iMyanmarHouse.com - Best Property Website for Myanmar
×

ေမြးဖြားျပီးကေန ေလးလသားအရြယ္အထိ ကေလးနဲ႔ အတူမအိပ္သင့္ဘူးလို႔ အေမရိကန္ႏုိင္ငံက သုေတသနသမားေတြက ေျပာၾကားထားပါတယ္။ မိခင္နဲ႔ ကေလး အတူအိပ္ျခင္းဟာ ကေလးပထမေလးလအတြင္း ျပဳလုပ္တဲ့အခါ အိပ္မေပ်ာ္တာမ်ိဳးနဲ႔ မလံုျခံဳတဲ့ အိပ္စက္ျခင္းအေလ့အထေတြကို  ျဖစ္ပြားေစတယ္လို႔ ဆိုပါတယ္။

ကေလးေတြအတြက္ အသံုးျပဳဖို႔ ေထာက္ခံထားျခင္းမရွိတဲ့ ေခါင္းအံုး၊ ေစာင္နဲ႔ အျခားအသံုးအေဆာင္ေတြကို  အတူအိပ္တဲ့ ကေလးငယ္ေတြဟာ ပုိမိုသံုးစြဲမိႏုိင္ေျခရွိျပီး အဆုိပါ အသံုးအေဆာင္ေတြဟာ ကေလးရုတ္တရက္ေသဆံုးျခင္းကို ျဖစ္ပြားေစႏုိင္တယ္လို႔ ဆုိပါတယ္။ အေၾကာင္းအရင္းရွာမရတဲ့ ေသဆံုးမႈေတြဟာ ကေလး တစ္ႏွစ္အတြင္း ျဖစ္ပြားႏုိင္ေျချမင့္မားတာလည္း ျဖစ္ပါတယ္။ အတူအိပ္ျခင္းဟာ ေရတိုနဲ႔ ေရရွည္မွာပါ ကေလးနဲ႔ မိခင္ရဲ႕ အိပ္စက္ႏုိင္မႈအရည္အေသြးကို ထိခိုက္ႏုိတာ ျဖစ္တယ္လို႔ သုေတသနကို ျပဳလုပ္ခဲ့သူ Penn State  ေဆးပညာေကာလိပ္မွ ကေလးအထူးကုပါေမာကၡ အီရန္ေပါက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လံုေလာက္တဲ့ အိပ္စက္မႈမရွိတဲ့ ကေလးငယ္ေလးေတြဟာ ဘဝရဲ႕ ေႏွာင္းပိုင္းမွာလည္း အိပ္စက္မႈေကာင္းမရရွိႏုိင္ပဲ မိဘေတြအေပၚမွာလည္း သက္ေရာက္မႈရွိတယ္လို႔ ေပါက ထပ္ေပါင္းေျပာၾကားထားပါတယ္။ ေလ့လာမႈဟာ မိခင္ေပါင္း ၂၇၉ ေယာက္ကို သုေတသနျပဳလုပ္ရာက ရရွိလာတဲ့ အခ်က္အလက္ေတြကို အေျခခံထားတာလည္း ျဖစ္ပါတယ္။

သုေတသနသမားေတြရဲ႕ အဆုိအရ သီးသန္႔အိပ္တဲ့ ကေလးငယ္ေတြဟာ အတူအိပ္တဲ့ ကေလးငယ္ေတြထက္ ၄၅ မိနစ္ၾကာ ပိုမိုရွည္ၾကာစြာ အိပ္ရတယ္လို႔ ဆုိပါတယ္။ ယခုေတြ႕ရွိခ်က္ကို Pediatrics ဂ်ာနယ္မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

