iMyanmarHouse.com - Best Property Website for Myanmar
×

၀က္ၿခံထြက္လာတဲ့အတြက္ ေခ်ာကလက္ေတြ၊ မ်က္ႏွာေၾကးခၽြတ္ဆုိင္ေတြ နဲ႕ စိတ္ဖိစီးမႈမ်ားတာေတြကို အျပစ္တင္ေနမိလိမ့္မယ္။ ဒါေပမယ့္ တကယ္တမ္းမွာေတာ့ သင့္ကိုယ္သင္သာ အျပစ္တင္ရမွာပါပဲ။ သင့္အသားအေရ အမ်ိဳးအစားနဲ႕ အလုပ္နဲ႔ပတ္သက္တဲ့ စိတ္ဖိစီးမႈေတြက ၀က္ၿခံထြက္တာနဲ႕ ပတ္သက္ေနတာမွန္ေပမယ့္ သင္မသိေသးတဲ့ ဒုတိယ ဇာတ္လမ္းတစ္ပုဒ္လည္း ရွိေနပါေသးတယ္။ အတိအက်ေျပာရရင္ေတာ့ အစားအေသာက္ေတြပါပဲ။ အက်ိဳးမရွိတဲ့ အစာေတြ သိပ္မစားပါနဲ႕။ အဲဒါေတြက သင့္အသားအေရကို ပ်က္စီးေစမယ့္လမ္းစေတြပါပဲ။

          အစားအေသာက္ေၾကာင့္ပဲ ပ်က္စီးႏုိင္သလို အစားအေသာက္ကပဲ ျပန္လည္ကာကြယ္ေပးႏုိင္တာ ေတြ႕ရမွာပါ။ ၀က္ၿခံထြက္တာ ကာကြယ္ႏုိင္တဲ့ အစားအေသာက္ေပါင္းမ်ားစြာ ရွိတဲ့အနက္ ငါးမ်ိဳးကို ေဖာ္ျပေပးပါမယ္။

(၁)     လက္ဖက္ရည္

လက္ဖက္စိမ္းကရတဲ့ လက္ဖက္ရည္ဟာ ၀က္ၿခံထြက္ျခင္းကာကြယ္ႏုိင္တဲ့ အစြမ္းသတ္ၱိ ရွိပါတယ္တဲ့။ လက္ဖက္စိမ္းမွာ ေလာင္ကၽြမ္းေစႏုိင္တဲ့ ဓါတုပစ္ၥည္းေတြကို ဆန္႕က်င္ႏုိင္ပါတယ္။ ခႏ္ၶာကိုယ္တြင္းရွိတဲ့ အညစ္အေၾကး၊ ေနေလာင္အပူဒဏ္နဲ႕ စီးကရက္မီးခိုးေငြ႕ရဲ႕ အကိ်ဳးဆက္ေတြကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။  ၀က္ၿခံထြက္ျခင္းေၾကာင့္ ေရာင္ရမ္းျခင္း၊ နာက်င္ျခင္းနဲ႕ ျပည္တည္ျခင္းေတြကိုလည္း ေလ်ာ့နည္းေစႏုိင္ၿပီး အရြယ္အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးႏုိင္ပါတယ္။

(၂)     သံလြင္ဆီ

သံလြင္ဆီဟာ fatty acids ေပ်ာ္၀င္မႈပမာဏ အမ်ားဆံုးေသာ အဆီျဖစ္ပါတယ္။ အသားအေရကို အေျခခံအားျဖင့္ စင္ၾကယ္ၿပီး အာဟာရျပည့္၀ေစပါတယ္။ သံလြင္ဆီမွာ ပါ၀င္တဲ့ အန္တီေအာက္ဆီးဒင့္ ဗိုက္တာမင္ဓါတ္ေတြက ေနေရာင္ျခည္ေၾကာင့္ အသားအေရပ်က္စီးျခင္း၊ အေရာင္မြဲေျခာက္ျခင္းနဲ႕ စိုျပည္မႈဆံုး႐ံႈးျခင္းေတြကို ျပန္လည္အားျဖည့္ ေပးပါတယ္။ အပ်ိဳေဖာ္၀င္စအရြယ္ေတြမွာ ျဖစ္ေလ့ရွိတဲ့ အသားအေရအေျပာင္းအလဲနဲ႕ အဖုအပိန္႕ထြက္ျခင္း ေတြကို ကာကြယ္ေပးႏုိင္ပါတယ္။

