iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစံုတြဲေတြအၾကား ၿပီးျပည့္စံုတဲ့ ဆက္ဆံေရးကို တည္ေဆာက္ႏိုင္ဖို႔အတြက္က လူတိုင္းရဲ႕ဘ၀မွာ အေရးႀကီးလွပါတယ္။ ကၽြန္ေတာ္တို႔အမ်ားစုက လက္တြဲေဖာ္တစ္ေယာက္နဲ႔အတူ တည္ၿငိမ္ေအးခ်မ္း ေပ်ာ္ရႊင္စြာနဲ႔ ဘ၀ကို ကုန္ဆံုးသြားခ်င္ၾကတဲ့ ဆႏၵရွိေနတတ္ၾကပါတယ္။ ဒါဆိုရင္ ေမးခြန္းထုတ္စရာက တစ္ဘ၀လံုးအတြက္ စစ္မွန္တဲ့လက္တြဲေဖာ္တစ္ေယာက္ကို ေတြ႕ရွိဖို႔က ဘာေၾကာင့္မ်ား Mission Impossible တစ္ခု ျဖစ္ေနရတာလဲ။ ဒီအခ်က္ေတြကို ေလ့လာၾကည့္ရမွာ လြဲမွားတဲ့အယူအဆေတြ၊ လမ္းညႊန္ခ်က္ေတြေၾကာင့္ ဆိုတာကို သိလာခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေရရွည္ခိုင္ျမဲတဲ့ ခ်စ္သူစံုတြဲျဖစ္ခ်င္တယ္ဆိုရင္ သတိထားေရွာင္ရွားရမယ့္ အယူအဆေတြကို စုစည္းေဖာ္ျပလိုက္ပါတယ္။

၁။ မတူတာေတြက ဆြဲေဆာင္မႈပိုရွိတယ္။

ဒီအခ်က္ကို စဥ္းစားၾကည့္ၾကပါစို႔။ သင္က လူသူ႐ႈပ္ေထြးတဲ့ေနရာေတြကို မသြားခ်င္သူတစ္ေယာက္ျဖစ္ၿပီး ပါတီေတြ၊ ပြဲလမ္းသဘင္ေတြ ႀကိဳက္တဲ့မိန္းကေလးတစ္ေယာက္ကို ေရြးခ်ယ္မိမယ္ဆိုရင္ ဘယ္လိုျဖစ္မလဲ။ သင္ကို သဘာ၀အလွအပေတြခံစားဖို႔ ခရီးေတြသြားရတာ ၀ါသနာပါေပမယ့္ ခ်စ္သူမိန္းကေလးက ၿမိဳ႕ျပ ယဥ္ေက်းမႈကိုပဲ ႏွစ္ခ်ိဳက္မယ္ဆိုရင္ အဆင္ေျပႏိုင္ပါ့မလား။

ဘ၀ေနထိုင္မႈပံုစံနဲ႔ အႀကိဳက္ေတြ ဆန္႔က်င္ဖက္ျဖစ္ေနတဲ့သူတစ္ေယာက္ကို ဘ၀လက္တြဲေဖာ္အျဖစ္ ေရြးခ်ယ္မယ္ဆိုရင္ တကယ္ကို ဒုကၡအႀကီးအက်ယ္ေရာက္မွာ ေသခ်ာပါတယ္။ ဒီလိုလူတစ္ေယာက္နဲ႔ ေရရွည္ဆက္ဆံေရးတစ္ခုကို စည္း၀ါးတက် တည္ေဆာက္ႏိုင္မယ္လို႔ေရာ ယုံၾကည္မႈရွိၿပီလား။ ဒီလို ဆက္ဆံေရးမ်ိဳးေတြက ခ်စ္ခင္စြဲလမ္းမႈေတြ ကုန္ဆံုးသြားတဲ့အခါမွာ ျပႆနာေတြနဲ႔ ရင္ဆိုင္ရၿပီး လမ္းခြဲၾကရဖို႔ မ်ားပါတယ္။ ဒါ့ေၾကာင့္ သင္နဲ႔ အႀကိဳက္ခ်င္းဆင္တူသူေတြကိုပဲ ေရရွည္လက္တြဲႏိုင္ဖို႔ စဥ္းစားပါ။

