iMyanmarHouse.com - Best Property Website for Myanmar
×

အလွတရားဆိုတာ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ႐ွိေနၾကတယ္။ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးအသြင္ ျဖစ္ခ်င္တာလား၊ တည္ၿငိမ္ရင့္က်က္သူလား? ဒါမွမဟုတ္ စမတ္က်က်နဲ႔ ထက္ျမက္တဲ့မိန္းမသားအသြင္ ျဖစ္ခ်င္ေနတာလား။ စမတ္က်က်ပံုစံ ျဖစ္ခ်င္ရင္ေတာ့ ဒီပစၥည္းေတြ ႐ွိထားဖုိ႔ လိုမယ္ေနာ္။

၁။ ႐ွပ္အက်ႌျဖဴ

ဂ်င္းေဘာင္းဘီ႐ွည္နဲ႔တြဲဝတ္ဖုိ႔ အလိုက္ဆံုးက ႐ွပ္အက်ႌလက္႐ွည္ အျဖဴေရာင္ပါ။ ဒါေပမဲ့ တျခားေဘာင္းဘီေတြနဲ႔ဝတ္လည္း အထာက်တယ္။ ႐ွပ္လက္႐ွည္တစ္ထည္က အမ်ိဳးမ်ိဳးေျပာင္းလဲၿပီး ဝတ္လို႔လည္းရပါေသးတယ္။

၂။ သားေရလက္ကိုင္အိတ္

အနက္ေရာင္၊ အညိဳေရာင္ သားေရလက္ကိုင္အိတ္က လုပ္ငန္းခြင္ဝင္ေနရတဲ့ ပ်ိဳေမတုိ႔ကို စမတ္က်တဲ့အသြင္ ျဖစ္ေစပါတယ္။ ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈရွိတဲ့ပံုလည္း ေပါက္သြားေစတယ္။ မႀကီး၊ မေသး အရြယ္ေတာ္ဆုိဒ္က ပြဲတက္လို႔လည္းရပါလိမ့္မယ္။

၃။ အနက္ေရာင္ dress

ခႏၶာကိုယ္နဲ႔အတိျဖစ္ေနမယ့္ အနက္ေရာင္ ဂါဝန္တစ္ထည္ေလာက္လည္း မ႐ွိမျဖစ္ ေဆာင္ထားပါဦး။ ပြဲတက္ဖုိ႔ ဘာဝတ္ရမွန္းမသိရင္ အနက္ေရာင္ကိုယ္က်ယ္ဂါဝန္ေလးကိုသာဝတ္သြား။ ဘယ္ေတာ့မွလည္း ႐ိုးမသြားဘူး။ အတိုျဖစ္ေစ၊ အ႐ွည္ျဖစ္ေစ တစ္ထည္ေတာ့ ဝယ္ထားလိုက္ပါေနာ္။

၄။ ဂ်င္းေဘာင္းဘီ႐ွည္

ဂ်င္းဆိုတာ ဘယ္ေတာ့မွမ႐ိုးတဲ့ဖက္႐ွင္ပါ။ အေပၚဆံုးမွာ ေျပာခဲ့သလို ႐ွပ္အက်ႌလက္႐ွည္ အျဖဴေရာင္ေလးနဲ႔ တြဲဝတ္ရင္ စတိုင္မိမိေလး ျဖစ္သြားတယ္။ တီ႐ွပ္ေလးေတြနဲ႔ဝတ္လည္း လိုက္တာပဲ။ ခႏၶာကိုယ္နဲ႔အတိျဖစ္တာမ်ိဳးကို ေရြးသင့္ပါတယ္။ က်ပ္လြန္း၊ ပြလြန္းတာေတြက လူတုိင္းနဲ႔မလိုက္ဘူး။

၅။ ေဒါက္ျမင့္ဖိနပ္

႐ံုးတက္ေနရသူေတြအဖုိ႔ ေဒါက္ျမင့္ေလဒီ႐ႈးတစ္ရံေတာ့ ေဆာင္ထားရမယ္။ အနက္ေရာင္ကိုပဲေ႐ြးပါ။ ႐ံုးတက္တဲ့အခါ ဘာပဲဝတ္ဝတ္ ဒီဖိနပ္ေၾကာင့္ ပိုၿပီးစမတ္က်သြားေရာ။ တကယ္လို႔ ကိုယ့္အလုပ္က ႐ံုးတက္ေနရသူမဟုတ္ဘူးဆုိရင္ ေဒါက္ျမင့္ဖိနပ္တစ္ရံကိုလည္း ေဆာင္ထားရမယ္။ ေဒါက္ျမင့္ဖိနပ္ကိုစီးလိုက္ရင္ ခႏၶာကိုယ္အေနအထားက မတ္သြားတယ္။ လမ္းေလွ်ာက္ရင္လည္း ပိုၿပီးၾကည့္ေကာင္းတယ္။ ေဒါက္ျမင့္မစီးတတ္ဘူးဆုိရင္ ႀကိဳးသိုင္းေဒါက္ျမင့္ေတြက စီးလို႔လြယ္တယ္။

