iMyanmarHouse.com - Best Property Website for Myanmar
×


(၁) လစာတိုးတယ်




(၃) အိပ်ယာထဲမှာ ဇိမ်




(၅) အသက်ရှည်စေတယ်


Credit: Shwemom
ပို့သပေးပါတယ်။

#Unicdoe Version#
အိမ်ထောင်ရက်သား ကျပြီဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ခံစားရပါမယ် တဲ့။

(၁) လစာတိုးတယ်

ဒီနိုင်ငံမှာတော့ မသိဘူးဗျ။ အခြားနိုင်ငံတွေမှာတော့ အိမ်ထောင်ကြပြီဆိုရင် လင်ရဲ့ အလုပ်ရှင်က မယားအတွက် လစာတိုးပေးသလို၊ မယားရဲ့ အလုပ်ရှင်ကလည်း လင်အတွက် လစာတိုးပေးတယ်။ လင်မယားနှစ်ယောက် ကသီကလင်မဖြစ်စေဖို့ ရည်ရွယ်တယ်နဲ့ တူပါတယ်။ ဒါဟာ ကောင်းတဲ့အလေ့အထပါ။ လင်မယားနှစ်ယောက်စလုံး အလုပ်ရှိရင် အပိုင်ဘဲ။

(၂) ဒုက္ခတွေအတွက် အားပေးဖော်

လင်ရယ်မယားရယ် ဖြစ်လာပြီဆိုရင်တော့ တစ်ယောက်ရဲ့ဒုက္ခဟာ တစ်ယောက်ရဲ့သောက ဖြစ်ပါတယ်။ အတူတူ ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြရင်း သစ္စာတရားနဲ့ အိမ်ထောင်ရေးကို မှတ်တမ်းတင်ခွင့် ရပါပြီ။

(၃) အိပ်ယာထဲမှာ ဇိမ်

လင်တွေမယားတွေ အိပ်ယာထဲမှာ ဘယ်လို ဇိမ်ကျတယ်ဆိုတာတော့ ကျွန်တော်လည်း မင်္ဂလာမဆောင်ဘူးလို့ မသိပါဘူး။ ဒါပေမယ့် သေချာတာကတော့ ဇိမ်တော့ ရှိလောက်မယ်ထင်ပါတယ်။ အပြန်အလှန် နင်းနှိပ်ပေးတာတို့ ဘာတို့ပေါ့လေ။

(၄) ကင်ဆာ မဖြစ်အောင်ကာကွယ်ပေးတယ်

သုတေသန တွေ့ရှိချက်တွေအရတော့ အိမ်ထောင်သည်တွေရဲ့ ဟိုမုန်းထုတ်လွှတ်မှုအား၊ ခန္ဓာဗေဒပြောင်းလဲမှုစနစ်၊ ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း စတာတွေဟာ တစ်ကိုယ်တော်သမားတွေထက် ပိုပြီး အားကောင်းပါတယ် တဲ့။ ဒီတော့ ကင်ဆာနဲ့ အခြားရောဂါဆိုးတွေကို ကာကွယ်ပေးပြီးသား ရောပါတယ်။

(၅) အသက်ရှည်စေတယ်

ဒါကတော့ ချွင်းချက်တွေ ရှိချင်ရှိပါလိမ့်မယ်။ သေချာတာကတော့ ချစ်လို့ ယူလိုက်ကြတဲ့ စုံတွဲတိုင်း တစ်ယောက်နဲ့တစ်ယောက် စိတ်ချမ်းသာအောင် ထားပါလိမ့်မယ်။ လူဆိုတာ စိတ်ချမ်းသာလေ အသက်ရှည်ဖို့ အခွင့်အလမ်း ပိုများလေ မဟုတ်လား။

Credit: Shwemom
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top