iMyanmarHouse.com - Best Property Website for Myanmar
×

ပံုစံမ်ိဳးစံု နဲ႔ စံုတြဲမ်ိဳးစံုရွိၾကတဲ့ထဲမွာမွ အမ်ားဆံုးျမင္ေတြ႔ေနရတဲ စံုတြဲေလးေတြကေတာ့ "မမနဲ႔ ေမာင္ေလး" စံုတြဲေလးေတြပါပဲ..

မမ နဲ႔ ေမာင္ေလး ခ်စ္ၾကိဳက္မိတဲ့အခါ ဘယ္လိုမ်ိဳးေတြျဖစ္လာႏိုင္မလဲ???

ေမာင္ေလးေတြကို ခ်စ္မိတဲ့ မမ ေတြ ရရွိႏိုင္တဲ့ ေကာင္းက်ိဳးေတြကေတာ့...

ခ်စ္သူေကာင္ေလးရဲ႕ ေပါ့ပါးလြတ္လပ္တဲ့ အေျပာအဆို အမူအက်င့္ေတြေၾကာင့္ သူနဲ႔ လက္ပြန္းတတ္ီးအျမဲေနေနတဲ့ သူမဟာလည္းပဲ ခ်စ္ရသူရဲ႕ အမူအက်င့္ေလးေတြ ကူးဆက္လို႔ မူရင္းအသက္ထက္ ပိုမိုငယ္ရြယ္သေယာင္ စိတ္ႏု ကိုယ္ႏု ျဖစ္လာပါလိမ့့္မယ္။

အသက္ငယ္တဲ့ခ်စ္သူကို ေရြးခ်ယ္လိုက္တဲ့အမ်ိဳးသမီးေတြဟာ အိမ္ ေထာင္ေရးနဲ႔ဆိုင္တဲ့ ခံစားခ်က္ေတြမွာလည္း ေက်နပ္မႈကိုရရွိေစႏိုင္ပါတယ္။
ခ်စ္သူေကာင္ေလးရဲ႕ တီတီတာတာ အေျပာေလးေတြေအာက္မွာ အျမဲေက်နပ္ပီတိျဖစ္ေနတတ္ၾကျပီး သူ႔ရဲ႕ ဟာသေတြၾကားမွာ ျပံဳးရႊင္ရယ္ေမာလို႔ သူရဲ႕ အယုအယ ၊ ခြ်ဲႏြဲ႕မႈ ေတြေအာက္မွာ ေႏြးေထြးေက်နပ္တဲ့ ခံစားခ်က္ေတြ ကိုလည္းရရွိႏိုင္မွာပါ။

ငယ္ရြယ္သူေတြဟာ အျမဲလန္းဆန္းတက္ၾကြေနတတ္ၾကတာမို႔ မိိမိထက္ငယ္တဲ့သူနဲ႔ အတူဖန္တီးခြင့္ရတဲ့ အိမ္ေထာင္ေရးဟာ အမ်ားအားျဖင့္ ပ်င္းရိျငီးေငြ႔ဖြယ္ အိမ္ေထာင္ေရးမ်ိဳးျဖစ္ေနမွာ မဟုတ္ဘဲ အျမဲ ေပ်ာ္ရႊင္တက္ၾကြေနမယ့္ အိမ္ေထာင္ေရးမ်ိဳးျဖစ္လာပါလိမ့္မယ္။

မမေတြကိုမွ ခ်စ္မိတဲ့ ေကာင္ေလးေတြကေကာ ဘယ္လိုေကာင္းက်ိဳးေတြရႏိုင္မလဲ??

သူမဟာ အေမ့ရဲ႕ကိုယ္စားလွယ္တစ္ဦးလိုပဲ ကိုယ့္အေပၚမွာ ေႏြးေထြးတဲ့ေမတၱာနဲ႔ ဂရုစိုက္မႈေတြ ေပးႏိုင္ပါလိမ့္မယ္။

ကိုယ့္ရဲ႕ အေျပာအဆို အျပဳအမူေတြမွားယြင္းတဲ့အခါမွာလည္း စိတ္ရွည္စြာနဲ႔ လမ္းမွန္ေရာက္ေအာင္ သင္ၾကားျပသ လမ္းညႊန္ေပးႏိုင္ပါလိမ့္မယ္။

အၾကံဥာဏ္ေတြလိုအပ္လာတဲ့အခါမ်ိဳးမွာလည္း သူမရဲ႕ အေတြ႔အၾကံဳ ရင့္က်က္မႈ ေတြအရ သူမဆီက အၾကံဥာဏ္ ေကာင္းေတြကို လက္ခံရရွိႏိုင္ပါတယ္။

ကိုယ္ တစ္ခါတစ္ရံ အမွားေတြလုပ္မိတဲ့ အခါမွာလည္း ေခါင္းေလးတစ္ခ်က္ေ၀ွ႔လို႔ ခြ်ဲလိုက္ရံုနဲ႔ စိတ္ဆိုးတာေတြေပ်ာက္လို႔ ခြင့္လႊတ္နားလည္ေပးႏိုင္ပါလိမ့္မယ္ေနာ္…။

Credit:Momolay
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version

ပုံစံမျိုးစုံ နဲ့ စုံတွဲမျိုးစုံရှိကြတဲ့ထဲမှာမှ အများဆုံးမြင်တွေ့နေရတဲ စုံတွဲလေးတွေကတော့ "မမနဲ့ မောင်လေး" စုံတွဲလေးတွေပါပဲ..

