iMyanmarHouse.com - Best Property Website for Myanmar
×

လူေတာ္လူေကာင္းဆုိတဲ့စကားကုိ ခြဲလိုက္တဲ့အခါ၊ လူေတာ္က တစ္ခု၊ လူေကာင္းက တစ္ခု ျဖစ္
သြားပါလိ့မ္မယ္။ လူေတာ္တုိင္း လူေကာင္း မဟုတ္မႏုိင္ပါဘူး။ လူေကာင္းတုိင္း လူေတာ္ မျဖစ္ႏုိင္ပါ။
အဂၤလိပ္လိုဆုိရင္ေတာ့ Perfect Person ဆုိရင္ ျပည့္စုံမယ္ထင္ပါတယ္။ ျမန္မာစကားမွာေတာ့
ေရာေထြးမႈေတြ အမ်ားႀကီးပါဘဲ။ ထားပါေတာ့။ အခု လူေတာ္လူေကာင္းဆုိတာက ေကာင္းတဲ့
ကိစၥအရပ္ရပ္မွာ တစ္ျခားလူေတြ စံထားထုိက္တဲ့လူလုိ႕ သတ္မွတ္လုိ႕ရပါတယ္။ အဲဒီလူေတြဟာ
သာမာန္လူေတြနဲ႕ မတူပါဘူး။ ဒါေၾကာင့္ သူတုိ႕အျပဳအမူဟာ သာမန္လူေတြနဲ႕ ကြဲျပားေနတတ္ပါ
တယ္။ သာမန္လူေတြ လုပ္တဲ့ အျပဳအမူမ်ိဳး သူတုိ႕က လုပ္ေလ့မရွိပါဘူး။ သူတုိ႕ ေရွာင္ရွားေလ့ရွိ
တဲ့ အျပဳအမူ(10)မ်ိဳးကုိ သိမွတ္ဖြယ္ ေဖာ္ျပလုိက္ပါတယ္။

1. ကိစၥတုိင္းကုိ လက္လြတ္စပယ္ေဆာင္ရြက္ေလ့မရွိ။

အရာရာကုိ ခ်င့္ခ်ိန္တဲ့စိတ္အခံေၾကာင့္ ဘယ္ကိစၥတုိင္းကုိမဆုိ သူတုိ႕ဟာ အေလးအနက္ထား
ပါတယ္။ ေပါ့ေပါ့တန္တန္သေဘာထားၿပီး ေဆာင္ရြက္တဲ့ကိစၥဆုိတာ သူတုိ႕ဘ၀မွာ မရွိပါဘူး။

2. မွားရင္ ရဲရဲရင့္ရင့္၀န္ခံတယ္။

လူဆုိတာ အမွားနဲ႕မကင္းပါဘူး။ လုပ္သမွ်ကိစၥရပ္ေပါင္းတစ္ရာမွာ အမွားလုံး၀မရွိဘူးဆုိတဲ့လူဟာ
ဘုရားရဟႏၱာပဲ ရွိပါ့လိမ့္မယ္။ ဒီေတာ့ မွားျခင္းမွန္ျခင္းအေပၚမွာ တာ၀န္ယူမႈတာ၀န္ခံမႈ ရွိတဲ့သူ
ဟာ လူေတာ္ပါဘဲ။ မွားမွန္းသိရင္ ကြယ္၀ွက္မထားပါနဲ႕။ ထက္ျမတ္တဲ့လူေတြကတာ့ မွားလုိက္
တာနဲ႕ ခ်က္ခ်င္းပဲ ၀န္ခံပါတယ္။ ေတာင္းပန္ပါတယ္။ အဲဒီအမွားကို ျပန္လည္ျပင္ဆင္ပါတယ္။

