iMyanmarHouse.com - Best Property Website for Myanmar
×

လူအမ်ားနဲ႔ အလြယ္တကူခင္မင္ရင္းႏွီးႏိုင္ျခင္းဟာ လူနည္းစုမွာသာ ရရွိထားတ့ဲ ပင္ကိုယ္အရည္အခ်င္တစ္ခုလို႔ အမ်ားစုကမွတ္ယူထညးတတ္ၾကပါတယ္။ တကယ္လက္ေတြ႕မွာေတာ့ ဒီအရည္အခ်င္းဟာ ထိန္းခ်ဳပ္ႏိုင္တ့ဲအရာတစ္ခုျဖစ္ၿပီး Emotional intelligent (EQ) ေပၚမွာမူတည္ပါတယ္။ လူသားေတြအတြက္ လူမႈဆက္ဆံေရးဟာ စား၀တ္ေနေရးတို႔လုိပဲ အေျခခံက်တ့ဲ လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။ လူမႈဆက္ဆံေရးဟာ လူသားေတြရဲ႕အေျခခံလိုအပ္ခ်က္တစ္ခုဆိုေပမယ့္ လူေတြနဲ႔ဆက္ဆံရတာက ထင္ထားသေလာက္ လြယ္ကူမွာေတာ့ မဟုတ္ပါဘူး။ ရွက္ရြံ႕မႈ၊ မာန္မာန၊ ၿပိဳင္ဆိုင္လိုမႈ၊ မနာလိုမႈ စတာေတြေၾကာင့္ လူေတြနဲ႔ အ႐ိုးသားဆုံးဆက္ဆံႏိုင္ဖို႔ အခက္ေတြ႕ေနၾကရပါတယ္။ ဒီလိုအတားအဆီးေတြကို ဖယ္ရွားလိုက္ႏိုင္မယ္ဆိုရင္ေတာ့ ဘယ္သူနဲ႔မဆို အလြယ္တကူေပါင္းသင္းဆက္ဆံႏိုင္မွာျဖစ္ပါတယ္။ ဒီလို လူမႈဆက္ဆံေရးစြမ္းရာ္ကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ နည္းလမ္းေကာင္းတစ္ခ်ိဳ႕ရွိေနပါတယ္။

၁။ ပထမဆုံးအျမင္ကို ဂ႐ုစိုက္ပါ။
ေလ့လာေတြ႔ရွိခ်က္ေတြအရ လူအမ်ားစုဟာ သင့္ကိုစတင္ေတြ႔ရွိခ်ိန္ ပထမဆုံး (၇)စကၠန္႔အတြင္းမွာ သေလာက်မက်ဆုံးျဖတ္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ ဒီလို ပထမဆုံးအျမင္ေပၚမွာ က်န္တ့ဲေျပာဆိုဆက္ဆံမႈတစ္ခုလုံးက အေျခခံေနပါတယ္။ ဒီအခ်က္က စိုးရိမ္စရာေကာင္းေပမယ့္ သင္သိထားမယ္ဆိုရင္ အက်ိဳးရွိေအာင္ အသုံးခ်ႏိုင္မွာ ျဖစ္ပါတယ္။ ပထမဆုံးအျမင္ဟာ ခႏၶာေဗဒဘာသာစကားနဲ႔ ပတ္သက္ပါတယ္။ ကိုယ္ေနဟန္ထား၊ လက္လႈပ္ရွားမႈ၊ စကားေျပာဆုိပုံ၊ အသံေနအသံထား စတာေတြက တစ္ဖက္လူကို ဆြဲေဆာင္ႏိုင္တ့ဲအရာေတြျဖစ္ပါတယ္။ စိတ္အားထက္သံတ့ဲ အသံ၊ လက္ပိုက္မထားျခင္း၊ မ်က္လုံးခ်င္းဆုံေအာင္ၾကည့္ျခင္း၊ စကားေျပာဖက္ဆီသို႔ ခႏၶာကိုယ္ကို အနည္းငယ္ကိုင္းညႊတ္ထားျခင္း စတဲ့ခႏၶာေဗဒ အမူအယာေတြက ေပါင္းသင္းဆက္ဆံေရးေကာင္းသူေတြ သုံးေလ့ရွိၾကပါတယ္။ အျပဳသေဘာေဆာင္တ့ဲ ခႏၶာေဗဒအမူအယာေတြက ေျပာဆိုဆက္ဆံမႈတစ္ခုလုံးကို ေျပာင္းလဲသြားေစႏိုင္တာေၾကာင့္ သင္ ဘာေျပာလဲဆိုတာထက္ သင္ ဘာ္လိုေျပာလဲဆိုတာက ပိုအေရးႀကီးပါတယ္။

