iMyanmarHouse.com - Best Property Website for Myanmar
×

ေယာင္းတို႔ေရ ေယာက်္ားေလးတစ္ေယာက္ကို ပထမဆံုးေတြ႕တဲ့အခါ ဘယ္အရာေတြက ေယာင္းတို႔ရဲ႕ စိတ္ကိုဆြဲေဆာင္ႏိုင္ဆံုးလဲ?
Rinအရင္စေျဖမယ္။ ေျခေထာက္ပါ။ Rinက လူတစ္ေယာက္ကို ပထမဆံုးေတြ႕တဲ့အခါ ေျခေထာက္ကို အရင္းဆံုးျမင္မိတယ္ရွင့္။ ကိုယ့္ေျခေထာက္သာ ညစ္ပတ္ေပတူးေနပါေစ သူမ်ားေျခေထာက္သန္႔သန္႔ေလးေတြျမင္ရင္ သိပ္သေဘာက်တယ္။ အလိုလိုအထင္ႀကီးစိတ္ဝင္မိတယ္ေပါ့ေနာ္။ ဒါဆို Rinက စစ္တမ္းေကာက္ယူခ်က္ေတြကေနသိရတဲ့ ေယာက်ာ္းေလးတစ္ေယာက္ကို မိန္းကေလးေတြ အရင္ဆံုးသတိထားမိတဲ့ အခ်က္ေတြကိုေဖာ္ျပေပးမယ္။

(၁) ကိုယ္ေနဟန္ထား
ေယာက်္ားတစ္ေယာက္ရဲ႕ ကိုယ္ေနဟန္ထားက အမ်ိဳးသမီးတစ္ေယာက္ကို ဆြဲေဆာင္ႏိုင္ဆံုး ပထမအခ်က္ျဖစ္ပါတယ္။ လမ္းေလၽွာက္တဲ့အခါ (ဒါမွမဟုတ္) စကားေျပာတဲ့အခါ ေယာက်္ားပီသတဲ့ ကိုယ္ေနဟန္ထားက အမ်ိဳးသမီးေတြ ပထမဆံုးသတိျပဳမိတဲ့အရာေပါ့။

(၂)ရုပ္ရည္
ဒုတိယေနရာမွာ ရပ္တည္ေနတာကေတာ့ ရုပ္ရည္ျဖစ္ပါတယ္ေယာင္းတို႔ေရ။ ေတာက္ပတဲ့မ်က္ဝန္းတစ္စံုနဲ႔ ခ်ိဳသာတဲ့အျပံဳးပိုင္ရွင္ေလးေတြက ရုပ္မေခ်ာရင္ေတာင္ Rinတို႔မိန္းကေလးေတြရဲ႕ မသိစိတ္တစ္ေနရာကို စိုးမိုးႏိုင္ပါတယ္။

(၃)အမႈအက်င့္
အမ်ိဳးသားတစ္ေယာက္ရဲ႕ အမ်ိဳးသမီးေတြေပၚ ေလးစားတဲ့ အမူအက်င့္ကလည္း သူတို႔ကို သတိျပဳမိေစတဲ့ အရာေတြထဲက တစ္ခ်က္ပါ။ ပထမဆံုး စေတြ႕တဲ့ေန႔မွာပဲ ကားတံခါဖြင့္ေပးတာ၊ စားေသာက္ဆိုင္မွာ ထိုင္ခံုေရြ႕ေပးတာ စတဲ့အေသးအမႊားအရာေလးေတြကလည္း အမွတ္ရေစတဲ့ႀကီးႀကီးမားမားအရာေတြျဖစ္လို႔ေနပါတယ္။

