iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ခ်စ္သူက ေက်ာင္းမွာ စာဂ်ပိုးေလးလား။ ဒါမွမဟုတ္ အျပင္စာဗဟုသုတေတြ အမ်ားႀကီးဖတ္ေလ့ရွိသူလား။

စာအရမ္းဖတ္တဲ့ခ်စ္သူကို ေရြးခ်ယ္ထားၿပီဆိုရင္ အခုအားသာခ်က္ေလးေတြကို သိထားဖို႔လိုပါတယ္ေနာ္။

နားေထာင္ေပးတတ္တယ္။

စာမ်ားမ်ားဖတ္တဲ့သူေတြဟာ တျခားသူတစ္ေယာက္အေၾကာင္းကိုလည္း စိတ္၀င္စားတဲ့သူေတြျဖစ္ပါတယ္။ သင္စိတ္ညစ္လို႔ ပဲျဖစ္ျဖစ္ သင့္အေၾကာင္းေတြကိုပဲျဖစ္ျဖစ္ ရင္ဖြင့္သမွ်ကို သူက အေကာင္းဆံုး နားေထာင္ေပးတတ္သူျဖစ္ပါတယ္။ သင္ေျပာသမွ်ကို ေလးေလးစားစားနဲ႔ နားေထာင္ၿပီး အႀကံဥာဏ္ေကာင္းေတြ ေပးတတ္သူပါ။

စာေပအေၾကာင္းေတြသိရမယ္။

သူတို႔ေလးေတြကို ခ်စ္သူအျဖစ္ေရြးခ်ယ္ထားၿပီဆိုရင္ေတာ့ စာေၾကာင္းေပေၾကာင္းေတြ နည္းနည္းေလ့လာထားသင့္တယ္ေနာ္။ သင္မသိတဲ့အေၾကာင္းအရာေတြကို တခါတေလ ဆရာႀကီးလုပ္ၿပီး ေျပာျပမယ့္သင့္ခ်စ္သူေၾကာင့္ သင္ဗဟုသုတေတြ အမ်ားႀကီးရမွာပါ။

သင့္ကို စာျပႏိုင္တယ္။

ေက်ာင္းတူတယ္။ အတန္းတူတယ္ပဲဆိုပါစို႔။ စာဂ်ပိုးေလးေတြကို သင့္ကို စာေသခ်ာရွင္းျပေပးႏိုင္ပါတယ္။

သူတို႔ေလးေတြကို သင္စိတ္ခ်ရမယ္။

သူတို႔ေလးေတြဟာ စာအုပ္ဖတ္ၿပီး အခ်ိန္ေတြကုန္ဆံုးတာျဖစ္လို႔ အခ်ိန္ကို ေကာင္းစြာအသံုးခ်တယ္ဆိုတာ သင္သိထားၿပီျဖစ္ပါတယ္။ တခါတေလ သင္နဲ႔အတူတူ မရွိခ်ိန္မွာေတာင္ သူတို႔ေလးေတြက စာအုပ္ကိုဖတ္ေနမွာပါေနာ္။

စာနာတတ္တယ္။

ေလ့လာေတြ႔ရွိမႈအရ စာမ်ားမ်ားဖတ္တဲ့သူေတြဟာ စာနာစိတ္ရွိသူေတြျဖစ္ၾကပါတယ္။ တျခားသူတစ္ေယာက္ကိုလည္း နားလည္ႏိုင္ဖို႔ အၿမဲႀကိဳးစားတတ္သူေတြပါ။

အေသးစိတ္ကအစ မွတ္မိေနတတ္တယ္။

သင့္ရဲ့ အႀကိဳက္ဆံုးအစားအစာ။ သင့္အေမရဲ့ေမြးေန႔ စတဲ့ အေသးစိတ္အခ်က္အလက္ေတြက အစ မွတ္မိေနမယ့္သူေတြပါ။ စာမ်ားမ်ားဖတ္တာဟာ မွတ္ဥာဏ္စြမ္းရည္ကို တိုးတက္ေစပါတယ္။

သင္လည္း စာဖတ္ျဖစ္လာမယ္။

စာအရမ္းဖတ္တဲ့သင့္ခ်စ္သူက သင့္ကို စာဖတ္ျဖစ္လာေအာင္ ဆြဲေဆာင္ႏိုင္မွာပါ။ သူတို႔ရဲ့အႀကိဳက္စာအုပ္ေလးေတြ လိုက္၀ယ္ေပးျဖစ္ရင္း သူေျပာတဲ့အေၾကာင္းအရာေတြနားေထာင္ရင္းနဲ႕ သင္လည္း စာေပကို ခ်စ္ျမတ္ႏိုးတတ္လာမွာပါ။