၂။ ျမင္ျမင္ခ်င္း ခ်စ္မိသြားႏိုင္တယ္

ဒီလိုကိစၥမ်ိဳးကို ႐ုပ္ရွင္ေတြထဲမွာပဲ အဆင္ေျပပါလိမ့္မယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စေတြ႕ေတြ႕ခ်င္းမွာ မ်က္လံုးခ်င္းဆံုမိၿပီး ရင္ေတြခုန္၊ စိတ္ေတြလႈပ္ရွားၿပီး ခ်စ္မိသြားတယ္ဆိုတာေတြကို အျပင္ေလာကမွာ ထင္သေလာက္ မဟုတ္ပါဘူး။ ရွင္းရွင္းေျပာရရင္ ျမင္ျမင္ခ်င္းခ်စ္မိသြားတယ္ဆိုတာေတြက ေရရွည္မွာ အလုပ္မျဖစ္ပါဘူး။ တစ္ေယာက္ေယာက္နဲ႔ေတြ႕ဆံုတဲ့အခ်ိန္မွာ ျဖစ္ေပၚလာတဲ့ ခံစားခ်က္ေတြ၊ ခႏၶာကိုယ္တြင္း ဇီ၀ဓာတုျဖစ္စဥ္ေတြကို လက္ခံပါတယ္။ ဒါေပမယ့္ ခ်စ္သူစံုတြဲဆက္ဆံေရးတစ္ခု စတင္တည္ေဆာက္ခ်ိန္မွာ တစ္ဖက္သူမွာ ကိုယ့္တန္ဖိုးထား လက္ခံတဲ့အခ်က္ေတြရွိမရွိဆိုတာကို ဆန္းစစ္ဖို႔လိုပါေသးတယ္။

၃။ တတိယအႀကိမ္ခ်ိန္းေတြ႕ခ်ိန္မွာ အတူေနပါ။

ဒီကိစၥက ေျပာရခက္ပါတယ္။ ျမန္မာ့ယဥ္ေက်းမႈကို ထည့္မစဥ္းစားပဲ အေနာက္တိုင္းအစဥ္အလာေတြ အတိုင္းေျပာရမယ္ဆိုရင္ေတာ့ ဘယ္အခ်ိန္မွာ ခ်စ္တင္းေႏွာရမယ္ဆိုတာက သတ္မွတ္ခ်က္မရွိပါဘူး။ တစ္ခ်ိဳ႕ေတြအတြက္ ပထမအႀကိမ္မွာပဲ အဆင္ေျပတတ္ၾကပါတယ္။ ဒါေပမယ့္ အတူေနတဲ့အဆင့္ထိေရာက္ဖို႔ကေတာ့ ခင္မင္ရင္းႏွီးမႈ၊ အျပန္အလွန္ေလးစားမႈ၊ ယုံၾကည္မႈ စတာေတြေပၚမွာ အေျခခံၿပီးေတာ့မွ ေရွ႕တိုးတာအေကာင္းဆံုးပါပဲ။

