iMyanmarHouse.com - Best Property Website for Myanmar
×










Credit:7daydaily

#Unicode Version#
 ခံတွင်းသန့်ဆေးရည်ကို ခံတွင်းသန့်စင်ဖို့သာမက တခြားနေရာတွေမှာသုံးလို့ ရတယ်ဆို တာ သိထားရအောင်လို့ ဖော်ပြ လိုက်ပါတယ်။

- မှိုရောဂါကြောင့် ခြေထောက် တွေယားယံတာမျိုးဖြစ်ရင် ရေ နွေးနွေးထဲမှာ ခံတွင်းသန့်ဆေး ရည်အနည်းငယ်ထည့်ပြီး ၄၅ မိနစ်လောက် စိမ်ထားပေးရင် ယားယံတာကို သက်သာစေပါ တယ်။

- ချွေးနံ့ပျောက်ဆေး အလွယ် တကူ ရှာမတွေ့ခဲ့ရင် ခံတွင်းသန့် ဆေးရည်ကို ဂွမ်းလုံးလေးနဲ့တို့ပြီး ချိုင်းမှာသုတ်ပေးခြင်းဖြင့် အနံ့ အသက်ဆိုးတွေ ပျောက်စေပါ တယ်။

- ခံတွင်းသန့်ဆေးကို တစ်ရှူး လေးမှာဆွတ်ပြီးတော့လက်သန့်စင်ဖို့် သုံးနိုင်ပါတယ်။

- အဝတ်စ (ဒါမှမဟုတ်) တစ်ရှူး မှာ ဆေးရည်ဆွတ်ပြီး ဖိနပ်သန့် စင်ဖို့ သုံးနိုင်ပါတယ်။

- အရေပြားယားယံတဲ့အခါမှာ ခံတွင်းသန့်ဆေးရည် ပွတ်ပေး လိုက်ရင် အယားသက်သာစေပါ တယ်။

- အိမ်သာကမုတ် အနံ့အသက် ကင်းချင်ရင် ခံတွင်းသန့်ဆေးရည် အနည်းငယ် လောင်းထည့်ထား ပြီး တစ်နာရီလောက်နေမှ ရေဆွဲ ချပေးနိုင်ပါတယ်။

- အဝတ်သန့်တစ်ခုမှာဆွတ်ပြီး ဖန်ခွက်တွေ၊ မှန်တွေနဲ့ ဖန်မျက် နှာပြင်တွေကို ပွတ်တိုက်ပေးရင် သန့်ရှင်းတောက်ပြောင်စေပါ တယ်။

- ခံတွင်းသန့်ဆေးရည်နဲ့ ဆား ကြမ်းရောပြီးတော့ ရေချိုးခန်းတို့၊ မီးဖိုခန်းတို့က ကြွေပြားတွေ သန့်စင်ရာမှာ သုံးနိုင်ပါတယ်။

- သွားပွတ်တံတွေ ရောဂါပိုးမွှား ကင်းစင်ဖို့ ခံတွင်းသန့်ဆေးရည် ထဲ စိမ်ထားပေးတာမျိုး လုပ်နိုင် ပါတယ်။

Credit:7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top