iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားနဲ႕ အမ်ိဳးသမီးဟာ ခႏၶာေဗဒနဲ႕ လိင္အရ ကြဲျပားမႈေတြ အမ်ားႀကီးရွိပါတယ္။ အေတြးအေခၚ
အယူအစတုိင္းလည္း မတူကြဲျပားမႈေတြ ရွိပါတယ္။ ဒီအထဲမွာ အမ်ိဳးသမီးေတြ နားမလည္နုိင္တဲ့ အမ်ိဳး
သားေတြရဲ႕ ျပဳမူဆက္ဆံပုံ (6) မ်ိဳးကုိ ေဖာ္ျပေပးလုိက္ပါတယ္။

1.  တစ္ခုပဲေတြးတယ္။

ေမးစရာရွိတာက အမ်ားႀကီးမေတြးဘူးလားလုိ႕ ေမးစရာရွိပါတယ္။ လူ႕စိတ္ဆုိတာ ေမ်ာက္စိတ္နဲ႕တူတယ္
လုိ႕လည္း ဆုိထားတာကုိး။ ေတြးတာေတြေတာ့ ေယာက္်ားေတြမွာ သူလုိကုိယ္လုိ အမ်ားႀကီးပါဘဲ။ ဒါေပ
မယ့္ ရည္သန္မႈက တစ္ခုပဲ ထားပါတယ္။ ဥပမာအားျဖင့္ ေစ်းထဲကုိ ပန္းသီးသြား၀ယ္မယ့္ ေယာက္်ားတစ္
ေယာက္ဟာ ပန္းသီးအစား လိေမၼာ္သီးပဲေတြ႕ခဲ့လုိ႕ လိေမၼာ္သီး၀ယ္ျပန္တတ္သူေတြ မဟုတ္ပါဘူး။

2. သူတုိ႕ စိတ္ထိခုိက္ေနရင္ ဘာမွ မေျပာခ်င္ဘူး။

မိန္းမနဲ႕ ကြာျခားခ်က္မွာ အဲဒီအခ်က္ ပါ၀င္ပါလိမ့္မယ္။ အမ်ိဳးသမီးေတြေတာ္ေတာ္မ်ားမ်ားဟာ စိတ္ထိခုိက္
ေလ မလုိအပ္ပဲ သူမ်ားကို တုိက္ခုိက္တဲ့ ရန္စကားေတြ ေျပာေလပါဘဲ။ ေယာက္်ားေတြကေတာ့ အဲဒီလုိမ
ဟုတ္ပါဘူး။ စိတ္ထိခုိက္တဲ့အခါ စကားအမ်ားႀကီး ဆက္ေျပာေလ့မရွိပါဘူး။

3. ေမးခြန္းေတြ ေမးေလ့မရွိသလုိ ေမးခြန္းေမးတာေတြကိုလည္း မႏွစ္သက္ဘူး။

ေယာက္်ားအမ်ားစုဟာ သူမ်ားအေၾကာင္းကိုလည္း စပ္စပ္စုစု သိပ္လုပ္ေလ့မရွိသလုိ သူတုိ႕ကုိ တစ္ခုခုေမး
လာခဲ့ရင္လည္း ပထမ လူမႈေရးအရ ေျဖခ်င္ေျဖပါမယ္။ နည္းနည္းမ်ားလာရင္ေတာ့ ဒီလူ ေတာ္ေတာ္စပ္စု
ပါလားလုိ႕ စိတ္ထဲကေန ေတြးတတ္ၾကပါတယ္။

4. တိတ္ဆိတ္စြာ နားေထာင္တတ္တယ္။

မ်ားေသာအားျဖင့္ေတာ့ သူတုိ႕ အလုိမက်တဲ့ အမိန္႕ေတြဆုိ စိတ္မပါလက္မပါနဲ႕ ၿငိမ္ၿငိမ္နားေထာင္တတ္တဲ့
အက်င့္ရွိပါတယ္။ တစ္ခါတေလ နည္းနည္းပုိကဲလာတယ္ထင္ရင္ ခပ္တည္တည္ ထလာတတ္တဲ့ အက်င့္
လည္း ရွိပါတယ္။

5. ထပ္ခါထပ္ခါ ေျပာတာ/ေျပာရတာကို သေဘာမက်ဘူး။

စစ္တပ္ေတြမွာ တစ္ေသြးတစ္သံတစ္မိန္႕နဲ႕ အဆင္ေျပေနျခင္းဟာ ေယာက္်ားသားေတြ အမ်ားစုပါလုိ႕သာ
အဆင္ေျပေနတာ ျဖစ္မယ္လုိ႕ ေကာက္ခ်က္ခ်မိတယ္။ ေယာက္်ားေတြဟာ စကားတစ္ခြန္းကို ထပ္ကာ
ထပ္ကာ မေျပာခ်င္သလုိ တစ္စုံတစ္ေယာက္ကို ထပ္ကာထပ္ကာေျပာရတာမ်ိဳးကိုလည္း သေဘာမက်
ပါဘူး။

