iMyanmarHouse.com - Best Property Website for Myanmar
×

ဆံပင္ဆိုတာ မိန္းမသားေတြအတြက္ တန္ဖိုးထားအပ္တဲ့ သဘာဝကေပးတဲ့ ရတနာတစ္ခုလိုပါပဲ။ ဒါေပမယ့္ ကိုယ့္ရဲ႕ ဆံပင္ကို ပ်က္စီးေအာင္ ၊ ကြၽတ္လာေအာင္ ၊ ပါးလာေအာင္ ကိုယ္တိုင္ပဲ သတိမထားမိပဲ လုပ္မိေနတဲ့ အရာေတြရွိပါတယ္။ ဆံပင္ေတြကြၽတ္ၿပီး ပါးလာတာဟာ က်န္းမာေရးအရ ကိုယ့္မွာ စိတ္ဖိစီးမႈအရမ္းမ်ားေနရင္လည္းျဖစ္တတ္ပါတယ္။

အမ်ိဳးသားပဲျဖစ္ျဖစ္ အမ်ိဳးသမီးျဖစ္ျဖစ္ မိမိဆံပင္ကို တျဖည္းျဖည္းပါးသြားေစတဲ့ အျပဳအမူေလးေတြကို အခုခ်ိန္ကစလို႔ ရပ္တန႔္လိုက္ပါေတာ့ေနာ္။

(၁) အစားအေသာက္မမွန္တာက ဆံပင္ကိုပါးလာေစပါတယ္။ လူမႈေရးစီးပြားေရး၊အခ်စ္ေရး ၊က်န္းမာေရး စတဲ့အေၾကာင္းေၾကာင္းေၾကာင့္ စိတ္ဖိစီးမႈေတြမ်ားၿပီး အစားအေသာက္ေတြပ်က္တဲ့အထိေနမိၾကပါတယ္။ ဆံပင္သားဆိုတာလည္း ပ႐ိုတိန္းဓာတ္နဲ႔ဖြဲ႕စည္းထားတဲ့အတြက္ ပ႐ိုတိန္းဓာတ္ပါတဲ့ အသားငါးေတြ ၊က်န္းမာေစမယ့္ အစားအေသာက္ကို ပုံမွန္စားေပးသင့္ပါတယ္။ ဒါမွသာက်န္းမာသန္စြမ္းတဲ့ ဆံေကသာကို ရရွိေစမွာျဖစ္ပါတယ္။

(၂) ေခါင္းကိုေန႔တိုင္းေလွ်ာ္တဲ့အက်င့္ကို ျပင္ပါ။

အသန႔္ႀကိဳက္လြန္းတဲ့ ကိုကိုမမေတြ ကိုေျပာခ်င္တာက ေန႔တိုင္းေခါင္းေလွ်ာ္ေပးတာ မေကာင္းဘူးေတာ့မဟုတ္ဘူး။ ဒါေပမယ့္ ေန႔တိုင္းေလွ်ာ္ေနတာထက္ တစ္ပတ္ႏွစ္ရက္ သုံးရက္ျဖစ္ျဖစ္ အခ်ိန္ေလးျခားၿပီး ေလွ်ာ္ေပးဖို႔လိုပါတယ္တဲ့။ ေန႔တိုင္းေလွ်ာ္တဲ့အက်ိဳးဆက္အေနနဲ႔ ဆံသားေတြၾကမ္းတမ္းေျခာက္ေသြ႕လာၿပီး ဆံပင္ပါးေစတတ္ပါတယ္။ ေခါင္းေလွ်ာ္တဲ့အခါမွာလည္း ကိုယ္နဲ႔မတည့္တဲ့ ဦးေရျပားယားယံေစတဲ့ေခါင္းေလွ်ာ္ရည္မ်ိဳးေတြကို ေရွာင္ဖို႔လိုမယ္ေနာ္။

(၃)ဆံပင္သားပ်က္စီးေစတဲ့ အလွကုန္ေတြမသုံးပါနဲ႔။အုန္းသီးနဲ႔ေဖာ္စပ္ထားတဲ့ ေခါင္းေလွ်ာ္ရည္ ၊သံလြင္ဆီပါဝင္တဲ့ ေခါင္းေလွ်ာ္ရည္အမ်ိဳးုအစားေတြကေတာ့ စိတ္ခ်ရပါတယ္။
(၄) ဆံသားေျခာက္ေသြ႕ေစတဲ့ ပစၥည္းေတြ အၿမဲလိုလိုသုံးတဲ့အက်င့္ကို ျပင္ပါ။

