iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းကေဖာက္ျပန္တာက လံုး၀ကိုမေကာင္းတဲ့လုပ္ရပ္ၾကီးဆိုတာကိုလက္ခံၾကေပမယ့္လည္းလူေတြကဆက္ျပီးေဖာက္ျပန္ေနၾကတာပါပဲ ။ ဒါကေတာ့ ကိုယ့္ခ်စ္တဲ့သူအေပၚ လူေတြ ဘာလို႔ေဖာက္ျပန္ၾကလဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြပါ။တစ္ခါတစ္ေလမွာအခ်စ္ကနာက်င္ခံစားရပါတယ္ ။

    ကိုယ့္မွာရည္းစားၾကီးငုတ္တုတ္ရွိရဲ႕သားနဲ႔ ေဖာက္ျပန္တယ္ဆိုတာတကယ္ကိုမေကာင္းတဲ့အရာပါ ။ တကယ္လို႔သာကိုယ့္ရဲ႕RSကိုအဆံုးသတ္ခ်င္ေလာက္ေအာင္ ျပႆနာတစ္ခုခုရွိတယ္ဆိုရင္လည္းကိုယ့္ခ်စ္သူရည္းစားနဲ႔ ပြင့္ပြင့္လင္းလင္းေဆြးေႏြးတိုင္ပင္ သင့္ပါတယ္။ စံုတြဲအမ်ားစုကေတာ့ ဒီလိုမ်ိဳးတိုင္ပင္ဖို႔ မ၀ံ့ၾကပါဘူး။ လူအမ်ားစုကေဖာက္ျပန္ၾကတာကေတာ့  `ေၾသာ္…ငါေနာက္တစ္ေယာက္ထားေနတာဘယ္သူမွမသိပါဘူးေလ’ လို႔ထင္တာကတစ္ေၾကာင္း ၊ ဘယ္သူမွနာက်င္ခံစားရမွာမဟုတ္ဘူးလို႔ေတြးမိတာေတြ ေၾကာင့္ပါ။ ဒါေပမယ့္ ေနာက္ဆံုးမွာေတာ့ ဘူးေပၚသလိုေပၚကုန္ၾကျပီး သက္ဆိုင္သူအခ်ိဳ႔ကေတာ့ နာက်င္ခံစားၾကရတာပါပဲ ။ လူတိုင္းကေဖာက္ျပန္တာက လံုး၀ကိုမေကာင္းတဲ့လုပ္ရပ္ၾကီးဆိုတာကိုလက္ခံၾကေပမယ့္လည္းလူေတြကဆက္ျပီးေဖာက္ျပန္ ေနၾကတာပါပဲ ။ ဒါကေတာ့ ကိုယ့္ခ်စ္တဲ့သူအေပၚ လူေတြ ဘာလို႔ေဖာက္ျပန္ၾကလဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြပါ။ တစ္ခါတစ္ေလမွာအခ်စ္ကနာက်င္ခံစားရပါတယ္ ။

    ၁။တည္တည္ျငိမ္ျငိမ္ေနဖို႔အဆင္သင့္မျဖစ္ေသးလို႔

    တစ္ခ်ိဳ႕ေတြရွိပါတယ္ .. သူမွသူပဲ…သူကိုတအားခ်စ္ေနေပမယ့္လည္းသူတစ္ေယာက္တည္းနဲ႔ မေက်နပ္နိုင္ဘူးျဖစ္ေနတဲ့ လူေတြရွိပါတယ္။ ကိုယ့္ခ်စ္သူကိုလမ္းခြဲမလားဆိုေတာ့လည္းမခြဲနိုင္ဘူး ။ ဒါဆိုမရႈပ္ပဲတည္တည္ျငိမ္ျငိမ္ေနမလားဆိုေတာ့လည္းမေနနိုင္ ။ တကယ္ေတာ့ ဒီလိုလူေတြဟာတည္တည္ျငိမ္ျငိ္မ္ေနဖို႔ အဆင္သင့္မျဖစ္ေသးတာပါ။ ေျပာရရင္ေတာ့ မရင့္က်က္ေသးတာေပါ့။ ေယာင္းဟာဒီလိုလူနဲ႔ေတြ႔ေနရတယ္ ဆိုရင္ တစ္ခါႏွစ္ခါေတာ့ခြင့္လႊတ္ေပးျပီးရင့္က်က္ေအာင္သြန္သင္ေပးၾကည့့္ပါ။ မရရင္ေတာ့ ဒီလိုမရင့္က်က္တဲ့လူကိုေယာင္းရဲ႔ အခ်ိန္ေတြအကုန္ခံျပီးတြဲမေနပါနဲ႔ေတာ့။

