iMyanmarHouse.com - Best Property Website for Myanmar
×

ပူပင္ေသာကမ်ားျပားလြန္းျခင္းဟာ ကြ်န္ေတာ္တို႔ရဲ႕ေန႕စဥ္ဘဝကို အၾကီးမားဆံုးအက်ိဳးသက္ေရာက္ေစႏိုင္တဲ႔ အေၾကာင္းတရားတစ္မ်ိဳးပါပဲ။
ဝမ္းနည္းဖို႔ေကာင္းတာတစ္္ခုကေတာ႔ ပူပင္ေသာကနဲ႕စိတ္ဖိစီးမႈေတြက ကြ်န္ေတာ္တို႔ရဲ႕စိတ္အာရံုစူးစိုက္မႈေတြကို ေလ်ာ႔ပါးသြားေစႏိုင္တာပါပဲ။ အေျခအေနေတြဆိုးရြားေနျပီဆိုရင္ ဦးေႏွာက္ကိုေလ႔က်င္႔ပ်ိဳးေထာင္ေပးဖို႔နဲ႕ ပူပင္ေသာကေတြေလ်ာ႔ပါးေစဖို႔ လုပ္ေဆာင္ႏိုင္တဲ႔ အခ်က္ေလးေတြကို ေအာက္မွာေဖာ္ျပေပးထားပါတယ္။

မိမိရဲ႕ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကို ဒိုင္ယာရီသေဘာေရးမွတ္ထားတတ္တဲ႔အက်င္႔လုပ္ပါ

ကေလးကြက္လို႔ထင္ခ်င္စရာပါပဲ။ ဒါေပမယ္႔ မိမိရဲ႕တေန႕တာၾကံဳေတြ႕ခဲ႔ရသမွ် ကိစၥေတြနဲ႕အျဖစ္အပ်က္ေလးေတြကို မွတ္စုတိုေလးေတြနဲ႕မွတ္တမ္းတင္ထားတတ္တဲ႔ဓေလ႔က သင္႔ကိုစည္းစနစ္က်ေစျပီး ပူပင္ေသာကေတြကို အတိုင္းအတာတစ္္ခုထိ ေလ်ာ႔ပါးေစႏိုင္ပါတယ္။

တိတ္ဆိတ္ျငိမ္သက္တဲ႔ေနရာတစ္ခုမွာထုိင္ျပီး ျပႆနာရဲ႕ရင္းျမစ္ကို အာရံုစိုက္ပါ

အေႏွာင္႔အယွက္ကင္းေဝးတဲ႔ တစ္ေနရာမွာ မိမိရဲ႕ျပႆနာေတြကို အာရံုစိုက္ၾကည္႔ျခင္းက စိတ္္ဓာတ္က်ဆင္းျခင္းနဲ႕စိတ္ဖိစီးမႈေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။
အေကာင္းျမင္စိတ္အျပည္႔ေမြးပါ

လူတစ္ေယာက္ကို သူ႔ရဲ႕စိတ္ရင္းကပဲ ပံုေဖာ္ေနပါတယ္။ တစ္ခါတေလမွာ အေျခအေနေတြက ကြ်န္ေတာ္တို႔ကို အဆိုးျမင္စိတ္ျဖစ္ေပၚလာေအာင္ ေစ႔ေဆာ္တတ္ေပမယ္႔ အေကာင္းျမင္စိတ္နဲ႔ ရဲရင္႔တဲ႔လုပ္ေဆာင္မႈေတြက ကြ်န္ေတာ္တို႔ရဲ႕စိတ္ကို ပူပင္ေသာကေတြနဲ႔ေဝးရာကို ေခၚေဆာင္္သြားႏိုင္မွာပါ။


မိမိကိုယ္ကို တန္ဖိုးထားပါ

သင္႔မွာ သင္လိုခ်င္တဲ႔အရာေတြကိုရရွိေအာင္စြမ္းေဆာင္ႏိုင္တဲ႔ စြမ္းအားေတြအျပည္႔ရွိပါတယ္။ လက္ေတြ႕က်က်လုပ္ေဆာင္ႏိုင္တဲ႔ ပန္းတိုင္ေတြခ်မွတ္ပါ။ ျပီးရင္သင္႔ရဲ႕စိတ္စြမ္းအားကို တန္ဖိုးထားပါ။