၂။ ဟန္ေဆာင္မႈေတြကို အရင္စြန္႔လႊတ္သူျဖစ္ပါေစ။
လူအမ်ားစုဟာ မိတ္သစ္ေဆြသစ္ေတြနဲ႔ စတင္ေတြ႔ဆုံခ်ိန္မွာ ဟန္ေဆာင္မႈအနည္းအမ်ားဆိုသလိုေတာ့ လုပ္တတ္ၾကပါတယ္။ ကၽြန္ေတာ္တို႔ဟာ တစ္ဖက္သူအျမင္မွာ တင့္တယ္ေစမယ့္ပုံစံတစ္ခုကို ဟန္ေဆာင္တတ္ၾကၿပီး ေျပာဆိုလို႔ေကာင္းမယ့္ အေၾကာင္းအရာေတြကို ေရြးေျပာတတ္ၾကပါတယ္။ ရာသီဥတုအေၾကာင္း၊ ႏွစ္ေယာက္စလုံးသိတ့ဲလူတစ္ေယာက္အေၾကာင္း စသျဖင့္ ေျပာဆိုတတ္ၾကပါတယ္။ ဒါေပမယ့္ သင့္အေနနဲ႔ အျခားလူတစ္ေယာက္နဲ႔ ရင္းႏွီးပြင့္လင္းတ့ဲဆက္ဆံေရးကို အခ်ိန္တိုအတြင္းတည္ေဆာက္ခ်င္တယ္ဆိုရင္ေတာ့ ဟန္ေဆာင္မႈေတြကို ဖယ္ရွားကာ ပိုၿပီးပြင့္လငိျမင္သာစြာ ဆက္ဆံသင့္ပါတယ္။ သင့္အေနနဲ႔ အတြင္းေရး၊ ပုဂိၢဳဟ္ေရးဆန္တာေတြကို ဖြင့္ျပဖို႔မလိုေပမယ့္ ဘယ္အရာေတြကို စိတ္၀င္စားတယ္ဆိုတာေတြေခာက္အထိေတာ့ ေျပာဆိုႏိုင္ပါတယ္။ သင့္ဖက္က ပြင့္လင္းလာတာနဲ႔အမွ် တစ္ဖက္လူကလည္း ပြင့္လင္းလာမွာျဖစ္ပါတယ္။

၃။ ေမးခြန္းေကာင္းေတြေမးပါ။
သင့္ဖက္က ပြင့္လင္းသေလာက္ တစ္ဖက္လူက ပြင့္လင္းျမင္သာမႈမရွိဘူးဆိုရင္ ေမးခြန္းေကာင္းေလးေတြ ေမးေပးရမွာျဖစ္ပါတယ္။ တစ္ဖက္သူရဲ႕ ပုဂိၢဳဟ္ေရးကို မထိခိုက္ေစပဲ ႏွစ္ဦးႏွစ္ဖက္အျပန္အလွန္နားလည္မႈရရွိေစမယ့္ ေမးခြန္းေတြ ေမးပါ။

၄။ တဖက္သူထံမွ ေလ့လာသင္ယူပါ။
သင့္အေနနဲ႔ ခင္မင္ရင္းႏွီးလိုသူထံကေန သင္ယူခ်င္စိတ္ရွိဖို႔ လိုအပ္ပါတယ္။ သူတို႔ေျပာတာကို ဂ႐ုတစိုက္နားေထာင္မွတ္သားထားျခင္းက သင့္ကိုပိုမိုခင္မင္လာေစႏိုင္တ့ဲအျပင္ သူတို႔ကိုယ္တိုင္အတြက္လည္း ယုံၾကည္မႈပိုရွိသြားေစပါတယ္။ ဒါ့အျပင္ သင့္အေနနဲ႔လည္း ႏွိမ့္ခ်လိုစိတ္ရွိၿပီး သင္ယူေလ့လာစရာေတြ အမ်ားႀကီးရွိပါေသးတယ္ဆိုတာကို ေပၚလြင္ေစပါတယ္။