3. အတိတ္ရဲ႕ခ်ဳပ္ခ်ယ္ခြင့္ကုိ မေပးဘူး။

သူတုိ႕ဟာ အတိတ္ကို အတိတ္မွာပဲထားၿပီး လက္ရွိပစၥဳပၸန္ကာလကုိ ေကာင္းေကာင္း က်င့္ႀကံ
ေနထုိင္ပါတယ္။ တစ္ခ်ိဳ႕ အသည္းကြဲတယ္ဆုိပါေတာ့။ သုံးလေလာက္ မစားႏုိင္မေသာက္ႏုိင္
ပုလင္းႀကီးကိုင္ၿပီး တစ္ခါလာ ဆြဲႀကိဳးခ်မယ္၊ တစ္ခါလာ ေသာင္းက်န္းမယ္၊ တစ္ခါလာ  ေသ
ေအာင္ ေသာက္မယ္ဆုိတဲ့သူေတြဟာ အတိတ္ရဲ႕အရိပ္ကေန ႐ုန္းမထြက္ႏုိင္တာပဲ။ ဒါကုိ
မရင့္က်က္မႈလုိ႕လည္း ေခၚလုိ႕ရပါတယ္။ ေစာေစာက ဥပမာက အနီးစပ္ဆုံးဥပမာအျဖစ္ ေပး
တာျဖစ္ပါတယ္။

4. ျပႆနာေတြေျဖရွင္းႏုိင္ဖုိ႕ကံတရားကို အားမကုိးဘူး။

တစ္ခ်ိဳ႕က ဘယ္လုိျပႆနာပဲျဖစ္ျဖစ္ ကံတရားကို အားကုိၾကပါတယ္။ ဒီထက္ဆုိးတာက
ေဗဒင္ယၾတာအစီအရင္ေတြနဲ႕ သူတုိ႕ကုိယ္တုိင္ကုိယ္က်၀င္မလုပ္ပဲ လုပ္ငန္းေတြ အလုိလုိ
ေအာင္ျမင္လာမယ္လုိ႕ ထင္ေနတာေတြပါဘဲ။ တကယ္ေတာ့ လုပ္ငန္းတစ္ခု ေအာင္ျမင္ျခင္း
မေအာင္ျမင္ျခင္းမွာ ကုိယ့္ဆီက ဘယ္ေလာက္အထိ အားစုိက္႐ုန္းကန္သလဲဆုိတာအေပၚ
တုိက္႐ုိက္အခ်ိဳးၾကပါတယ္။

5. အမွားေတြကေန ျပန္ၿပီးသင္ယူတယ္။

ဒါကေတာ့ ထက္ျမတ္တဲ့လူတုိင္း မလြဲမေသြလုပ္တဲ့အရာပါ။ မွားသြားၿပီဟုတ္လား … ၿပီးတာပဲ-
ဆုိၿပီး သေဘာမထားပါဘူး။ ဘာေၾကာင့္မွားတာလဲ၊ ဘယ္လုိ ပုံစံေျဖရွင္းရင္ အမွားကင္းႏုိင္မလဲ-
ဆုိတာကုိ စူးစမ္းအေျဖရွာပါတယ္။

6. သူတုိ႕စိတ္ကူးကုိ မစြန္႕လႊတ္ဘူး။

သူတုိ႕စိတ္ကူးကုိ သူတုိ႕က မွန္တယ္ထင္ရင္ ဘယ္သူက သေဘာမတူသည္ျဖစ္ေစ မစြန္႕လႊတ္ပါဘူး။
မွားေနတယ္ထင္ရင္ေတာ့ ဘယ္သူမွ တုိင္ပင္စရာမလုိပဲ သူ႕ဘာသူ ႐ုပ္သိမ္းပါလိမ့္မယ္။
READ
ေပ်ာ္ရႊင္ ေအာင္ျမင္သူတို႕ ဂရုမစိုက္သည့္အရာ(၈)ခု

7. အခ်ိန္မျဖဳန္းဘူး။

တစ္ခ်ိဳ႕ကက်ေတာ့ အခ်ိန္ သိပ္ေပါတယ္။ ဘာမွအက်ိဳးမရွိတာေတြ ေလွ်ာက္လုပ္ေနရင္းနဲ႕ ေပ်ာ္ေမြ႕
ေနသူေတြလည္း ရွိတယ္။ ဒီၾကားထဲ ေျပာလုိက္ေသးတယ္။ တစ္ပတ္ကုိ ရွစ္ရက္ေလာက္ခ်စ္ခ်င္
တာ-တဲ့။ ခ်စ္ေန႐ုံနဲ႕ ဘ၀ရဲ႕အစိတ္အပိုင္းေတြက ျပည့္စုံေနတယ္ ထင္ေနၾကရွာတာ။ လူေတာ္
လူေကာင္းေတြကေတာ့ သူတုိ႕အခ်ိန္ကုိ ရသလုိအသုံးခ်တယ္။ ယုတ္စြအဆုံး ဘက္စ္ကားေပၚကို
ေရာက္ေနရင္ေတာ့ အနည္းဆုံး စာဖတ္ေနလုိက္တာပါဘဲ။