Credit:Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
အလှတရားဆိုတာ ပုံစံအမျိုးမျိုးနဲ့ ရှိနေကြတယ်။ ချစ်စရာကောင်းတဲ့ ကောင်မလေးအသွင် ဖြစ်ချင်တာလား၊ တည်ငြိမ်ရင့်ကျက်သူလား? ဒါမှမဟုတ် စမတ်ကျကျနဲ့ ထက်မြက်တဲ့မိန်းမသားအသွင် ဖြစ်ချင်နေတာလား။ စမတ်ကျကျပုံစံ ဖြစ်ချင်ရင်တော့ ဒီပစ္စည်းတွေ ရှိထားဖို့ လိုမယ်နော်။

၁။ ရှပ်အကျႌဖြူ

ဂျင်းဘောင်းဘီရှည်နဲ့တွဲဝတ်ဖို့ အလိုက်ဆုံးက ရှပ်အကျႌလက်ရှည် အဖြူရောင်ပါ။ ဒါပေမဲ့ တခြားဘောင်းဘီတွေနဲ့ဝတ်လည်း အထာကျတယ်။ ရှပ်လက်ရှည်တစ်ထည်က အမျိုးမျိုးပြောင်းလဲပြီး ဝတ်လို့လည်းရပါသေးတယ်။

၂။ သားရေလက်ကိုင်အိတ်

အနက်ရောင်၊ အညိုရောင် သားရေလက်ကိုင်အိတ်က လုပ်ငန်းခွင်ဝင်နေရတဲ့ ပျိုမေတို့ကို စမတ်ကျတဲ့အသွင် ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ပုံလည်း ပေါက်သွားစေတယ်။ မကြီး၊ မသေး အရွယ်တော်ဆိုဒ်က ပွဲတက်လို့လည်းရပါလိမ့်မယ်။

၃။ အနက်ရောင် dress

ခန္ဓာကိုယ်နဲ့အတိဖြစ်နေမယ့် အနက်ရောင် ဂါဝန်တစ်ထည်လောက်လည်း မရှိမဖြစ် ဆောင်ထားပါဦး။ ပွဲတက်ဖို့ ဘာဝတ်ရမှန်းမသိရင် အနက်ရောင်ကိုယ်ကျယ်ဂါဝန်လေးကိုသာဝတ်သွား။ ဘယ်တော့မှလည်း ရိုးမသွားဘူး။ အတိုဖြစ်စေ၊ အရှည်ဖြစ်စေ တစ်ထည်တော့ ဝယ်ထားလိုက်ပါနော်။

၄။ ဂျင်းဘောင်းဘီရှည်

ဂျင်းဆိုတာ ဘယ်တော့မှမရိုးတဲ့ဖက်ရှင်ပါ။ အပေါ်ဆုံးမှာ ပြောခဲ့သလို ရှပ်အကျႌလက်ရှည် အဖြူရောင်လေးနဲ့ တွဲဝတ်ရင် စတိုင်မိမိလေး ဖြစ်သွားတယ်။ တီရှပ်လေးတွေနဲ့ဝတ်လည်း လိုက်တာပဲ။ ခန္ဓာကိုယ်နဲ့အတိဖြစ်တာမျိုးကို ရွေးသင့်ပါတယ်။ ကျပ်လွန်း၊ ပွလွန်းတာတွေက လူတိုင်းနဲ့မလိုက်ဘူး။

၅။ ဒေါက်မြင့်ဖိနပ်

ရုံးတက်နေရသူတွေအဖို့ ဒေါက်မြင့်လေဒီရှုးတစ်ရံတော့ ဆောင်ထားရမယ်။ အနက်ရောင်ကိုပဲရွေးပါ။ ရုံးတက်တဲ့အခါ ဘာပဲဝတ်ဝတ် ဒီဖိနပ်ကြောင့် ပိုပြီးစမတ်ကျသွားရော။ တကယ်လို့ ကိုယ့်အလုပ်က ရုံးတက်နေရသူမဟုတ်ဘူးဆိုရင် ဒေါက်မြင့်ဖိနပ်တစ်ရံကိုလည်း ဆောင်ထားရမယ်။ ဒေါက်မြင့်ဖိနပ်ကိုစီးလိုက်ရင် ခန္ဓာကိုယ်အနေအထားက မတ်သွားတယ်။ လမ်းလျှောက်ရင်လည်း ပိုပြီးကြည့်ကောင်းတယ်။ ဒေါက်မြင့်မစီးတတ်ဘူးဆိုရင် ကြိုးသိုင်းဒေါက်မြင့်တွေက စီးလို့လွယ်တယ်။

Credit:Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top