၅။ ပြင့္လင္းမႈအတြက္ ေနာင္တရသြားေအာင္ မလုပ္မိပါေစနဲ႔။
မိတ္ေဆြသစ္က ပြင့္ပြင့္လင္းလင္းဆက္ဆံလာတ့ဲအခါမွာ သူ႔အတြက္ေနာင္တရစရာေတြ မျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ အေထ့အေငါ့စကားေတြ၊ ေ၀ဖန္ျပစ္တင္တာေတြနဲ႔ ဟာဟလုပ္လိုက္တာေတြက တစ္ဖက္သားရဲ႕ ပြင့္လင္းမႈကို ေနာင္တရစရာျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ သေဘာမတူဘူးဆိုရင္ေတာင္မွ တဖက္သူရဲ႕ အေတြးအေခၚနဲ႔အျမင္ကို အသိအမွတ္ျပဳေပးပါ။ ၿပီးရင္ သင့္ရဲ႕အျမင္ကို ျပန္ေျပာျပပါ။

၆။ သူတို႔ရဲ႕ ေကာင္းကြက္ေတြကို ရွာေဖြပါ။
လူအမ်ားစုက တဖက္သူကို သေဘာက်တ့ဲအခ်က္ေတြထက္ သေဘာမက်ခ်င္စရာ အေၾကာင္းအခ်က္ေတြကို ပိုၿပီးရွာေဖြတတ္ၾကပါတယ္။ ဒီသေဘာတရားကို ေမ့ထားၿပီး မိတ္ေဆြသစ္တစ္ေယာက္ဆီမွာ သေဘာက်စရာ ေကာင္းတ့ဲအခ်က္ေတြကိုရွာေဖြပါ။ သင္က လူေတြပို အေကာင္းျမင္မယ္ဆိုရင္ အျပန္အလွန္သေဘာအရ လူေတြကလည္း သင့္ကိုအေကာင္းျမင္မွာ ျဖစ္ပါတယ္။

၇။ ျပံဳးပါ။
လူေတြဟာ သူတို႔နဲ႔စကားေျပာေနသူရဲ႕ ခႏၶာေဗဒအမူအယာေတြကို အလိုအေလ်ာက္လိုက္တုတတ္ၾကပါတယ္။ သင့္ကို ခူေတြသေဘာက်ေစခ်င္ရင္ သူတို႔နဲ႔စကားေျပာေနခ်ိန္မွာ ျပံဳးထားပါ။ သူတို႔ကလည္း မသိလိုက္မသိဘာသာ ျပန္ျပံဳးတတ္ၾကၿပီး သင့္ကိုသေဘာက်ေနမွာ ျဖစ္ပါတယ္။

၈။ နာမည္ေတြကို အသုံးျပဳပါ။
သင့္ရဲ႕ နာမည္ဟာ သင့္အတြက္အေရးႀကီးတ့ဲ အစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ နာမည္ကိုသုံးတ့ဲအခါမွာ တစ္မ်ိဳးတမည္ခံစားရမွာ ေသခ်ာပါတယ္။ ေလ့လာမႈေတြအရလည္း စကားေျပာေနခ်ိန္မွာ နာမည္ေတြကို ထည့္သြင္းအသုံးျပဳၿပီး ေျပာဆိုဆက္ဆံတာဟာ လူေတြကိုပိုၿပီး ယုံၾကည္စိတ္ရွိေစတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ လူသစ္တစ္ေယာက္နဲ႔ ေတြ႕ဆုံၿပီဆိုရင္ နာမည္ေမးၿပီး မွတ္ထားဖို႔ ႀကိဳးစားပါ။

၉။ ပလက္တီနမ္စည္းမ်ဥ္းကို လိုက္နာပါ။
အျခားသူေတြက ကိုယ့္ကိုဆက္ဆံေစခ်င္တ့ဲပုံစံအတိုင္း အျခားသူေတြကို ဆက္ဆံပါဆိုတ့ဲ ေရႊေရာင္စည္းမ်ဥ္းကို ကၽြန္ေတာ္တို႔အားလုံး သိထားၿပီးသား ျဖစ္မွာပါ။ ေရႊေရာင္စည္းမ်ဥ္းက လိုက္နာဖို႔လြယ္ကူပါတယ္။ ပလက္တီနမ္စည္းမ်ဥ္းကေတာ့ လိုက္နာဖို႔ခက္ခဲႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျခားသူေတြကို သူတို႔ဆက္ဆံခံခ်င္တ့ဲနည္းလမ္းနဲ႔ လိုက္ၿပီးဆက္ဆံေပးရတာေၾကာင့္ ျဖစ္ပါတယ္။ ဒီလိုဆက္ဆံေပးျခင္းအားျဖင့္ တဖက္သူအတြက္ ေျပာဆိုဆက္ဆံရာမွာ ပိုၿပီးသက္ေတာင့္သက္သာျဖစ္ေစသလို ပြင့္လင္းျမင္သာမႈရွိလာေစပါတယ္။