အိပ္ေရးဝေအာင္ အိပ္စက္အနားယူပါ

အလုပ္လုပ္ရာမွာ စမတ္က်က်အလုပ္လုပ္တတ္ဖို႔က အရမ္းအေရးၾကီးပါတယ္။ ေကာင္းမြန္စြာ အိပ္စက္အနားယူျခင္းက သင္႔ရဲ႕ခႏၶာကိုယ္ကိုလိုအပ္တဲ႔စြမ္းအင္ေတြ ျပန္လည္ျပည္႔တင္းလာေစဖို႔အတြက္ အလြန္အေရးပါတဲ႔ အတြက္ ညဘက္ေတြမွာ ဦးေႏွာက္ကိုအနားေပးဖို႔လည္း မေမ႔ပါနဲ႔ဦး။

မိမိစိတ္ပါဝင္စားတဲ႔အရာေတြကိုလုပ္ေဆာင္ပါ

ကြ်န္ေတာ္တို႔ဟာ တစ္သက္မွာ တစ္ဘဝပဲေနထိုင္ခြင္႔ရၾကတာပါ။ ဒါေၾကာင္႔ ကိုယ္စိတ္ပါဝင္စားတဲ႔အရာေတြကိုပဲ လုပ္ေဆာင္ဖို႔ကလည္း အေရးၾကီးပါတယ္။ တျခားလူေတြဘာေတြးလဲဆိုတာကို ဂရုစိုက္မေနပါနဲ႔။ ကိုယ္႔ႏွလံုးသားရဲ႕ေစစားရာေနာက္ကိုပဲလိုက္ပါ။

ေခါင္းထဲကအမႈိက္ေတြကိုရွင္းပစ္ပါ

တျခားလူေတြရဲ႕မေကာင္းတဲ႔အခ်က္ေတြကိုေရွာင္ရွားပါ။ ဦးေႏွာက္ထဲကအေရးမပါတဲ႔ အမႈိက္ေတြကိုရွင္းထုတ္ပစ္တာက ကြ်န္ေတာ္တို႔ကို အလုပ္လုပ္ရတာပိုမိုျမန္ဆန္ေစပါတယ္။ ေန႕စဥ္လုပ္ငန္းေဆာင္တာေတြရဲ႕အေဝးကို ခဏထြက္သြားျပီး ဦးေႏွာက္ကိုၾကည္လင္ေအာင္ရွင္းလင္းေပးတာက ကြ်န္ေတာ္တို႔ရဲ႕လုပ္ေဆာင္ႏုိင္စြမ္းကို ပိုမိုျမင္႔တက္လာေစႏိုင္ပါတယ္။
အသက္ကိုဝေအာင္ရွဴပါ

ရုတ္တရက္ တုန္လႈပ္ေျခာက္ျခားစရာေတြကို ၾကံဳေတြ႕ရတဲ႔အခါ အသက္ျပင္းျပင္း ရွဴသြင္းရွဴထုတ္လုပ္ျပီး အရာရာအဆင္္ေျပသြားမွာပါလို႔ ယံုၾကည္စိတ္ေမြးလိုက္ပါ။ အသက္ကိုပံုမွန္ရွဴတာက ဦးေႏွာက္ကို အရာရာအဆင္ေျပသြားမွာပါလို႔ အခ်က္ျပလိုက္တာနဲ႔ တူတူပါပဲ။

ေဆာ႔ကစားေပးပါ

သင္႔ရဲ႕ကေလး (သို႔မဟုတ္) အိမ္ေမြးတိရစၦာန္ေတြနဲ႕အတူ ေဆာ႔ကစားဖို႕႔အခ်ိန္ေပးျခင္းက သင္႔ရဲ႕ဦးေႏွာက္ကို ပိုမိုေပါ႔ပါးသြက္လက္ေစျပီး သင္႔ရဲ႕အနာဂတ္ေန႕ရက္ေတြကို အဆင္ေျပေျပျဖတ္သန္းႏိုင္ဖုိ႔အတြက္ ျပင္ဆင္ျပီးသားျဖစ္ေစပါတယ္။ အားလပ္ရက္ေတြမွာ (သို႔မဟုတ္) သင္႔အေနနဲ႔ စိတ္ဖိစီးမႈေတြ သိပ္မ်ားေနျပီလို႔ခံစားရတဲ႔အခ်ိန္ေတြမွာ ခ်စ္စရာကေလးေလးေတြ၊ အိမ္ေမြး တိရစၦာန္ေလးေတြနဲ႔အတူ ေဆာ႔ကစားေပးတာကလည္း စိတ္ကိုေပါ႔ပါးလန္းဆန္းေစတဲ႔အေၾကာင္းရင္းတစ္ခုပါပဲ ။