(၄)ဖက္ရွင္
ေတာင္းမွာအကြပ္၊ လူမွာအဝတ္ဆိုတဲ့ စကားနဲ႔အတိုင္း အမ်ိဳးသားတစ္ေယာက္မွာ ဖက္ရွင္အျမင္ရွိမႈကလည္း အဓိကက်တဲ့ အခ်က္တစ္ခ်က္ပါ။ ကိုယ့္ခႏၶာကိုယ္၊ အသားအေရာင္နဲ႔ လိုက္ဖက္တဲ့ဝတ္စံုကို ဝတ္ဆင္ထားတဲ့ အမ်ိဳးသားဟာ မိန္းကေလးေတြရဲ႕မ်က္လံုးထဲမွာ ထင္းေနမွာေတာ့အမွန္။

(၅)ကိုယ္သင္းနံ႔
အျမဲတမ္းေခၽြးနံ႔ထြက္ေနတဲ့ ပုရိသတို႔ကို ကၽြန္မတို႔အမ်ိဳးသမီးေတြ ေဝးေဝးေရွာင္ၾကပါတယ္။ ခုမွေတြ႕ဖူးတဲ့ အမ်ိဳးသားတစ္ေယာက္နဲ႔ မ်က္ႏွာခ်င္းဆိုင္ စကားေျပာတဲ့အခါ သူ႔ရဲ႕ခႏၶာကိုယ္ကလာတဲ့ ေယာက်္ားပီသတဲ့ ေရေမႊးနံ႔ဟာ အမ်ိဳးသမီးထုကို သတိထားမိေစတဲ့ အခ်က္တစ္ခ်က္ေပါ့။

(၆)အသံ
ေနာက္ဆံုးအေနနဲ႔  Rinတို႔ အမ်ိဳးသမီးေတြ အမ်ိဳးသားေတြအေပၚ သတိျပဳမိတဲ့ အခ်က္က သူတို႔ရဲ႕ ဆြဲေဆာင္မႈရွိတဲ့ အသံပါ။ စကားေျပာေကာင္းတဲ့ ေယာက်္ားေတြဟာ အမ်ိဳးသမီးေတြရဲ႕ စိတ္ထဲစြဲက်န္ေနတက္ပါတယ္။

ေယာင္းတို႔ေရ Rinက အမ်ိဳးသမီးထုရဲ႕ အႀကိဳက္ေတြကို ေရြးခ်ယ္ ေဖာ္ျပလိုက္ပါတယ္။၊ေယာင္းတို႔မွာ ထူးထူးျခားျခား အႀကိဳက္ေလးေတြရွိရင္လည္း Rinကို ေျပာျပခဲ့ေနာ္။

Stay Pretty!
Credit:Rin(For Her Myanmar)
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ယောင်းတို့ရေ ယောကျ်ားလေးတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အခါ ဘယ်အရာတွေက ယောင်းတို့ရဲ့ စိတ်ကိုဆွဲဆောင်နိုင်ဆုံးလဲ?
Rinအရင်စဖြေမယ်။ ခြေထောက်ပါ။ Rinက လူတစ်ယောက်ကို ပထမဆုံးတွေ့တဲ့အခါ ခြေထောက်ကို အရင်းဆုံးမြင်မိတယ်ရှင့်။ ကိုယ့်ခြေထောက်သာ ညစ်ပတ်ပေတူးနေပါစေ သူများခြေထောက်သန့်သန့်လေးတွေမြင်ရင် သိပ်သဘောကျတယ်။ အလိုလိုအထင်ကြီးစိတ်ဝင်မိတယ်ပေါ့နော်။ ဒါဆို Rinက စစ်တမ်းကောက်ယူချက်တွေကနေသိရတဲ့ ယောကျာ်းလေးတစ်ယောက်ကို မိန်းကလေးတွေ အရင်ဆုံးသတိထားမိတဲ့ အချက်တွေကိုဖော်ပြပေးမယ်။