၄။ ေနာက္တစ္ေယာက္ထားလိုက္ဖို႔။

ေယာကၤ်ားေလးတစ္ေယာက္က ခ်စ္သူနဲ႔အဆင္မေျပျဖစ္ၿပီး လမ္းခြဲျပတ္ဆဲၿပီဆိုရင္ ေနာက္တစ္ေယာက္ ထပ္ထားလိုက္ဖို႔ အမ်ားစုက အၾကံေပးတတ္ၾကပါတယ္။ ခ်စ္မႈေရးရာကိစၥေတြမွာ က်႐ႈံးတာက ဘ၀တစ္ခုလံုးကို ေျပာင္းလဲသြားေစဖို႔ အခြင့္အလမ္းျဖစ္ပါတယ္။ ဒီအခ်ိန္မွာ ကိုယ့္ကိုယ္ကို ဘာျဖစ္ခ်င္တာလဲ ျပန္ဆန္းစစ္ႏိုင္ၿပီး ရည္ရြယ္ထားတာေတြကို အေကာင္းဆံုးလုပ္ေဆာင္ႏိုင္ပါတယ္။ ဘာေၾကာင့္ ေနာက္တစ္ေယာက္ ထပ္ရွာၿပီးအခ်ိန္ကုန္ခံေနမွာပါလဲ။ ဖူးစာဆံုရင္ ၾကံဳလာဖို႔က ေသခ်ာပါတယ္။

Credit:Gentleman Magazine
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version
ချစ်သူစုံတွဲတွေအကြား ပြီးပြည့်စုံတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ဖို့အတွက်က လူတိုင်းရဲ့ဘဝမှာ အရေးကြီးလှပါတယ်။ ကျွန်တော်တို့အများစုက လက်တွဲဖော်တစ်ယောက်နဲ့အတူ တည်ငြိမ်အေးချမ်း ပျော်ရွှင်စွာနဲ့ ဘဝကို ကုန်ဆုံးသွားချင်ကြတဲ့ ဆန္ဒရှိနေတတ်ကြပါတယ်။ ဒါဆိုရင် မေးခွန်းထုတ်စရာက တစ်ဘဝလုံးအတွက် စစ်မှန်တဲ့လက်တွဲဖော်တစ်ယောက်ကို တွေ့ရှိဖို့က ဘာကြောင့်များ Mission Impossible တစ်ခု ဖြစ်နေရတာလဲ။ ဒီအချက်တွေကို လေ့လာကြည့်ရမှာ လွဲမှားတဲ့အယူအဆတွေ၊ လမ်းညွှန်ချက်တွေကြောင့် ဆိုတာကို သိလာခဲ့ပါတယ်။ ဒါ့ကြောင့် ရေရှည်ခိုင်မြဲတဲ့ ချစ်သူစုံတွဲဖြစ်ချင်တယ်ဆိုရင် သတိထားရှောင်ရှားရမယ့် အယူအဆတွေကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ မတူတာတွေက ဆွဲဆောင်မှုပိုရှိတယ်။

ဒီအချက်ကို စဉ်းစားကြည့်ကြပါစို့။ သင်က လူသူရှုပ်ထွေးတဲ့နေရာတွေကို မသွားချင်သူတစ်ယောက်ဖြစ်ပြီး ပါတီတွေ၊ ပွဲလမ်းသဘင်တွေ ကြိုက်တဲ့မိန်းကလေးတစ်ယောက်ကို ရွေးချယ်မိမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ သင်ကို သဘာဝအလှအပတွေခံစားဖို့ ခရီးတွေသွားရတာ ဝါသနာပါပေမယ့် ချစ်သူမိန်းကလေးက မြို့ပြ ယဉ်ကျေးမှုကိုပဲ နှစ်ချိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါ့မလား။

ဘဝနေထိုင်မှုပုံစံနဲ့ အကြိုက်တွေ ဆန့်ကျင်ဖက်ဖြစ်နေတဲ့သူတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်မယ်ဆိုရင် တကယ်ကို ဒုက္ခအကြီးအကျယ်ရောက်မှာ သေချာပါတယ်။ ဒီလိုလူတစ်ယောက်နဲ့ ရေရှည်ဆက်ဆံရေးတစ်ခုကို စည်းဝါးတကျ တည်ဆောက်နိုင်မယ်လို့ရော ယုံကြည်မှုရှိပြီလား။ ဒီလို ဆက်ဆံရေးမျိုးတွေက ချစ်ခင်စွဲလမ်းမှုတွေ ကုန်ဆုံးသွားတဲ့အခါမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရပြီး လမ်းခွဲကြရဖို့ များပါတယ်။ ဒါ့ကြောင့် သင်နဲ့ အကြိုက်ချင်းဆင်တူသူတွေကိုပဲ ရေရှည်လက်တွဲနိုင်ဖို့ စဉ်းစားပါ။