၁၀။ ၿပိဳင္ဆိုင္မႈေတြ မလုပ္ပါနဲ႔။
လူႏွစ္ေယာက္ ပထမဆုံးအႀကိမ္စတင္ေတြ႔ဆုံခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ မသိမသာၿပိဳင္ဆိုင္တတ္ၾကပါတယ္။ တဖက္သူရဲ႕ အေျပာအဆိုေပၚမွာလိုက္ၿပီး သူ႔ထက္သာေအာင္ ျပန္ေျပာတတ္ၾကပါတယ္။ ဒီလိုၿပိဳင္ဆိုင္မႈမ်ိဳးက သင့္ရဲ႕အတၱကို ျဖည့္ဆည္းေပးႏိုင္ေပမယ့္ ဆက္ဆံေရးေကာင္းတစ္ခုကိုေတာ့ တည္ေဆာက္ႏိုင္မွာမဟုတ္ပါဘူး။ တဖက္လူအေၾကာင္းကို နားေထာင္ၿပီးေလ့လာသင္ယူရမယ့္အစား ကိုယ့္အေၾကာင္းထုတ္ေျပာဖို႔ပဲ အာရံုစိုက္မိေနေစမွာ ျဖစ္ပါတယ္။

၁၁။ မခံခ်င္စိတ္ရဲ႕လႈံ႕ေဆာ္မႈကို တားဆီးပါ။
လူေတြနဲ႔ ဆက္ဆံေရးေကာင္းကို မတည္ေဆာက္ႏိုင္တ့ဲ အဓိကအေၾကာင္းရင္းတစ္ခုကေတာ့ ေသခ်ာနားမေထာင္တာပဲ ျဖစ္ပါတယ္။ တဖက္သူစကားေျပာေနတ့ဲ အေၾကာင္းအရာကိုစိတ္မ၀င္စားပဲ ဘယ္လိုျပန္ေျပာရမလဲဆိုတာကို စဥ္းစားေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ တဖက္သူရဲ႕ေျပာစကားေတြကို ၾကားေနေပမယ့္ ေသခ်ာနားလည္ေပးႏိုင္မွာ မဟုတ္ပါဘူး။ လူေတြနဲ႔ ဆက္ဆံေရးေကာင္းတစ္ခုကို တည္ေဆာက္ခ်င္ရင္ သင့္ရဲ႕မခံခ်င္စိတ္က လႈံ႕ေဆာ္မႈေတြကို ဖိႏွိပ္ထားရမွာျဖစ္ပါတယ္။

Credit:Gentleman Magazine

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူအများနဲ့ အလွယ်တကူခင်မင်ရင်းနှီးနိုင်ခြင်းဟာ လူနည်းစုမှာသာ ရရှိထားတဲ့ ပင်ကိုယ်အရည်အချင်တစ်ခုလို့ အများစုကမှတ်ယူထညးတတ်ကြပါတယ်။ တကယ်လက်တွေ့မှာတော့ ဒီအရည်အချင်းဟာ ထိန်းချုပ်နိုင်တဲ့အရာတစ်ခုဖြစ်ပြီး Emotional intelligent (EQ) ပေါ်မှာမူတည်ပါတယ်။ လူသားတွေအတွက် လူမှုဆက်ဆံရေးဟာ စားဝတ်နေရေးတို့လိုပဲ အခြေခံကျတဲ့ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ လူမှုဆက်ဆံရေးဟာ လူသားတွေရဲ့အခြေခံလိုအပ်ချက်တစ်ခုဆိုပေမယ့် လူတွေနဲ့ဆက်ဆံရတာက ထင်ထားသလောက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ရှက်ရွံ့မှု၊ မာန်မာန၊ ပြိုင်ဆိုင်လိုမှု၊ မနာလိုမှု စတာတွေကြောင့် လူတွေနဲ့ အရိုးသားဆုံးဆက်ဆံနိုင်ဖို့ အခက်တွေ့နေကြရပါတယ်။ ဒီလိုအတားအဆီးတွေကို ဖယ်ရှားလိုက်နိုင်မယ်ဆိုရင်တော့ ဘယ်သူနဲ့မဆို အလွယ်တကူပေါင်းသင်းဆက်ဆံနိုင်မှာဖြစ်ပါတယ်။ ဒီလို လူမှုဆက်ဆံရေးစွမ်းရာ်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ချို့ရှိနေပါတယ်။