ေခါင္းေလွ်ာ္ၿပီးလို႔ ဆံပင္ကိုေျခာက္ေသြ႕ေစတဲ့အခါ ျဖစ္ျဖစ္ ဆံပင္ေျဖာင့္ေကာက္တာပဲျဖစ္ျဖစ္ စက္ပစၥည္းေတြသုံးေလ့ရွိၾကပါတယ္။ အလွျပင္ဆိုင္မွာေခါင္းေလွ်ာ္တာပဲျဖစ္ျဖစ္ Dryerေတြ ေျဖာင့္စက္ေတြကို အသုံးမ်ားၾကတယ္ေလ။ ဒီပစၥည္းေတြကလည္း သင့္ဆံပင္ကိုအေတာ္ေလးပ်က္စီးေစတဲ့အခ်က္မို႔ တစ္ခ်ိဳ႕လည္း သိရက္နဲ႔ ဆက္လုပ္မိေနၾကတာလည္းျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။

(၅) ေနပူထဲမွာ ထီးမေဆာင္း၊ ဦးထုတ္မေဆာင္းပဲ ေလွ်ာက္သြားျခင္း ကိုေရွာင္ပါ။

ဆံပင္ေတြေျခာက္ၿပီးပါးလာၾကတယ္ဆိုုတာ ဒီအခ်က္ေၾကာင့္ အျဖစ္မ်ားပါတယ္။ ခရမ္းလြန္ေရာင္ျခည္အရွိန္ေၾကာင့္ အပူရွိန္ျပင္းေနတဲ့အခ်ိန္ အျပင္ထြက္တဲ့အခါ ေခါင္းကိုေသခ်ာေလးဂ႐ုစိုက္သင့္ပါတယ္။ေနပူထဲ မတတ္သာလို႔ အလုပ္လုပ္ေနတဲ့သူေတြအေနနဲ႔ေတာ့ မိမိတို႔ရဲ႕ဆံပင္ကို ဂ႐ုစိုက္ဖို႔ ေနပူဒဏ္ခံမယ့္ပစၥည္းမ်ိဳးေတြကို ေမ့ထားလို႔မရပါဘူး။

(၆) စိတ္ဖိစီးမႈေတြ ကို ေလွ်ာ့ခ်လိုက္ပါ။

စိတ္ထိခိုက္တဲ့အခါ စိတ္ဖိစီးမႈေတြအရမ္းမ်ားေနတဲ့အခါ အေပၚဆုံးကအခ်က္လိုပါပဲ။ အာဟာရခ်ိဳ႕တဲ့လာေတာ့ ဆံသားကိုပါသြားၿပီး ထိခိုက္ေစပါတယ္။ ဒါ့ေၾကာင့္ ဆံပင္ပါးလာျခင္း ၊ကြၽတ္လာျခင္း စတဲ့ ျပသနာေတြကိုျဖစ္ေစတဲ့ အဓိကအခ်က္ျဖစ္တဲ့ စိတ္ဖိစီးမႈေတြကို တတ္ႏိုင္သေလာက္ ေမ့ပစ္လိုက္ပါ။ လႊတ္ခ်လိုက္သင့္ပါတယ္။ ဒါမွသာ က်န္းမာလွပတဲ့ ဆံသားကို ပိုင္ဆိုင္ရမွာျဖစ္ပါတယ္။

သတင္းအရင္းျမစ္ : lifehack

Credit:Myanmarload
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဆံပင်ဆိုတာ မိန်းမသားတွေအတွက် တန်ဖိုးထားအပ်တဲ့ သဘာဝကပေးတဲ့ ရတနာတစ်ခုလိုပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ ဆံပင်ကို ပျက်စီးအောင် ၊ ကျွတ်လာအောင် ၊ ပါးလာအောင် ကိုယ်တိုင်ပဲ သတိမထားမိပဲ လုပ်မိနေတဲ့ အရာတွေရှိပါတယ်။ ဆံပင်တွေကျွတ်ပြီး ပါးလာတာဟာ ကျန်းမာရေးအရ ကိုယ့်မှာ စိတ်ဖိစီးမှုအရမ်းများနေရင်လည်းဖြစ်တတ်ပါတယ်။

အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် မိမိဆံပင်ကို တဖြည်းဖြည်းပါးသွားစေတဲ့ အပြုအမူလေးတွေကို အခုချိန်ကစလို့ ရပ်တန့်လိုက်ပါတော့နော်။

(၁) အစားအသောက်မမှန်တာက ဆံပင်ကိုပါးလာစေပါတယ်။ လူမှုရေးစီးပွားရေး၊အချစ်ရေး ၊ကျန်းမာရေး စတဲ့အကြောင်းကြောင်းကြောင့် စိတ်ဖိစီးမှုတွေများပြီး အစားအသောက်တွေပျက်တဲ့အထိနေမိကြပါတယ်။ ဆံပင်သားဆိုတာလည်း ပရိုတိန်းဓာတ်နဲ့ဖွဲ့စည်းထားတဲ့အတွက် ပရိုတိန်းဓာတ်ပါတဲ့ အသားငါးတွေ ၊ကျန်းမာစေမယ့် အစားအသောက်ကို ပုံမှန်စားပေးသင့်ပါတယ်။ ဒါမှသာကျန်းမာသန်စွမ်းတဲ့ ဆံကေသာကို ရရှိစေမှာဖြစ်ပါတယ်။