    ၂။ကိုယ့္ကိုကိုယ္ ယံုၾကည္မႈနည္းလို႕

    ကိုယ့္ကိုကိုယ္ ယံုၾကည္မႈမရွိတဲ့ လူအမ်ားစုကေဖာက္ျပန္ေလ့ရွိပါတယ္။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈမရွိေတာ့ `ေၾသာ္ ငါကဘာျဖစ္လို႕ ညာျဖစ္လို႔ သူထားသြားမလား’ဆိုျပီးစိုးရိမ္စိတ္ေတြ ၀င္ျပီးေဖာက္ျပန္တတ္ၾကပါတယ္။ ကိုယ့္ကိုကိုယ္ ယံုၾကည္မႈရဖို႔ အတြက္ အျခားတစ္ေယာက္စီေျခလွမ္းစဖို႔ျပင္ေရာ။ ရည္းစားတစ္ေယာက္ထက္ ပိုထားမွသာသူ့ကိုယ္သူယံုၾကည္မႈ ပိုရွိလာတဲ့ လူမ်ိဳးေပါ့ ။ ဒီလိုလူမ်ိဳးကစိတ္သိပ္မမွန္တဲ့သူေတြလို႔ စိတ္ပညာရွင္ေတြကေျပာၾကပါတယ္။

    ၃။မခ်စ္ေတာ့လို႔

    ဒါကေတာ့ ရွင္းပါတယ္ ။ အမ်ားစုေဖာက္ျပန္ၾကတာကလည္းဒီအေၾကာင္းျပခ်က္ ေၾကာင့္ပါ။ တစ္ေယာက္ကေတာ့ RSတစ္ခုကိုအတည္လို႔ သေဘာထားျပီးေရွ႕ေရးအတြက္ အားၾကိဳးမာန္တက္ ျပင္ဆင္ေနခ်ိန္မွာ ၊ ေနာက္တစ္ေယာက္ကေတာ့ ေပါ့ေပါ့ေလးပဲေနတယ္ ။ ဒါကဘာလို႔လဲဆိုေတာ့ စတြဲထဲကိုကတကယ္မခ်စ္ခဲ့လို႔ပါ။ ခဏတာစိတ္လႈပ္ရွားမႈကို အခ်စ္လို႔ထင္သြားတာပါ ။ကိုယ့္ကိုကိုယ္ အခ်စ္လား စိတ္လႈပ္ရွားမႈလား မေရရာပဲ RS တစ္ခုကိုစတင္ခဲ့တယ္။ ဒီေတာ့ အခ်ိန္တစ္ခုေရာက္တဲ့အခါ ဒီRSမွာရွိေနတာပ်င္းလာမယ္။ ဒီေတာ့ အီစီကလီေလးေတြ စလုပ္ျပီးေနာက္တစ္ေယာက္ဘက္ကိုပါသြားေတာ့တာပဲ ။
    Readအခ်စ္ၾတိဂံ သီအိုရီ

    ၄။ေအာင္ျမင္သြားလို႔

    ကိုယ္႔ရဲ႕ သုညဘ၀မွာ ဒီတစ္ေယာက္နဲ႔ပဲေတြ႔ျပီးလက္တြဲခဲ့ေပမယ့္ ကံတရားကမ်က္ႏွာသာေပးေတာ့ ေအာင္ျမင္မႈဆိုတာရလာတဲ့အခါ ဘ၀ေမ့သြားတတ္ၾကပါတယ္။ ေအာင္ျမင္လာတဲ့အခါ အနားမွာကပ္ခ်င္သူေတြမ်ားျပီး ၀ိုင္း၀ိုင္းလည္လာျပီေလ။ ဒီလို ၀ိုင္း၀ိုင္းလည္တာကိုမၾကံဳဖူးေတာ့ အဲေပၚမွာသာယာျပီးေဖာက္ျပန္ၾကတာေပါ့ ။

