iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ေန႕အိပ္စက္ခ်ိန္ (၆) နာရီထက္ေလ်ာ႔နည္းရင္ ႏွလံုးေရာဂါနဲ႕ေသဆံုးႏိုင္ေျခပိုမ်ားတယ္လို႔ ေလ႔လာေတြ႕ရွိခ်က္အသစ္မ်ားက ဆိုထားပါတယ္။ ႏွလံုးေရာဂါနဲ႕႔ဆီးခ်ိဳေရာဂါအခံရွိသူေတြအတြက္ဆိုရင္ ပိုလို႔ေတာင္အႏၱရာယ္မ်ားပါေသးတယ္။

Metabolic syndrome လို႔လူသိမ်ားတဲ႔ ခႏၶာကုိယ္တြင္းဇီဝလုပ္ငန္းစဥ္ေတြမူမမွန္ျခင္းမွာ ေသြးတိုးျခင္း၊ ကိုလက္စထေရာမ်ားျပားျခင္း၊ ေသြးတြင္းအခ်ိဳဓာတ္မ်ားျပားျခင္း၊ အဝလြန္ျခင္း၊ ေသြးတြင္းအဆီလြန္ကဲျခင္းစတဲ႔အခ်က္ေတြပါဝင္ေနပါတယ္။ အထက္ပါေဖာ္ျပပါ အခ်က္ေတြထဲက (၃)ခ်က္ေလာက္ရွိေနျပီဆိုရင္ ခင္ဗ်ားမွာ metabolic syndrome ရွိေနႏိုင္လို႔ အထူးဂရုျပဳသင္႔ပါတယ္။

" Metabolic syndrome ရွွိတဲ႔လူေတြဟာ ဝဝလင္လင္အိပ္စက္မယ္ဆိုရင္ ႏွလံုးနဲ႔ပတ္သက္တဲ႔ေရာဂါျဖစ္ပြားမႈႏႈန္းေတြ ေလ်ာ႔က်လာမွာျဖစ္ျပီး အခ်ိန္မတိုင္ခင္ႏွလံုးေဖာက္လို႔ေသဆံုးရတဲ႔ျဖစ္ရပ္ေတြလည္း ေလ်ာ႔နည္းလာမွာျဖစ္တယ္" လို႔ ေလ႔လာေရး သုေတသီေခါင္းေဆာင္ ဂ်ဴလီယို ဖာနန္ဒက္ မန္ဒိုဇာက ဆိုပါတယ္။ သူက ပန္ဆယ္ေဗးနီးယားတကၠသိုလ္ ေမလ္တန္ ဟာေရွ ေဆးပညာဌာနရဲ႕ အိပ္စက္ျခင္းဆိုင္ရာသုေတသနနဲ႕ကုသေရးအဖြဲ႕မွာ အလုပ္လုပ္ကိုင္ေနတဲ႔ အိပ္စက္ျခင္းဆိုင္ရာစိတ္ပညာရွင္တစ္ဦးျဖစ္ပါတယ္။
play

ဒါေပမယ္႔ ဖာနန္ဒက္ မန္ဒိုဇာက "metabolic syndrome ရွိသူေတြ ႏွလံုးေရာဂါေၾကာင္႔ေသဆံုးရမႈေတြဟာ အိပ္စက္ခ်ိိန္အရမ္းနည္းတာတစ္ခုတည္းေၾကာင္႔မဟုတ္ပါဘူး"လို႔ သတိေပးပါတယ္။ တျခားအျပဳအမူေတြေၾကာင္႔လည္း ျဖစ္ႏိုင္ပါေသးတယ္လို႔ သူကဆိုပါတယ္။ "ဥပမာေပးရရင္ metabolic syndrome လည္းရွိ၊ အိပ္ခ်ိန္လည္းနည္းတဲ႔သူေတြဟာ အထိုင္မ်ားျပီး စားခ်ိန္ေသာက္ခ်ိန္လည္း မမွန္ႏိုင္ပါဘူး။ ဒီအခ်က္ေတြကလည္း ႏွလုံးေရာဂါျဖစ္ပြားႏိုင္ေျခကုိဦးတည္ေနပါတယ္" လို႔ ဖာနန္ဒက္ မန္ဒိုဇာကဆိုပါတယ္။