8. အထင္မေသးဘူး။

ဘယ္သူ႕ကုိပဲျဖစ္ျဖစ္ သူတုိ႕က အထင္မေသးပါဘူး။ ဒီလုိဆုိေတာ့ အထင္ႀကီးသလားဆုိေတာ့
လည္း အထင္မႀကီးပါဘူး။ လူတစ္ေယာက္အေပၚ ဘယ္လုိသေဘာထားသလဲဆုိရင္ သင္ယူ
စရာရွိရင္ သင္ယူတယ္၊ သင္ေပးစရာရွိရင္ သင္ေပးတယ္။ ေတာင္းဆုိစရာရွိရင္ ေတာင္းဆုိ
တယ္၊ လုပ္ေပးစရာရွိရင္ လုပ္ေပးတယ္။ ဒါက အဲဒီလုိ အထင္ႀကီးမႈေတြ၊ အထင္ေသးမႈေတြ
မရွိလည္း လုပ္ေပးလုိ႕ရႏုိင္တဲ့အရာေတြေပါ့။

9. ကုိယ့္အျပစ္ကုိသူမ်ားကို လႊဲမခ်ဘူး။

တစ္ခ်ိဳ႕ကက်ေတာ့ ထမင္းေရပူ လွ်ာလႊဲ သိပ္လုပ္ၾကပါတယ္။ တာ၀န္ခံမႈ တာ၀န္ယူမႈမရွိတာ
ကုိေျပာတာပါ။ ဒီကိစၥနဲ႕ပတ္သက္ရင္ ႏုိင္ငံေရးနယ္ပယ္မွာလည္း သိပ္မစိမ္းပါဘူး။ ဘယ္ႏုိင္ငံ
မွာပဲျဖစ္ျဖစ္ အဲဒီလုိ လူစားေတြမ်ားေနသမွ် တုိးတတ္မွာ မဟုတ္။

10. အတင္းမေျပာဘူး။

နံပတ္(7)အခ်က္မွာ ေရးထားတဲ့အတုိင္း အေရးမပါတာေတြနဲ႕ အခ်ိန္မျဖဳန္းပါဘူး။ အတင္း
ေျပာတာ၊ အျငင္းအခုန္ျဖစ္တာ၊ ေတာင္စဥ္ေရမရ ေလွ်ာက္ေျပာတာေတြဟာ သူတုိ႕အခ်ိန္ကုိ
ခုိးေနတဲ့သူခုိးေတြဆုိတာ နားလည္ထားပါတယ္။

Credit:Auntymay
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
လူတော်လူကောင်းဆိုတဲ့စကားကို ခွဲလိုက်တဲ့အခါ၊ လူတော်က တစ်ခု၊ လူကောင်းက တစ်ခု ဖြစ်
သွားပါလိ့မ်မယ်။ လူတော်တိုင်း လူကောင်း မဟုတ်မနိုင်ပါဘူး။ လူကောင်းတိုင်း လူတော် မဖြစ်နိုင်ပါ။
အင်္ဂလိပ်လိုဆိုရင်တော့ Perfect Person ဆိုရင် ပြည့်စုံမယ်ထင်ပါတယ်။ မြန်မာစကားမှာတော့
ရောထွေးမှုတွေ အများကြီးပါဘဲ။ ထားပါတော့။ အခု လူတော်လူကောင်းဆိုတာက ကောင်းတဲ့
ကိစ္စအရပ်ရပ်မှာ တစ်ခြားလူတွေ စံထားထိုက်တဲ့လူလို့ သတ်မှတ်လို့ရပါတယ်။ အဲဒီလူတွေဟာ
သာမာန်လူတွေနဲ့ မတူပါဘူး။ ဒါကြောင့် သူတို့အပြုအမူဟာ သာမန်လူတွေနဲ့ ကွဲပြားနေတတ်ပါ
တယ်။ သာမန်လူတွေ လုပ်တဲ့ အပြုအမူမျိုး သူတို့က လုပ်လေ့မရှိပါဘူး။ သူတို့ ရှောင်ရှားလေ့ရှိ
တဲ့ အပြုအမူ(10)မျိုးကို သိမှတ်ဖွယ် ဖော်ပြလိုက်ပါတယ်။