၁။ ပထမဆုံးအမြင်ကို ဂရုစိုက်ပါ။
လေ့လာတွေ့ရှိချက်တွေအရ လူအများစုဟာ သင့်ကိုစတင်တွေ့ရှိချိန် ပထမဆုံး (၇)စက္ကန့်အတွင်းမှာ သလောကျမကျဆုံးဖြတ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒီလို ပထမဆုံးအမြင်ပေါ်မှာ ကျန်တဲ့ပြောဆိုဆက်ဆံမှုတစ်ခုလုံးက အခြေခံနေပါတယ်။ ဒီအချက်က စိုးရိမ်စရာကောင်းပေမယ့် သင်သိထားမယ်ဆိုရင် အကျိုးရှိအောင် အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ပထမဆုံးအမြင်ဟာ ခန္ဓာဗေဒဘာသာစကားနဲ့ ပတ်သက်ပါတယ်။ ကိုယ်နေဟန်ထား၊ လက်လှုပ်ရှားမှု၊ စကားပြောဆိုပုံ၊ အသံနေအသံထား စတာတွေက တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့အရာတွေဖြစ်ပါတယ်။ စိတ်အားထက်သံတဲ့ အသံ၊ လက်ပိုက်မထားခြင်း၊ မျက်လုံးချင်းဆုံအောင်ကြည့်ခြင်း၊ စကားပြောဖက်ဆီသို့ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ထားခြင်း စတဲ့ခန္ဓာဗေဒ အမူအယာတွေက ပေါင်းသင်းဆက်ဆံရေးကောင်းသူတွေ သုံးလေ့ရှိကြပါတယ်။ အပြုသဘောဆောင်တဲ့ ခန္ဓာဗေဒအမူအယာတွေက ပြောဆိုဆက်ဆံမှုတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တာကြောင့် သင် ဘာပြောလဲဆိုတာထက် သင် ဘာ်လိုပြောလဲဆိုတာက ပိုအရေးကြီးပါတယ်။

၂။ ဟန်ဆောင်မှုတွေကို အရင်စွန့်လွှတ်သူဖြစ်ပါစေ။
လူအများစုဟာ မိတ်သစ်ဆွေသစ်တွေနဲ့ စတင်တွေ့ဆုံချိန်မှာ ဟန်ဆောင်မှုအနည်းအများဆိုသလိုတော့ လုပ်တတ်ကြပါတယ်။ ကျွန်တော်တို့ဟာ တစ်ဖက်သူအမြင်မှာ တင့်တယ်စေမယ့်ပုံစံတစ်ခုကို ဟန်ဆောင်တတ်ကြပြီး ပြောဆိုလို့ကောင်းမယ့် အကြောင်းအရာတွေကို ရွေးပြောတတ်ကြပါတယ်။ ရာသီဥတုအကြောင်း၊ နှစ်ယောက်စလုံးသိတဲ့လူတစ်ယောက်အကြောင်း စသဖြင့် ပြောဆိုတတ်ကြပါတယ်။ ဒါပေမယ့် သင့်အနေနဲ့ အခြားလူတစ်ယောက်နဲ့ ရင်းနှီးပွင့်လင်းတဲ့ဆက်ဆံရေးကို အချိန်တိုအတွင်းတည်ဆောက်ချင်တယ်ဆိုရင်တော့ ဟန်ဆောင်မှုတွေကို ဖယ်ရှားကာ ပိုပြီးပွင့်လငိမြင်သာစွာ ဆက်ဆံသင့်ပါတယ်။ သင့်အနေနဲ့ အတွင်းရေး၊ ပုဂ္ဂိုဟ်ရေးဆန်တာတွေကို ဖွင့်ပြဖို့မလိုပေမယ့် ဘယ်အရာတွေကို စိတ်ဝင်စားတယ်ဆိုတာတွေခောက်အထိတော့ ပြောဆိုနိုင်ပါတယ်။ သင့်ဖက်က ပွင့်လင်းလာတာနဲ့အမျှ တစ်ဖက်လူကလည်း ပွင့်လင်းလာမှာဖြစ်ပါတယ်။