ဦးေႏွာက္ကိုေလ႔က်င္႔ေပးလို႔ရတဲ႔နည္းလမ္းေတြကေတာ႔ အမ်ားၾကီးပါပဲ။ ဒီိလိုရိုးစင္းလြယ္ကူတဲ႔နည္းလမ္းေလးေတြနဲ႕သာဆိုရင္ သင္႔ရဲ႕အခ်ိန္ေတြကို အေကာင္းဆံုးအသံုးခ်ႏိုင္မွာျဖစ္ျပီီး ပိုမိုေကာင္းမြန္တဲ႔ဘဝတစ္ခုအတြက္ မိမိဦးေႏွာက္ကို ဘယ္လိုအေကာင္းဆံုး အသံုးခ်ရမလဲဆိုတာကို သိျမင္လာေစႏိုင္မွာပါ။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
 ပူပင်သောကများပြားလွန်းခြင်းဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကို အကြီးမားဆုံးအကျိုးသက်ရောက်စေနိုင်တဲ့ အကြောင်းတရားတစ်မျိုးပါပဲ။

ဝမ်းနည်းဖို့ကောင်းတာတစ်ခုကတော့ ပူပင်သောကနဲ့စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ရဲ့စိတ်အာရုံစူးစိုက်မှုတွေကို လျော့ပါးသွားစေနိုင်တာပါပဲ။ အခြေအနေတွေဆိုးရွားနေပြီဆိုရင် ဦးနှောက်ကိုလေ့ကျင့်ပျိုးထောင်ပေးဖို့နဲ့ ပူပင်သောကတွေလျော့ပါးစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက်လေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်။

မိမိရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဒိုင်ယာရီသဘောရေးမှတ်ထားတတ်တဲ့အကျင့်လုပ်ပါ

ကလေးကွက်လို့ထင်ချင်စရာပါပဲ။ ဒါပေမယ့် မိမိရဲ့တနေ့တာကြုံတွေ့ခဲ့ရသမျှ ကိစ္စတွေနဲ့အဖြစ်အပျက်လေးတွေကို မှတ်စုတိုလေးတွေနဲ့မှတ်တမ်းတင်ထားတတ်တဲ့ဓလေ့က သင့်ကိုစည်းစနစ်ကျစေပြီး ပူပင်သောကတွေကို အတိုင်းအတာတစ်ခုထိ လျော့ပါးစေနိုင်ပါတယ်။

တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာထိုင်ပြီး ပြဿနာရဲ့ရင်းမြစ်ကို အာရုံစိုက်ပါ

အနှောင့်အယှက်ကင်းဝေးတဲ့ တစ်နေရာမှာ မိမိရဲ့ပြဿနာတွေကို အာရုံစိုက်ကြည့်ခြင်းက စိတ်ဓာတ်ကျဆင်းခြင်းနဲ့စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
အကောင်းမြင်စိတ်အပြည့်မွေးပါ

လူတစ်ယောက်ကို သူ့ရဲ့စိတ်ရင်းကပဲ ပုံဖော်နေပါတယ်။ တစ်ခါတလေမှာ အခြေအနေတွေက ကျွန်တော်တို့ကို အဆိုးမြင်စိတ်ဖြစ်ပေါ်လာအောင် စေ့ဆော်တတ်ပေမယ့် အကောင်းမြင်စိတ်နဲ့ ရဲရင့်တဲ့လုပ်ဆောင်မှုတွေက ကျွန်တော်တို့ရဲ့စိတ်ကို ပူပင်သောကတွေနဲ့ဝေးရာကို ခေါ်ဆောင်သွားနိုင်မှာပါ။


မိမိကိုယ်ကို တန်ဖိုးထားပါ

သင့်မှာ သင်လိုချင်တဲ့အရာတွေကိုရရှိအောင်စွမ်းဆောင်နိုင်တဲ့ စွမ်းအားတွေအပြည့်ရှိပါတယ်။ လက်တွေ့ကျကျလုပ်ဆောင်နိုင်တဲ့ ပန်းတိုင်တွေချမှတ်ပါ။ ပြီးရင်သင့်ရဲ့စိတ်စွမ်းအားကို တန်ဖိုးထားပါ။