(၃)     ကစီဓါတ္မ်ားတဲ့ အစားအစာမ်ား

၀က္ၿခံထြက္ခ်င္တဲ့ လကၡဏာျဖစ္ေပၚလာပါက ကစီဓါတ္ႂကြယ္၀တဲ့ အစားအစာေတြကို စားေပးၾကည့္ပါ။ ဂါထာတစ္ပုဒ္ရြတ္လိုက္သလို အစြမ္းထက္တာကို ေတြ႕ရပါလိမ့္မယ္။ ေကြကာ၊ မုေယာစပါး ၊ ေပါင္မုန္႕နဲ႕ ပါစတာတုိ႔မွာ ပါ၀င္တဲ့ အန္တီေအာက္ဆီးဒင့္၊ ဆီလီနီယမ္နဲ႕ အျခားဓါတုပစၥည္းေတြက ၀က္ၿခံထြက္ျခင္းကို ထိထိေရာက္ေရာက္ ကာကြယ္ တားဆီးေပးႏုိင္ပါတယ္။ တစ္ခုသတိထားရမွာက ကစီဓါတ္မ်ားတဲ့ အစားအစာျဖစ္ေပမယ့္ သၾကားဓာတ္ပါ၀င္မႈလည္း နည္းရပါမယ္။

(၄)     ကန္စြန္းဥ

အာဟာရအျပည့္ရွိတဲ့ အစားအစာတစ္ခုျဖစ္တဲ့အျပင္ သူကလည္း ၀က္ၿခံထြက္ျခင္းကို ဆန္႕က်င္ တားဆီးေပးပါတယ္။ သူ႕မွာပါ၀င္တဲ့ beta-carotene နဲ႕ Vitamin-C တို႕ ႏွစ္မ်ိဳးစလံုးဟာ စြမ္းအားအျပည့္ရွိတဲ့ အန္တီေအာက္ဆီးဒင့္ေတြျဖစ္ၿပီး ၀က္ၿခံထြက္ျခင္းကို ကာကြယ္ရာမွာ အလြန္ထိေရာက္ပါတယ္။ ဒါ့အျပင္ Vitamin-A ႂကြယ္၀တဲ့အတြက္ အသားအေရအဆီ ခမ္းေျခာက္ျခင္းကို အကူအညီေပးပါတယ္။ အသားအေရခမ္းေျခာက္မႈ နည္းပါးျခင္းက ၀က္ၿခံထြက္ျခင္းကိုလည္း အလားတူ နည္းပါးသြားေစပါတယ္။

(၅)     ဘလူးဘယ္ရီသီး

က်န္းမာေရးအတြက္ အေကာင္းဆံုးအသီးတစ္ခုပါ။ ၀က္ၿခံအတြက္လဲ အေကာင္းဆံုး ကုထံုးတစ္ခုပါ။ စေတာ္ဘယ္ရီသီး ၊ အနီေရာင္ဘယ္ရီသီးနဲ႕ စပ်စ္သီးေတြထက္ အန္တီေအာက္ဆီးဒင့္ ပါ၀င္မႈပမာဏ ပိုမ်ားပါတယ္။ ဘလူးဘယ္ရီသီးမွာ ပါ၀င္တဲ့ အန္တီေအာက္ဆီးဒင့္ စြမ္းအားက အဆိပ္အေတာက္ျဖစ္ေစႏုိင္တာေတြကို ဖယ္ရွားေပး ပါတယ္။ အရသာလဲ ေကာင္းမြန္တယ္ဆုိတာေတာ့ အထူးေျပာေနစရာ မလုိေတာ့ပါဘူး။