ဇီဝေဗဒသေဘာတရားအရ ၾကည္႔မယ္္ဆိုျပန္ရင္လည္း အိိပ္စက္ခ်ိန္နည္းတဲ႔သူေတြဟာ ေသြးတိုးနဲ႔ ေသြးတြင္းအခ်ိဳဓာတ္မ်ားျပားျခင္းတို႔ရွိေနမယ္ဆိုရင္ အေသေစာႏိုင္ေျခပိုမ်ားပါတယ္လို႔ သုေတသီေတြကဆိုထားပါတယ္။ "ျဖစ္ႏိုင္ေျခရွိတာကေတာ႔ metabolic syndrome ရွိတဲ႔သူေတြဟာ ဝလင္ေအာင္အိပ္စက္ျခင္းမျပဳဘူးဆိုရင္ အာရံုေၾကာစနစ္မွာ ျပႆနာေတြျဖစ္ႏိုင္ျပီး ဇီဝျဖစ္စဥ္ေျပာင္းလဲမႈေတြကိုလည္း ေႏွးေကြးေစႏိုင္ပါတယ္။ ဒါေၾကာင္႔ metabolic syndrome ရွိသူေတြကို အိပ္စက္ျခင္းနဲ႔ဆိုင္တဲ႔သုေတသနေတြ ထပ္လုပ္ျပီး စမ္းသပ္စစ္ေဆးၾကည္႔ဖို႔လိုအပ္ပါတယ္" လို႔ ဖာနန္ဒက္ မန္ဒိုဇာက အၾကံျပဳထားပါတယ္။

မည္သို႔ပင္ဆုိေစကာမူ ေသြးတိုး၊ ဆီးခ်ိဳေရာဂါေတြရွိျပီး အဝလြန္သူေတြအေနနဲ႕ ႏွလံုးနဲ႔ဆက္ႏြယ္တဲ႔ေရာဂါေတြမျဖစ္ခ်င္ဘူးဆိုရင္ အိပ္ေရးဝေအာင္အိပ္စက္သင္႔တာေတာ႔အမွန္ပါပဲ။ ေနာက္ျပီး အိပ္စက္ေနစဥ္ အသက္ရွဴရခက္ခဲျခင္း၊ အိပ္မေပ်ာ္ျခင္းနဲ႔ ၾကက္အိပ္ၾကက္ႏိုးျဖစ္ျခင္းတို႔လို အိပ္စက္ျခင္းနဲ႔ႏြယ္တဲ႔ ေရာဂါေတြကို သက္သာေပ်ာက္ကင္းေစႏိုင္တဲ႔ ေဆးဝါးနဲ႔ ႏွစ္သိမ္႔ေဆြးေႏြးကုသျခင္းနည္းလမ္းေတြလည္း ရွိေနျပီပဲလို႔ ဖာနန္ဒက္ မန္ဒိုဇာကဆိုထားပါတယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
တစ်နေ့အိပ်စက်ချိန် (၆) နာရီထက်လျော့နည်းရင် နှလုံးရောဂါနဲ့သေဆုံးနိုင်ခြေပိုများတယ်လို့ လေ့လာတွေ့ရှိချက်အသစ်များက ဆိုထားပါတယ်။ နှလုံးရောဂါနဲ့ဆီးချိုရောဂါအခံရှိသူတွေအတွက်ဆိုရင် ပိုလို့တောင်အန္တရာယ်များပါသေးတယ်။

Metabolic syndrome လို့လူသိများတဲ့ ခန္ဓာကိုယ်တွင်းဇီဝလုပ်ငန်းစဉ်တွေမူမမှန်ခြင်းမှာ သွေးတိုးခြင်း၊ ကိုလက်စထရောများပြားခြင်း၊ သွေးတွင်းအချိုဓာတ်များပြားခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီလွန်ကဲခြင်းစတဲ့အချက်တွေပါဝင်နေပါတယ်။ အထက်ပါဖော်ပြပါ အချက်တွေထဲက (၃)ချက်လောက်ရှိနေပြီဆိုရင် ခင်ဗျားမှာ metabolic syndrome ရှိနေနိုင်လို့ အထူးဂရုပြုသင့်ပါတယ်။