(၁) ကိုယ်နေဟန်ထား
ယောကျ်ားတစ်ယောက်ရဲ့ ကိုယ်နေဟန်ထားက အမျိုးသမီးတစ်ယောက်ကို ဆွဲဆောင်နိုင်ဆုံး ပထမအချက်ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါ (ဒါမှမဟုတ်) စကားပြောတဲ့အခါ ယောကျ်ားပီသတဲ့ ကိုယ်နေဟန်ထားက အမျိုးသမီးတွေ ပထမဆုံးသတိပြုမိတဲ့အရာပေါ့။

(၂)ရုပ်ရည်
ဒုတိယနေရာမှာ ရပ်တည်နေတာကတော့ ရုပ်ရည်ဖြစ်ပါတယ်ယောင်းတို့ရေ။ တောက်ပတဲ့မျက်ဝန်းတစ်စုံနဲ့ ချိုသာတဲ့အပြုံးပိုင်ရှင်လေးတွေက ရုပ်မချောရင်တောင် Rinတို့မိန်းကလေးတွေရဲ့ မသိစိတ်တစ်နေရာကို စိုးမိုးနိုင်ပါတယ်။

(၃)အမှုအကျင့်
အမျိုးသားတစ်ယောက်ရဲ့ အမျိုးသမီးတွေပေါ် လေးစားတဲ့ အမူအကျင့်ကလည်း သူတို့ကို သတိပြုမိစေတဲ့ အရာတွေထဲက တစ်ချက်ပါ။ ပထမဆုံး စတွေ့တဲ့နေ့မှာပဲ ကားတံခါဖွင့်ပေးတာ၊ စားသောက်ဆိုင်မှာ ထိုင်ခုံရွေ့ပေးတာ စတဲ့အသေးအမွှားအရာလေးတွေကလည်း အမှတ်ရစေတဲ့ကြီးကြီးမားမားအရာတွေဖြစ်လို့နေပါတယ်။

(၄)ဖက်ရှင်
တောင်းမှာအကွပ်၊ လူမှာအဝတ်ဆိုတဲ့ စကားနဲ့အတိုင်း အမျိုးသားတစ်ယောက်မှာ ဖက်ရှင်အမြင်ရှိမှုကလည်း အဓိကကျတဲ့ အချက်တစ်ချက်ပါ။ ကိုယ့်ခန္ဓာကိုယ်၊ အသားအရောင်နဲ့ လိုက်ဖက်တဲ့ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားဟာ မိန်းကလေးတွေရဲ့မျက်လုံးထဲမှာ ထင်းနေမှာတော့အမှန်။

(၅)ကိုယ်သင်းနံ့
အမြဲတမ်းချွေးနံ့ထွက်နေတဲ့ ပုရိသတို့ကို ကျွန်မတို့အမျိုးသမီးတွေ ဝေးဝေးရှောင်ကြပါတယ်။ ခုမှတွေ့ဖူးတဲ့ အမျိုးသားတစ်ယောက်နဲ့ မျက်နှာချင်းဆိုင် စကားပြောတဲ့အခါ သူ့ရဲ့ခန္ဓာကိုယ်ကလာတဲ့ ယောကျ်ားပီသတဲ့ ရေမွှေးနံ့ဟာ အမျိုးသမီးထုကို သတိထားမိစေတဲ့ အချက်တစ်ချက်ပေါ့။

(၆)အသံ
နောက်ဆုံးအနေနဲ့  Rinတို့ အမျိုးသမီးတွေ အမျိုးသားတွေအပေါ် သတိပြုမိတဲ့ အချက်က သူတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အသံပါ။ စကားပြောကောင်းတဲ့ ယောကျ်ားတွေဟာ အမျိုးသမီးတွေရဲ့ စိတ်ထဲစွဲကျန်နေတက်ပါတယ်။

ယောင်းတို့ရေ Rinက အမျိုးသမီးထုရဲ့ အကြိုက်တွေကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။၊ယောင်းတို့မှာ ထူးထူးခြားခြား အကြိုက်လေးတွေရှိရင်လည်း Rinကို ပြောပြခဲ့နော်။

Stay Pretty!
Credit:Rin(For Her Myanmar)

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top