Credit:Mystylemyanmar
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ကိုယ့်ချစ်သူက ကျောင်းမှာ စာဂျပိုးလေးလား။ ဒါမှမဟုတ် အပြင်စာဗဟုသုတတွေ အများကြီးဖတ်လေ့ရှိသူလား။

စာအရမ်းဖတ်တဲ့ချစ်သူကို ရွေးချယ်ထားပြီဆိုရင် အခုအားသာချက်လေးတွေကို သိထားဖို့လိုပါတယ်နော်။

နားထောင်ပေးတတ်တယ်။

စာများများဖတ်တဲ့သူတွေဟာ တခြားသူတစ်ယောက်အကြောင်းကိုလည်း စိတ်ဝင်စားတဲ့သူတွေဖြစ်ပါတယ်။ သင်စိတ်ညစ်လို့ ပဲဖြစ်ဖြစ် သင့်အကြောင်းတွေကိုပဲဖြစ်ဖြစ် ရင်ဖွင့်သမျှကို သူက အကောင်းဆုံး နားထောင်ပေးတတ်သူဖြစ်ပါတယ်။ သင်ပြောသမျှကို လေးလေးစားစားနဲ့ နားထောင်ပြီး အကြံဉာဏ်ကောင်းတွေ ပေးတတ်သူပါ။

စာပေအကြောင်းတွေသိရမယ်။

သူတို့လေးတွေကို ချစ်သူအဖြစ်ရွေးချယ်ထားပြီဆိုရင်တော့ စာကြောင်းပေကြောင်းတွေ နည်းနည်းလေ့လာထားသင့်တယ်နော်။ သင်မသိတဲ့အကြောင်းအရာတွေကို တခါတလေ ဆရာကြီးလုပ်ပြီး ပြောပြမယ့်သင့်ချစ်သူကြောင့် သင်ဗဟုသုတတွေ အများကြီးရမှာပါ။

သင့်ကို စာပြနိုင်တယ်။

ကျောင်းတူတယ်။ အတန်းတူတယ်ပဲဆိုပါစို့။ စာဂျပိုးလေးတွေကို သင့်ကို စာသေချာရှင်းပြပေးနိုင်ပါတယ်။

သူတို့လေးတွေကို သင်စိတ်ချရမယ်။

သူတို့လေးတွေဟာ စာအုပ်ဖတ်ပြီး အချိန်တွေကုန်ဆုံးတာဖြစ်လို့ အချိန်ကို ကောင်းစွာအသုံးချတယ်ဆိုတာ သင်သိထားပြီဖြစ်ပါတယ်။ တခါတလေ သင်နဲ့အတူတူ မရှိချိန်မှာတောင် သူတို့လေးတွေက စာအုပ်ကိုဖတ်နေမှာပါနော်။

စာနာတတ်တယ်။

လေ့လာတွေ့ရှိမှုအရ စာများများဖတ်တဲ့သူတွေဟာ စာနာစိတ်ရှိသူတွေဖြစ်ကြပါတယ်။ တခြားသူတစ်ယောက်ကိုလည်း နားလည်နိုင်ဖို့ အမြဲကြိုးစားတတ်သူတွေပါ။

အသေးစိတ်ကအစ မှတ်မိနေတတ်တယ်။

သင့်ရဲ့ အကြိုက်ဆုံးအစားအစာ။ သင့်အမေရဲ့မွေးနေ့ စတဲ့ အသေးစိတ်အချက်အလက်တွေက အစ မှတ်မိနေမယ့်သူတွေပါ။ စာများများဖတ်တာဟာ မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။

သင်လည်း စာဖတ်ဖြစ်လာမယ်။

စာအရမ်းဖတ်တဲ့သင့်ချစ်သူက သင့်ကို စာဖတ်ဖြစ်လာအောင် ဆွဲဆောင်နိုင်မှာပါ။ သူတို့ရဲ့အကြိုက်စာအုပ်လေးတွေ လိုက်ဝယ်ပေးဖြစ်ရင်း သူပြောတဲ့အကြောင်းအရာတွေနားထောင်ရင်းနဲ့ သင်လည်း စာပေကို ချစ်မြတ်နိုးတတ်လာမှာပါ။

Credit:Mystylemyanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top