အခုေျပာျပေပးခဲ့တဲ့ အစားအစာ ငါးမ်ိဳးကို သတိထားစားေသာက္ေပးမယ္ဆုိရင္ ၀က္ၿခံေၾကာင့္ စိတ္ညစ္ေနရတဲ့ သူသူငါငါ အဆင္ေျပႏုိင္ၾကလိမ့္မယ္လုိ႕ ေမွ်ာ္လင့္ပါတယ္။

Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
၀က်ခြံထွက်လာတဲ့အတွက် ချောကလက်တွေ၊ မျက်နှာကြေးချွတ်ဆိုင်တွေ နဲ့ စိတ်ဖိစီးမှုများတာတွေကို အပြစ်တင်နေမိလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သင့်ကိုယ်သင်သာ အပြစ်တင်ရမှာပါပဲ။ သင့်အသားအရေ အမျိုးအစားနဲ့ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေက ဝက်ခြံထွက်တာနဲ့ ပတ်သက်နေတာမှန်ပေမယ့် သင်မသိသေးတဲ့ ဒုတိယ ဇာတ်လမ်းတစ်ပုဒ်လည်း ရှိနေပါသေးတယ်။ အတိအကျပြောရရင်တော့ အစားအသောက်တွေပါပဲ။ အကျိုးမရှိတဲ့ အစာတွေ သိပ်မစားပါနဲ့။ အဲဒါတွေက သင့်အသားအရေကို ပျက်စီးစေမယ့်လမ်းစတွေပါပဲ။

          အစားအသောက်ကြောင့်ပဲ ပျက်စီးနိုင်သလို အစားအသောက်ကပဲ ပြန်လည်ကာကွယ်ပေးနိုင်တာ တွေ့ရမှာပါ။ ဝက်ခြံထွက်တာ ကာကွယ်နိုင်တဲ့ အစားအသောက်ပေါင်းများစွာ ရှိတဲ့အနက် ငါးမျိုးကို ဖော်ပြပေးပါမယ်။

(၁)     လက်ဖက်ရည်

လက်ဖက်စိမ်းကရတဲ့ လက်ဖက်ရည်ဟာ ဝက်ခြံထွက်ခြင်းကာကွယ်နိုင်တဲ့ အစွမ်းသတ်္တိ ရှိပါတယ်တဲ့။ လက်ဖက်စိမ်းမှာ လောင်ကျွမ်းစေနိုင်တဲ့ ဓါတုပစ်္စည်းတွေကို ဆန့်ကျင်နိုင်ပါတယ်။ ခန်္ဓာကိုယ်တွင်းရှိတဲ့ အညစ်အကြေး၊ နေလောင်အပူဒဏ်နဲ့ စီးကရက်မီးခိုးငွေ့ရဲ့ အကျိုးဆက်တွေကို လျော့ချပေးနိုင်ပါတယ်။  ဝက်ခြံထွက်ခြင်းကြောင့် ရောင်ရမ်းခြင်း၊ နာကျင်ခြင်းနဲ့ ပြည်တည်ခြင်းတွေကိုလည်း လျော့နည်းစေနိုင်ပြီး အရွယ်အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၂)     သံလွင်ဆီ

သံလွင်ဆီဟာ fatty acids ပျော်ဝင်မှုပမာဏ အများဆုံးသော အဆီဖြစ်ပါတယ်။ အသားအရေကို အခြေခံအားဖြင့် စင်ကြယ်ပြီး အာဟာရပြည့်ဝစေပါတယ်။ သံလွင်ဆီမှာ ပါဝင်တဲ့ အန်တီအောက်ဆီးဒင့် ဗိုက်တာမင်ဓါတ်တွေက နေရောင်ခြည်ကြောင့် အသားအရေပျက်စီးခြင်း၊ အရောင်မွဲခြောက်ခြင်းနဲ့ စိုပြည်မှုဆုံးရှုံးခြင်းတွေကို ပြန်လည်အားဖြည့် ပေးပါတယ်။ အပျိုဖော်ဝင်စအရွယ်တွေမှာ ဖြစ်လေ့ရှိတဲ့ အသားအရေအပြောင်းအလဲနဲ့ အဖုအပိန့်ထွက်ခြင်း တွေကို ကာကွယ်ပေးနိုင်ပါတယ်။