    ၅။အခြင့္အေရးရလို႕

    ကိုယ့္ခ်စ္သူနဲ႔ ကိုယ္နဲ႔တစ္ေယာက္တစ္ေနရာစီခဏတာပဲ ျဖစ္ျဖစ္ ၊ အၾကာၾကီးပဲျဖစ္ျဖစ္ ခြဲရတဲ့အခါ ေဖာက္ျပန္ၾကပါတယ္။ အခြင့္အေရးရတုန္းအခြင့္ေကာင္းယူတဲ့သေဘာေပါ့ ။ ကိုယ့္ခ်စ္သူကကိုယ့္အေပၚ ယံုၾကည္မႈ အျပည့္အ၀ထားျပီး ကို္ယ္ေျပာသမွ်ယံုေနတဲ့အခါမွာလည္းေဖာက္ျပန္ၾကပါတယ္ ။ ဘယ္သူကိုမွ မယံုပါနဲ႔ ။တစ္ခါတစ္ေလကိုယ့္ကိုကိုယ္ေတာင္ ယံုရတာမွမဟုတ္တာ ။

    ၆။အရြဲ႕တိုက္ခ်င္လို႔

    ကိုယ့္ခ်စ္သူနဲ႔ ရန္ျဖစ္ထားတဲ့အခါ ၊ စိတ္ဆိုးစိတ္ေကာက္တဲ့ အခါ ကိုယ့္ခ်စ္သူကိုအရြဲ႕တိုက္ျပီးေနာက္တစ္ေယာက္တြဲျပတတ္ၾကပါတယ္ ။ အဲလိုလုပ္ရင္ သ၀န္ေတြတိုျပီး လာျပန္ေခၚေလမလား ၊ ျပန္စေခ်ာ့ေလမလားဆိုျပီးေတာ့ေပါ့ ။ ဒါကတကယ္ကိုမွားယြင္းတဲ့အေတြးအေခၚပါ။ အဲလိုလုပ္တာမနီးေစတဲ့အျပင္ ပိုေ၀းသြားေစပါတယ္။

    ၇။ ကိုယ္ကပစ္ထားမိလို႔

    ကိုယ့္ခ်စ္သူကိုအျမဲလိုလိုပစ္ထားေနမိတယ္ ဆိုရင္ ဟိုဘက္ကရည္းစားရွိေပမယ့္လည္းတစ္ေယာက္တည္းသမားလိုပဲအထီးက်န္ခံစားေနရမွာေပါ့။ ဒီလိုအခ်ိန္မွာဂရုစိုက္ေပးတဲ့ တတိယလူေပၚလာတဲ့အခါ အဲ့လူဘက္ကိုေကာက္ေကာက္ပါေအာင္ လိုက္သြားတတ္ပါတယ္။

    အခုေနာက္ပိုင္း ျခံခုန္ၾကတာ စႏႈိက္ေၾကာ္ခံလိုက္ရတာေတြကလည္းအမ်ားစုကဒီအေၾကာင္းျပခ်က္ေတြေၾကာင့္ပါ။ ဒီလိုကိုယ့္ခ်စ္သူကေဖာက္ျပန္လို႕ လမ္းခြဲလိုက္ရတဲ့အခါ မငိုနဲ႔ေတာ့ မဟုတ္ပါဘူး။ ငိုပါ။ အားရပါးရငိုပါ ။ အသည္းကြဲပါ။ ဒါေပမယ့္ အခ်ိန္တစ္ခုထိပဲ .. အားရပါးရ အသည္းကြဲျပီးတဲ့အခါ ကို္ယ့္ကိုကိုယ္ ျပန္ထူေထာင္ပါ။ အရင္ကထက္ ပိုျပီးရင့္က်က္ေအာင္ေနပါ ။ ကိုယ့္ကိုသစၥာမရွိတဲ့သူအတြက္ အၾကာၾကီးမခံစားပါနဲ႔ ။ဒီလူနဲ႔ လမ္းခြဲလိုက္ရတယ္ဆိုတာကိုယ့္ရဲ႕ စစ္မွန္တဲ့ ဖူးစာရွင္မဟုတ္ေသးလို႔ပါ။ ကိုယ့္ရဲ႕ စစ္မွန္တဲ့သူကိုေတြ႔တဲ့ အခါ ေျခရႈပ္ေပးခဲ့တဲ့သူ႔ကိုေပ်ာ္ေပ်ာ္ၾကီးေက်းဇူးတင္လိုက္ပါ ေယာင္းတို႔ေရ ။^_~