၃။ မေးခွန်းကောင်းတွေမေးပါ။
သင့်ဖက်က ပွင့်လင်းသလောက် တစ်ဖက်လူက ပွင့်လင်းမြင်သာမှုမရှိဘူးဆိုရင် မေးခွန်းကောင်းလေးတွေ မေးပေးရမှာဖြစ်ပါတယ်။ တစ်ဖက်သူရဲ့ ပုဂ္ဂိုဟ်ရေးကို မထိခိုက်စေပဲ နှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်မှုရရှိစေမယ့် မေးခွန်းတွေ မေးပါ။

၄။ တဖက်သူထံမှ လေ့လာသင်ယူပါ။
သင့်အနေနဲ့ ခင်မင်ရင်းနှီးလိုသူထံကနေ သင်ယူချင်စိတ်ရှိဖို့ လိုအပ်ပါတယ်။ သူတို့ပြောတာကို ဂရုတစိုက်နားထောင်မှတ်သားထားခြင်းက သင့်ကိုပိုမိုခင်မင်လာစေနိုင်တဲ့အပြင် သူတို့ကိုယ်တိုင်အတွက်လည်း ယုံကြည်မှုပိုရှိသွားစေပါတယ်။ ဒါ့အပြင် သင့်အနေနဲ့လည်း နှိမ့်ချလိုစိတ်ရှိပြီး သင်ယူလေ့လာစရာတွေ အများကြီးရှိပါသေးတယ်ဆိုတာကို ပေါ်လွင်စေပါတယ်။

၅။ ပွင့်လင်းမှုအတွက် နောင်တရသွားအောင် မလုပ်မိပါစေနဲ့။
မိတ်ဆွေသစ်က ပွင့်ပွင့်လင်းလင်းဆက်ဆံလာတဲ့အခါမှာ သူ့အတွက်နောင်တရစရာတွေ မဖြစ်အောင် ဂရုစိုက်ပါ။ အထေ့အငေါ့စကားတွေ၊ ဝေဖန်ပြစ်တင်တာတွေနဲ့ ဟာဟလုပ်လိုက်တာတွေက တစ်ဖက်သားရဲ့ ပွင့်လင်းမှုကို နောင်တရစရာဖြစ်စေပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သဘောမတူဘူးဆိုရင်တောင်မှ တဖက်သူရဲ့ အတွေးအခေါ်နဲ့အမြင်ကို အသိအမှတ်ပြုပေးပါ။ ပြီးရင် သင့်ရဲ့အမြင်ကို ပြန်ပြောပြပါ။

၆။ သူတို့ရဲ့ ကောင်းကွက်တွေကို ရှာဖွေပါ။
လူအများစုက တဖက်သူကို သဘောကျတဲ့အချက်တွေထက် သဘောမကျချင်စရာ အကြောင်းအချက်တွေကို ပိုပြီးရှာဖွေတတ်ကြပါတယ်။ ဒီသဘောတရားကို မေ့ထားပြီး မိတ်ဆွေသစ်တစ်ယောက်ဆီမှာ သဘောကျစရာ ကောင်းတဲ့အချက်တွေကိုရှာဖွေပါ။ သင်က လူတွေပို အကောင်းမြင်မယ်ဆိုရင် အပြန်အလှန်သဘောအရ လူတွေကလည်း သင့်ကိုအကောင်းမြင်မှာ ဖြစ်ပါတယ်။

၇။ ပြုံးပါ။
လူတွေဟာ သူတို့နဲ့စကားပြောနေသူရဲ့ ခန္ဓာဗေဒအမူအယာတွေကို အလိုအလျောက်လိုက်တုတတ်ကြပါတယ်။ သင့်ကို ခူတွေသဘောကျစေချင်ရင် သူတို့နဲ့စကားပြောနေချိန်မှာ ပြုံးထားပါ။ သူတို့ကလည်း မသိလိုက်မသိဘာသာ ပြန်ပြုံးတတ်ကြပြီး သင့်ကိုသဘောကျနေမှာ ဖြစ်ပါတယ်။

