော့ ဒီနည်းလမ်းလေးက သက်သာစေမှာပါ ။ ရေခဲတုံးလေးများကို အဝတ်တစ်ခုဖြင့်ပတ်ပြီး ကိုက်နေသောသွားနှင့် အနီးဆုံးပါးပေါ်သို့ မိနစ်အနည်းငယ်ကြာ ကပ်ထားပေးပါ ။ အအေးဓါတ်ကြောင့် ရောင်ရမ်းမှုတွေလျော့ကျပြီး နာကျင်မှုတွေ တဖြေးဖြေးလျော့သွားမှာပါ ။

Credit:CHAN (ရွှေအင်းလေး)

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top