  Credit:  Hana (For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတိုင်းကဖောက်ပြန်တာက လုံးဝကိုမကောင်းတဲ့လုပ်ရပ်ကြီးဆိုတာကိုလက်ခံကြပေမယ့်လည်းလူတွေကဆက်ပြီးဖောက်ပြန်နေကြတာပါပဲ ။ ဒါကတော့ ကိုယ့်ချစ်တဲ့သူအပေါ် လူတွေ ဘာလို့ဖောက်ပြန်ကြလဲဆိုတဲ့ အကြောင်းပြချက်တွေပါ။တစ်ခါတစ်လေမှာအချစ်ကနာကျင်ခံစားရပါတယ် ။

    ကိုယ့်မှာရည်းစားကြီးငုတ်တုတ်ရှိရဲ့သားနဲ့ ဖောက်ပြန်တယ်ဆိုတာတကယ်ကိုမကောင်းတဲ့အရာပါ ။ တကယ်လို့သာကိုယ့်ရဲ့RSကိုအဆုံးသတ်ချင်လောက်အောင် ပြဿနာတစ်ခုခုရှိတယ်ဆိုရင်လည်းကိုယ့်ချစ်သူရည်းစားနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင် သင့်ပါတယ်။ စုံတွဲအများစုကတော့ ဒီလိုမျိုးတိုင်ပင်ဖို့ မဝံ့ကြပါဘူး။ လူအများစုကဖောက်ပြန်ကြတာကတော့  `သြော်…ငါနောက်တစ်ယောက်ထားနေတာဘယ်သူမှမသိပါဘူးလေ’ လို့ထင်တာကတစ်ကြောင်း ၊ ဘယ်သူမှနာကျင်ခံစားရမှာမဟုတ်ဘူးလို့တွေးမိတာတွေ ကြောင့်ပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဘူးပေါ်သလိုပေါ်ကုန်ကြပြီး သက်ဆိုင်သူအချို့ကတော့ နာကျင်ခံစားကြရတာပါပဲ ။ လူတိုင်းကဖောက်ပြန်တာက လုံးဝကိုမကောင်းတဲ့လုပ်ရပ်ကြီးဆိုတာကိုလက်ခံကြပေမယ့်လည်းလူတွေကဆက်ပြီးဖောက်ပြန် နေကြတာပါပဲ ။ ဒါကတော့ ကိုယ့်ချစ်တဲ့သူအပေါ် လူတွေ ဘာလို့ဖောက်ပြန်ကြလဲဆိုတဲ့ အကြောင်းပြချက်တွေပါ။ တစ်ခါတစ်လေမှာအချစ်ကနာကျင်ခံစားရပါတယ် ။