" Metabolic syndrome ရှှိတဲ့လူတွေဟာ ဝဝလင်လင်အိပ်စက်မယ်ဆိုရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါဖြစ်ပွားမှုနှုန်းတွေ လျော့ကျလာမှာဖြစ်ပြီး အချိန်မတိုင်ခင်နှလုံးဖောက်လို့သေဆုံးရတဲ့ဖြစ်ရပ်တွေလည်း လျော့နည်းလာမှာဖြစ်တယ်" လို့ လေ့လာရေး သုတေသီခေါင်းဆောင် ဂျူလီယို ဖာနန်ဒက် မန်ဒိုဇာက ဆိုပါတယ်။ သူက ပန်ဆယ်ဗေးနီးယားတက္ကသိုလ် မေလ်တန် ဟာရှေ ဆေးပညာဌာနရဲ့ အိပ်စက်ခြင်းဆိုင်ရာသုတေသနနဲ့ကုသရေးအဖွဲ့မှာ အလုပ်လုပ်ကိုင်နေတဲ့ အိပ်စက်ခြင်းဆိုင်ရာစိတ်ပညာရှင်တစ်ဦးဖြစ်ပါတယ်။
play

ဒါပေမယ့် ဖာနန်ဒက် မန်ဒိုဇာက "metabolic syndrome ရှိသူတွေ နှလုံးရောဂါကြောင့်သေဆုံးရမှုတွေဟာ အိပ်စက်ချိန်အရမ်းနည်းတာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး"လို့ သတိပေးပါတယ်။ တခြားအပြုအမူတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်လို့ သူကဆိုပါတယ်။ "ဥပမာပေးရရင် metabolic syndrome လည်းရှိ၊ အိပ်ချိန်လည်းနည်းတဲ့သူတွေဟာ အထိုင်များပြီး စားချိန်သောက်ချိန်လည်း မမှန်နိုင်ပါဘူး။ ဒီအချက်တွေကလည်း နှလုံးရောဂါဖြစ်ပွားနိုင်ခြေကိုဦးတည်နေပါတယ်" လို့ ဖာနန်ဒက် မန်ဒိုဇာကဆိုပါတယ်။

ဇီဝဗေဒသဘောတရားအရ ကြည့်မယ်ဆိုပြန်ရင်လည်း အိပ်စက်ချိန်နည်းတဲ့သူတွေဟာ သွေးတိုးနဲ့ သွေးတွင်းအချိုဓာတ်များပြားခြင်းတို့ရှိနေမယ်ဆိုရင် အသေစောနိုင်ခြေပိုများပါတယ်လို့ သုတေသီတွေကဆိုထားပါတယ်။ "ဖြစ်နိုင်ခြေရှိတာကတော့ metabolic syndrome ရှိတဲ့သူတွေဟာ ဝလင်အောင်အိပ်စက်ခြင်းမပြုဘူးဆိုရင် အာရုံကြောစနစ်မှာ ပြဿနာတွေဖြစ်နိုင်ပြီး ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေကိုလည်း နှေးကွေးစေနိုင်ပါတယ်။ ဒါကြောင့် metabolic syndrome ရှိသူတွေကို အိပ်စက်ခြင်းနဲ့ဆိုင်တဲ့သုတေသနတွေ ထပ်လုပ်ပြီး စမ်းသပ်စစ်ဆေးကြည့်ဖို့လိုအပ်ပါတယ်" လို့ ဖာနန်ဒက် မန်ဒိုဇာက အကြံပြုထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ သွေးတိုး၊ ဆီးချိုရောဂါတွေရှိပြီး အဝလွန်သူတွေအနေနဲ့ နှလုံးနဲ့ဆက်နွယ်တဲ့ရောဂါတွေမဖြစ်ချင်ဘူးဆိုရင် အိပ်ရေးဝအောင်အိပ်စက်သင့်တာတော့အမှန်ပါပဲ။ နောက်ပြီး အိပ်စက်နေစဉ် အသက်ရှူရခက်ခဲခြင်း၊ အိပ်မပျော်ခြင်းနဲ့ ကြက်အိပ်ကြက်နိုးဖြစ်ခြင်းတို့လို အိပ်စက်ခြင်းနဲ့နွယ်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဆေးဝါးနဲ့ နှစ်သိမ့်ဆွေးနွေးကုသခြင်းနည်းလမ်းတွေလည်း ရှိနေပြီပဲလို့ ဖာနန်ဒက် မန်ဒိုဇာကဆိုထားပါတယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top