အဆိုပါ ေတြ႕ရွိခ်က္ဟာ အေမရိကန္ ကေလးအထူးကုဆိုင္ရာ အကယ္ဒမီ(AAP)က အၾကံျပဳထားခ်က္ကို စိန္ေခၚသလိုရွိေနျပီး အကယ္ဒမီက ကေလးပထမတစ္ႏွစ္အတြင္း အတူအိပ္ဖို႔ တိုက္တြန္းထားတာ ျဖစ္ပါတယ္။ AAP ဟာ သူ႔ရဲ႕ အၾကံျပဳခ်က္ကို ျပန္လည္သံုးသပ္ျပီး ျပင္ဆင္သင့္တယ္လို႔  သုေတသနကို ျပဳလုပ္ခဲ့သူ ပါေမာကၡေပါက ေျပာၾကားထားပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
မွေးဖွားပြီးကနေ လေးလသားအရွယ်အထိ ကလေးနဲ့ အတူမအိပ်သင့်ဘူးလို့ အမေရိကန်နိုင်ငံက သုတေသနသမားတွေက ပြောကြားထားပါတယ်။ မိခင်နဲ့ ကလေး အတူအိပ်ခြင်းဟာ ကလေးပထမလေးလအတွင်း ပြုလုပ်တဲ့အခါ အိပ်မပျော်တာမျိုးနဲ့ မလုံခြုံတဲ့ အိပ်စက်ခြင်းအလေ့အထတွေကို  ဖြစ်ပွားစေတယ်လို့ ဆိုပါတယ်။

ကလေးတွေအတွက် အသုံးပြုဖို့ ထောက်ခံထားခြင်းမရှိတဲ့ ခေါင်းအုံး၊ စောင်နဲ့ အခြားအသုံးအဆောင်တွေကို  အတူအိပ်တဲ့ ကလေးငယ်တွေဟာ ပိုမိုသုံးစွဲမိနိုင်ခြေရှိပြီး အဆိုပါ အသုံးအဆောင်တွေဟာ ကလေးရုတ်တရက်သေဆုံးခြင်းကို ဖြစ်ပွားစေနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းအရင်းရှာမရတဲ့ သေဆုံးမှုတွေဟာ ကလေး တစ်နှစ်အတွင်း ဖြစ်ပွားနိုင်ခြေမြင့်မားတာလည်း ဖြစ်ပါတယ်။ အတူအိပ်ခြင်းဟာ ရေတိုနဲ့ ရေရှည်မှာပါ ကလေးနဲ့ မိခင်ရဲ့ အိပ်စက်နိုင်မှုအရည်အသွေးကို ထိခိုက်နိုတာ ဖြစ်တယ်လို့ သုတေသနကို ပြုလုပ်ခဲ့သူ Penn State  ဆေးပညာကောလိပ်မှ ကလေးအထူးကုပါမောက္ခ အီရန်ပေါက ပြောကြားခဲ့တာဖြစ်ပါတယ်။

လုံလောက်တဲ့ အိပ်စက်မှုမရှိတဲ့ ကလေးငယ်လေးတွေဟာ ဘဝရဲ့ နှောင်းပိုင်းမှာလည်း အိပ်စက်မှုကောင်းမရရှိနိုင်ပဲ မိဘတွေအပေါ်မှာလည်း သက်ရောက်မှုရှိတယ်လို့ ပေါက ထပ်ပေါင်းပြောကြားထားပါတယ်။ လေ့လာမှုဟာ မိခင်ပေါင်း ၂၇၉ ယောက်ကို သုတေသနပြုလုပ်ရာက ရရှိလာတဲ့ အချက်အလက်တွေကို အခြေခံထားတာလည်း ဖြစ်ပါတယ်။

သုတေသနသမားတွေရဲ့ အဆိုအရ သီးသန့်အိပ်တဲ့ ကလေးငယ်တွေဟာ အတူအိပ်တဲ့ ကလေးငယ်တွေထက် ၄၅ မိနစ်ကြာ ပိုမိုရှည်ကြာစွာ အိပ်ရတယ်လို့ ဆိုပါတယ်။ ယခုတွေ့ရှိချက်ကို Pediatrics ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တွေ့ရှိချက်ဟာ အမေရိကန် ကလေးအထူးကုဆိုင်ရာ အကယ်ဒမီ(AAP)က အကြံပြုထားချက်ကို စိန်ခေါ်သလိုရှိနေပြီး အကယ်ဒမီက ကလေးပထမတစ်နှစ်အတွင်း အတူအိပ်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။ AAP ဟာ သူ့ရဲ့ အကြံပြုချက်ကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်တယ်လို့  သုတေသနကို ပြုလုပ်ခဲ့သူ ပါမောက္ခပေါက ပြောကြားထားပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top