    ၁။တည်တည်ငြိမ်ငြိမ်နေဖို့အဆင်သင့်မဖြစ်သေးလို့

    တစ်ချို့တွေရှိပါတယ် .. သူမှသူပဲ…သူကိုတအားချစ်နေပေမယ့်လည်းသူတစ်ယောက်တည်းနဲ့ မကျေနပ်နိုင်ဘူးဖြစ်နေတဲ့ လူတွေရှိပါတယ်။ ကိုယ့်ချစ်သူကိုလမ်းခွဲမလားဆိုတော့လည်းမခွဲနိုင်ဘူး ။ ဒါဆိုမရှုပ်ပဲတည်တည်ငြိမ်ငြိမ်နေမလားဆိုတော့လည်းမနေနိုင် ။ တကယ်တော့ ဒီလိုလူတွေဟာတည်တည်ငြိမ်ငြိမ်နေဖို့ အဆင်သင့်မဖြစ်သေးတာပါ။ ပြောရရင်တော့ မရင့်ကျက်သေးတာပေါ့။ ယောင်းဟာဒီလိုလူနဲ့တွေ့နေရတယ် ဆိုရင် တစ်ခါနှစ်ခါတော့ခွင့်လွှတ်ပေးပြီးရင့်ကျက်အောင်သွန်သင်ပေးကြည့့်ပါ။ မရရင်တော့ ဒီလိုမရင့်ကျက်တဲ့လူကိုယောင်းရဲ့ အချိန်တွေအကုန်ခံပြီးတွဲမနေပါနဲ့တော့။

    ၂။ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းလို့

    ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့ လူအများစုကဖောက်ပြန်လေ့ရှိပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတော့ `သြော် ငါကဘာဖြစ်လို့ ညာဖြစ်လို့ သူထားသွားမလား’ဆိုပြီးစိုးရိမ်စိတ်တွေ ဝင်ပြီးဖောက်ပြန်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရဖို့ အတွက် အခြားတစ်ယောက်စီခြေလှမ်းစဖို့ပြင်ရော။ ရည်းစားတစ်ယောက်ထက် ပိုထားမှသာသူ့ကိုယ်သူယုံကြည်မှု ပိုရှိလာတဲ့ လူမျိုးပေါ့ ။ ဒီလိုလူမျိုးကစိတ်သိပ်မမှန်တဲ့သူတွေလို့ စိတ်ပညာရှင်တွေကပြောကြပါတယ်။

    ၃။မချစ်တော့လို့

    ဒါကတော့ ရှင်းပါတယ် ။ အများစုဖောက်ပြန်ကြတာကလည်းဒီအကြောင်းပြချက် ကြောင့်ပါ။ တစ်ယောက်ကတော့ RSတစ်ခုကိုအတည်လို့ သဘောထားပြီးရှေ့ရေးအတွက် အားကြိုးမာန်တက် ပြင်ဆင်နေချိန်မှာ ၊ နောက်တစ်ယောက်ကတော့ ပေါ့ပေါ့လေးပဲနေတယ် ။ ဒါကဘာလို့လဲဆိုတော့ စတွဲထဲကိုကတကယ်မချစ်ခဲ့လို့ပါ။ ခဏတာစိတ်လှုပ်ရှားမှုကို အချစ်လို့ထင်သွားတာပါ ။ကိုယ့်ကိုကိုယ် အချစ်လား စိတ်လှုပ်ရှားမှုလား မရေရာပဲ RS တစ်ခုကိုစတင်ခဲ့တယ်။ ဒီတော့ အချိန်တစ်ခုရောက်တဲ့အခါ ဒီRSမှာရှိနေတာပျင်းလာမယ်။ ဒီတော့ အီစီကလီလေးတွေ စလုပ်ပြီးနောက်တစ်ယောက်ဘက်ကိုပါသွားတော့တာပဲ ။
    Readအချစ်တြိဂံ သီအိုရီ

    ၄။အောင်မြင်သွားလို့

    ကိုယ့်ရဲ့ သုညဘဝမှာ ဒီတစ်ယောက်နဲ့ပဲတွေ့ပြီးလက်တွဲခဲ့ပေမယ့် ကံတရားကမျက်နှာသာပေးတော့ အောင်မြင်မှုဆိုတာရလာတဲ့အခါ ဘဝမေ့သွားတတ်ကြပါတယ်။ အောင်မြင်လာတဲ့အခါ အနားမှာကပ်ချင်သူတွေများပြီး ဝိုင်းဝိုင်းလည်လာပြီလေ။ ဒီလို ဝိုင်းဝိုင်းလည်တာကိုမကြုံဖူးတော့ အဲပေါ်မှာသာယာပြီးဖောက်ပြန်ကြတာပေါ့ ။