၂။ မြင်မြင်ချင်း ချစ်မိသွားနိုင်တယ်

ဒီလိုကိစ္စမျိုးကို ရုပ်ရှင်တွေထဲမှာပဲ အဆင်ပြေပါလိမ့်မယ်။ တစ်ယောက်နဲ့ တစ်ယောက် စတွေ့တွေ့ချင်းမှာ မျက်လုံးချင်းဆုံမိပြီး ရင်တွေခုန်၊ စိတ်တွေလှုပ်ရှားပြီး ချစ်မိသွားတယ်ဆိုတာတွေကို အပြင်လောကမှာ ထင်သလောက် မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် မြင်မြင်ချင်းချစ်မိသွားတယ်ဆိုတာတွေက ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ တစ်ယောက်ယောက်နဲ့တွေ့ဆုံတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ၊ ခန္ဓာကိုယ်တွင်း ဇီဝဓာတုဖြစ်စဉ်တွေကို လက်ခံပါတယ်။ ဒါပေမယ့် ချစ်သူစုံတွဲဆက်ဆံရေးတစ်ခု စတင်တည်ဆောက်ချိန်မှာ တစ်ဖက်သူမှာ ကိုယ့်တန်ဖိုးထား လက်ခံတဲ့အချက်တွေရှိမရှိဆိုတာကို ဆန်းစစ်ဖို့လိုပါသေးတယ်။

၃။ တတိယအကြိမ်ချိန်းတွေ့ချိန်မှာ အတူနေပါ။

ဒီကိစ္စက ပြောရခက်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထည့်မစဉ်းစားပဲ အနောက်တိုင်းအစဉ်အလာတွေ အတိုင်းပြောရမယ်ဆိုရင်တော့ ဘယ်အချိန်မှာ ချစ်တင်းနှောရမယ်ဆိုတာက သတ်မှတ်ချက်မရှိပါဘူး။ တစ်ချို့တွေအတွက် ပထမအကြိမ်မှာပဲ အဆင်ပြေတတ်ကြပါတယ်။ ဒါပေမယ့် အတူနေတဲ့အဆင့်ထိရောက်ဖို့ကတော့ ခင်မင်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု စတာတွေပေါ်မှာ အခြေခံပြီးတော့မှ ရှေ့တိုးတာအကောင်းဆုံးပါပဲ။

၄။ နောက်တစ်ယောက်ထားလိုက်ဖို့။

ယောင်္ကျားလေးတစ်ယောက်က ချစ်သူနဲ့အဆင်မပြေဖြစ်ပြီး လမ်းခွဲပြတ်ဆဲပြီဆိုရင် နောက်တစ်ယောက် ထပ်ထားလိုက်ဖို့ အများစုက အကြံပေးတတ်ကြပါတယ်။ ချစ်မှုရေးရာကိစ္စတွေမှာ ကျရှုံးတာက ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေဖို့ အခွင့်အလမ်းဖြစ်ပါတယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်တာလဲ ပြန်ဆန်းစစ်နိုင်ပြီး ရည်ရွယ်ထားတာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်ပါတယ်။ ဘာကြောင့် နောက်တစ်ယောက် ထပ်ရှာပြီးအချိန်ကုန်ခံနေမှာပါလဲ။ ဖူးစာဆုံရင် ကြုံလာဖို့က သေချာပါတယ်။

Credit:Gentleman Magazine

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top