Credit:Si Si (auntymay)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
အမျိုးသားနဲ့ အမျိုးသမီးဟာ ခန္ဓာဗေဒနဲ့ လိင်အရ ကွဲပြားမှုတွေ အများကြီးရှိပါတယ်။ အတွေးအခေါ်
အယူအစတိုင်းလည်း မတူကွဲပြားမှုတွေ ရှိပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေ နားမလည်နိုင်တဲ့ အမျိုး
သားတွေရဲ့ ပြုမူဆက်ဆံပုံ (6) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1.  တစ်ခုပဲတွေးတယ်။

မေးစရာရှိတာက အများကြီးမတွေးဘူးလားလို့ မေးစရာရှိပါတယ်။ လူ့စိတ်ဆိုတာ မျောက်စိတ်နဲ့တူတယ်
လို့လည်း ဆိုထားတာကိုး။ တွေးတာတွေတော့ ယောက်ျားတွေမှာ သူလိုကိုယ်လို အများကြီးပါဘဲ။ ဒါပေ
မယ့် ရည်သန်မှုက တစ်ခုပဲ ထားပါတယ်။ ဥပမာအားဖြင့် ဈေးထဲကို ပန်းသီးသွားဝယ်မယ့် ယောက်ျားတစ်
ယောက်ဟာ ပန်းသီးအစား လိမ္မော်သီးပဲတွေ့ခဲ့လို့ လိမ္မော်သီးဝယ်ပြန်တတ်သူတွေ မဟုတ်ပါဘူး။

2. သူတို့ စိတ်ထိခိုက်နေရင် ဘာမှ မပြောချင်ဘူး။

မိန်းမနဲ့ ကွာခြားချက်မှာ အဲဒီအချက် ပါဝင်ပါလိမ့်မယ်။ အမျိုးသမီးတွေတော်တော်များများဟာ စိတ်ထိခိုက်
လေ မလိုအပ်ပဲ သူများကို တိုက်ခိုက်တဲ့ ရန်စကားတွေ ပြောလေပါဘဲ။ ယောက်ျားတွေကတော့ အဲဒီလိုမ
ဟုတ်ပါဘူး။ စိတ်ထိခိုက်တဲ့အခါ စကားအများကြီး ဆက်ပြောလေ့မရှိပါဘူး။

3. မေးခွန်းတွေ မေးလေ့မရှိသလို မေးခွန်းမေးတာတွေကိုလည်း မနှစ်သက်ဘူး။

ယောက်ျားအများစုဟာ သူများအကြောင်းကိုလည်း စပ်စပ်စုစု သိပ်လုပ်လေ့မရှိသလို သူတို့ကို တစ်ခုခုမေး
လာခဲ့ရင်လည်း ပထမ လူမှုရေးအရ ဖြေချင်ဖြေပါမယ်။ နည်းနည်းများလာရင်တော့ ဒီလူ တော်တော်စပ်စု
ပါလားလို့ စိတ်ထဲကနေ တွေးတတ်ကြပါတယ်။

4. တိတ်ဆိတ်စွာ နားထောင်တတ်တယ်။

များသောအားဖြင့်တော့ သူတို့ အလိုမကျတဲ့ အမိန့်တွေဆို စိတ်မပါလက်မပါနဲ့ ငြိမ်ငြိမ်နားထောင်တတ်တဲ့
အကျင့်ရှိပါတယ်။ တစ်ခါတလေ နည်းနည်းပိုကဲလာတယ်ထင်ရင် ခပ်တည်တည် ထလာတတ်တဲ့ အကျင့်
လည်း ရှိပါတယ်။

5. ထပ်ခါထပ်ခါ ပြောတာ/ပြောရတာကို သဘောမကျဘူး။

စစ်တပ်တွေမှာ တစ်သွေးတစ်သံတစ်မိန့်နဲ့ အဆင်ပြေနေခြင်းဟာ ယောက်ျားသားတွေ အများစုပါလို့သာ
အဆင်ပြေနေတာ ဖြစ်မယ်လို့ ကောက်ချက်ချမိတယ်။ ယောက်ျားတွေဟာ စကားတစ်ခွန်းကို ထပ်ကာ
ထပ်ကာ မပြောချင်သလို တစ်စုံတစ်ယောက်ကို ထပ်ကာထပ်ကာပြောရတာမျိုးကိုလည်း သဘောမကျ
ပါဘူး။

Credit:Si Si (auntymay)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top