(၃)     ကစီဓါတ်များတဲ့ အစားအစာများ

ဝက်ခြံထွက်ချင်တဲ့ လက္ခဏာဖြစ်ပေါ်လာပါက ကစီဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးကြည့်ပါ။ ဂါထာတစ်ပုဒ်ရွတ်လိုက်သလို အစွမ်းထက်တာကို တွေ့ရပါလိမ့်မယ်။ ကွေကာ၊ မုယောစပါး ၊ ပေါင်မုန့်နဲ့ ပါစတာတို့မှာ ပါဝင်တဲ့ အန်တီအောက်ဆီးဒင့်၊ ဆီလီနီယမ်နဲ့ အခြားဓါတုပစ္စည်းတွေက ဝက်ခြံထွက်ခြင်းကို ထိထိရောက်ရောက် ကာကွယ် တားဆီးပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက ကစီဓါတ်များတဲ့ အစားအစာဖြစ်ပေမယ့် သကြားဓာတ်ပါဝင်မှုလည်း နည်းရပါမယ်။

(၄)     ကန်စွန်းဥ

အာဟာရအပြည့်ရှိတဲ့ အစားအစာတစ်ခုဖြစ်တဲ့အပြင် သူကလည်း ဝက်ခြံထွက်ခြင်းကို ဆန့်ကျင် တားဆီးပေးပါတယ်။ သူ့မှာပါဝင်တဲ့ beta-carotene နဲ့ Vitamin-C တို့ နှစ်မျိုးစလုံးဟာ စွမ်းအားအပြည့်ရှိတဲ့ အန်တီအောက်ဆီးဒင့်တွေဖြစ်ပြီး ဝက်ခြံထွက်ခြင်းကို ကာကွယ်ရာမှာ အလွန်ထိရောက်ပါတယ်။ ဒါ့အပြင် Vitamin-A ကြွယ်ဝတဲ့အတွက် အသားအရေအဆီ ခမ်းခြောက်ခြင်းကို အကူအညီပေးပါတယ်။ အသားအရေခမ်းခြောက်မှု နည်းပါးခြင်းက ဝက်ခြံထွက်ခြင်းကိုလည်း အလားတူ နည်းပါးသွားစေပါတယ်။

(၅)     ဘလူးဘယ်ရီသီး

ကျန်းမာရေးအတွက် အကောင်းဆုံးအသီးတစ်ခုပါ။ ဝက်ခြံအတွက်လဲ အကောင်းဆုံး ကုထုံးတစ်ခုပါ။ စတော်ဘယ်ရီသီး ၊ အနီရောင်ဘယ်ရီသီးနဲ့ စပျစ်သီးတွေထက် အန်တီအောက်ဆီးဒင့် ပါဝင်မှုပမာဏ ပိုများပါတယ်။ ဘလူးဘယ်ရီသီးမှာ ပါဝင်တဲ့ အန်တီအောက်ဆီးဒင့် စွမ်းအားက အဆိပ်အတောက်ဖြစ်စေနိုင်တာတွေကို ဖယ်ရှားပေး ပါတယ်။ အရသာလဲ ကောင်းမွန်တယ်ဆိုတာတော့ အထူးပြောနေစရာ မလိုတော့ပါဘူး။

အခုပြောပြပေးခဲ့တဲ့ အစားအစာ ငါးမျိုးကို သတိထားစားသောက်ပေးမယ်ဆိုရင် ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ သူသူငါငါ အဆင်ပြေနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top