iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြအခ်င္းခ်င္း ခ်စ္သက္တမ္းရွည္ခ်င္ၾကပါလိမ့္မယ္။ ရည္ရြယ္ခ်က္မရွိဘဲ ခ်စ္သူျဖစ္လာတဲ့သူေတြ အဖုိ႔ေတာ့
ဇာတ္လမ္းတစ္ခုကို ဘယ္လုိပုံစံနဲ႔ အဆုံးသတ္မရမလဲဆုိၿပီး ရွာႀကံေနသူေတြအတြက္ေတာ့ ေအာက္ပါအခ်က္ကေလး
ေတြနဲ႔ ဆန္႔က်င္ဘက္ ျဖစ္ေနပါလိ့မ္မယ္။ ဒါေၾကာင့္ ကုိယ့္ရဲ႕ RS ကုိ ေအာက္ပါအခ်က္ကေလးေတြနဲ႔ တုိက္ဆုိင္စစ္ေဆး
ၾကည့္ဖုိ႔ auntymay က တစ္ဆင့္ မွ်ေ၀လုိက္ပါေၾကာင္း။
(၁) တစ္ေယာက္နဲ႔တစ္ေယာက္ ယဥ္ေက်းျပဳငွာၾကတယ္

ခ်စ္သူအခ်င္းခ်င္း ေလးေလးစားစားရွိဖုိ႔၊ ျပဴျပဴငွာငွာရွိဖုိ႔၊ ေႏြးေႏြးေထြးေထြး ရွိဖုိ႔ လုိအပ္ပါတယ္။ ဒါေတြမွ မရွိဘူးဆုိရင္
လည္း ခ်စ္သူေတြဘ၀က သူစိမ္းျပင္ျပင္နဲ႕ မျခား၊ တစ္ေယာက္ကို တစ္ေယာက္ ေက်ာခုိင္းၿပီး ေ၀းရာသြားေနသလုိ ျဖစ္
ေနပါလိမ့္မယ္။
(၂) အျပစ္ရွာျခင္းမဟုတ္တဲ့ ေ၀ဖန္ေထာက္ျပမႈေတြရွိတယ္

ခ်စ္တယ္ဆုိရင္ တစ္ေယာက္ကုိ တစ္ေယာက္ ေကာင္းစားေစခ်င္တဲ့ ေစတနာအျပည့္ ရွိကုိ ရွိရပါမယ္။ ဒီေတာ့ နည္းလမ္း
မက်ေသာ မွားယြင္းမႈေတြရွိရင္ ေ၀ဖန္ျပစ္တင္တာထက္၊ အက်ိဳးျဖစ္ေစလုိတဲ့ ေထာက္ျပမႈေတြ ရွိေနသင့္ပါတယ္။
(၃) တစ္ေယာက္နဲ႔တစ္ေယာက္ အထင္ေသးျခင္းမရွိဘူး

Lip-kiss-of-love-couple-in-rain-1024x640

ခ်စ္သူကုိ ကုိယ္ကမွ အထင္မႀကီးရင္ ဘယ္သူက အထင္ႀကီးမလဲ … ဒါေပမယ့္ တကယ္ခ်စ္ၾကတဲ့သူေတြကေတာ့ ဒီအ
ခ်က္ကုိ ထည့္ေျပာေနစရာမလုိပါဘူး။ ခ်စ္သူက ဘယ္ေလာက္ပဲ နိမ့္က်ေနပါေစ လက္မေထာင္ဂုဏ္ယူ၀ံ့ဖုိ႔ လုိပါတယ္။
(၄) တစ္ေယာက္နဲ႔တစ္ေယာက္ မနိမ့္က်ေစဘူး

ခ်စ္သူေတြအခ်င္းခ်င္း အတၱကို ဘယ္ေတာ့မွ ေရွ႕တန္းတင္လုိ႔ မရပါဘူး။ ကိုယ့္အတၱကို ေရွ႕တန္းတင္လုိက္မိတာနဲ႔ ခ်စ္
သူကို နိမ့္ရာမွာ ေနရစ္ခဲ့ေပေတာ့လုိ႔ ေျပာလုိက္တာနဲ႔ မျခားပါဘူး။ ဥပမာ သူေဌးႀကီးတစ္ေယာက္က သန္းနဲ႔ခ်ီၿပီး တင္
ေတာင္းခဲ့တယ္ဆုိရင္ေတာင္ ခ်စ္သူအေပၚမွာ ေလးစားတဲ့သူ၊ ျမတ္ႏုိးတဲ့သူ၊ တကယ္ကုိ ခ်စ္ျမတ္ႏုိးတဲ့သူေတြကေတာ့
စိတ္ကူးနဲ႔ပင္ ေယာင္လုိ႔ သာယာမႈမျပပါဘူး။
READ
မႏွစ္သက္တဲ့ေယာက္်ားေလးတစ္ေယာက္ ကိုယ့္ကိုcrushျခင္းကိုကာကြယ္ဖုိ႕ နည္းလမ္းမ်ား
(၅) တစ္ေယာက္နဲ႔တစ္ေယာက္ မသိက်ိဳးကၽြန္ျပဳတာ မရွိဘူး

ေနာက္ဆုံးအခ်က္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ မသိက်ိဳးကၽြန္ျပဳတာ မရွိပါဘူးဆုိတာက ခ်စ္သူအေပၚမွာ အၿမဲ
တမ္း သစၥာေစာင့္ထိန္းတယ္၊ ကြယ္ရာပင္ ျဖစ္လင့္ကစား ခ်စ္သူမွတစ္ပါး အျခားဆန္႕က်င္ဘက္လိင္ေတြကို စိတ္ကူးမွ်
ျဖင့္ပင္ မက်ဴးလြန္၊ လြန္က်ဴးလွတဲ့ ရမၼက္ႏြံကေန အသိဉာဏ္နဲ႕ ႐ုန္းထြက္ႏုိင္သူေတြ ျဖစ္ပါတယ္။
Source : lifehack.org
Credit:Si Si (auntymay)