    ၅။အခွင့်အရေးရလို့

    ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့တစ်ယောက်တစ်နေရာစီခဏတာပဲ ဖြစ်ဖြစ် ၊ အကြာကြီးပဲဖြစ်ဖြစ် ခွဲရတဲ့အခါ ဖောက်ပြန်ကြပါတယ်။ အခွင့်အရေးရတုန်းအခွင့်ကောင်းယူတဲ့သဘောပေါ့ ။ ကိုယ့်ချစ်သူကကိုယ့်အပေါ် ယုံကြည်မှု အပြည့်အဝထားပြီး ကိုယ်ပြောသမျှယုံနေတဲ့အခါမှာလည်းဖောက်ပြန်ကြပါတယ် ။ ဘယ်သူကိုမှ မယုံပါနဲ့ ။တစ်ခါတစ်လေကိုယ့်ကိုကိုယ်တောင် ယုံရတာမှမဟုတ်တာ ။

    ၆။အရွဲ့တိုက်ချင်လို့

    ကိုယ့်ချစ်သူနဲ့ ရန်ဖြစ်ထားတဲ့အခါ ၊ စိတ်ဆိုးစိတ်ကောက်တဲ့ အခါ ကိုယ့်ချစ်သူကိုအရွဲ့တိုက်ပြီးနောက်တစ်ယောက်တွဲပြတတ်ကြပါတယ် ။ အဲလိုလုပ်ရင် သဝန်တွေတိုပြီး လာပြန်ခေါ်လေမလား ၊ ပြန်စချော့လေမလားဆိုပြီးတော့ပေါ့ ။ ဒါကတကယ်ကိုမှားယွင်းတဲ့အတွေးအခေါ်ပါ။ အဲလိုလုပ်တာမနီးစေတဲ့အပြင် ပိုဝေးသွားစေပါတယ်။

    ၇။ ကိုယ်ကပစ်ထားမိလို့

    ကိုယ့်ချစ်သူကိုအမြဲလိုလိုပစ်ထားနေမိတယ် ဆိုရင် ဟိုဘက်ကရည်းစားရှိပေမယ့်လည်းတစ်ယောက်တည်းသမားလိုပဲအထီးကျန်ခံစားနေရမှာပေါ့။ ဒီလိုအချိန်မှာဂရုစိုက်ပေးတဲ့ တတိယလူပေါ်လာတဲ့အခါ အဲ့လူဘက်ကိုကောက်ကောက်ပါအောင် လိုက်သွားတတ်ပါတယ်။

    အခုနောက်ပိုင်း ခြံခုန်ကြတာ စနှိုက်ကြော်ခံလိုက်ရတာတွေကလည်းအများစုကဒီအကြောင်းပြချက်တွေကြောင့်ပါ။ ဒီလိုကိုယ့်ချစ်သူကဖောက်ပြန်လို့ လမ်းခွဲလိုက်ရတဲ့အခါ မငိုနဲ့တော့ မဟုတ်ပါဘူး။ ငိုပါ။ အားရပါးရငိုပါ ။ အသည်းကွဲပါ။ ဒါပေမယ့် အချိန်တစ်ခုထိပဲ .. အားရပါးရ အသည်းကွဲပြီးတဲ့အခါ ကိုယ့်ကိုကိုယ် ပြန်ထူထောင်ပါ။ အရင်ကထက် ပိုပြီးရင့်ကျက်အောင်နေပါ ။ ကိုယ့်ကိုသစ္စာမရှိတဲ့သူအတွက် အကြာကြီးမခံစားပါနဲ့ ။ဒီလူနဲ့ လမ်းခွဲလိုက်ရတယ်ဆိုတာကိုယ့်ရဲ့ စစ်မှန်တဲ့ ဖူးစာရှင်မဟုတ်သေးလို့ပါ။ ကိုယ့်ရဲ့ စစ်မှန်တဲ့သူကိုတွေ့တဲ့ အခါ ခြေရှုပ်ပေးခဲ့တဲ့သူ့ကိုပျော်ပျော်ကြီးကျေးဇူးတင်လိုက်ပါ ယောင်းတို့ရေ ။^_~

  Credit:  Hana (For Her Myanmar)

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top