1. ကိစ္စတိုင်းကို လက်လွတ်စပယ်ဆောင်ရွက်လေ့မရှိ။

အရာရာကို ချင့်ချိန်တဲ့စိတ်အခံကြောင့် ဘယ်ကိစ္စတိုင်းကိုမဆို သူတို့ဟာ အလေးအနက်ထား
ပါတယ်။ ပေါ့ပေါ့တန်တန်သဘောထားပြီး ဆောင်ရွက်တဲ့ကိစ္စဆိုတာ သူတို့ဘဝမှာ မရှိပါဘူး။

2. မှားရင် ရဲရဲရင့်ရင့်ဝန်ခံတယ်။

လူဆိုတာ အမှားနဲ့မကင်းပါဘူး။ လုပ်သမျှကိစ္စရပ်ပေါင်းတစ်ရာမှာ အမှားလုံးဝမရှိဘူးဆိုတဲ့လူဟာ
ဘုရားရဟန္တာပဲ ရှိပါ့လိမ့်မယ်။ ဒီတော့ မှားခြင်းမှန်ခြင်းအပေါ်မှာ တာဝန်ယူမှုတာဝန်ခံမှု ရှိတဲ့သူ
ဟာ လူတော်ပါဘဲ။ မှားမှန်းသိရင် ကွယ်ဝှက်မထားပါနဲ့။ ထက်မြတ်တဲ့လူတွေကတာ့ မှားလိုက်
တာနဲ့ ချက်ချင်းပဲ ဝန်ခံပါတယ်။ တောင်းပန်ပါတယ်။ အဲဒီအမှားကို ပြန်လည်ပြင်ဆင်ပါတယ်။

3. အတိတ်ရဲ့ချုပ်ချယ်ခွင့်ကို မပေးဘူး။

သူတို့ဟာ အတိတ်ကို အတိတ်မှာပဲထားပြီး လက်ရှိပစ္စုပ္ပန်ကာလကို ကောင်းကောင်း ကျင့်ကြံ
နေထိုင်ပါတယ်။ တစ်ချို့ အသည်းကွဲတယ်ဆိုပါတော့။ သုံးလလောက် မစားနိုင်မသောက်နိုင်
ပုလင်းကြီးကိုင်ပြီး တစ်ခါလာ ဆွဲကြိုးချမယ်၊ တစ်ခါလာ သောင်းကျန်းမယ်၊ တစ်ခါလာ  သေ
အောင် သောက်မယ်ဆိုတဲ့သူတွေဟာ အတိတ်ရဲ့အရိပ်ကနေ ရုန်းမထွက်နိုင်တာပဲ။ ဒါကို
မရင့်ကျက်မှုလို့လည်း ခေါ်လို့ရပါတယ်။ စောစောက ဥပမာက အနီးစပ်ဆုံးဥပမာအဖြစ် ပေး
တာဖြစ်ပါတယ်။

4. ပြဿနာတွေဖြေရှင်းနိုင်ဖို့ကံတရားကို အားမကိုးဘူး။

တစ်ချို့က ဘယ်လိုပြဿနာပဲဖြစ်ဖြစ် ကံတရားကို အားကိုကြပါတယ်။ ဒီထက်ဆိုးတာက
ဗေဒင်ယတြာအစီအရင်တွေနဲ့ သူတို့ကိုယ်တိုင်ကိုယ်ကျဝင်မလုပ်ပဲ လုပ်ငန်းတွေ အလိုလို
အောင်မြင်လာမယ်လို့ ထင်နေတာတွေပါဘဲ။ တကယ်တော့ လုပ်ငန်းတစ်ခု အောင်မြင်ခြင်း
မအောင်မြင်ခြင်းမှာ ကိုယ့်ဆီက ဘယ်လောက်အထိ အားစိုက်ရုန်းကန်သလဲဆိုတာအပေါ်
တိုက်ရိုက်အချိုးကြပါတယ်။

5. အမှားတွေကနေ ပြန်ပြီးသင်ယူတယ်။

ဒါကတော့ ထက်မြတ်တဲ့လူတိုင်း မလွဲမသွေလုပ်တဲ့အရာပါ။ မှားသွားပြီဟုတ်လား … ပြီးတာပဲ-
ဆိုပြီး သဘောမထားပါဘူး။ ဘာကြောင့်မှားတာလဲ၊ ဘယ်လို ပုံစံဖြေရှင်းရင် အမှားကင်းနိုင်မလဲ-
ဆိုတာကို စူးစမ်းအဖြေရှာပါတယ်။