မမ နဲ့ မောင်လေး ချစ်ကြိုက်မိတဲ့အခါ ဘယ်လိုမျိုးတွေဖြစ်လာနိုင်မလဲ???

မောင်လေးတွေကို ချစ်မိတဲ့ မမ တွေ ရရှိနိုင်တဲ့ ကောင်းကျိုးတွေကတော့...

ချစ်သူကောင်လေးရဲ့ ပေါ့ပါးလွတ်လပ်တဲ့ အပြောအဆို အမူအကျင့်တွေကြောင့် သူနဲ့ လက်ပွန်းတတ်ီးအမြဲနေနေတဲ့ သူမဟာလည်းပဲ ချစ်ရသူရဲ့ အမူအကျင့်လေးတွေ ကူးဆက်လို့ မူရင်းအသက်ထက် ပိုမိုငယ်ရွယ်သယောင် စိတ်နု ကိုယ်နု ဖြစ်လာပါလိမ့်မယ်။

အသက်ငယ်တဲ့ချစ်သူကို ရွေးချယ်လိုက်တဲ့အမျိုးသမီးတွေဟာ အိမ်ထောင်ရေးနဲ့ဆိုင်တဲ့ ခံစားချက်တွေမှာလည်း ကျေနပ်မှုကိုရရှိစေနိုင်ပါတယ်။
ချစ်သူကောင်လေးရဲ့ တီတီတာတာ အပြောလေးတွေအောက်မှာ အမြဲကျေနပ်ပီတိဖြစ်နေတတ်ကြပြီး သူ့ရဲ့ ဟာသတွေကြားမှာ ပြုံးရွှင်ရယ်မောလို့ သူရဲ့ အယုအယ ၊ ချွဲနွဲ့မှု တွေအောက်မှာ နွေးထွေးကျေနပ်တဲ့ ခံစားချက်တွေ ကိုလည်းရရှိနိုင်မှာပါ။

ငယ်ရွယ်သူတွေဟာ အမြဲလန်းဆန်းတက်ကြွနေတတ်ကြတာမို့ မိမိထက်ငယ်တဲ့သူနဲ့ အတူဖန်တီးခွင့်ရတဲ့ အိမ်ထောင်ရေးဟာ အများအားဖြင့် ပျင်းရိငြီးငွေ့ဖွယ် အိမ်ထောင်ရေးမျိုးဖြစ်နေမှာ မဟုတ်ဘဲ အမြဲ ပျော်ရွှင်တက်ကြွနေမယ့် အိမ်ထောင်ရေးမျိုးဖြစ်လာပါလိမ့်မယ်။

မမတွေကိုမှ ချစ်မိတဲ့ ကောင်လေးတွေကကော ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ??

သူမဟာ အမေ့ရဲ့ကိုယ်စားလှယ်တစ်ဦးလိုပဲ ကိုယ့်အပေါ်မှာ နွေးထွေးတဲ့မေတ္တာနဲ့ ဂရုစိုက်မှုတွေ ပေးနိုင်ပါလိမ့်မယ်။

ကိုယ့်ရဲ့ အပြောအဆို အပြုအမူတွေမှားယွင်းတဲ့အခါမှာလည်း စိတ်ရှည်စွာနဲ့ လမ်းမှန်ရောက်အောင် သင်ကြားပြသ လမ်းညွှန်ပေးနိုင်ပါလိမ့်မယ်။

အကြံဉာဏ်တွေလိုအပ်လာတဲ့အခါမျိုးမှာလည်း သူမရဲ့ အတွေ့အကြုံ ရင့်ကျက်မှု တွေအရ သူမဆီက အကြံဉာဏ် ကောင်းတွေကို လက်ခံရရှိနိုင်ပါတယ်။

ကိုယ် တစ်ခါတစ်ရံ အမှားတွေလုပ်မိတဲ့ အခါမှာလည်း ခေါင်းလေးတစ်ချက်ဝှေ့လို့ ချွဲလိုက်ရုံနဲ့ စိတ်ဆိုးတာတွေပျောက်လို့ ခွင့်လွှတ်နားလည်ပေးနိုင်ပါလိမ့်မယ်နော်…။

Credit:Momolay

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top