#Unicode Version#
ချစ်သူတွေအချင်းချင်း ချစ်သက်တမ်းရှည်ချင်ကြပါလိမ့်မယ်။ ရည်ရွယ်ချက်မရှိဘဲ ချစ်သူဖြစ်လာတဲ့သူတွေ အဖို့တော့
ဇာတ်လမ်းတစ်ခုကို ဘယ်လိုပုံစံနဲ့ အဆုံးသတ်မရမလဲဆိုပြီး ရှာကြံနေသူတွေအတွက်တော့ အောက်ပါအချက်ကလေး
တွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါလိ့မ်မယ်။ ဒါကြောင့် ကိုယ့်ရဲ့ RS ကို အောက်ပါအချက်ကလေးတွေနဲ့ တိုက်ဆိုင်စစ်ဆေး
ကြည့်ဖို့ auntymay က တစ်ဆင့် မျှဝေလိုက်ပါကြောင်း။
(၁) တစ်ယောက်နဲ့တစ်ယောက် ယဉ်ကျေးပြုငှာကြတယ်

ချစ်သူအချင်းချင်း လေးလေးစားစားရှိဖို့၊ ပြူပြူငှာငှာရှိဖို့၊ နွေးနွေးထွေးထွေး ရှိဖို့ လိုအပ်ပါတယ်။ ဒါတွေမှ မရှိဘူးဆိုရင်
လည်း ချစ်သူတွေဘဝက သူစိမ်းပြင်ပြင်နဲ့ မခြား၊ တစ်ယောက်ကို တစ်ယောက် ကျောခိုင်းပြီး ဝေးရာသွားနေသလို ဖြစ်
နေပါလိမ့်မယ်။
(၂) အပြစ်ရှာခြင်းမဟုတ်တဲ့ ဝေဖန်ထောက်ပြမှုတွေရှိတယ်

ချစ်တယ်ဆိုရင် တစ်ယောက်ကို တစ်ယောက် ကောင်းစားစေချင်တဲ့ စေတနာအပြည့် ရှိကို ရှိရပါမယ်။ ဒီတော့ နည်းလမ်း
မကျသော မှားယွင်းမှုတွေရှိရင် ဝေဖန်ပြစ်တင်တာထက်၊ အကျိုးဖြစ်စေလိုတဲ့ ထောက်ပြမှုတွေ ရှိနေသင့်ပါတယ်။
(၃) တစ်ယောက်နဲ့တစ်ယောက် အထင်သေးခြင်းမရှိဘူး

Lip-kiss-of-love-couple-in-rain-1024x640

ချစ်သူကို ကိုယ်ကမှ အထင်မကြီးရင် ဘယ်သူက အထင်ကြီးမလဲ … ဒါပေမယ့် တကယ်ချစ်ကြတဲ့သူတွေကတော့ ဒီအ
ချက်ကို ထည့်ပြောနေစရာမလိုပါဘူး။ ချစ်သူက ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လက်မထောင်ဂုဏ်ယူဝံ့ဖို့ လိုပါတယ်။
(၄) တစ်ယောက်နဲ့တစ်ယောက် မနိမ့်ကျစေဘူး

ချစ်သူတွေအချင်းချင်း အတ္တကို ဘယ်တော့မှ ရှေ့တန်းတင်လို့ မရပါဘူး။ ကိုယ့်အတ္တကို ရှေ့တန်းတင်လိုက်မိတာနဲ့ ချစ်
သူကို နိမ့်ရာမှာ နေရစ်ခဲ့ပေတော့လို့ ပြောလိုက်တာနဲ့ မခြားပါဘူး။ ဥပမာ သူဌေးကြီးတစ်ယောက်က သန်းနဲ့ချီပြီး တင်
တောင်းခဲ့တယ်ဆိုရင်တောင် ချစ်သူအပေါ်မှာ လေးစားတဲ့သူ၊ မြတ်နိုးတဲ့သူ၊ တကယ်ကို ချစ်မြတ်နိုးတဲ့သူတွေကတော့
စိတ်ကူးနဲ့ပင် ယောင်လို့ သာယာမှုမပြပါဘူး။
READ
မနှစ်သက်တဲ့ယောက်ျားလေးတစ်ယောက် ကိုယ့်ကိုcrushခြင်းကိုကာကွယ်ဖို့ နည်းလမ်းများ
(၅) တစ်ယောက်နဲ့တစ်ယောက် မသိကျိုးကျွန်ပြုတာ မရှိဘူး

နောက်ဆုံးအချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မသိကျိုးကျွန်ပြုတာ မရှိပါဘူးဆိုတာက ချစ်သူအပေါ်မှာ အမြဲ
တမ်း သစ္စာစောင့်ထိန်းတယ်၊ ကွယ်ရာပင် ဖြစ်လင့်ကစား ချစ်သူမှတစ်ပါး အခြားဆန့်ကျင်ဘက်လိင်တွေကို စိတ်ကူးမျှ
ဖြင့်ပင် မကျူးလွန်၊ လွန်ကျူးလှတဲ့ ရမ္မက်နွံကနေ အသိဉာဏ်နဲ့ ရုန်းထွက်နိုင်သူတွေ ဖြစ်ပါတယ်။
Source : lifehack.org
Credit:Si Si (auntymay)

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top