၈။ နာမည်တွေကို အသုံးပြုပါ။
သင့်ရဲ့ နာမည်ဟာ သင့်အတွက်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နာမည်ကိုသုံးတဲ့အခါမှာ တစ်မျိုးတမည်ခံစားရမှာ သေချာပါတယ်။ လေ့လာမှုတွေအရလည်း စကားပြောနေချိန်မှာ နာမည်တွေကို ထည့်သွင်းအသုံးပြုပြီး ပြောဆိုဆက်ဆံတာဟာ လူတွေကိုပိုပြီး ယုံကြည်စိတ်ရှိစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လူသစ်တစ်ယောက်နဲ့ တွေ့ဆုံပြီဆိုရင် နာမည်မေးပြီး မှတ်ထားဖို့ ကြိုးစားပါ။

၉။ ပလက်တီနမ်စည်းမျဉ်းကို လိုက်နာပါ။
အခြားသူတွေက ကိုယ့်ကိုဆက်ဆံစေချင်တဲ့ပုံစံအတိုင်း အခြားသူတွေကို ဆက်ဆံပါဆိုတဲ့ ရွှေရောင်စည်းမျဉ်းကို ကျွန်တော်တို့အားလုံး သိထားပြီးသား ဖြစ်မှာပါ။ ရွှေရောင်စည်းမျဉ်းက လိုက်နာဖို့လွယ်ကူပါတယ်။ ပလက်တီနမ်စည်းမျဉ်းကတော့ လိုက်နာဖို့ခက်ခဲနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားသူတွေကို သူတို့ဆက်ဆံခံချင်တဲ့နည်းလမ်းနဲ့ လိုက်ပြီးဆက်ဆံပေးရတာကြောင့် ဖြစ်ပါတယ်။ ဒီလိုဆက်ဆံပေးခြင်းအားဖြင့် တဖက်သူအတွက် ပြောဆိုဆက်ဆံရာမှာ ပိုပြီးသက်တောင့်သက်သာဖြစ်စေသလို ပွင့်လင်းမြင်သာမှုရှိလာစေပါတယ်။

၁၀။ ပြိုင်ဆိုင်မှုတွေ မလုပ်ပါနဲ့။
လူနှစ်ယောက် ပထမဆုံးအကြိမ်စတင်တွေ့ဆုံချိန်မှာ တစ်ယောက်နဲ့တစ်ယောက် မသိမသာပြိုင်ဆိုင်တတ်ကြပါတယ်။ တဖက်သူရဲ့ အပြောအဆိုပေါ်မှာလိုက်ပြီး သူ့ထက်သာအောင် ပြန်ပြောတတ်ကြပါတယ်။ ဒီလိုပြိုင်ဆိုင်မှုမျိုးက သင့်ရဲ့အတ္တကို ဖြည့်ဆည်းပေးနိုင်ပေမယ့် ဆက်ဆံရေးကောင်းတစ်ခုကိုတော့ တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ တဖက်လူအကြောင်းကို နားထောင်ပြီးလေ့လာသင်ယူရမယ့်အစား ကိုယ့်အကြောင်းထုတ်ပြောဖို့ပဲ အာရုံစိုက်မိနေစေမှာ ဖြစ်ပါတယ်။

၁၁။ မခံချင်စိတ်ရဲ့လှုံ့ဆော်မှုကို တားဆီးပါ။
လူတွေနဲ့ ဆက်ဆံရေးကောင်းကို မတည်ဆောက်နိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခုကတော့ သေချာနားမထောင်တာပဲ ဖြစ်ပါတယ်။ တဖက်သူစကားပြောနေတဲ့ အကြောင်းအရာကိုစိတ်မဝင်စားပဲ ဘယ်လိုပြန်ပြောရမလဲဆိုတာကို စဉ်းစားနေတတ်ကြပါတယ်။ ဒါ့ကြောင့် တဖက်သူရဲ့ပြောစကားတွေကို ကြားနေပေမယ့် သေချာနားလည်ပေးနိုင်မှာ မဟုတ်ပါဘူး။ လူတွေနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ချင်ရင် သင့်ရဲ့မခံချင်စိတ်က လှုံ့ဆော်မှုတွေကို ဖိနှိပ်ထားရမှာဖြစ်ပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top