(၂) ခေါင်းကိုနေ့တိုင်းလျှော်တဲ့အကျင့်ကို ပြင်ပါ။

အသန့်ကြိုက်လွန်းတဲ့ ကိုကိုမမတွေ ကိုပြောချင်တာက နေ့တိုင်းခေါင်းလျှော်ပေးတာ မကောင်းဘူးတော့မဟုတ်ဘူး။ ဒါပေမယ့် နေ့တိုင်းလျှော်နေတာထက် တစ်ပတ်နှစ်ရက် သုံးရက်ဖြစ်ဖြစ် အချိန်လေးခြားပြီး လျှော်ပေးဖို့လိုပါတယ်တဲ့။ နေ့တိုင်းလျှော်တဲ့အကျိုးဆက်အနေနဲ့ ဆံသားတွေကြမ်းတမ်းခြောက်သွေ့လာပြီး ဆံပင်ပါးစေတတ်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ကိုယ်နဲ့မတည့်တဲ့ ဦးရေပြားယားယံစေတဲ့ခေါင်းလျှော်ရည်မျိုးတွေကို ရှောင်ဖို့လိုမယ်နော်။

(၃)ဆံပင်သားပျက်စီးစေတဲ့ အလှကုန်တွေမသုံးပါနဲ့။အုန်းသီးနဲ့ဖော်စပ်ထားတဲ့ ခေါင်းလျှော်ရည် ၊သံလွင်ဆီပါဝင်တဲ့ ခေါင်းလျှော်ရည်အမျိုးုအစားတွေကတော့ စိတ်ချရပါတယ်။
(၄) ဆံသားခြောက်သွေ့စေတဲ့ ပစ္စည်းတွေ အမြဲလိုလိုသုံးတဲ့အကျင့်ကို ပြင်ပါ။

ခေါင်းလျှော်ပြီးလို့ ဆံပင်ကိုခြောက်သွေ့စေတဲ့အခါ ဖြစ်ဖြစ် ဆံပင်ဖြောင့်ကောက်တာပဲဖြစ်ဖြစ် စက်ပစ္စည်းတွေသုံးလေ့ရှိကြပါတယ်။ အလှပြင်ဆိုင်မှာခေါင်းလျှော်တာပဲဖြစ်ဖြစ် Dryerတွေ ဖြောင့်စက်တွေကို အသုံးများကြတယ်လေ။ ဒီပစ္စည်းတွေကလည်း သင့်ဆံပင်ကိုအတော်လေးပျက်စီးစေတဲ့အချက်မို့ တစ်ချို့လည်း သိရက်နဲ့ ဆက်လုပ်မိနေကြတာလည်းဖြစ်ချင်ဖြစ်နိုင်ပါတယ်။

(၅) နေပူထဲမှာ ထီးမဆောင်း၊ ဦးထုတ်မဆောင်းပဲ လျှောက်သွားခြင်း ကိုရှောင်ပါ။

ဆံပင်တွေခြောက်ပြီးပါးလာကြတယ်ဆိုုတာ ဒီအချက်ကြောင့် အဖြစ်များပါတယ်။ ခရမ်းလွန်ရောင်ခြည်အရှိန်ကြောင့် အပူရှိန်ပြင်းနေတဲ့အချိန် အပြင်ထွက်တဲ့အခါ ခေါင်းကိုသေချာလေးဂရုစိုက်သင့်ပါတယ်။နေပူထဲ မတတ်သာလို့ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့တော့ မိမိတို့ရဲ့ဆံပင်ကို ဂရုစိုက်ဖို့ နေပူဒဏ်ခံမယ့်ပစ္စည်းမျိုးတွေကို မေ့ထားလို့မရပါဘူး။

(၆) စိတ်ဖိစီးမှုတွေ ကို လျှော့ချလိုက်ပါ။

စိတ်ထိခိုက်တဲ့အခါ စိတ်ဖိစီးမှုတွေအရမ်းများနေတဲ့အခါ အပေါ်ဆုံးကအချက်လိုပါပဲ။ အာဟာရချို့တဲ့လာတော့ ဆံသားကိုပါသွားပြီး ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ဆံပင်ပါးလာခြင်း ၊ကျွတ်လာခြင်း စတဲ့ ပြသနာတွေကိုဖြစ်စေတဲ့ အဓိကအချက်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက် မေ့ပစ်လိုက်ပါ။ လွှတ်ချလိုက်သင့်ပါတယ်။ ဒါမှသာ ကျန်းမာလှပတဲ့ ဆံသားကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

သတင်းအရင်းမြစ် : lifehack

Credit:Myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top