6. သူတို့စိတ်ကူးကို မစွန့်လွှတ်ဘူး။

သူတို့စိတ်ကူးကို သူတို့က မှန်တယ်ထင်ရင် ဘယ်သူက သဘောမတူသည်ဖြစ်စေ မစွန့်လွှတ်ပါဘူး။
မှားနေတယ်ထင်ရင်တော့ ဘယ်သူမှ တိုင်ပင်စရာမလိုပဲ သူ့ဘာသူ ရုပ်သိမ်းပါလိမ့်မယ်။
READ
ပျော်ရွှင် အောင်မြင်သူတို့ ဂရုမစိုက်သည့်အရာ(၈)ခု

7. အချိန်မဖြုန်းဘူး။

တစ်ချို့ကကျတော့ အချိန် သိပ်ပေါတယ်။ ဘာမှအကျိုးမရှိတာတွေ လျှောက်လုပ်နေရင်းနဲ့ ပျော်မွေ့
နေသူတွေလည်း ရှိတယ်။ ဒီကြားထဲ ပြောလိုက်သေးတယ်။ တစ်ပတ်ကို ရှစ်ရက်လောက်ချစ်ချင်
တာ-တဲ့။ ချစ်နေရုံနဲ့ ဘဝရဲ့အစိတ်အပိုင်းတွေက ပြည့်စုံနေတယ် ထင်နေကြရှာတာ။ လူတော်
လူကောင်းတွေကတော့ သူတို့အချိန်ကို ရသလိုအသုံးချတယ်။ ယုတ်စွအဆုံး ဘက်စ်ကားပေါ်ကို
ရောက်နေရင်တော့ အနည်းဆုံး စာဖတ်နေလိုက်တာပါဘဲ။

8. အထင်မသေးဘူး။

ဘယ်သူ့ကိုပဲဖြစ်ဖြစ် သူတို့က အထင်မသေးပါဘူး။ ဒီလိုဆိုတော့ အထင်ကြီးသလားဆိုတော့
လည်း အထင်မကြီးပါဘူး။ လူတစ်ယောက်အပေါ် ဘယ်လိုသဘောထားသလဲဆိုရင် သင်ယူ
စရာရှိရင် သင်ယူတယ်၊ သင်ပေးစရာရှိရင် သင်ပေးတယ်။ တောင်းဆိုစရာရှိရင် တောင်းဆို
တယ်၊ လုပ်ပေးစရာရှိရင် လုပ်ပေးတယ်။ ဒါက အဲဒီလို အထင်ကြီးမှုတွေ၊ အထင်သေးမှုတွေ
မရှိလည်း လုပ်ပေးလို့ရနိုင်တဲ့အရာတွေပေါ့။

9. ကိုယ့်အပြစ်ကိုသူများကို လွှဲမချဘူး။

တစ်ချို့ကကျတော့ ထမင်းရေပူ လျှာလွှဲ သိပ်လုပ်ကြပါတယ်။ တာဝန်ခံမှု တာဝန်ယူမှုမရှိတာ
ကိုပြောတာပါ။ ဒီကိစ္စနဲ့ပတ်သက်ရင် နိုင်ငံရေးနယ်ပယ်မှာလည်း သိပ်မစိမ်းပါဘူး။ ဘယ်နိုင်ငံ
မှာပဲဖြစ်ဖြစ် အဲဒီလို လူစားတွေများနေသမျှ တိုးတတ်မှာ မဟုတ်။

10. အတင်းမပြောဘူး။

နံပတ်(7)အချက်မှာ ရေးထားတဲ့အတိုင်း အရေးမပါတာတွေနဲ့ အချိန်မဖြုန်းပါဘူး။ အတင်း
ပြောတာ၊ အငြင်းအခုန်ဖြစ်တာ၊ တောင်စဉ်ရေမရ လျှောက်ပြောတာတွေဟာ သူတို့အချိန်ကို
ခိုးနေတဲ့သူခိုးတွေဆိုတာ နားလည်ထားပါတယ်။

Credit:Auntymay

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top