အိပ်ရေးဝအောင် အိပ်စက်အနားယူပါ

အလုပ်လုပ်ရာမှာ စမတ်ကျကျအလုပ်လုပ်တတ်ဖို့က အရမ်းအရေးကြီးပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကိုလိုအပ်တဲ့စွမ်းအင်တွေ ပြန်လည်ပြည့်တင်းလာစေဖို့အတွက် အလွန်အရေးပါတဲ့ အတွက် ညဘက်တွေမှာ ဦးနှောက်ကိုအနားပေးဖို့လည်း မမေ့ပါနဲ့ဦး။

မိမိစိတ်ပါဝင်စားတဲ့အရာတွေကိုလုပ်ဆောင်ပါ

ကျွန်တော်တို့ဟာ တစ်သက်မှာ တစ်ဘဝပဲနေထိုင်ခွင့်ရကြတာပါ။ ဒါကြောင့် ကိုယ်စိတ်ပါဝင်စားတဲ့အရာတွေကိုပဲ လုပ်ဆောင်ဖို့ကလည်း အရေးကြီးပါတယ်။ တခြားလူတွေဘာတွေးလဲဆိုတာကို ဂရုစိုက်မနေပါနဲ့။ ကိုယ့်နှလုံးသားရဲ့စေစားရာနောက်ကိုပဲလိုက်ပါ။

ခေါင်းထဲကအမှိုက်တွေကိုရှင်းပစ်ပါ

တခြားလူတွေရဲ့မကောင်းတဲ့အချက်တွေကိုရှောင်ရှားပါ။ ဦးနှောက်ထဲကအရေးမပါတဲ့ အမှိုက်တွေကိုရှင်းထုတ်ပစ်တာက ကျွန်တော်တို့ကို အလုပ်လုပ်ရတာပိုမိုမြန်ဆန်စေပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့အဝေးကို ခဏထွက်သွားပြီး ဦးနှောက်ကိုကြည်လင်အောင်ရှင်းလင်းပေးတာက ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုမိုမြင့်တက်လာစေနိုင်ပါတယ်။
အသက်ကိုဝအောင်ရှူပါ

ရုတ်တရက် တုန်လှုပ်ခြောက်ခြားစရာတွေကို ကြုံတွေ့ရတဲ့အခါ အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပြီး အရာရာအဆင်ပြေသွားမှာပါလို့ ယုံကြည်စိတ်မွေးလိုက်ပါ။ အသက်ကိုပုံမှန်ရှူတာက ဦးနှောက်ကို အရာရာအဆင်ပြေသွားမှာပါလို့ အချက်ပြလိုက်တာနဲ့ တူတူပါပဲ။

ဆော့ကစားပေးပါ

သင့်ရဲ့ကလေး (သို့မဟုတ်) အိမ်မွေးတိရစ္ဆာန်တွေနဲ့အတူ ဆော့ကစားဖို့အချိန်ပေးခြင်းက သင့်ရဲ့ဦးနှောက်ကို ပိုမိုပေါ့ပါးသွက်လက်စေပြီး သင့်ရဲ့အနာဂတ်နေ့ရက်တွေကို အဆင်ပြေပြေဖြတ်သန်းနိုင်ဖို့အတွက် ပြင်ဆင်ပြီးသားဖြစ်စေပါတယ်။ အားလပ်ရက်တွေမှာ (သို့မဟုတ်) သင့်အနေနဲ့ စိတ်ဖိစီးမှုတွေ သိပ်များနေပြီလို့ခံစားရတဲ့အချိန်တွေမှာ ချစ်စရာကလေးလေးတွေ၊ အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့အတူ ဆော့ကစားပေးတာကလည်း စိတ်ကိုပေါ့ပါးလန်းဆန်းစေတဲ့အကြောင်းရင်းတစ်ခုပါပဲ ။

ဦးနှောက်ကိုလေ့ကျင့်ပေးလို့ရတဲ့နည်းလမ်းတွေကတော့ အများကြီးပါပဲ။ ဒီလိုရိုးစင်းလွယ်ကူတဲ့နည်းလမ်းလေးတွေနဲ့သာဆိုရင် သင့်ရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချနိုင်မှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုအတွက် မိမိဦးနှောက်ကို ဘယ်လိုအကောင်းဆုံး အသုံးချရမလဲဆိုတာကို သိမြင်လာစေနိုင်မှာပါ။

Credit:Duwun

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top